Channel Myanmar

Chris Webb

Death Note (2017) 4.5
Death Note (2017) Death Note (2017)ဒီနာမည်နဲ့ ဂျပန်ကားကိုတော့ မသိတဲ့ ရုပ်ရှင်ပရိသတ်အတော်ရှားမှာပါ။ အခုတင်ပေးထားတာကတော့ Netflix က ပြန်လည်ရိုက်ကူးတဲ့ အမေရိကန် death note ပါ။ ဇာတ်လမ်းကျောရိုးအနေနဲ့တော့ ဆင်တူပါတယ်။ Light ပါမယ်၊ L ပါမယ်၊ပန်းသီးကြိုက်တဲ့ သေခြင်းနတ်ဘုရား ပါမယ်ပေါ့။ အရင်ဇာတ်လမ်းမှာ မပါတဲ့ လှည့်ကွက်အသစ်တွေနဲ့ ရိုက်ကူးထားပါတယ်။ကျွန်တော့်အမြင်ပြောရရင်တော့ အရင်ဇာတ်လမ်းထက် ညံ့တဲ့ လှည့်ကွက်အသစ်တွေနဲ့ အရင်ဇာတ်လမ်းထဲ ညံ့တဲ့ ဇာတ်သိမ်း ပါဝင်တယ်ပဲ ပြောရမှာပါပဲ။ အရင် Death Note ရဲ့ တစ်ဝက်လောက်ပဲ အဆင့်မှီအောင် ရိုက်ကူးနိုင်ခဲ့ပါတယ်။ဒါပေမယ့် Death Note ကို ကြိုက်နှစ်သက်သေးသူတွေ အမေရိကန်ဗားရှင်းကို မြည်းစမ်းကြည့်ချင်သူတွေအတွက် တင်ပေးထားလိုက်ပါတယ်။ ရုပ်ရှင်ဆိုတာ ကိုယ့်အမြင်နဲ့ကိုယ် ခံစားတာမို့ ကြိုက်တဲ့သူတွေလည်း ကြိုက်ပါလိမ့်မယ်။ မြည်းစမ်းကြည့်နိုင်ပါတယ်။ File size…(2.4 GB )/ (1 GB) Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by ...
movie

Death Note (2017)

2017
The Monster (2016) 5.4
The Monster (2016) The Monster (2016) က သားအမိနှစ်ယောက် ခရီးသွားရင်း လမ်းမှာကားပျက်ပြီး တောထဲ အကောင်တစ်ကောင်တိုက်ခိုက်တာခံရတဲ့ကားလေးဖြစ်ပါတယ်။သူက monster horror film တခုဆိုတာထက်ပိုပြီး အမေနဲ့သမီးကြားဆက်နွယ်မှုတို့ ချစ်ခြင်းမေတ္တာတရားကို ပိုနားလည်စေပါတယ်...အရက်စွဲပြီးမူးရူးနေတတ်တဲ့ အမေအဖြစ်ကနေ သမီးတယောက်အသက်ရှင်ဖို့ကြိူးစားနေတဲ့မိခင်တယောက်ဖြစ်သွားတာတွေက အတော်လေးရသမြောက်စေတာပါပုံမှန်လေးဖြစ်ရာကနေ ကျောချမ်းစရာ၊ အဲကနေမှ ငိုချင်စရာဖြစ်စေတဲ့ထိ ရသကတော့အစုံပါ။ဒါမယ့် psychological horror မျိုးလည်းဖြစ်တာ‌ကြောင့် တချို့နေရာတွေက နားလည်ရခက်စေပါတယ်…Overall အနေနဲ့ကတော့ horror နဲ့ drama နှစ်မျိုးအရောပါ။ ထိတ်လန့်စရာပါသလို ငိုစရာလည်းကောင်းပါတယ်။ကြည့်ရတာတော့တန်ပါတယ်။ Rating ပေးရမယ်ဆိုရင်တော့ 6.8/10 ပါရှင် File size…    1 GB /  444 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ..... Drama, Fantasy, Horror Subtitle…. Myanmar Subtitle (Hard ...
movie

The Monster (2016)

Indiana Jones and the Last Crusade (1989) 8.2
Indiana Jones and the Last Crusade (1989) Indiana Jones and the Last Crusade (1989)IMDb Rating (8.4) / Rotten Tomatoes (84%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ...
movie

Indiana Jones and the Last Crusade (1989)

