Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chris Wilson
5.5
Swede Caroline (2024)
ရှပ်တွန်မောလက်ပြိုင်ပွဲဆိုတာက ကမ္ဘာ့စံချိန်တင် အကြီးဆုံး အလေးဆုံး အရှည်ဆုံးစတဲ့အသီးအနှံတွေပြိုင်ကြတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပကြတဲ့အပြင်ဒီလိုအသီးအနှံစိုက်ပျိုးတာကိုရူးသွပ်တဲ့သူတွေအတွက် အိမ်မက်တစ်ခုလို့တောင်ဆိုလို့ရတယ်။၂၀၁၇ ပြိုင်ပွဲမှာ မထင်ထားတဲ့သူ ကာရိုလိုင်းဆိုတဲ့အမျိုးသမီးတစ်ယောက်က ယောကျ်ားတွေနဲ့ရင်ဘောင်တန်းပြီးပြိုင်နိုင်လောက်တဲ့အထိ အရည်းအချင်းရှိတဲ့သူဖြစ်ကြောင်းကိုထုတ်ပြနိုင်ခဲ့ပါတယ်။ဒါပေမယ့် အကဲဖြတ်ဒိုင်တွေဟာ ကာရိုလိုင်းရဲ့ ပြိုင်ပွဲဝင်ကျောက်ဖရုံသီးကို အက်ကွဲကြောင်းပါတယ်ဆိုတဲ့ပြစ်ချက်လေးတစ်ခုနဲ့ပြိုင်ပွဲကနေထုတ်ပစ်ခဲ့ပါတယ်။တစ်ချို့က အမျိုးသမီးဖြစ်နေလို့ထုတ်ပစ်တာဆိုကြတယ်။ကာရိုလိုင်းရဲ့အိမ်နီးချင်းမိတ်ဆွေပေါလ်ကတော့ မကျေနပ်ကြောင်းဖော်ထုတ်ခဲ့ပေမယ့် သူတို့လည်းမတတ်နိုင်ဘဲပြိုင်ပွဲကနေ အောင့်သက်သက်နဲ့ထွက်လာခဲ့ရတယ်။ဒီအခြေအနေကို အစအဆုံးမြင်လိုက်ရတဲ့ ရုပ်ရှင်ဒါရိုက်တာပိုးဝင်နေတဲ့ ကတ်စီဟာ ကာရိုလိုင်းတို့ကို စိတ်ဝင်စားသွားပြီး ၂၀၁၈ ပြိုင်ပွဲအတွက် ကာရိုလိုင်းရဲ့တစ်နှစ်တာလုံးပြိုင်ပွဲအတွက်ပြင်ဆင်ပုံတွေကို မှတ်တမ်းရိုက်ကူးမယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်။ File Size… (1.93 GB) / ( 639 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 38m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML
movie
Swede Caroline (2024)
5.8
Fair Rain (2025)
Low-Budget ဆိုပေမဲ့ မဆိုးဘူးလို့ပြောရမဲ့ Fair Rain ဆိုတဲ့စိတ်ကူးယဉ်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။စိတ်ကူးယဉ်ဇာတ်ကားတွေရိုက်လိုက်ပြီဆိုရင်သိတဲ့အတိုင်း အမေရိကန်ကိုတော့ ခလုတ်မတိုက်ဘဲမနေနိုင်ဘူးဆိုတဲ့အတိုင်း ဒီကားမှာလည်း အမေရိကန်နိုင်ငံမှာပဲဇာတ်အိမ်တည်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာ ဆိုက်ဘာတိုက်ခိုက်မှုကြီးတစ်ခုဖြစ်ခဲ့ပြီး မီးတွေအချိန်ကြာမြင့်စွာ ပြတ်တောက်သွားတဲ့အခါမှာတော့ နိုင်ငံလည်းတဖြည်းဖြည်းဆုတ်ယုတ်လာပြီးပြည်နယ်အခွဲတွေလည်း