Channel Myanmar
Chris Parnell
Hotel Transylvania 2 (2015) 6.7
Hotel Transylvania 2 (2015) Hotel Transylvania 2 (2015)IMDb - 6.7/10_____Rotten - 56%   2012 က အောင်မြင်ကျော်ကြားလူကြိုက်များခဲ့လို့ အခုသူ့ရဲ့နောက်ဆက်2015မှာ Part 2အနေနဲ့ထပ်ထွက်လာတဲ့ Animation ကားလေးတစ်ခုကိုတင်ပေးပါရစေ။IMDb Rating 7 အထိရရှိထားပြီးတဲ့  ဒီကားလေးကိုအားလုံးပဲမျှော်လင့်နေကြမှာပါ။ဒီဇာတ်ကားလေးဟာမကောင်းဆိုးဝါးလေးတွေနဲ့ဇာတ်လမ်းစထားခဲ့ပြီး . Draculaဘုရင်တစ်ပါးရဲ့သမီးလေးနဲ့ချစ်ကြိုက်ခဲ့တဲ့ လူသားတစ်ဦးတို့ရဲ့ အချစ်မေတ္တာနဲ့ပေါင်းစပ်လက်တွဲမှုကို အချက်ကျကျသဘောကျဖွယ် ဖန်တီးထားပါတယ်။Part 1 မှာ ချစ်ကြိုက်ခဲ့တဲ့ Dracula မလေး Mavis နဲ့လူသားလေး Jonathan တို့ရဲ့ လက်ထပ် မင်္ဂလာဆောင်ပွဲကနေစထားပါတယ်။Mavis နဲ့ Jonတို့ဟာ လက်ထပ်ပြီးကာလတစ်ခုမှာသားလေး တစ်ယောက်မွေးဖွားခဲ့ပါတယ်။အထူးသဖြင့်ဒီဇာတ်ကားမှာတွေ့ရမှာက အဘိုးဖြစ်သူ Count Dracula ရဲ့သူ့ မြေးလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို လှလှပပဖွဲ့နွဲ့သွားခဲ့ပြီးသူ့လိုပဲမြေးလေးကိုမှော်အတတ်တွေကျွမ်းကျင်တဲ့Dracular လေးတစ်ဦးဖြစ်စေချင်တာကိုလည်းတွေ့ရပါမယ်။Spoiler  ဖြစ်သွားမှာစိုးလို့ ဇာတ်ကားအကြောင်းကို ဆက်လက်မပြောပြတော့ပါဘူးMovie သာဆက်လက်ကြည့်ရှုကြပါ။  ခေတ်နဲ့လျော်ညီအောင် တင်ဆက်ထားပြီး . Sony Entertainmentကထုတ်လုပ်ထားတဲ့အတွက် Sony Product များကိုပါသုံးနှုန်းသွားတာဟာ ကြော်ငြာတဲ့ဘက်ကိုမသိသာစေဘဲ ...
