Channel Myanmar

Christian Ijin Link

Not Safe for Work (2014) 5.8
Not Safe for Work (2014) ဂျွန်ဖာဂူဆန်ဟာ ဒန်နင်းဆိုတဲ့ ထိပ်သီးဆေးကုမ္ပဏီကြီးတစ်ခုရဲ့မသမာမှုတွေကိုဖွင့်ချခဲ့သူဖြစ်ပြီး ကုမ္ပဏီအပေါ် ထိရောက်တဲ့အရေးယူမှုတွေရှိမလာတာကြောင့် အလုပ်အမှုဆောင်တစ်ချို့ကိုပစ်သတ်ပြီး သူ့ကိုယ်သူပါ သေကြောင်းကြံသွားခဲ့ပါတယ်။ တွမ်မီလာဆိုတာကတော့ တရားရေးလက်ထောက်တစ်ယောက်ဖြစ်ပြီး ဒန်နင်းအမှုကို ကိုင်တွယ်နေတဲ့ Law Firm တစ်ခုမှာအလုပ်လုပ်နေပါတယ်။တစ်ညနေမှာတော့ အလုပ်ကအပြန်မသင်္ကာစရာပုဂ္ဂိုလ်တစ်ချို့ကို တွေ့လို့ရုံးခန်းပေါ်ပြန်အတက်မှာ လူသတ်သမားတစ်ယောက်ဟာ သူတို့ရုံးခန်းထဲမှာအလုပ်ချိန်ကျော်လွန်ပြီး ကျန်နေသေးတဲ့ လူတွေကိုလုပ်ကြံသတ်ဖြတ်နေကြောင်းသိလိုက်ရပါတော့တယ်။ လူသတ်သမားဟာ အချိန်ပိုဆင်းတဲ့လူတွေကိုကြည့်မရတာကြောင့်လား? ဘယ်သူတွေနဲ့ရန်ညှိုးရန်စရှိနေမလဲ? ဒါမှမဟုတ် နူတ်ပိတ်သတ်ဖြတ်မှုတစ်ခုခုလား ဆိုတာဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရမယ့် thriller ကားတစ်ကားဖြစ်ပါတယ်။File size_(1.3GB)/(650MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_0::00 Genre_Action, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Not Safe for Work (2014)

Rock of Ages (2012) 5.9
Rock of Ages (2012) Rock of Ages (2012)Musical filmတစ်ခုဖြစ်ပြီး Main leadတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ Tom Cruiseကြီးက ပါဝင်သရုပ် ဆောင်ထားပါတယ်။ဇာတ်အိမ်ကိုတော့ Los Angeles မြို့နယ်အခွဲလို့ပြောလို့ရတဲ့ ဟောလီးဝုဒ် အဆိုကျော်တွေ ကျင်လည်ရာ Sunset Stripမြို့လေးမှာ တည်ထားပါတယ်။ဇာတ်လမ်းအစမှာတော့ သီချင်းဆိုပြီး အသက်မွေးဝမ်းကြောင်းပြုမယ်ကြံပြီး နယ်မြို့လေးကတက်လာတဲ့ Sherrieဟာ မြို့ပေါ်ရောက်ရောက်ချင်းပဲ လုယက်ခံလိုက်ရပါတယ်။ အဲဒီမှာပဲ နာမည်ကြီး Bourbon roomမှာ အချိန်ပိုင်းအလုပ်ဝင်လုပ်နေတဲ့ လူငယ်လေး Drewနဲ့ ကံအကြောင်းဆိုင်လို့ Bourbon room မှာပဲ အလုပ်တစ်ခုရဖို့ ဖြစ်လာပြီးတဲ့နောက် ဝါသနာတူ Drewနဲ့ ကိုယ်စီ အနုပညာလမ်းကို လျှောက်လှမ်းဖို့အကြောင်းဖန်လာတဲ့အခါမှာတော့.. ။တစ်ဖက်မှာလည်း သူ့ခေတ်သူ့အခါမှာ ရော့ခ်နတ်ဘုရားလို့ တင်စားရလောက်တဲ့ Stacee Jaxxတစ်ဖြစ်လဲ Tom Cruiseဟာ လူမှုရေးပြဿနာတချို့ကြောင့် အနုပညာလမ်းကြောင်း တန့်နေတာ ကြာခဲ့ပါပြီ။ အဲဒီလိုနဲ့ တိုက်ဆိုင်စွာပဲ Bourbon roomမှာ ပထမဆုံးအကြိမ် တစ်ကိုယ်တော်ရှိုးပွဲဆိုပြီး အနုပညာသက်တမ်း ပြန်ဆက်ဖို့လုပ်နေတဲ့အခိုက် Sherrieနဲ့ Drewကြား ဆူးညှောင့်တစ်ခုလို ဖြစ်လာပါတော့တယ်။ကျန်တာကိုတော့ ကိုယ်တိုင်သာ ဆက်လက် ...
movie

Rock of Ages (2012)

2012