စိတ်ဝမ်းကွဲလာပါတော့တယ်။အဲ့ဒီအပြင်ကိုမှ ကလေးပေါင်း ၃ ဘီလီယံကျော်ကလည်းပျောက်ချင်းမလှကြီးပျောက်ဆုံးသွားတဲ့အတွက်အခြေအနေတွေကပိုပိုဆိုးလာခဲ့ပါတော့တယ်။နောက်ပိုင်းမှာ အမေရိကန်နိုင်ငံတင်မကဘဲ ကမ္ဘာတစ်ဝှမ်းမှာပါ ဒီလိုတွေဖြစ်လာတဲ့အခါမှာတော့ အသစ်တက်လာတဲ့ UN ဝန်ကြီးချုပ်ကို နိုင်ငံတွေအားလုံးအဆင်ပြေအောင် တစ်ကမ္ဘာလုံးဆိုင်ရာအစိုးရဖွဲ့စည်းခဲ့ပြီး ထိန်းချုပ်ဖို့လုပ်ခဲ့ပါတော့တယ်။အဲ့ဒါကိုလက်ခံတဲ့လူတွေရှိသလို လက်မခံတဲ့လူတွေလည်းရှိနေခဲ့ပါတယ်။အစိုးရအသစ်ရဲ့မတရားမှုကိုမခံနိုင်တဲ့လူတွေကထုံးစံအတိုင်း ပြန်လည်တော်လှန်ဖို့ အဖွဲ့တွေများစွာစုစည်းခဲ့ကြပေမဲ့ ရက်စက်မှုအပေါင်းသရဖူဆောင်းတဲ့အစိုးရကြောင့်တော်လှန်ရေးအဖွဲ့တွေအားလုံး တဖြုတ်ဖြုတ်နဲ့သေဆုံးကုန်ကြပြီး နောက်ဆုံးမှာတော့ အကြွင်းအကျန်အဖွဲ့လို့ခေါ်တဲ့တစ်ဖွဲ့ပဲကျန်ခဲ့ပါတော့တယ်။အဲ့ဒါကြောင့် အစိုးရအသစ်ကဒီလိုအကြောတင်းတင်းနဲ့ကျန်ခဲ့တဲ့အဖွဲ့ကို သုတ်သင်ရှင်းလင်းဖို့အားထုတ်ခဲ့ကြသလို ဒီအဖွဲ့ကလည်း မတရားတဲ့အစိုးရကိုတော်လှန်ဖို့ကြိုးစားရင်း နှစ်ဖက်အားပြိုင်ကြပုံတွေကိုအက်ရှင်တွေ နိုင်ငံရေးတွေနဲ့ ရောထွေးရှုစားရမှာပဲဖြစ်ပါတယ်။ File size… (1.36 GB) / (710 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
Fair Rain (2025)
6.9
The Hitman’s Bodyguard (2017)
The Hitman's Bodyguard (2017)IMDb Rating (6.9)2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ IMDb 6.9 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ချ်ကို နိုင်ငံတကာရာဇဝတ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ချ်ရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ဝါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့ လုံးဝမတည့်ပဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ချ်ရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ......သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ပိုကောင်းတယ်ယူဆသူ၊ သူတို့ နှစ်ယောက်ရဲ့ အလွဲတွေ ဟာသတွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို တစ်ကားလုံး အလန်းစား ...
