Channel Myanmar

Chris Sanders

Lilo & Stitch (2025) 6.9
Lilo & Stitch (2025)  Lilo & Stitch (2025)IMDb Rating (6.9) / Rotten Tomatoes (71%) ဒီဗားရှင်းကတော့ Webdl ကြည်တောက်ရှင်း ဗားရှင်းပါ။ ဒါပေမဲ့ official release မဟုတ်တော့ စာတန်းထိုးတော့ မရှိသေးပါဘူး။ဟာဝိုင်အီလေသံတွေမို့ ခက်ပေမဲ့ နားထောင်ပြီး ရသလောက် ပြန်ပေးထားပါတယ် 95% လောက်တော့ ကောင်းကောင်းပါပါတယ်။နောက် 4K ကျမှ 100% စာတန်းထိုးရပါလိမ့်မယ်။ မစောင့်နိုင်ရင် ကြည့်လို့ရပါပြီ။ ဖိုင်နယ်ဗားရှင်းကတော့ ဇူလိုင်လကုန်မှ ထွက်မှာပါ။အားလုံးကြိုက်ခဲ့ကြတဲ့ Disney ရဲ့ နာမည်ကြီး ကာတွန်းဇာတ်လမ်းတွဲ Lilo & Stitch ကတော့ Live action အဖြစ်ထွက်လာပါပြီ။ပုံမှန် live action ရိုက်ရင် Fail နေကျ Disney က ဒီကားမှာတော့ ရုံတင်ဝင်ငွေကောင်းတစ်ခုနဲ့ Rating ကောင်းကောင်းတွေရထားပြီး အောင်မြင်နေပါတယ်။Hangover 1,2,3 ထဲက ...
movie

Lilo & Stitch (2025)

2025
Penguins of Madagascar (2014) 6.6
Penguins of Madagascar (2014) Penguins Of Madagascar (2014) IMDb - 6.7/10_____Rotten - 73%ဒီဇာတ်ကားက Madagascar ထဲက ဆရာ့ဆရာကြီးတွေဖြစ်တဲ့ ပင်ဂွင်း၄‌ကောင်ရဲ့ spin-offဇာတ်ကားဖြစ်ပါတယ် Madagascar ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ဟာသတွေအများကြီးပါဝင်ဦးမှာ ဖြစ်သလို သူများနဲ့မတူဘဲ weirdဖြစ်တဲ့ ဇာတ်လမ်းပုံစံကိုလည်း မြင်တွေ့ရဦးမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက် Central zooကို ရောက်လာတဲ့ စကစ်ပါ ကိုဝါစကီး ရီကိုနဲ့ ပရိုင်းဗိတ်ပင်ဂွင်း၄ကောင်ကြောင့် လူတိုင်းချစ်တဲ့ ရေဘဝဲအဖြစ်ကနေ အပယ်ခံဘဝ ရောက်သွားတဲ့ ဒေ့ဗ်ဆိုတဲ့ ရေဘဝဲတစ်ကောင်က မျိုးဗီဇပညာကို လေ့လာပြီး ဒေါက်တာအော့တေးဗီးယပ်စ် ဘရိုင်းဆိုတဲ့ နာမည်တုနဲ့ ဗီဇပြောင်းတိရစ္ဆာန်တွေကို ဖန်တီးဖို့ ကြိုးစားနေတာပါ။သူ့အကြံကတော့ လူတိုင်းချစ်ကြတဲ့ ပင်ဂွင်းလေးတွေကို မျိုးဗီဇပြောင်း မကောင်းဆိုးဝါးတွေ ဖြစ်အောင်လုပ်ပြီး လူတွေမုန်းတီးသွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ဒီအကြံကို အကောင်အထည်ဖော်ဖို့ စကစ်ပါတို့ ပင်ဂွင်း၄ကောင်အပြင် တစ်ကမ္ဘာလုံးရှိ တိရစ္ဆာန်ရုံအသီးသီးကပင်ဂွင်းတွေကို လိုက်ဖမ်းဖို့ ကြိုးစားပါတော့တယ်။သူ့ရဲ့အကြံကို စကစ်ပါတို့ တားဆီးနိုင်မှာလား၊ ဒေ့ဗ်ရဲ့အကြံအတိုင်း မကောင်းဆိုးဝါးတွေ ဖြစ်သွားပြီး ...
movie

