Channel Myanmar

Christian Tessier

Shattered Glass (2003) 7.1
Shattered Glass (2003)  ဒီဇာတ်ကား Stephen Glass ဆိုသူ ဂျာနယ်လစ်တစ်ယောက်ရဲ့ Biographical Film ပါ။ Stephen Glass ဟာ အမေရိကန်က နာမည်ကြီးမဂ္ဂဇင်း‌ေတွထဲကတစ်ခုဖြစ်တဲ့ The New Republic မဂ္ဂဇင်းတိုက်က လူချစ်လူခင်ပေါများပြီး အောင်မြင်တဲ့ ၂၄ နှစ်အရွယ် ဂျာနယ်လစ်လေးတစ်ယောက်ပါ။Glass ကဘယ်လိုလူစားမျိုးလဲဆိုတာကို ပညာရှင်ဆန်ဆန်နဲ့ နာမည်တွေရှိမှာပါ။ ဒါပေမဲ့ အရပ်စကားနဲ့ဆို ပျော့ပျော့နဲ့နံတဲ့ကြောင်ချေးလိုလူမျိုးလို ပြောရမလားပဲ။ အမြဲတမ်းအခွင့်အရေးယူတတ်ပြီးတော့ သူအမှားလုပ်ထားလည်း နစ်နာသူအဖြစ်ဟန်‌ဆောင်တတ်သူမျိုး။ သူက အရွယ်နဲ့မလိုက်အောင်တော်ပါတယ်။ ဒါပေမဲ့ မတော်သင့်တဲ့နေရာမှာပါတော်နေတော့ လူတွေအများကြီးကိုပါ ဒုက္ခရောက်စေတယ်။ အပြစ်ကင်းတဲ့ပုံစံလေးနဲ့သူဟာ ဆောင်းပါး ၄၁ ပုဒ်ရေးခဲ့တဲ့အထဲ ၂၇ ပုဒ်က ဘာအထောက်အထားမှမပါဘဲ သူ့ဘာသာသူ စိတ်ကူးယဉ်ရေးပြီးတော့ တကယ့်အဖြစ်အပျက်လိုမျိုး ဂျင်းထည့်ခဲ့တာပါ။သူလိမ်ထားတာတွေ ဘယ်လိုမျိုးပေါ်သွားခဲ့လဲ၊ အလိမ်ပေါ်သွားပြီးတဲ့နောက်မှာရော Glass တစ်ယောက် ဘယ်လိုမျိုးတုံ့ပြန်မှာလဲဆိုတာကတော့...တကယ့်အဖြစ်အပျက်ကို စိတ်၀င်စားဖို့ကောင်းအောင်ရိုက်ထားကိုတော့ ပြောစရာမလိုပါ။ Stephen Glass နေရာကိုတော့ Star ...
movie

Shattered Glass (2003)

The Day After Tomorrow (2004) 6.5
The Day After Tomorrow (2004)  IMDb rating 6.5/10 ရရှိထားပြီး 2004 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ပေးလိုက်ပါတယ်။အာတိတ်ဒေသမှာသုတေသနလုပ်နေတဲ့ ပါမောက္ခ ဂျက်(ခ်)ဟော(လ်) နဲ့အဖွဲ့ဟာ ရာသီဥတု ဖောက်ပြန်ပျက်စီး မှု တစ်ခုကို အမှတ်မထင် ကြုံတွေ့ခဲ့ရတယ်။ ဒါကို နယူးဒေလီ မှာပြုလုပ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်တဲ့ နှီးနှော ဖလှယ်ပွဲတစ်ခုမှာ ဂျက်(ခ်) ကိုယ်တိုင်ပြောပြခဲ့ပေမဲ့ ဘယ်သူကမှ အလေးမထားခဲ့ကြပါဘူး။နောက်ပိုင်းမှာ ရေကြောင်းပြ ဗော်ရာ တွေမှာ အပူချိန်ကျဆင်းလာတာကြောင့် ပါမောက္ခ ရပ်ဆန် လည်း သတိထားမိခဲ့ပြီး ဂျက်(ခ်) နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ရာသီဥတု ဖောက်ပြန်ပျက်စီးမှုက တစတစ ပိုမိုဆိုးရွားလာခဲ့ပေမဲ့ ဂျက်(ခ်) ရဲ့ သတိပေးမှုတွေကို တာဝန်ရှိသူတွေက လျစ်လျူရှုခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ မြောက်ကမ္ဘာခြမ်းတစ်ခုလုံးကို ရေခဲအတိ ဖုံးလွှမ်းသွားစေခဲ့တဲ့ တစ်ခါမှ မကြုံခဲ့ဖူးတဲ့ ကုန်းတွင်းပိုင်း ဟာရီကိန်း မုန်တိုင်းဒဏ်ကို ပြည်သူတွေအလူးအလဲ ခံစားခဲ့ပါတယ်။အခက်အခဲ အမျိုးမျိုးရှိနေတဲ့ကြားထဲမှ ...
movie