movie
The Hitman’s Bodyguard (2017)
2017
4K HEVC
8.2
V for Vendetta (2005)
V For Vendetta (2005) IMDB - 8.2/10_____Rotten - 73%နိုဝင်ဘာ၅ရက်နေ့ဟာ ဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။အဲဒီနေ့ကို GuyFawkes နေ့လို့လည်းခေါ်ခဲ့ကြပါတယ်။အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာ GuyFawkes ဆိုတဲ့ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာ သူ့အဖွဲ့ဝင်တွေနဲ့အတူကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။သို့ပေမယ့်ကံမကောင်းချင်တော့ အမည်မသိသတင်းပေးစာတစောင်ကြောင့်သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံ့ပြန်ကြမလဲ။အိုင်ဒီယိုလော်ဂျီတစ်ခုကို ဘာနဲ့မှသတ်လို့မရဘူးဆိုတာတွေ စတဲ့စတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေအပြင်ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ...အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ။သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။စိတ်ကိုဖျော်ဖြေပေးရုံရုပ်ရှင်သက်သက်မဟုတ်ဘဲကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီး တကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။Rating မြင့်ကားလေးတကားဖြစ်ပြီး imdb rating 8.2ထိရထားပါတယ်။ File size…(900 MB) and 3GB Quality…Blu-Ray Rip HEVC 1080p 5.1 / 720p Format…mp4 Duration….02:12:00 Subtitle….Myanmar Subtitle (Hardsub) Translator…..The Fridays Encoder….CM
movie
V for Vendetta (2005)
2005
6.0
Doomsday (2008)
Doomsday (2008)IMDb Rating (5.9) / Rotten Tomatoes (50%)အကောင်းအဆိုးဒွန်တွဲမှုတွေရှိနေပေမယ့် Action/Sci-Fi တွေထဲတော့ ဒီရုပ်ရှင်ကားက မှတ်မိစရာဇာတ်ကားတစ်ကားပါပဲ။Mad max တို့၊ Escape from New York နဲ့ 28 days later တို့လို ဂန္ထဝင်ဇာတ်ကားကြီးတွေကို မှီငြမ်းအတုယူ၊ အနာဂတ်စစ်သားနဲ့ အလယ်ခေတ် မြင်းစီးချပ်ဝတ်စ်သည်တော်နဲ့ ယှဉ်ပြိုင်တယ်ဆိုတဲ့ စိတ်ကူးကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်၊ ဒါရိုက်တာကြီးကို သူ့ရဲ့အရင် ဇာတ်ကားနှစ်ကားမှာရခဲ့တဲ့ ရုပ်ရှင်ရိုက်ကူးရေးဘက်ဂျက်တွေရဲ့ သုံးဆအထိ ထုတ်ပေးပြီး အားပါးတရ ရိုက်ကူးခိုင်းလိုက်တဲ့အခါ rating တွေထိုးကျ၊ ခရမ်းချဉ်သီးပုပ်တွေ ဟိုတစ ဒီတစနဲ့ ရုံတင်ဝင်ငွေ အရှုံးပေါ်သွားတဲ့ Hollywood Bomb သောက်တလွဲကားကြီး ဖြစ်လာပါတော့တယ်။စိတ်မပျက်ပါနဲ့ လူကြီးမင်း။ ဘာမှ မခိုင်မာ၊ ယုတ္တိမရှိတဲ့ဇာတ်အိမ်၊ မခိုင်မာ မပြောင်မြောက်တဲ့ ဇာတ်ကောင်စရိုက် ဖော်ကျူးမှု၊ ဟိုမရောက် ...