1989
4K HEVC
Sexy Beast(2000) 7.3
Sexy Beast(2000)   အင်္ဂလန်နိုင်ငံရဲ့ ဂန်းစတာလောကကနေ အနားယူပြီးတော့ စပိန်နိုင်ငံတောင်ပိုင်း ကမ်းခြေမြို့လေးမှာ မိန်းမနဲ့အခြေချပြီး လာနှပ်နေတဲ့ဂယ်လ်... အတိတ်ကအရိပ်မည်းတွေကနေ ရှောင်လွှဲလို့မရနိုင်ခဲ့တော့ တစ်ရက်မှာ အလုပ်ရှင်ဟောင်း ဒေါန်က သူ့ဆီကိုရောက်ပြီး ဘဏ်ဖောက်ဖို့အလုပ်တစ်ခုကို ကမ်းလှမ်းပါတော့တယ်။ မိန်းမဖြစ်သူကလည်း မလုပ်စေချင်၊ ကိုယ်တိုင်ကလည်းမလုပ်ချင်၊ အလုပ်ရှင်ဖြစ်သူကလည်း လူတစ်ကိုယ်စိတ်နှစ်မျိုး၊ သဘောကောင်းလိုက်၊ထဖောက်လိုက်လူမျိုးဆိုတော့ အလုပ်ကိုယတိပြတ်ငြင်းဖို့ ခက်ခဲနေပါတယ်။ ဒီတော့ ဒေါန်ရဲ့ကမ်းလှမ်းချက်ကိုလက်ခံရမလား၊ စွန့်စားပြီးပဲငြင်းလိုက်မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ တကယ်ပဲစိတ်၀င်စားဖို့ကောင်းပါတယ်။ မင်းသားဂယ်လ်နဲ့ ဒေါန်တို့သရုပ်ဆောင်တာ ပီပြင်လွန်းတာကြောင့် တချက်တချက် ကိုယ်တိုင်ပါ ဂယ်လ်နေရာကနေ လိုက်စိတ်ပူသောကရောက်‌ရတဲ့ ခံစားချက်‌မျိုးတွေပါရတာကြောင့် တကယ်ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…1.48GB / 428.1 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre .....  Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

Sexy Beast(2000)

Red Riding Hood (2011) 5.5
Red Riding Hood (2011) Red Riding Hood (2011)_____IMDb - 5.5/10    ဒီဇာတ်ကားကို စာရေးဆရာမ Sarah Blakley-Cartwright ရဲ့နာမည်ကျော် Red Riding Hood စာအုပ်ကိုအခြေခံပြီး ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ Drama, Horror အမျိုးအစားဖြစ်ပြီးတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီးLeonardo DiCaprio ကထုတ်လုပ်သူအဖြစ်ပါဝင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ဒါရိုက်တာကတော့ Catherine Hardwicke ဖြစ်ပြီးခေါင်းဆောင်မင်းသမီးအဖြစ် မင်းသမီးချော Amanda Seyfried ကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားချော Lukas Haas နဲ့ မကြာသေးခင်ကမှ Oscar ဆုကိုရှရှိခဲ့တဲ့ မင်းသားကြီး Gary Oldman တို့က ဇာတ်ပို့သရုပ်ဆောင်များအဖြစ်ပါဝင်ထားပါတယ်။ Horror Genre ဖြစ်လို့ ရုပ်ရှင်အကဲဖြတ်တွေအကြား ရေပန်းမစားခဲ့ပေမယ့်လည်း တကယ်ကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။    ဇာတ်လမ်းအကျဉ်း ----------------------------- Valerie ဟာ Daggerhorn လို့ခေါ်တဲ့ ရွာလေးမှာနေထိုင်တဲ့ မိန်းမပျိုလေးတစ်ဦးဖြစ်ပြီးတော့ အဲဒီရွာဟာ သမန်းဝံပုလွေတစ်ကောင်ရဲ့ နှောင့်ယှက်ခြင်းကိုခံနေရပါတယ်။ သူဟာ မိဘမဲသစ်ခုတ်သမားလေး Peter နဲ့ရည်ငံနေပေမယ့် မိဘဖြစ်သူတွေက ချမ်းသာကြွယ်ဝတဲ့ပန်းပဲဆရာကြီးတစ်ဦးရဲ့သားဖြစ်သူ Henry Lazar နဲ့လက်ထက်ထိမ်းမြားဖို့ ကြောင်းလမ်းထားပြီးဖြစ်ပါတယ်။ ဒါကြောင့်သူတို့ချစ်သူနှစ်ဦးက မခွဲနိုင်တာကြောင့် ...
movie

Red Riding Hood (2011)

2011