The Day After Tomorrow (2004)

2004
4K HEVC
The Score (2001) 6.8
The Score (2001) The Score ( 2001)IMDb Rating (6.8) / Rotten Tomatoes (74%)နာမည်ကြီးမင်းသားများပါဝင်ထားသောအမေရိကန်ဖောက်ထွင်းမှုဆိုင်ရာဂ န္တဝင်ဇတ်ကားကောင်းတစ်ကား.. ကနေဒါနိုင်ငံမွန်ထရီယယ်မြို့မှာနေတဲ့ နစ်ခ်ဝဲလ်(ရောဘတ်ဒီနီရိုးRobert De Niro)ဟာကနေဒါပြည်နယ်တွေသာမကပဲ အခြားနိုင်ငံများကမီးခံသေတ္တာတွေကိုပါဖောက်ထွင်းပြီးတန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူသူဖောက်ထွင်းသမားတစ်ယောက်ဖြစ်ပါတယ်။မက်စ်(မာလွန်ဘရန်ဒို Marlon Brando)ကတော့ နောက်ကွယ်ကနေလိုတဲ့ငွေကြေးကိုထောက်ပံ့ပေးပြီးပစ္စည်းရလာတဲ့အခါဝယ်သူရှာပြီးဝေစုခွဲလေ့ရှိပါတယ်။နစ်ခ်က ဂျက်ဇ်ဂီတကလပ်ကိုပိုင်ပေမယ့်အကြွေးပေးဖို့ကျန်နေပါသေးတယ်။သူကလည်း ဒီအလုပ်ကနေအနားယူပြီးအေးအေးဆေးဆေး နေဖို့စိတ်ကူးထားပါတယ်။နစ်ခ်ရဲ့ချစ်သူဒိုင်ယန်း(အိန်ဂျယ်လာဘက်စ်ဆက်ထ် Angela Bassett)ကလည်းဒီအလုပ်ထပ်မလုပ်ဖို့ပြောလာပါတယ်။၂၅ နှစ်လုံးဖောက်ထွင်းမှုတွေလုပ်လာပြီး ဒီတစ်ခါနောက်ဆုံးပဲအချီကြီးကြံပြီးနစ်ခ်နဲ့မက်စ်တို့ဖောက်ထွင်းခိုးယူဖို့ကြံတဲ့ပစ္စည်းကသူတို့နေတဲ့မွန်ထရီယယ်မြို့ကအခွန်ကောက်ခွန်ရုံးမှာရှိနေတဲ့အခါနစ်ခ်ကမလုပ်ချင်ပေမယ့်မက်စ်ကိုငဲ့ပြီးလုပ်မယ်ဆုံးဖြတ်လိုက်ပါတယ်။နစ်ခ်တစ်ယောက်တည်းဒါကိုလုပ်လို့မရပဲအတွင်းလူတစ်ယောက်လိုလာတဲ့အခါဖောက်ထွင်းသမားလောကထဲကိုစဝင်လာတဲ့ ဂျက်ခ်ဆဲလား( အက်ဒဝပ်နော်တန်Edward Norton)နဲ့တွဲလုပ်ရဖို့ဖြစ်လာပါတယ်။သူတို့ဖောက်ထွင်းခိုးယူမှာကဘာပစ္စည်းလဲ ဘာတွေကို ဘယ်လိုအစီအစဥ်ဆွဲသလဲ ဘယ်လိုတွေဖောက်ထွင်းသလဲဆိုတာနဲ့မထင်မှတ်တဲ့အလှည့်အပြောင်းတွေကစိတ်ဝင်စားစရာကောင်းလို့ဖန်သားပြင်ပေါ်မှာဆက်ကြည့်ရှု့နိုင်ပါတယ်။ရုပ်ရှင်မှာစတန့်တွေ အထူးပြုလုပ်ချက်တွေမပါပဲ ဇတ်ကောင်စရိုက်ကိုပေါ်လွင်အောင်ပြနိုင်ပါတယ်။ဖောက်ထွင်းမှုဇတ်ကားတွေထဲမှာတော့ ဂန္တဝင်ဇတ်ကားတစ်ကားလို့သတ်မှတ်ထားကြပါတယ်။ဒါရိုက်တာ ဖရန့်ခ်အော့ဇ်(Frank Oz)ကရိုက်ကူးထားပါတယ်။မင်းသမီး အိန်ဂျယ်လာဘက်စ်ဆက်ထ်ကဆုနှစ်ခုအမည်စာရင်းတင်သွင်းခံရပြီး NAACP Image Award ဆုကိုဇတ်ပို့သရုပ်ဆောင်အနေနဲ့ရရှိခဲ့ပါတယ်။ငွေးကြေးအရလည်းအောင်မြင်တဲ့ဇတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)File Size : 1.84GB / 930MB Quality : 1080p 5.1ch / 720p Duration : 02:04:00 Genre : Crime, Drama, Thriller Subtitle ...
movie