Penguins of Madagascar (2014)

4K HEVC
The Croods: A New Age (2020) 7.1
The Croods: A New Age (2020) The Croods: A New Age (2020)IMDb Rating (6.9) / Rotten Tomatoes (76%) ဂိုင်းဆိုတဲ့တစ်ကောင်ကြွက်လေးတစ်ယောက် မိဘတွေကွယ်လွန်ခါနီးမှာခဲ့တဲ့"မနက်ဖြန်"ဆိုတဲ့နေရာလေးကို ရှာဖွေရင်းတစ်နေ့မှာ ဂူတွေထဲနေထိုင်ကျက်စားကြတဲ့ ခရုစ်မိသားစုနဲ့တွေ့သွားတဲ့အခါ ရင်းနှီးသွားပြီးခရုစ်မိသားစုရဲ့သမီးပျိုလေး အိဗ်နဲ့လည်း ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ဒီလိုနဲ့ ခရုစ်မိသားစုဟာလည်း ဒီဂူတွေထက်ပိုကောင်းပြီး အစာရေစာပေါများတဲ့"မနက်ဖြန်"ဆိုတဲ့နေရာလေးကို ဂိုင်းနဲ့တူတူ ရှာပုံတော်ထွက်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့ခရီးဆက်ရင်း နတ်ပြည်ကြီးလိုလှပပြီး အစာရေစာလည်းပေါများတဲ့ နေရာလေးတစ်ခုကိုရောက်သွားတဲ့အခါမှာ၊အဲဒီနေရာလေးက ဂိုင်းမိဘတွေရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်တဲ့ ဘတ်တားမန်းမိသားစုရဲ့ အိမ်ကြီးဖြစ်နေတဲ့အခါမှာ၊ဘတ်တားမန်းမိသားစုရဲ့သမီးပျိုလေး ဒေါန်ကလည်း ဂိုင်းရဲ့အခင်ဆုံးငယ်သူငယ်ချင်းဖြစ်နေတဲ့အခါမှာ မိသားစုနှစ်စုရဲ့ မတူညီတဲ့ယဥ်ကျေးမှုတွေကနေဘယ်လိုပဋိပက္ခလေးတွေဖြစ်လာမလဲ?တောရိုင်းတိရစ္ဆာန်ရဲ့အန္တရာယ်တွေကနေရော ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမှာလဲဆိုတာကို မိဘမေတ္တာ၊ သူငယ်ချင်းသံယောဇဥ်လေးတွေကိုပါ ထည့်သွင်းပုံဖော်ထားတဲ့ ဒီ comedy-adventure animation movie လေးမှာ ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…(5 GB) / (1.5 GB) / (940 MB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure,Animation,Comedy Duration….01:35:30 Subtitle….Myanmar ...
movie

The Croods: A New Age (2020)

2020
4K HEVC
The Croods (2013) 7.2
The Croods (2013) The Croods (2013)IMDb Rating (7.1) / Rotten Tomatoes (71%) Croods 2 ထွက်တော့မှာဆိုတော့ Croods ကို ပြန်နွေးတဲ့ အနေနဲ့ ကြည့်မိတယ်။ဂရုစ် ဆိုတဲ့ ဂူအောင်းလူသားကြီးကသူ့မိသားစု ၆ ယောက်ကို ဘေးရန်တွေကကာကွယ်ပေးပြီး စောင့်ရှောက်လာတာ နှစ်တွေကြာခဲ့ပြီးသမီးလေး အိဗ်တောင် အရွယ်ရောက်ခဲ့ပြီပေါ့။ဒီအချိန်မှာပဲ ဂိုင်း ဆိုတဲ့ ကျောက်ခေတ်လူသားကောင်လေး တစ်ယောက်က ပေါက်ချလာပြီးကမ္ဘာကြီး ပျက်မယ့် အကြောင်းတွေ ပြောပြပြီးမီးကို စတင် ဖန်တီးပြတော့တာပဲဂိုင်း က သူတို့ နဲ့ မတူတဲ့ အချက် ရှိတယ်။သူက မကြောက်တက်သလို တီထွင်ဖန်တီးတက်တယ်။ ဂရုစ် တို့ အုပ်စု ကြ တစ်ခုခုဆို ဂူထဲ ပဲ ပြေးအောင်းတက်ကြတာ ဒီမှာပဲ ဂရုစ် သဘောမကျပေမဲ့ သူ့မိသားစု က ဂိုင်း ရဲ့ လမ်းပြမှုနဲ့ကမ္ဘာပျက်ဘေးက လွတ်မယ့်နေရာကို ...
movie

