Channel Myanmar

Christian Howard

The Royal Bake Off (2023)
The Royal Bake Off (2023) ဇာတ်ကားဟာ အချစ်၊ ပြိုင်ဆိုင်မှု့တွေနဲ့ မုန့်ဖုတ်ခြင်းအနုပညာတို့ ပေါင်းစပ်ဖော်ပြထားတဲ့ ရိုမန့်စ်ဟာသကားတစ်ကားဖြစ်ပါတယ်။ Ellie ကတော့ မင်းသားရဲ့အစ်ကို နန်းတက်ပွဲအခမ်းအနားအတွက် ကိတ်မုန့်ပြိုင်ပွဲမှာ ပါဝင်ဖို့အဖိတ်ခေါ်ခံရရာကနေမှ မင်းသားနဲ့ အချစ်ဇာတ်လမ်းလေးစတင်လိုက်တယ်။ပြိုင်ဆိုင်မှုတွေကနေမှ ချစ်ခြင်းမေတ္တာသို့ ခြေလှမ်းတွေစတင်ပြောင်းလဲသွားပြီး စတင်ချစ်မိရာကနေမှ ဘဝရဲ့ အဓိပ္ပာယ်အချို့ကို မုန့်ဖုတ်ခြင်းကနေလည်းသင်ပေးနိုင်တယ်ဆိုတာကို ရှာဖွေသိရှိသွားကြတဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်တဲ့အတွက် family movie တစ်ခုအနေနဲ့ ကြည့်နိုင်ပါတယ်။ဒါရိုက်တာ Mark Lawrence နဲ့ စာရေးသူ Hannah Taylor တို့က ဒီဇာတ်လမ်းကို ဟာသနဲ့ အချစ်ကိုရောပြီးဇာတ်လမ်းတစ်လျှောက် လှပစွာ ဖော်ပြထားပါတယ်File size…(1.9 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Romance, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung
movie

The Royal Bake Off (2023)

A Lifeguard’s Obsession (2023)
A Lifeguard’s Obsession (2023) A Lifeguard's Obsession (2023)အသက်ကယ်ရတဲ့အလုပ်ဆိုရင် ကျန်တဲ့အလုပ်တွေထက် ပိုပြီးမြင့်မြတ်တယ်လို့ ကျွန်တော်တို့တော်တော်များများ ယူဆတတ်ကြပါတယ်။ အသက်ကယ်လိုက်တဲ့လူကိုလည်း အသက်သခင်ကျေးဇူးရှင်ရယ်ဆိုပြီး အရေးတယူပြုတတ်ကြတာ သဘာဝပါပဲ။ သင့်ကိုအသက်ကယ်လိုက်တဲ့လူက လူကောင်းလား လူဆိုးလားဆိုတာကိုတော့ ဘယ်သူမှမသိကြပေမဲ့ ကူညီချင်စိတ်ရှိတဲ့လူဟာ လူကောင်းရယ်လို့ပဲ တထစ်ချတွက်ဆတတ်ကြပါတယ်။မက်ဂီဆိုတဲ့ကောင်မလေးဟာ ပင်လယ်ကိုအင်မတန်မှာချစ်တဲ့ကောင်မလေးတစ်ယောက်၊ ပင်လယ်ပျော်ပီပီ လှိုင်းစီးနေရတာကို ပျော်မွေ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့ အားကစားသမားနဲ့ဒဏ်ရာဆိုတာကလည်း အမြဲဒွန်တွဲနေတဲ့အရာဖြစ်နေလေတော့ တစ်နေ့မှာ ဒူးခေါင်းအရွတ်ပြဲဒဏ်ရာရသွားပြီးတော့ လှိုင်းစီးရတာကို စွန့်လွှတ်ထားရသူဆိုလည်း မမှားပါဘူး။ လှိုင်းစီးတာကို တစ်ကမ္ဘာလို့ထင်မှတ်ထားတဲ့မက်ဂီအတွက်တော့ ဒီဒဏ်ရာဟာ ဘဝတစ်ခုလုံးကို အမှောင်ချလိုက်သလိုပါပဲ။မက်ဂီရဲ့ချစ်သူကတော့ ကမ်းခြေကlifeguardလည်းဖြစ် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲလည်းဖြစ်တဲ့ Influencer celeချောလေး ကိတ်ဒ်ပေါ့။ တစ်ချိန်က သိပ်ချစ်ကြတဲ့ မက်ဂီတို့ ချစ်သူစုံတွဲဟာ ဒဏ်ရာပြဿနာကြောင့် အရာရာကိုစိတ်မကြည်တဲ့မက်ဂီ ဒါကို ကိတ်ဒ်က Influencer ပီပီ လိုင်းပေါ်မှာပဲ ၂၄/၇ အချိန်ကုန်နေပြီး မက်ဂီကိုအချိန်မပေးနိုင်တော့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့အပြင် အဆင်လေးတွေပတ်လည်ဝိုင်းနေတတ်တဲ့ သူ့ဘေးမှာလည်း လုပ်ဖော်ကိုင်ဖက်ထက်ပိုတဲ့အရိပ်အယောင်တွေနဲ့ တီနာဆိုတဲ့ကောင်မလေးပါရှိနေတဲ့ကိတ်ဒ်ကြောင့် RS တစ်ခုရဲ့ လေစိမ်းတိုက်နေတဲ့အခိုက်အတန့်ကို ရောက်ရှိနေချိန်ပေါ့။ထုံးစံအတိုင်းပါပဲ rsတွေကြားမှာ ပြဿနာတက်ပြီဆိုရင် ရောက်လာတတ်တာကတော့ ...
movie

