Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chrishell Stause
5.8
Hot Frosty (2024)
Christmasမှာ ကြည့်ဖို့ Christmasကားလေးတွေရှာနေရင်တော့2024မှာထွက်ထားတဲ့ rating5.8ရှိတဲ့ Hot Frosty ဆိုတဲ့ကားလေးရှိနေတယ်နော်။ဒီကားလေးကတော့ Hope Spring မြို့လေးမှာမှော်ဆန်ဆန်ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးကိုရိုက်ပြထားတဲ့ကားလည်းဖြစ်ပါတယ်။Kathy ဆိုတဲ့မိန်းကလေးတစ်ယောက်ကသူရဲ့ယောကျာ်းဆုံးပါးသွားပြီးကတည်းက ကိုယ့်ဟာကိုယ်တောင်ဂရုမစိုက်နိုင်တော့ဘဲအလုပ်တွေသာဖိလုပ်နေခဲ့ပါတယ်။ တစ်ခုသောညမှာတော့ သူမကခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ နှင်းလူသားရုပ်တစ်ရုပ်ကိုသူမရဲ့လည်စည်းအနီလေးစည်းပေးပြီးအိမ်ပြန်သွားခဲ့ပါတယ်။အဲ့ညအချိန်မှာပဲ နှင်းလူသားရုပ်ဟာ မှော်ဆန်ဆန်နဲ့ အသက်ဝင်ရှင်သန်လာခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာ နှင်းလူသားနဲ့ Kathyတို့တွေ့ကြတဲ့အခါဘာတွေဆက်ဖြစ်သွားမလဲ....ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ....နှင်းလူသားကလဲအရည်ပျော်သွားမှာလား....Hot Spring မြို့ရဲ့ရိုးသားနွေးထွေးမှုတွေရယ် ရဲအရာရှိHunterရဲ့မြို့ကိုကြိုးစားပြီးကာကွယ်ပေးချင်တဲ့စိတ်ထားတွေရယ် အချစ်နဲ့မထိတွေ့ရတာကြာပြီဖြစ်တဲ့Kathyတို့ရဲ့အကြောင်းတွေကို စောင်ထဲကွေးပြီးကြည့်လိုကောင်းမဲ့ကားဖြစ်တဲ့အပြင် မိသားစုနဲ့ပါကြည့်လို့ရမယ့်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.48GB) / (801MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre …..Comedy , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo
movie
Hot Frosty (2024)
You’re Not Supposed to Be Here (2023)
ဒီတစ်ခေါက်မှာတော့ အသစ်ထွက် Thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသမီး Chrishell Stause (A Rose for Her Grave: The Randy Roth Story)နဲ့ Diora Baird (Hot Tamale), မင်းသား Curtis Hamilton (In Broad Daylight) တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။လိင်တူချစ်သူနှစ်ဦးဖြစ်တဲ့ ကန်နဒီနဲ့ ဇိုဝီတို့ နှစ်ဦးက တစ်ဦးနဲ့ တစ်ဦး သစ္စာရှိစွာ ချစ်ခင်ကြသူတွေဖြစ်ပြီး ကံဆိုးစွာနဲ့ ပထမကလေး ပျက်ကျသွားခဲ့တဲ့အဖြစ်ဆိုးကို ရင်ဆိုင်ထားရသူတွေပါ။သို့ပေမဲ့လည်း ကလေးလိုချင်ကြသူ သူတို့နှစ်ဦးက ဇိုဝီ့သူငယ်ချင်းကောင်လေး အက်ဒမ့်ဆီကနေ သုတ်ပိုးအလှူခံပြီး နောက်တစ်ကြိမ်ကြိုးစားခဲ့ရာကနေ ဇိုဝီက မကြာခင်မွေးဖွားခါနီး နေ့စေ့လစေ့ အခြေအနေကို ရောက်ရှိနေချိန်မှာ သူတို့ဘဝအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။အဲဒါကတော့ ပထမကလေး ပျက်ကျထားမှုရဲ့စိတ်ဒဏ်ရာကြောင့် ဇိုဝီတစ်ယောက် မကြာခဏ သံသယစိတ်တွေနဲ့ ကလေးအတွက် ...
movie
You’re Not Supposed to Be Here (2023)
6.5
A Rose for Her Grave: The Randy Roth Story(2023)
A Rose for Her Grave: The Randy Roth Story(2023)*********************************************“လူယုံသတ်လို့သေ”၊ “ကျွန်ယုံတစ်ဖက်ကန်း သားသမီးယုံ စုံလုံကန်း”၊ “နောက်ကျောကို ဓါးနဲ့ထိုး” ဒီစကားတွေဟာ လူတစ်ယောက်အပေါ် ယုံကြည်မှုထားတာ လွဲမှားပုံ၊ကိုယ်ယုံတဲ့သူက ကိုယ့်ကိုပြန်ဒုက္ခပေးပုံတွေကို ပြဆိုနေတာပါ။ဒီနေ့ခေတ်တိုးတက်နေတဲ့ခေတ်ကြီးမှာ လည်း ကိုယ့်ကို ယုံကြည်အောင်ချဉ်းကပ်ပြီးမှ၊ကိုယ်နဲ့အတူတူအကြာကြီးနေပြီးမှကိုယ့်ကို ပြန်အသုံးချရုံမက သူ့အကျိုးအတွက်ကိုယ့်ကို ဒုက္ခပေးသွားတဲ့လူစားတွေ ဒုနဲ့ဒေးဖြစ်ပါ တယ်။ အထူးသဖြင့် အယုံလွယ်တတ်တဲ့ မိန်းကလေးတွေအတွက်အပေါ်ယံနဲ့ ယုံကြည်ဖို့ မလွယ်ပါဘူး။ ဇာတ်လမ်းအကြောင်း ပြောရရင်တော့ စင်ဒီ (ခေါ်) စင်သီယာဟာ သူ့ရဲ့ အမျိုးသား ဆုံးသွားတဲ့အတွက်ချမ်းသာတဲ့မုဆိုးမလေးအဖြစ် သားတစ်ယောက်နဲ့ ကျန်ခဲ့ပါတယ်။သူ ငယ်ချင်းဖြစ်သူ လော်ရီ ရောက်လာပြီး အတူလာနေပေးပါတယ်။အစပိုင်းမှာ ပျော်ပျော် ရွှင်ရွှင်ဖြစ်နေပေမယ့် အမျိုးသားတစ်ယောက် သူတို့သုံးဦးသားဘဝထဲကို ဝင်ရောက်လာ ချိန်မှာတော့ မထင်မှတ်ထားတဲ့ကိစ္စတွေဖြစ်ပေါ်လာပါတယ်။ဘယ်သူက ယုံကြည်ရမလဲ၊ ဘယ်သူက မယုံကြည်ရတာလဲဆိုတာ ကွဲကွဲပြားပြားသိလာရပါတော့တယ်။ဘယ်သူ့ကိုမှ အလွယ်တကူ ယုံကြည်မှုမရှိသင့်တာကို ပြသထားတဲ့ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။File Size ...
movie
A Rose for Her Grave: The Randy Roth Story(2023)