The Croods (2013)

2013
4K HEVC
Mulan (1998) 7.7
Mulan (1998) Mulan 1998 IMDb: 7.7/10ဒီကာတွန်းရုပ်ရှင်လေးဟာ တရုတ်ပြည်ကြီးမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန် ကို ပြန်လည်ပြီးဇာတ်လမ်းဖွဲ့ ရေးဆွဲခဲ့တယ်လို့ သိရပါတယ်…တိုင်းပြည် စစ်ဖြစ်နေချိန်မှာ ယခင် တာဝန်ထမ်းဆောင်ခဲ့သောသက်ကြီးစစ်သားဟောင်းများကိုပြန်လည် ဆင့်ခေါ်ခဲ့ပါတယ် အကယ်၍ သက်ကြီးစစ်သားနှင့်အရာရှိများကစစ်ထဲ မလိုက်နိုင်အောင်ကျန်းမာရေး ဆိုးဝါးနေခဲ့ရင် အိမ်တွင်ရှိသော သား တူ မြေး ယောင်္ကျားသားတစ်ဦးစီကိုစစ်ထဲသို့ ပို့ပေးပါရန် ဘုရင်မင်းမြတ်က အမိန့်ထုတ်ပြန်ထားပါတယ်… အဲ့ဒီအချိန်မှာပဲ မုလန် ရဲ့ အဖေဆီသို့ ထိုစာချွန်လွှာ ရောက်လာတဲ့အချိန်ကျန်းမာရေး မကောင်းတော့တဲ့အဖေကို ကြည့်ရင်း တစ်ဦးထဲသော သမီးဖြစ်သူမုလန် ဟာ ကွယ်လွန်ပြီးသော ဘိုးဘွားတွေ ရဲ့ မှတ်တိုင်များရှေ့တွင် ဆုတောင်းပြီးဖခင် မသိအောင် ဖခင်စစ်ဝန်တန်ဆာတွေ ခိုးဝတ်ကာ ထွက်ခွာသွားပါတော့တယ်…ယောင်္ကျားလေးကဲ့သို့ ပြင်ဆင်ပြီး စစ်မြေပြင်ကို ထွက်ခွာသွားသော ဖခင်ချစ်တဲ့မုလန် လေးကိုမြင်တဲ့ ကွယ်လွန်ပြီးတဲ့ ဘိုးဘွားများဟာ အရေးပေါ် အစည်းဝေးခေါ်ပြီးမုလန် အား စောင့်ရှောက်ရန်အိမ်စောင့်ထားသော နဂါးလေး မူရှုး ကို မုလန် အနားတွင်နေစေရန် ...
movie

Mulan (1998)

1998
Star Wars: Episode I – The Phantom Menace (1999) 6.5
Star Wars: Episode I – The Phantom Menace (1999) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode I – The Phantom Menace (1999)