movie
Doomsday (2008)
2008
The Shamrock Spitfire (2024)
ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတော်ဝင်လေတပ်မှာ အသက် ၂၁ နှစ်နဲ့ အသက်အငယ်ဆုံး ဒုတိယဗိုလ်မှူးကြီးအဖြစ် သမိုင်းဝင်ခဲ့တဲ့ တိုက်လေယာဉ်မှူး အိုင်ယာလန်နိုင်ငံသားလေး ဘရက်ဒန်ရဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားက ဆုပေါင်း ၅၂ ဆုနဲ့ nomination ၇ ဆုဝင်ထားတာပါ။ဇာတ်လမ်းနာမည်က Shamrock ဆိုတာက အိုင်ယာလန်နိုင်ငံသားတွေရဲ့ သင်္ကေတ အရွက်၃ရွက်ပါ ရှန်မ်ရော့ခ်သစ်ရွက်လေးကို ညွှန်းဆိုတာဖြစ်ပြီး Spitfire ဆိုတာကတော့ ဒုတိယကမ္ဘာစစ်အတွင်း နာမည်ကျော်ခဲ့တဲ့ ဗြိတိန်တိုက်လေယာဉ်ဖြစ်ပါတယ်။ လေယာဉ်ရဲ့ အင်ဂျင်က မြင်းကောင်ရေအား ၁၀၄၀ အားရှိပြီး Rolls Royce မာလင်အင်ဂျင်ဖြစ်ကာ တစ်နာရီကို အမြင့်ဆုံး ၃၇၄ မိုင်နဲ့ ပေ ၃၇၀၀၀ လောက်အထိကို ပျံသန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။အဖေက အိုင်ယာလန်ဖြစ်ပြီး အမေ အင်္ဂလိပ်လူမျိုးက မွေးဖွားလာတဲ့ ဘရက်ဒန် ဖီနူကန်လေးက ငယ်စဉ်ကတည်းက ပျံသန်းလိုစိတ်ပြင်းပြသူလေးပါ။ အသက်အရွယ်ရောက်လာတော့ တော်ဝင်လေတပ်ရဲ့ လူသစ်ခေါ်စာကိုတွေ့ပြီး ...
movie
The Shamrock Spitfire (2024)
7.1
The Boys in the Boat (2023)
The Boys in the Boat (2023)~ IMDb - 7.1/10, Rotten Tomatoes - 57% ~George Clooney ရိုက်ထားတဲ့ လှေခတ်တဲ့အကြောင်း ဖြစ်ရပ်မှန် အားကစားရုပ်ရှင်ပေါ့။ လှေခတ်ပြိုင်တဲ့ အားကစားက ခုတော့ ဒီမှာသိပ်မတွင်ကျယ်တော့ပေမဲ့ ရှေးရှေးက ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ လှေလှော်ခတ်တဲ့အားကစားဟာ တက္ကသိုလ်ရဲ့ အကျော်ကြားဆုံးအားကစားတစ်ခုအသွင်နဲ့ သရုပ်ဖော်ခဲ့ကြဖူးတယ်။ အခုထိလည်း ရှိတော့ရှိသေးပါတယ်။ အနောက်နိုင်ငံတွေဘက်ကြည့်ရင်လည်း လှေခတ်တဲ့အားကစားက တက္ကသိုလ်တွေမှာ တော်တော်အရေးပါတယ်။ လက်ရှိ လှေလှော်ပြိုင်ပွဲတွေဆို ၁၇ရာစုလောက်ကတည်းက လန်ဒန် သိမ်းမြစ်မှာ စခဲ့ပြီး ၁၈ရာစုမှာ ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့တယ်။ ဒီရုပ်ရှင်ဆိုလည်း အမေရိကန်တက္ကသိုလ်ကျောင်းသားတွေရဲ့ လှေလှော်အသင်းက အိုလံပစ်မှာ ဝင်ပြိုင်ခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန်ပေါ့။ဆိုပေမဲ့လို့ သူတို့ရိုက်ပြဖို့ ရွေးလိုက်တဲ့အဖွဲ့က အတွေ့အကြုံဘာမှမရှိ၊ လှေခတ်တဲ့အကြောင်း ဘာမှမသိတဲ့ အဖွဲ့။ မိခင်အဖွဲ့ကလည်း အဲဒီခေတ်အနေနဲ့ တက္ကသိုလ်ကြီးတွေက ...