movie
Hotel Transylvania 2 (2015)
2015
Our Little Secret (2024) 5.8
Our Little Secret (2024)  နာမည်ကျော် Mean Girls (2004)ထဲကမင်းသမီး Lindsay Lohanပါဝင်သရုပ်ဆောင်ထားတဲ့ ခရစ္စမတ် Rom/com ဇာတ်ကားသစ်လေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။လိုဂန်နဲ့အေဗရီတို့ဟာ ကလေးဘဝကတည်းက အမြဲမခွဲ တတွဲတွဲနဲ့အရွယ်ရောက်လာတော့လည်း ချစ်သူတွေဖြစ်သွားကြတဲ့soul mateတွေပါ။ အသက်တွေ ကြီးလာလို့ ဘဝလမ်းကြောင်းကိုလျှောက်ရမဲ့ အချိန်မှာ အေဗရီဟာ အိမ်မြို့လေးနဲ့ လိုဂန်ကို ထားခဲ့ပြီးလန်ဒန်မှာ အလုပ်သွားလုပ်ဖို့ဖြစ်လာခဲ့ပါတယ်။အေဗရီကို မသွားစေချင်တဲ့ လိုဂန်ကတော့ ရရာနည်းလမ်းနဲ့ဆွဲထားမယ်လို့ ကြံရင်းကနေ အလွဲအချော်လေးတွေဖြစ်ပြီးချစ်သူနှစ်ဦး လမ်းခွဲပြတ်စဲသွားကြပါတော့တယ်။ဒီလိုနဲ့ ၁၀နှစ်အကြာ ၂၀၂၄ ခရစ္စမတ်မှာတော့ သူတို့နှစ်ဦးလုံးကြင်သူကိုယ်စီနဲ့ တစ်ယောက်‌တစ်နေရာစီဖြစ်‌လို့နေကြပါပြီ။ဒါပေမဲ့ ကံကြမ္မာရဲ့ ဆန်းကြယ်ပုံတွေကြောင့် အေဗရီရဲ့ ကောင်လေးနဲ့လိုဂန်ရဲ့ကောင်မလေးဟာ မောင်နှမတွေဖြစ်နေပါတယ်။အဲလိုနဲ့ ခရစ္စမတ်ပိတ်ရက်မှာ ချစ်သူရည်းစား‌‌ရဲ့ အိမ်ကို အလည်လိုက်လာကြတဲ့ အေဗရီနဲ့ လိုဂန်တို့နှစ်ယောက် ပြန်လည်‌ဆုံတွေ့ခဲ့ကြပါတယ်။အကြောင်းအမျိုးမျိုးကြောင့် သူတို့ တွဲခဲ့တယ်ဆိုတဲ့ကိစ္စကိုလျှို့ဝှက်ထားဖို့ ဖြစ်လာတဲ့အခါ ဘယ်လိုအရှုပ်အထွေးတွေဖြစ်လာမလဲဆိုတာကို ဟာသလေးပါးပါးနှောပြီးကြည့်ရှုရမဲ့ဇာတ်ကားလေးပါပဲ။ခရစ္စမတ်အတွက် ကြည့်ပြီးသား ကားတွေပဲပြန်မကြည့်ချင်လို့ရုပ်ရှင်အသစ်လိုက်ရှာနေတဲ့ ပရိတ်သတ်များ အတွက်တော့ဒီကားလေးက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ပျော်တာမလို့Christmas watch list ထဲကို ...
movie
Our Little Secret (2024)
21 Jump Street (2012) 7.2
21 Jump Street (2012) 21 Jump Street (2012)IMDb Rating (7.2) / Rotten Tomatoes (85%)ဒီတစ်ခေါက်ကတော့ ဟာသဇာတ်လမ်းတွေကြားမှာ နာမည်ကြီးပြီးသားရုပ်ရှင်ဖြစ်တဲ့ 21 jump street ရုပ်ရှင်ပဲဖြစ်ပါတယ်။ရှမစ် နဲ့ ဂျန်ကို တို့နှစ်ယောက်ဟာ အထက်တန်းကျောင်းတုန်းက အစေးမကပ်ခဲ့ကြပေမယ့် နှစ်ယောက်လုံး ရဲ ဖြစ်လာတဲ့အခါမှာတော့ ပါတနာတွေ အဖြစ် အတူတာဝန် ထမ်းဆောင်ရပါတော့တယ်။ စိတ်ထင်ရာနင်းကန်ချကြလို့ အထက်လူကြီးက တကယ့်နေရာကိုပို့လိုက်ပါတော့တယ်... ဒါကတော့ အထက်တန်းကျောင်းတစ်ခုမှာ ပျံ့နေတဲ့ မူးယစ်ဆေးအသစ်တစ်မျိုးအတွက် တာဝန်ရှိတဲ့သူကို ရှာဖွေရမှာဖြစ်ပါတယ်။ အဲ့အတွက် ရှမစ် နဲ့ ဂျန်ကိုတို့ဟာ အထက်တန်းကျောင်းကို ကျောင်းသားအသစ်အဖြစ် ဟန်ဆောင်ဝင်ရောက်ပြီး လျှို့ဝှက်ထောက်လှမ်းရေး လုပ်ရပါတော့တယ်။ရုပ်ရှင်ကြည့် ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Jonah Hill နဲ့ Channing Tatum တို့ ဦးဆောင်ပါဝင်ထားပြီး ဘော်ဒါနှစ်ကောင် အထက်တန်းကျောင်းမှာ ဘယ်လိုတလွဲတချော်တွေ ဖြစ်မလဲဆိုတာ ရယ်မောရင်းကြည့်ရှုရမှာပါ။Brie Larson , Dave Franco , Ice ...