4K HEVC
Once Upon a Studio (2023)
Once Upon a Studio (2023)  ကျွန်တော်တို့ရဲ့ ငယ်ဘဝကို တစ်ဖက်တစ်လှမ်းကနေ ပြည့်စုံအောင် ဖန်တီးပေးခဲ့တဲ့ Disney Studioက နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပါပြီ။ Disneyက သူတို့ရဲ့ နှစ်၁၀၀ပြည့် အထိမ်းမှတ်အတွက် အောက်တိုဘာ ၁၆ရက်နေ့က Disney+ နဲ့ Hulu မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုအတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ဗီဒီယိုမှာ Disney ရဲ့ Charactersတွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ။ Disney ကို ကြည့်ဖူးတဲ့လူတိုင်းအတွက် ယခုဗီဒီယိုအတိုလေးက သင့်ရဲ့ တစ်နေ့တာကို ပြည့်စုံစေမှာပါ။အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(159 MB)/(89 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:09:00 Genre...Family, Animation, Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi ...
movie

Once Upon a Studio (2023)

Leroy & Stitch (2006) 6.1
Leroy & Stitch (2006) Leroy & Stitch (2006) ================= IMDb Rating - 6.1/10ဒီတစ်ခါ Movie လေးမှာတော့ သုတေသန ၆၂၅ ကောင်ကို မရလိုက်ဘဲ ထောင်ကျသွားတဲ့ Dr. Hamsterviel ကို Gantu က ထောင်ဖောက်ပြီး ပြန်ကယ်လိုက်ပါတယ်။ Lilo နဲ့ Stitch ကတော့ အလေအလွင့်ဖြစ်ပြီး ကျွန်းပေါ်ပျံ့ကုန်တဲ့ သုတေသနတွေကို ပြန်စုဆောင်းပေးတဲ့အပြင် အိမ်ပါ ရှာပေးလိုက်နိုင်လို့ ဆုအချီးမြှင့်ခံနေရချိန်ပေါ့။Stitch, Jumba, Pleakley တို့သုံးယောက်ကို ရာထူးကြီးတွေပေးပြီး ဂြိုလ် ပေါ်ပြန်ခေါ်ဖို့လုပ်ပေမယ့် Lilo မျက်နှာကြောင့် မနေခဲ့ဖြစ်ကြပါဘူး။ ဒါပေ မယ့် ဝါသနာပါတဲ့နေရာအသီးသီးကို ဆုရထားတဲ့ ၃ယောက်ကတော့ လူက ဟာဝိုင်အီ စိတ်က Turo ဂြိုလ်ဖြစ်နေခဲ့ကြတယ်လေ။ ငိုချင်လျက် လက်တို့ ဖြစ်နေသူ ၃ယောက်သားကို မကြည့်ရက်လို့ Lilo ကပဲ ဂြိုလ်ပေါ်သွားနေဖို့ ပြန်ဖျောင်းဖျလိုက်ရပါတယ်။ Jumba တစ်ယောက် ဂြိုလ်ပေါ်ရောက်ပြီး သိပ္ပံပညာရှင်အလုပ်ပြန်ရသွားခြင်းက Hamsterviel အတွက် အကွက်တွေ့ စရာပါပဲ။ ရှိနေပြီးသား သုတေသနတွေအားလုံးက Lilo ...
movie

Leroy & Stitch (2006)

2006
Lilo & Stitch 2: Stitch Has a Glitch (2005) 6.2
Lilo & Stitch 2: Stitch Has a Glitch (2005) Lilo & Stitch 2: Stitch Has a Glitch (2005) ============================== IMDb Rating - 6.2/10Lilo and Stitch (2002) ရဲ့ ဇာတ်သိမ်းမှာ Stitch အပါအဝင် Jumba နဲ့ Pleakly တို့ဟာ နယ်နှင်ဒဏ်အနေနဲ့ ကမ္ဘာမြေမှာထားခဲ့ခံရတာကြောင့် Lilo တို့မိသားစုနဲ့အတူနေလာတာ နှစ်အတော်ကြာလာခဲ့ပါပြီ။ Lilo တို့ ညီအစ်မနဲ့အတူ လူတွေကြားမှာ နေသားကျလာတဲ့ Stitch လည်း အရင်လို တာတေလန်အောင် သောင်းကျန်းတတ်တာမျိုး မရှိတော့ပါဘူး။ ဒီလိုနဲ့ Stitch ရဲ့ တည်ငြိမ်မှုက သက်တမ်းကုန်ဆုံးဖို့ဖြစ်လာတော့မှာပါ။တစ်နေ့ထက်တစ်နေ့ စိတ်ဖောက်သောင်းကျန်းတာတွေများလာပြီး အခြေ အနေပိုပိုဆိုးလာတဲ့ Stitch ကို Lilo တောင် နားမလည်ပေးနိုင်တဲ့အချိန်တွေ ရှိလာပါတော့တယ်။ ပြဿနာအရင်းခံကိုသိနေတဲ့ ဂျမ်ဘာတစ်ယောက် Stitch ကို ပြန်ပြင်နိုင်မယ့်နည်းရှာနေချိန် Lilo နဲ့ Stitch ဆက်ဆံရေးက ပိုပိုဆိုးလာ ပါပြီ။ အကြောင်းမရှိထထဖောက်တဲ့ Stitch ကြောင့် Lilo အရှက်ကွဲပေါင်းများ လာပါတော့တယ်။ ...
movie

