Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chris Smith
Top Gunner: America vs. Russia (2023)
မင်းသားကြီး Tom Cruiseရဲ့ Top Gun Maverickလိုမျိုး အက်ရှင်ဇာတ်လမ်းကိုတင်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်လိုမျိုးပဲ စစ်ကားဆိုရင် အမြဲတမ်းလိုလို တည်လေ့ရှိတဲ့ အမေရိကန်နဲ့ ရုရှားတို့ကြားက အရှုပ်အရှင်းကိစ္စလေးတွေမှာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ လေကြောင်းတိုက်ခိုက်ရေးကို အဓိကထားရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ရုရှားသမ္မတ ဗဆီးလီယက်ဟာ အမေရိကန် ဝါရှင်တန်မြို့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတက် လာရောက်မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားမှာရှိနေတဲ့ CIAအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဗရောနီကာ့ဆီကို မိတ်ဆွေတစ်ဦးထံကနေ အရေးကြီးပြောစရာရှိတယ်ဆိုပြီး ခေါ်တွေ့ရာက ရုရှားကာကွယ်ရေးဝန်ကြီးက ရုရှားသမ္မတကို အမေရိကန်ခရီးစဉ် အမေရိကန်တို့ရဲ့မြေမှာ လုပ်ကြံပြီး အမေရိကန်အစိုးရကို အပြစ်လွှဲချပြီး သမ္မတလုပ်အာဏာသိမ်းမဲ့ အစီအစဉ်ဖြစ်ပါတယ်။ရုရှားသမ္မတကလည်း ရောက်လာပြီမို့ သူတို့သိထားတဲ့ အစီအစဉ်ကို ကြိုတင်ပြောပြ ကာကွယ်ဖို့ အတော်လေးခက်ခဲနေတဲ့ အနေအထားမှာလည်းရှိနေပါတယ်။ အစပိုင်းလေးပဲ ပြောပြထားတာဖြစ်ပြီး နောက်မှာ ဇာတ်ကြောင်းတွေအများကြီးရှိသေးတာမို့ စစ်ပွဲတွေ၊ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြိုက်နှစ်တတ်တဲ့သူတွေ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File ...
movie
Top Gunner: America vs. Russia (2023)
7.8
Breaker Morant (1980)
IMDb - 7.8/10ဒုတိယဗိုးဝါးစစ်ပွဲမှာ ဗိုလ်ကြီးမိုရန့်နဲ့ ဩစတေးလျသားဗိုလ်ကြီးနှစ်ယောက်တို့ စစ်ခုံရုံးတင်ခံရတဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။အာဖရိကတောင်ပိုင်းက ဗိုးဝါးပြည်နယ်တွေဖြစ်တဲ့ ဩရိန်းဖရီးပြည်နယ်၊ ထရန်စဗားပြည်နယ်တို့နဲ့ ဗြိတိသျှအစိုးရတို့ ၁၈၉၉ခုနှစ်ကနေ ၁၉၂ဝခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့စစ်ပွဲကို ဗိုးဝါးစစ်ပွဲလို့ခေါ်ပါတယ်။ ဒီစစ်ပွဲကို တောင်အာဖရိကစစ်ပွဲလို့လည်း ခေါ်ကြတယ်။ ဗိုးဝါးဆိုတာ ဒတ်ချ်ဘာသာစကားနဲ့ လယ်သမားကိုခေါ်တာပါ။၁၇၉၆ခုနှစ်မှာ အာဖရိကတိုက်ကဗိုးဝါးတွေရဲ့ ဒေသသစ်တွေကို အင်္ဂလိပ်တွေနယ်ချဲ့ကြတယ်။ ဒီမှာပဲ စစ်ပွဲဖြစ်တယ်ပေါ့။ စစ်ပွဲအတွင်း ဗိုလ်ကြီးမိုရန့်အပါအဝင် ဗိုလ်ကြီးသုံးယောက် စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ခုံရုံးတင်ခံရပါတယ်။သူတို့တွေ စစ်ခုံရုံးမှာ အမှုရင်ဆိုင်ရတာတွေနဲ့ စစ်ပွဲအတွင်းတွေ့ကြုံရတာတွေအပြင် နိုင်ငံရေးလှည့်ကွက်တွေကို အချိုးညီညီရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2.3 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre... Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie
Breaker Morant (1980)