movie
21 Jump Street (2012)
2012
4K HEVC
The Dictator (2012) 6.4
The Dictator (2012) The Dictator (2012) IMDb - 6.4/10_____Rotten - 57%      ကြည့်ဖူးတဲ့သူကတော့ ဒီပုံလေးမြင်တာနဲ့ မှတ်မိမှာပါ။ အာဏာရှင် ကင်ဂျုံအီ၊ ကဒါဖီ တို့ကိုအခြေခံပြီး ဇာတ်ကောင်ဖန်တီးရိုက်ကူးခဲ့တဲ့ နိုင်ငံရေးသရော်တဲ့ ဟာသကားပါ။ ဒီကားထဲက အာဏာရှင် ဗိုလ်ချုပ်ကြီး အလာဒန် ဟာ နယူးယောက်ခ် ကုလအစည်းအဝေးကို လာတက်စဉ်မှာ ပြန်ပေးဆွဲခံလိုက်ရပြီး သူ့နေရာကို ပုံစံတူလူစားထိုးခံလိုက်ရပါတယ်။ရည်ရွယ်ချက်ကတော့ သစ္စာဖောက်ဦးလေးဟာ နိုင်ငံကိုဒီမိုကရေစီအဖြစ်ပြောင်းလဲပြီး ကိုယ်ကျိုးအတွက်စီးပွားရေးလုပ်ဖို့ပါပဲ။ ဘယ်သူမှမမှတ်မိတော့တဲ့ အလာဒန်တစ်ယောက် အခက်ခဲတွေကြားထဲကစွန့်စားပြီး သူ့နိုင်ငံကြီး ဒီမိုကရေစီမရဖို့အရေး သက်စွန့်ကြိုးပမ်းဆောင်ရွက်လာရတဲ့အခါမှာတော့.....File size…(1.6 GB)/(910 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre...  Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Htet Lin Kyaw 
movie
The Dictator (2012)
2012
Hot Rod (2007)
Hot Rod (2007)  ရော့ဒ်ဆိုတဲ့ လူငယ်လေးက ပထွေးဖြစ်သူအသက်ကယ်ဖို့ ဆိုင်ကယ်စတန့်ကွက်ပြရင်း ရန်ပုံငွေရှာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရော့ဒ်က မြို့ငယ်လေးမှာ မိခင်ရယ် ပထွေးရယ် သူ့ဘက်ကပါတဲ့သားရယ်နဲ့အတူနေပါတယ်။ဒီကားမှာ အဓိကဇာတ်ကောင်ရော့ဒ်ကို အံ့ဩစရာကောင်းအောင်တော်တဲ့ စတန့်သမားအဖြစ်ပုံမဖော်ထားပါဘူး။ သူစတန့်ပြတိုင်း အမြဲမအောင်မြင်တာမို့ပါ။ ဒါမဲ့ ရော့ဒ်က သူ့အဖေရင်းက စတန့်သမားဖြစ်ခဲ့တာကြောင့် သူလည်းတစ်နေ့ အောင်မြင်ရမယ်ဆိုပြီး တထစ်ချဇွဲမလျှော့ဘဲ ကြိုးပမ်းခဲ့ပါတယ်။ ပထွေးဖြစ်သူက ရော့ဒ်ကို အမြဲရန်စ နှိမ်နေပြီး အထင်မကြီးလို့လည်းပါတာပေါ့။ သူ့ပထွေးနဲ့ ယှဉ်ပြီးချတိုင်းလည်း ရော့ဒ်က ရှုံးနေတာကိုး။ ရော့ဒ်ကတော့ တစ်နေ့မှာ ပထွေးကို အလဲထိုးပြီး လေးစားမှုရလာမယ်လို့ သိန္နိဌာန်ချထားပါတယ်။ဒါပေမဲ့ ပ‌ထွေးဖြစ်သူ နှလုံးအစားထိုးခွဲစိတ်ဖို့လိုလာတဲ့အခါ လိုအပ်တဲ့ ရန်ပုံငွေရှာဖို့ ရော့ဒ်က သူ့အပေါင်းအသင်းတွေနဲ့အတူ ဘက်စ်ကား15စီးကို ဆိုင်ကယ်နဲ့ ခုန်ကျော်ပြတဲ့ စတန့်ကွက်ပြမယ်ဆိုပြီး စီစဉ်ပါတော့တယ်။ သူ့ပထွေးကို ကယ်ပြီး ချတဲ့အခါ အနိုင်ရနိုင်ဖို့လည်း ပါပါတယ်။ အမြဲတမ်း မအောင်မြင်တဲ့ ရော့ဒ်တစ်ယောက် သူယုံကြည်ရာအတိုင်း အောင်မြင်ပါ့မလားဆိုတာ ...
movie
Hot Rod (2007)
Walk Hard: The Dewey Cox Story (2007) 6.8
Walk Hard: The Dewey Cox Story (2007) (ကိုယ်လုံးတီးခန်းများ လိင်ဆက်ဆံခန်းများပါဝင်သဖြင့် မိသားစုဖြင့်ကြည့်ရှုရန်မသင့်တော်ပါ) အတ္တုပတ္တိ( Biopic) ရုပ်ရှင်တွေ အထူးသဖြင့်ဂီတလို့ ပြောလိုက်တာနဲ့ ကြည့်ရှုသူ အများစုကတော့သိကြမှာပါပဲ။အဆိုတော် ဒါမှမဟုတ် ဂီတလောကရဲ့ အနပညာရှင်တစ်ယောက်ယောက်ဖြစ်မယ်။ လူဖြူလည်းဖြစ်မယ်လူမည်းလည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့ရဲ့ ဘ၀ခရီးလမ်း အခက်အခဲတွေ ဘယ်လိုမျိုး ကျော်ဖြတ်လာရမလဲဆိုတာကိုဝေဆာနေအောင် ကွန့်မြူးပြီး ပြောကြမယ်။ဒါပေမဲ့ ဒီကားကတော့ ဒီလိုမဟုတ်ဘူး။ ဖန်တရာတေဒီဇာတ်ကြောင်းတွေပဲ ထပ်နေတဲ့ ဒီရုပ်ရှင်အမျိုးအစားထဲကကိုမှ တကယ်မရှိတဲ့ ဒူဝီ ကော့စ် ဆိုတဲ့ အဆိုတော်ကိုဖန်တီးပြီး ဒီရုပ်ရှင်တွေကိုပဲ အကြီးအကျယ် ပြန်ဖဲ့သွားတာမျိုးဗျ။ဥပမာ ပြောရရင် ဒီအဆိုတော်က ငယ်ငယ်က တခုခုကြောင့်စိတ်ဒဏ်ရာရပြီး တစ်ခုခုဖြစ်နေရမယ်။ ဒီကားမှာကတော့ ဘာမဆိုင် ညာမဆိုင် တောခုတ်ဓားတစ်ချောင်းကြောင့်မင်းသားအကိုသေပြီး မင်းသားက စိတ်ဒဏ်ရာ ရသွားတာမျိုးက စလှော်တော့တာပါပဲ။ဂီတ အကျော်အမော်ကြီးတွေဖြစ်ကြတဲ့Bob Dylan, The Beatles, Elvisက အစလူပေါင်းစုံရဲ့ စတိုင်တွေ အကုန်ပြောင်။ အဲဒါမှ အားကိုမရသေးရင်အဓိပ္ပါယ်နှစ်ခွနဲ့ အောက်လုံး သီချင်းတွေကို မင်းသားကဆိုပြလိုက်ရမှ။မကျေနပ်သေးဘူးလား။ ဒါဆိုရင်လည်း ထုံးစံအတိုင်း ဆေးစွဲ မိန်းမရှုပ်တဲ့အခန်းတွေလာမယ်။ဒါပေမဲ့ ...