The Score (2001)

2001
Underworld: Awakening(2012) 6.7
Underworld: Awakening(2012) Underworld: Awakening(2012)*****************************Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်းအမိုက်စားအက်ရှင်ခန်းတွေကြောင့်   ဘက်ဂျက် ၂ဆနီးပါး  ရုံတင်ဝင်ငွေပြန်လည်ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်.....လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်...ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲအဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလိုတစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်...underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်..Underworld: Rise of the Lycans (2009) Underworld (2003) Underworld Evolution (2006) Underworld Awakening (2012) Underworld: Blood Wars (2016)   File size… 3.8GB& 909MB Quality… Blu-Ray1080p,720p Format…mp4 Duration….1hr 28min Genre ….. Action, Fantasy, Thriller Translated by AOI Encoded by Phyo Pyae
movie

Underworld: Awakening(2012)

Timeline(2003) 6.7
Timeline(2003) Timeline(2003)*************အလယ်ခေတ်ကလူတစ်ယောက် တောအုပ်ထဲကနေပြေးထွက်လာပြီးကားလမ်းအလယ်မှာ သေဆုံးသွားတာနဲ့စတင်ထားပါတယ်။ပြီးတော့ အဲ့အလောင်းကို အိုင်တီစီက မတော်တဆမှုတစ်ခုအဖြစ်ဖန်တီးလိုက်ပါတယ်။ နောက်တော့ ပရောဖက်ဆာ ဂျွန်စတန် နဲ့ သူ့ရဲ့ ရှေးဟောင်းတူးဖော်မှုအဖွဲ့ရဲ့ အလယ်ခေတ် ပြင်သစ်နဲ့အင်္ဂလိပ်တို့ရဲ့တိုက်ပွဲနေရာမှာ တူးဖော်မှုတွေပြုလုပ်နေခဲ့ပါတယ်။တူးဖော်မှု‌တွေပြုလုပ်နေရင်း တစ်နေ့မှာတော့ပရော်ဖက်ဆာရဲ့ မျက်မှန်၊ လက်ရေးမှုနဲ့အကူအညီတောင်းထားတဲ့စာကို ကိတ် နဲ့ မရက် ကထူးဆန်းစွာရှာဖွေတွေ့ရှိသွားပါတယ်။ ပရော်ဖက်ဆာရဲ့ အဖွဲ့က ရှာတွေ့ထားတာတွေကို ကာဗွန်သက်တမ်းစစ်ကြည့်လိုက်တော့နှစ်ပေါင်း ၆၀၀ လောက်သက်တမ်းရှိနေပြီဆိုတာကို သိလိုက်ရတယ်။ အဲ့ဒီအခါမှာ ပရော်ဖက်ဆာရဲ့သား ခရစ် နဲ့ သူ့အဖွဲ့က သူ့အဖေကိုလိုက်ရှာဖို့အကြောင်းဖန်လာပါတော့တယ်။ အိုင်တီစီကို သွားပြီး သူ့အဖေကိုဘာလုပ်လိုက်လဲဆိုတာကို အဖြေရှာပါတော့တယ်။ ဇာတ်ကားရဲ့ နာမည် Timeline ဆိုတဲ့အတိုင်းဒီနေ့ခေတ်နဲ့ အလယ်ခေတ် ကို အသွားအပြန်လုပ်ရင်း ခရစ်တစ်ယောက်သူ့အဖေကိုရော ပြန်ရှာပြီး ကယ်တင်နိုင်ပါမလား ဆိုတာတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ကြပါခင်ဗျာ ဒီဇာတ်လမ်းထဲမှာတော့ ပရော်ဖက်ဆာရဲ့သား ခရစ် အဖြစ်နဲ့ သရုပ်ဆောင်ထားတဲ့ကျွန်တော်တို့ရဲ့ အချစ်တော် fast and furious မင်းသား Paul Walker ...
movie

Timeline(2003)

