Channel Myanmar

Chris Pine

The Contractor (2022) 6
The Contractor (2022) The Contractor (2022)နာမည်ကျော်မင်းသား ခရစ်စ်ပိုင်းရဲ့ အက်ရှင်ရုပ်ရှင်အသစ်ထွက်လာပါပြီ။ ဒူးဒဏ်ရာကြောင့် ဆေးတွေသုံးလို့ အထူးတပ်ဖွဲ့ကနေ အနားယူလိုက်ရတဲ့ အတော်ဆုံး စစ်သားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ တပ်ကထွက်လာပြီး အလုပ်မရှိအကိုင်မရှိ အကြွေးတွေနစ်နေချိန်မှာ ကြေးစားစစ်သားအလုပ် လုံခြုံရေးအလုပ်တွေကို လိုက်လျှောက်ရင်း ငွေအများကြီးရမယ့် အလုပ်တစ်ခု တွေ့သွားခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့ ဘာလင်က သိပ္ပံပညာရှင်တစ်ယောက်တီထွင်နေတဲ့ ဇီဝလက်နက်တစ်ခုကို သွားဖျက်ဆီးဖို့ ကန်ထရိုက် တာဝန်တစ်ခုပါပဲ။ စာရင်းမဝင် လျို့ဝှက်စစ်ဆင်ရေးတစ်ခုပေါ့။ အဲဒီစစ်ဆင်ရေးကိုအတူသွားကြရင် လွယ်မလိုနဲ့ခက်ပြီး မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ .....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre.....Action, Thriller Quality….WEB-DL 1080p and 720p File size…1.83GB and 759MB and Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August
movie

The Contractor (2022)

2022
Unstoppable (2010) 6.8
Unstoppable (2010) IMDb Rating(6.8) / Rotten Tomatoes (87%)မင်းသားကြီးဒန်ဇယ်ဝါရှင်တန်ရဲ့ဇာတ်ကားဆိုတော့ ရုပ်တည်ကြီးနဲ့အလေးအနက်ခံစားရမယ့်ဇာတ်ကားဆိုတာ မှန်းမိနေမှာပါ။Chris Pine တို့...Rosario Dawson တို့လဲ ပါသေးတယ်..ဇာတ်လမ်းကတော့...လူမပါဘဲလွတ်ထွက်သွားတဲ့ အန္တရာယ်ရှိတဲ့ အရှိန်ပြင်းပြင်းရထားကြီးကို ရပ်တန့်အောင် လိုက်လုပ်ရမှာပါ...ပြောတော့တာ လွယ်ပေမယ့် တကယ်ကြည့်လိုက်ရင်ကိုယ်တိုင်ပါ အသက်ရှူရပ်မတန့် ဖြစ်သွားရမယ့် အခိုက်အတန့်တွေအများကြီးပါပဲ...Rating တွေလဲ မြင့်သလို တကယ်လဲမိုက်တဲ့ဇာတ်ကားမို့ လက်လွတ်ခံလို့မဖြစ်ပါဘူး။  File size…(1.7 GB) / (999 MB) / (500 MB) Quality…BluRay 1080p/720p/480p Format…mp4 Duration….01:38:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Myo Min Aung(MMA)
movie

Unstoppable (2010)

Rise of the Guardians (2012) 7.3
Rise of the Guardians (2012) Director: Peter Ramsey ရိုက်ကူးတင်ဆက်ထားပြီးNovember 21, 2012 (USA) မှာ ရုံတင်ခဲ့တဲ့ လူကြီးရော ကလေးပါ ကြည့်သင့်တဲ့ယုံကြည်မှု စိတ်ဓါတ်ရေးရာ မြင့်တင်ပေးပြီး စိတ်ဓါတ်ခွန်အား ရရှိစေမယ့် နတ်သမီး ပုံပြင်အခြေခံကာတွန်းဇတ်လမ်းလေး ဖြစ်ပါတယ်....==================================ဇတ်လမ်းပုံစံကတော့ ကြင်နာတက်တဲ့ စိတ်ထားရှိတဲ့ ဂျက်ဖရော့ဒ်ဟာ လူသား ဘ၀ မှာ သူရဲ့ ညီမလေးကို ကယ်ဆယ်ဖို့ သူ့အသက်ကိုစွန့်လွှတ်ခဲ့ပြီး ရေခဲပြင်ထဲမှာ သေဆုံးသွားပါတယ်...တစ်ရက်သော လပြည့်ညမှာတော့ လနတ်သား ဟာ ဂျက်ဖရော့ဒ် ကိုသေရွာကနေ နှိုးယူပြီး လူသားကလေးတွေ ရဲ့ ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးမယ့်နှင်းလူသား အဖြစ် ဖန်တီး ပေးလိုက်ပါတယ်....ဂျက်ဖရော့ဒ် ရဲ့ အတိတ်ဘ၀ မှတ်ဉာဏ်ကို ဖျောက်ထားခဲ့တဲ့အတွက်၎င်း ကိုယ်တိုင် စိတ်ထားကောင်းမွန်တဲ့ ကောင်လေး တစ်ယောက်ဆိုတာ မသိခဲ့ပါဘူးဒါကြောင့် သူ့ကိုသူ နတ်ဆိုး တစ်ယောက်လို့ မှတ်ယူပြီး လေလွင့်နေတုန်းဆန်တာကလော့ တို့ အက်စတာဘန်နီ ...
movie