movie
Walk Hard: The Dewey Cox Story (2007)
Paper Man (2009)
Paper Man (2009)  ဖလင်ပိုစတာမှာ ကိုဒတ်ပူး(Ryan Reynolds)ကို ကြောင်တောင်ကျားဝတ်စုံနဲ့ မြင်လိုက်ရလို့ ဒီကားကို ဟာသကားလို့ မထင်လိုက်ပါနဲ့ အဓိကဇာတ်ကောင်နှစ်ယောက်က အမ်မာကျောက်တုံးလေး Emma Stone နဲ့ Jeff Daniels တို့ဖြစ်ပြီး Deadpool ကတော့ Jeff Daniels ရဲ့ စိတ်ကူးယဉ်သူငယ်ချင်းအနေနဲ့ပဲ ပါဝင်ထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့Richard ဆိုတဲ့ သက်လတ်ပိုင်း စာရေးဆရာတစ်ယောက်က စာရေးသူတို့ထုံးစံ idea မထွက်ပဲ ဒီပျက်ရှင်ဝင်တဲ့အချိန်ကျရောက်နေပြီး အိမ်ထောင်ရေးလည်း မစိုပြေတော့တဲ့အချိန် မိန်းမဖြစ်သူနဲ့ နှစ်ဦးသဘောတူ ခေတ္တအိမ်ခွဲနေဖို့ ဆိပ်ကမ်းမြို့လေးကို ရောက်လာပါတယ်...ဒီအချိန်မှာပဲ သူ့လိုမျိုး lost soul တစ်ယောက်ဖြစ်တဲ့ ဖော်ရွေပေမယ့် တခါတလေ ဝမ်းနည်းနေတတ်တဲ့ ကောင်မလေး Abby(Emma Stone) နဲ့ သိကျွမ်းခဲ့တယ် ဒီစာကိုဖတ်ပြီး သတ်လတ်ပိုင်းယောကျာ်းနဲ့ ကျောင်းသူအရွယ်မိန်းကလေးတို့ရဲ့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်လမ်းလို့ ထင်နေရင် သင်မှားသွားပါလိမ့်မယ်ဘာလို့ဆို ရိုမန့်တစ် interest ပုံစံဖော်ထားတာမဟုတ်ပဲ Abby ...