movie
The Boys in the Boat (2023)
2023
4K HEVC
7.6
The Last King of Scotland (2006)
~~IMDb 7.6, Rotten Tomatoes 87%~~အော်စကာဆုတစ်ဆု နဲ့အခြားဆုပေါင်း ၄၀ ကျော်ဆွတ်ခူးထားပြီး ဆန်ကာတင်စာရင်းပေါင်း ၃၀ကျော်ဝင်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား The Last King Of Scotland.သရုပ်ဆောင်များအနေနဲ့ James McAvoy ကဇာတ်ဆောင်မင်းသားအဖြစ်၊ နာမည်ကြီးလူမည်းသရုပ်ဆောင်တွေထဲတစ်ယောက်ဖြစ်တဲ့ Forest Whitaker ကဗီလိန်မင်းသားအဖြစ် နဲ့ ကိုယ်တွေရဲ့ British မင်းသမီးကြီး Gillian Anderson တို့စသဖြင့်များစွာပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းပုံစံကတော့ နီကိုးလတ်စ်(James McAvoy ) က ဆရာဝန်ဘွဲ့ရပြီး စွန့်စားမှုလေးတစ်ခုလုပ်ချင်လို့ ရောက်ချင်ရာရောက်ဆိုပြီး နိုင်ငံတစ်နိုင်ငံကိုမျက်လုံးမှိတ်လက်ထောက်ရွေးခဲ့ပါတယ်။ သူကျသွားတာကတော့ ယူဂန်ဒါဖြစ်ပြီး အဲ့နောက်ယူဂန်ဒါမှာအကျိုးပြုဆရာဝန်လေးလာလုပ်ပါတော့တယ်။ယူဂန်ဒါမှာ အဲ့အချိန် သမ္မတဟောင်းအိုဘိုတီပြုတ်ပြီး ဗိုလ်ချုပ်အာမင်(Forest Whitaker ) က သမ္မတလုပ်နေတာပါ။ အစပိုင်းကတော့ထုံးစံအတိုင်း လေထဲတိုက်အိမ်ဆောက်အာလုပ်ကတိတွေနဲ့ ပြည်သူ့ ယုံကြည်မှုကို ဖြားယောင်းခဲ့ပါတယ် ၊နောက်ပိုင်းမှာတော့ ဆန့်ကျင့်သူတွေကို ရှင်းလင်းသုတ်သင်ရင်း တိုင်းပြည်အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်.....နီကိုးလတ်စ်ကတော့အကြောင်းတိုက်ဆိုင်သွားပြီးအာမင်ရဲ့မိသားစုဆရာဝန်ဖြစ်သွားရာကနေဇာတ်လမ်းကိုdramatic ဆန်အောင်ထည့်ထားပါတယ်။ ဒီရုပ်ရှင်က အမှန်တကယ်ဖြစ်ပျက်ခဲ့တာကို ...
movie
The Last King of Scotland (2006)
6.3
Get Him to the Greek (2010)
2011 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်File size…(2.4 GB)/(1.3 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Adventure, Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Get Him to the Greek (2010)
8.0
The Bourne Ultimatum (2007)
The Bourne Ultimatum (2007)IMDb Rating (8.2) / Rotten Tomatoes (92%)++++++++++++Jason Bourneဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး ...