Taking Lives (2004)
Taking Lives (2004)    Taking Lives (2004) ~~~~~~~~~~~~~~~~~~~~~~~ ကမ်းခြေသွားရင် ဝင်ကစွပ်ကောင်လေးတွေကို မြင်ဖူးကြလား ဝင်ကစွပ်တွေက တခြားသတ္တဝါတွေရဲ့အခွံကို သူ့ကိုယ်ပိုင်အိမ်သဖွယ်ဝင်နေကြတယ်လူတစ်ယောက်ကရော အဲ့လိုသူများဘဝကို ကိုယ့်ဘဝလို အပိုင်ယူလိုက်လို့ရလား ဒီမေးခွန်းရဲ့အဖြေကို အခုတင်ပေးသွားမယ့်ရုပ်ရှင်ထဲမှာပဲ အဖြေရှာကြည့်ကြပါဒီလိုကားမျိုးက ဇာတ်ကြောင်းအရမ်းပြောရင် spoiler ဖြစ်မှာစိုးရလို့ မိတ်ဆက်သဘောပဲ ပြောမယ်နော့ နှစ်ပေါင်းများစွာ လွတ်မြောက်နေတဲ့ စိတ္တဇကွင်းဆက်လူသတ်သမားကို FBI အထူးအေးဂျင့် Angelina Jolie နဲ့အတူ ကိုယ်တိုင်စုံစမ်းထောက်လှမ်းလိုက်ပါPsychological thriller ဆိုတဲ့အတိုင်း သည်းထိတ်ရမယ်၊ ရင်ဖိုရမယ်၊ Crime drama ဆိုတဲ့ဆိုတဲ့အတိုင်း အံ့ဩရမယ်၊ မင်သက်ရမယ် ရင်မဖိုရမှာတော့မပူနဲ့၊ Jolie နဲ့ Ethan Hawke တို့ကို ကြည့်ရင်း စောင်ကိုက်ရမှာ အသေအချာပါပဲIMDB -6.2 RT- 22% File size…(1.6GB)/(830MB)/(458MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre...Crime / Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK
movie

Taking Lives (2004)

The A-Team (2010) 6.8
The A-Team (2010) Non-stop Action ဇာတ်ကားတစ်ကားဖြစ်တဲ့ The A-Team ကို ဒါရိုက်တာ Joe Carnahan ရိုက်ကူးခဲ့ပြီး IMDb 6.8 ရရှိထားပါတယ် *ဆေးပြင်းလိပ်ခဲပြီး အစီအစဉ်ဆွဲရတာဝါသနာပါတဲ့ ကာနယ်ဟန်နီဘယ်စမစ်အဖြစ် Liam Neeson* မျက်နှာများတဲ့ စော်ကြည်ဘဲ Face အဖြစ် Bradley Cooper *ခွန်အားဗလကြီးသလောက် အသည်းငယ်တဲ့ ဘီအေဘရာကပ်စ် အဖြစ် Quinton*a *ဂေါက်ကြောင်စကားလုံးတွေကြောင့် ရယ်မောကြရမယ့် မားဒေါ့အဖြစ် Sharlto Copley* တို့က ဦးဆောင်ပါဝင်ထားပါတယ် ကာနယ်ဟန်နီဘယ်စမစ်ဦးဆောင်သော လူလေးဦးဖြင့်ဖွဲ့စည်းထားသည့် အယ်လ်ဖာတပ်ဖွဲ့ဝင် များဟာ စွန့်စားစစ်ဆင်ရေးတွေ ထမ်းဆောင်ရာမှာ ပျော်မွေ့ကြသူများဖြစ်ကြပါတယ် ဒေါ်လာရိုက်နှိပ်ရာတွင် အသုံးပြုသော ပျောက်ဆုံးပုံနှိပ်တံဆိပ်ပြားများ ဘက္ကဒက်တွင် ရောက်ရှိနေသည်ဟုသတင်းရပြီး ကာနယ်စမစ်နှင့်အဖွဲ့က ပြန်လည်လုယူခဲ့ကြပါတယ် ထိုတံဆိပ်ပြားများကို ခိုးယူရောင်းချလိုသူများထဲတွင် ထိပ်ပိုင်းအရာရှိများလည်းပါဝင်ခဲ့ရာ.......စကားချပ်။ ။ ကျည်ဆံများဇာတ်ကားထဲမှထွက်လာပြီး ထိမှန်နိုင်သောကြောင့် ကျည်ကာဝတ်၍ ကြည့်ကြပါကုန်။ File Size : (956 MB) and (327 MB) Quality : BluRay 1080p Running Time : 1hr 57min Format : Mp4 Genre :Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

The A-Team (2010)

2010