A Lifeguard’s Obsession (2023)

2023
Green Street Hooligans: Underground 5.7
Green Street Hooligans: Underground Green Street 3: Never Back Down (2013)================================= ဒီတစ်ခါ ပရိတ်သတ်ကြီးအတွက် 2013မှာထွက်ရှိခဲ့တဲ့ Green Street 3ဆိုတဲ့ အက်ရှင်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ဒီထဲမှာ ဘောလုံးပွဲကြည့်ရတာကို အရမ်းသဘောကျပြီး ကိုယ်ကြိုက်တဲ့ ဘောလုံးအသင်းကိုအရူးအမူး အားပေးတဲ့သူတွေလည်း ရှိမယ်ထင်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဒီလိုအားပေးရာကနေ တစ်ဆင့်တက်သွားတဲ့ football hooligansခေါ် ဘောလုံး လူရမ်းကားတွေအကြောင်း ကြည့်ရမှာပါ။ သူတို့ဟာ ပြိုင်ဘက်အသင်းက လူရမ်းကားတွေနဲ့ ကိုယ်ထိလက်ရောက်ရန်ဖြစ်ကြ သောင်းကျန်းကြတာမျိုး တွေပါ လုပ်လေ့ရှိပြီး မကျေနပ်တာရှိရင်အုပ်စုလိုက် ချိန်းထိုးကြတာမျိုး လုပ်တဲ့အထိ ကြမ်းတမ်းကြပါတယ်။Never Back Downဟာ တတိယမြောက် Green Streetဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ ညီဖြစ်သူ ဂျိုဝီရဲ့ ပဟေဠိဆန်ဆန် သေဆုံးသွားမှုကြောင့် အကိုဖြစ်သူဒန်နီတစ်ယောက် သူဦးဆောင်ခဲ့တဲ့ ဝက်စ်ဟမ်း အမာခံ ပရိတ်သတ်အဖွဲ့ ဂရင်းစထွိကိုပြန်ရောက်လာရကနေ ဇာတ်လမ်းစပါတယ်။ သူပြန်ရောက်လာချိန်မှာတော့ ဒီရန်ပွဲတွေဟာအရင်ကလို လမ်းဘေးမှာ ဖြစ်ချင်တိုင်းဖြစ်ကြတဲ့ ပွဲမျိူးတွေမဟုတ်တော့ပါဘူး။ရန်ပွဲတွေဟာ ...
movie

Green Street Hooligans: Underground