movie
The Bourne Ultimatum (2007)
4K HEVC
6.7
Attack the Block (2011)
ပရိသတ်ကြီးကို 2011 ကထွက်ရှိခဲ့တဲ့ Attack The Blockဆိုတဲ့ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့လူငယ်တွေပေါင်းပြီးအကောင်တွေကိုဆော်တာ ၊အမျိုးအမည်မသိသတ္တဝါတွေ ကမ္ဘာပေါ်ကျရောက်လာတာ ဂြိုဟ်သားကျူးကျော်တဲ့ကားတွေကြည့်ချင်သူတွေအတွက်တော့ အရွေးမမှားသင့်တဲ့ကားတစ်ခုပါ။ ဇာတ်လမ်းကတော့ ဒီလိုစပါတယ်။လန်ဒန်တောင်ပိုင်းက ဘရစ်စတွန်လို့ခေါ်တဲ့ မြို့ငယ်တစ်ခုမှာ တိုက်ခန်းတွဲကြီးတစ်ခုရှိပါတယ်။အဲ့ပတ်ဝန်းကျင်တစ်ဝိုက်မှာတော့ မိုးဇက် ၊ ပက်ဇ် ၊ ဂျရုန်း ၊ ဘစ်ဇ် ၊ ဒန်းနစ်လို့ခေါ်တဲ့ကလေးတစ်အုပ်ပါဝင်တဲ့ BLOCK အမည်ရအဖွဲ့က ဉာဉ့်နက်သန်းခေါင်တွေကျ ရပ်ကွက်ထဲကျင်လည်ရင်း ကြုံရင်ကြုံသလို ခိုးဆိုးလုနှိုက်နေတတ်ကြတဲ့ ကလေးတွေပါ။တစ်ရက်မှာ အလုပ်ကပြန်လာတဲ့ဆမ်ဆိုတဲ့ သူနာပြုမလေးကို ဓားပြတိုက်နေကြတုန်း သူတို့နားကကားတစ်စီးဆီ ကောင်းကင်ပေါ်ကမီးလုံးကြီးတစ်ခုကျလာပါတယ်။ပစ္စည်းတစ်စုံတစ်ရာ ရလိုရငှားသွားကြည့်တော့ မျောက်ဝံသဏ္ဍာန်ကိုယ်ထည်နက်မှောင်နေတဲ့ အမျိုးအမည်မသိသတ္တဝါတစ်ကောင်က သူတို့ကိုရန်ပြုတိုက်ခိုက်ခဲ့ပါတယ်။မိုးဇက်တို့အဖွဲ့လည်း အခဲမကျေထိုသတ္တဝါကိုလိုက်လံနှိမ်နင်းပြီး ပိုက်ဆံရမယ်အထင်နဲ့ အကောင်သေကိုပြန်သယ်လာခဲ့ပါတယ်။ အကောင်ကိုတိုက်ခိုက်နိုင်ခဲ့လို့ပျော်ရွှင်မြူးထူးနေကြပေမဲ့ ပြဿနာက ဒီမှာတင်မဆုံးသေးပါဘူး။နောက်ထပ်အကောင်ပေါင်းမြောက်မြားစွာက သူတို့မြို့ကိုထပ်မံရောက်လာခဲ့ပါတယ်။ဒါပေမဲ့ ပွဲတော်ညဖြစ်ပြီးမီးရှူးမီးပန်းတွေ ဖောက်နေကြလို့ တခြားသူတွေအပြင် ရဲတွေတောင်ဒါကိုသတိမထားမိပါဘူး။တစ်ဖက်ကလည်း ဓားပြမှုကြောင့်ရဲလက်ကပြေးရင်းနဲ့ အကောင်တွေနဲ့ထပ်မံရင်ဆိုင်ရပါတော့တယ်။ ဒီလိုလူမသိ သူမသိကြားက အကောင်တွေကိုရင်ဆိုင်တိုက်ခိုက်နေရရင်း ထိုညအဖို့ အသက်ဘေးကနေဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ အကောင်တွေကိုအပြတ်ရှင်းပြီး သူတို့နေရာကို ...