Lilo & Stitch 2: Stitch Has a Glitch (2005)

2005
Stitch! The Movie (2003) 6.1
Stitch! The Movie (2003) Stitch! The Movie (2003) ================== IMDb Rating - 6.1/10Stitch ကို 626 လို့လည်း ခေါ်ကြတာ Lilo and Stitch fan တိုင်း သိကြမယ်ထင်ပါတယ်။ သုတေသန 626 ဆိုတဲ့နာမည်ဟာ သာမန် နံပါတ်တစ်ခုမဟုတ်ဘဲ Stitch ကိုထွင်ခဲ့တဲ့ ဒေါက်တာ Jumba ရဲ့ သုတေသနအရေအတွက်အလိုက်ပေးထားတာပါ။ ဒီအချက်ကိုတော့ ရုပ်ရှင်ပထမပိုင်းမှာ မဖော်ပြထားခဲ့လို့ Stitch ရဲ့ နံပါတ်လေးကို အထူး တလည်သတိထားမိသူ မရှိခဲ့ကြပါဘူး။ Turo ဂြိုလ်ပေါ်ကို ပြန်မလိုက် ရဘဲ နယ်နှင်ဒဏ်ပေးခံလိုက်ရတဲ့ Stitch တို့သုံးယောက် Lilo အိမ်မှာ သောင်တင်နေချိန်ပေါ့။တစ်ချိန်တည်းမှာပဲ ဒေါက်တာ Jumba ရဲ့ သုတေသနပေါင်း ၆၂၅ ကောင် ကို အပိုင်သိမ်းဖို့ကြံနေတဲ့ ရန်သူဟောင်းတစ်ယောက်လည်းရှိနေပါသေး တယ်။ Stitch တို့ကျေးဇူးနဲ့ အလုပ်ပြုတ်သွားတဲ့ ကပ္ပတိန် Gantu က သုတေ သနအကောင်လေးတွေခိုးဖို့ ကမ္ဘာကိုဆင်းလာခဲ့ချိန်၊ တစ်သက်လုံး ကိုယ့် ကိုယ်ကို အဖော်မဲ့တစ်ကောင်ကြွက်လို့မှတ်ထားတဲ့ Stitch ...
movie

Stitch! The Movie (2003)