Rise of the Guardians (2012)

2012
HEVC 1080p 5.1
Outlaw King (2018) 7.2
Outlaw King (2018) Outlaw/King "အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander ...
movie

Outlaw King (2018)

2018
Star Trek Beyond (2016) 7.1
Star Trek Beyond (2016) Star Trek Beyond (2016) IMDb - 7.1/10_____Rotten - 86%   Star Trek Beyondကနဦးစွာ ကျွန်တော်ပွင့်ပွင့်လင်းလင်း ဝန်ခံပါရစေ။ Director Justin Lin တစ်ယောက် ဒီဇာတ်ကားကို ရိုက်မယ်လို့ကြားသိလိုက်ရတဲ့အချိန်မှာ ကျွန်တော်အလွန်စိတ်ပျက်မိခဲ့တယ်။ Fast and Furious ကောင်က ကိုယ်တွေကြိုက်တဲ့ Star Trek ကိုဖျက်ဆီးပစ်လိုက်မယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ပေါ့။ အခုလိုပြောလိုက်လို့စာဖတ်သူတို့ဘာမှ စိတ်မပူပါနဲ့။ တစ်ကယ်တော့ ဒီဇာတ်ကားဟာ တစ်ကယ်ကို ကောင်းမွန်တဲ့ Star Trek ဇာတ်ကားကောင်းတစ်ကားအဖြစ် ယခုဆို ရပ်တည်နိုင်ခဲ့ပြီလေ။--------------------------------------------------------------------------------ကျွန်တော်တို့လွန်ခဲ့တဲ့ 3 နှစ်ခန့်လောက်ကို ပြန်သွားကြည့်ရအောင်ဗျာ။ Star Trek into Darkness က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဝင်ငွေ $467 Million နဲ့အောင်ပွဲခံနေတဲ့အချိန်ပေါ့။ တစ်ချို့ကတော့ သူတို့သဘောကျတဲ့ Khan ဇာတ်ကောင်ကို သရုပ်ဖော်တာ မကြိုက်လို့ဆိုပြီး အညံ့ဆုံး Star Trek ...
movie

Star Trek Beyond (2016)

2016
Into the Woods (2014) 6.0
Into the Woods (2014) ငယ်ငယ်တုန်းကစွဲလမ်းခဲ့ရတဲ့ အိပ်ယာဝင်ပုံပြင်တွေကိုအကုန်ချိတ်ဆက်ပြီးစိတ်ကူးယဉ်မိတဲ့အခိုက်အတန့် အားလုံးရဲ ့ကလေးဘဝမှာ ရှိခဲ့ဖူးကြမှာပါ။ဒီလိုအချိတ်အဆက်မိမိ Fairytalesတွေကို ဇာတ်လမ်းကျောရိုးတစ်ခုထဲမှာ ပေါင်းစုဖို့ဆိုတာလွယ်တော့မလွယ်ပေမယ့် ဒါကပဲ ဒီကားလေးရဲ ့ထူးခြားချက်လို့ပဲပြောပါရစေ။Johny Deep,Anna Kendrick,Emily Bluntစတဲ့နာမည်ကျော်တွေအများအပြား ပါဝင်ထားတဲ့ ဒီကားလေးကတော့ မှော်ဆန်ဆန်ကားလေးတွေကို သဘာဝကျကျကြည့်ချင်သူတွေအဖို့တော့အံကိုက်ပါပဲ။Musical Dramaသဘောမျိုးလေးလဲပါလို့ မပျင်းမရိမြူးမြူးကြွကြွကြည့်ရှုခံစားရမှာပါ။Imdb Rating 6/10 Rotten Tomatoes 71%ရရှိထားတဲ့ကားကောင်းလေးပါ။File Size : (950 MB) and (420 MB) Quality : Blu-Ray 720p Running Time : 2hr 5min Format : Mp4 Genre :Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-DRONES Subtitle by Kyaw Lwin Tun Encoded by Thanhtike Zaw
movie

Into the Woods (2014)

2014