movie
Attack the Block (2011)
6.3
Operation Mayfair (2023)
Operation Mayfair ( 2023 ) ========================= IMDb 7.3/10 အသစ်ထွက်ထားတဲ့ အိန္ဒိယ မှုခင်း၊ သည်းထိတ်ရင်ဖိုရုပ်ရှင်မိုက်မိုက်လေးတစ်ခုကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးချင်ပါတယ်။မေဖဲရ်လူသတ်ကောင်ဆိုတဲ့ လူသတ်သမားဟာ ချောပေ့၊ လှပေ့ဆိုတဲ့ အရွယ်ကောင်း မိန်းကလေးတွေကိုမှ ရွေးပြီးသတ်တတ်ပါတယ်။ သူက လူသတ်ရင် ပစ်မှတ်မိန်းကလေးကို မျက်လုံးအောက်မှာ မျက်ရည်ပုံစံ အနက်ရောင်ဆေးရည်တွေသုတ်တယ်၊ နောက်ကျောကိုကြာပွတ်နဲ့ရိုက်ပြီး သေသွားရင်လည်း အလောင်းကနေ လက်ညှိုးကို ဖြတ်ယူသေးတယ်။ အဲဒီ မေဖဲရ်လူသတ်သမားဟာ ခြေရာဖျောက်သွားခဲ့ပြီး သုံးနှစ်နေမှ ပစ်မှတ်အသစ်နဲ့အတူ ပြန်ပေါ်လာခဲ့ပါတယ်။စုံထောက် အာမာဆင်းဂ်ကတော့ အဲဒီလူသတ်သမားကို ဖမ်းဖို့ကြိုးစားခဲ့ပေမဲ့ မမိခဲ့တာကြောင့် စိတ်ဖိအားတွေနဲ့ စုံထောက်ဘဝကနေ အနားယူပြီး အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ ပါမောက္ခလုပ်နေတဲ့သူပါ။ လူသတ်သမား ပြန်ပေါ်လာတဲ့နောက်မှာတော့ ပါမောက္ခအအမရ်ဆင်းဂ်လည်း မပြီးပြတ်သေးတဲ့အမှုအတွက် စုံထောက်အဖွဲ့ထဲကို ပြန်ဝင်ပြီး လူသတ်သမားကို မိအောင် ကြိုးစားဖမ်းဖို့ဖြစ်လာပါတော့တယ်။ဒီ Operation Mayfair ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် မြင်နေကျအတိုင်း ပရိသတ်ဘက်က လူသတ်သမားဘယ်သူဆိုတာကို သိဖို့ကြိုးစားရတာမျိုးမဟုတ်ဘဲ လူသတ်သမားကို သိသိကြီးနဲ့ စုံထောက်တွေ ဖမ်းဖို့ကြိုးစားနေတာကို အသည်းတယားယား ကြည့်ရှုရမှာပါ။ ရုပ်ရှင်က ဇာတ်လမ်းအစကတည်းက Thriller vibe အပြည့်နဲ့ ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ ပရိသတ်တွေအတွက် ...
movie
Operation Mayfair (2023)
2023
9.0
The Dark Knight (2008)
The Dark Knight (2008)===================IMDb Rating 9.0/10 မှာ ဗိုလ်စွဲထားတုန်းပါပဲ။ဒီတစ်ခါတော့ Superhero တွေထဲမှာ လူကြိုက်အများဆုံးလည်း ဖြစ်သလို၊ Superhero အားလုံးရဲ့ ရှေ့ဆောင် လမ်းပြလည်း အဖြစ် Superman နဲ့ အတူ သတ်မှတ်ခံထားရတဲ့ Batman ဇာတ်လမ်း နဲ့မိတ်ဆက်ပေးပါရစေ။The Dark Knight လို့တင်စားခံထားရတဲ့ Batman ကားတွေက ၁၉၈၉ မှာထဲက ရုပ်ရှင် အဖြစ်နဲ့ စင်မြင့်ထက်မှာ နေရာယူထားပေမယ့် ၂၀၀၅ ခုနှစ်ရောက် မှာ Christopher Nolan ရဲ့ Batman Begins နဲ့ အတူ လူရိုသေရှင်ရိုသေဖြစ်လာခဲ့ပါတယ်။ Batman လို့ပြောလိုက်ရင် Director Tim Burton ရဲ့ Batman (1989) Batman Returns (1992) တို့နဲ့ နာမည်ရလာပေမယ့်၊ Joel ...
movie
The Dark Knight (2008)
2008
4K HEVC IMAXHDR