2003
Lilo & Stitch (2002) 7.3
Lilo & Stitch (2002) Lilo & Stitch (2002) =============== IMDb Rating - 7.3/10စတစ်ချ်လို့ပြောလိုက်တာ နဲ့ ပြာတာတာ နဲ့ နားရွက်ကြီးကြီး ပြူးကြောင်ကြောင် ကောင်လေးကို အားလုံးမျက်စိထဲ ပြေးမြင်မိကြမှာပါ။ ဒီလောက် နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် စတစ်ချ်အရုပ်လေးတွေ စတစ်ချ်အင်္ကျီလေးတွေက လူတွေကြားမှာ ရေပန်းစားနေဆဲပါပဲ။ ခုCMပရိတ်သတ်ကြီးအတွက် ဒီ စတစ်ချ်ကားလေးကို ပြန် လည် ခံစားလို့ရအောင် တစ်ဖန် ပြန်တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်း ကို အနည်းငယ် ပြန်မိတ်ဆက်ပေးရရင် လီလို ဆိုတာ ဟာဝေယံ ခလေး မလေးတစ်ဦးပါ ချစ်စရာ ဂျစ်ကန်ကန် လူဆိုးမလေးပေါ့ဗျာ။ တစ်ရက်တော့ သူက ခွေးတစ်ကောင်မွေးဖို့အတွက် သူ့အစ်မနဲ့ ညီအစ်မနှစ်ယောက်သား ခွေးထိန်းသိန်း ရေးစခန်းကို သွားပါတယ်။အဲ့မှာလီလို တစ်ယောက် ပြာတာတာ နဲ့ ရယ်စရာခွေးလေး ကို သဘောကျ ပြီး မွေးခဲ့ပါတယ်။ ခွေးလေးနာမည် ကိုတော့ စတစ်ချ်လို့ ပေးလိုက် တာပေါ့။အဲ့မှာပဲ ပြသနာတွေစတော့တာပါ။ တစ်ကယ်တော့စတစ်ချ်က တစ်ခြား ဝေးလံတဲ့ ဂြိုလ်တစ်ခုက သိပ္ပံပညာရှင်တစ်ယောက် ရဲ့တီထွင်မှုပါပဲ။ အဲ့ဂြိုလ်ရဲ့ အာဏာပိုင်တွေက ...
movie

Lilo & Stitch (2002)

2002
The Lion King 1½(2004) 6.7
The Lion King 1½(2004) The Lion King 3================The Lion King ရဲ့ ဇာတ်ဆောင် ခြင်္သေ့လေး စင်ဘာရဲ့ အချစ်တော်သူငယ်ချင်း တီမုန်နဲ့ ပွန်ဘာကို အားလုံး သိကြပြီးဖြစ်မှာပါ။ဒီဇာတ်လမ်းလေးမှာတော့ ကန့်လန့်ကာနောက်က တီမုန်နဲ့ ပွန်ဘာတို့ကိုနည်းနည်းသွားကြည့်လိုက်ကြရအောင်…ဇာတ်လမ်းလေးက ဒီလိုစပါတယ် …မြွေပါလေးတွေဟာ သက်ရှိစက်ဝန်းကြီးရဲ့ အောက်ပိုင်းကသတ္တဝါလေးတွေပါ။ ဒီတော့ တခြားအင်အားကြီး သားရဲတွေရဲ့ ရန်ကိုအမြဲပူပန်နေကြရပါတယ်။ တီမုန်တို့ မြွေပါလေးတွေဟာ သူတို့ကို စားမယ့်ခွေးအတွေ ရန်က ကာကွယ်ဖို့ တစ်နေ့တစ်နေ့ တွင်းတွေတူးရတာနဲ့ပဲအချိန်ကုန်နေပါတယ်။ မြွေပါလေး တီမုန်ကတော့ ဒီလို တွင်းတွေတူးရပုန်းကြရတဲ့ဘဝကို သဘောမကျလှပါဘူး။ အများနဲ့မတူတဲ့ တီမုန်အုပ်စုထဲမှာ အဆင်မပြေဖြစ်လာရပါပြီပြီ။ ဒါ့အပြင် အပြင်မှာသူနဲ့အဆင်ပြေတဲ့နေရာ ရှိရမယ်လို့လည်း တစ်ထစ်ချ ယုံကြည်နေပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူနဲ့အဆင်ပြေရာကို ရှာဖို့ အမေနဲ့အဖော်မြွေပါတွေကို ထားခဲ့ပြီး ခရီးနှင်ပါတော့တယ်။ လမ်းမှာဘာလုပ်ရမယ် ဘယ်ကိုသွားရမယ်ဆိုတာ မသိလို့ ငိုနေတဲ့ တီမုန်ပညာရှိမျောက်ကြီးနဲ့ တည့်တည့်တိုးပါတော့တယ်။ မျောက်ကြီးကမင်းက ...
movie

The Lion King 1½(2004)