movie
Paper Man (2009)
As We Know It (2023) 5.6
As We Know It (2023) As We Know It (2023)Zombie တွေပါတဲ့ Horror အမျိုးအစားကိုမှ ကြောက်စရာမကောင်းဘဲ ဟာသဆန်ဆန် ရသစုံခံစားရမယ့် ဇာတ်ကားသစ်ဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ယောက်ကြားက နွေးထွေးတဲ့ Friendship နဲ့ Relationship တွေအကြောင်းကို မတူညီတဲ့ရှုထောင့်ကနေ ပေါ့ပေါ့ပါးပါးပုံဖော်ထားတာပါ။ဇာတ်လမ်းအစက LA မှာ ပဲနို့ထုတ်တဲ့ ကုမ္ပဏီက ပဲနို့တွေ ပြသာနာပေါ်ပြီး ဗိုင်းရပ်စ်အဖြစ်ပြောင်းသွားကာ သောက်တဲ့လူတိုင်း ဖုတ်ကောင်တွေဖြစ်ကုန်ကြပါတယ်။ တစ်ကောင်နဲ့တစ်ကောင်လိုက်ကိုက်ပြီး ဗိုင်းရပ်စ်အနှံ့အပြား ကူးစက်နေတဲ့အချိန်မှာ ရည်းစားနဲ့ ပြတ်သွားပြီး ဘာမှမသိဘဲ အိမ်ထဲမှာ ဆွေးကောင်းနေတဲ့ ၀တ္ထုရေးဆရာ ဂျိမ်းစ်... ဂျိမ်းစ်ကို ခေါ်ပြီး ဆီရက်တယ်ကို ပြေးဖို့ ဂျိမ်းစ်အိမ်ကို အပြေးအလွှားလာတဲ့ အချစ်ဆုံးသူငယ်ချင်း ဘရုစ်...သူတို့နှစ်ယောက် ကားနဲ့သွားမလို့ပြင်ပြီးကာမှ ကားဆီမရှိတော့လို့ အိမ်မှာသောင်တင်နေပါလေရော။ အဲဒီအချိန်မှာပဲ ဂျိမ်းစ်ရဲ့ရည်းစားဟောင်း အမ်မလီက သူ့သူငယ်ချင်းတွေနဲ့ မပြေးခင် အဆင်ပြေလား လာမေးရင်း ဖုတ်ကောင်တွေသောင်းကျန်းလို့ သူပါ ဂျိမ်းစ်တို့နဲ့ ပိတ်မိနေတဲ့အခါ... ...
movie
As We Know It (2023)
2023
Sisters (2015) 6.0
Sisters (2015) IMDB 6/10Rotten tomatoes 60% Mean Girls, Baby Mama တို့လိုဇာတ်ကားကြီးတွေတင်မကပဲOscars, Emmys, Golden Globesတို့လို ဆုပေးပွဲကြီးတွေမှာပါစင်ပေါ်တက်‌ပြောင် Hostလုပ်နေကြ Hollywood ရဲ့ အတွဲအညီဆုံးဟာသမင်းသမီးနှစ်‌ယောက်ဖြစ်တဲ့Tina Fey နဲ့ Amy Poehler တို့ရဲ့နောက်ထပ်ဟာသဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။Tina တဖြစ်လဲ ကိတ်ကတော့ အဲလစ်စ်ညီအစ်မမှာ အမဖြစ်တဲ့သူပေါ့။သမီးတယောက်ရှိနေတာတောင်မှ ဘာအသိတရားမှမ၀င် အလုပ်ကလည်းမမြဲဘ၀ကိုခပ်ပေါ့ပေါ့ပဲဖြတ်သန်းနေတဲ့သူ။ Amyတဖြစ်လဲ ‌မော်ရာကကြတော့ ညီမဖြစ်တဲ့သူကိုမှ အရမ်းစိုးရိမ်တတ် သူတပါးအလိုကိုပဲလိုက်တတ်တဲ့သူ။ အမဖြစ်သူ ကိတ်ရဲ့ ပြဿနာပေါင်းစုံကို နောက်ကလိုက်ရှင်းပေးရတာလည်းသူပါပဲ။ ဒီလိုနဲ့ပဲ တနေ့မှာ ကလေးဘ၀တုံးကအိမ်ကြီးကို မိဘတွေကမရောင်းခင် နောက်ဆုံးနှုတ်ဆက်တဲ့ပါတီတခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့အချိန် ညီအစ်မနှစ်ယောက် ဘယ်လိုမျိုး တလွဲတွေဖြစ်ကြဦးမှာလဲ။ ဘယ်လိုပြဿနာတွေဖြစ်ကြဦးမှာလဲ။အဆုံးမှာ ညီအစ်မနှစ်ယောက်အတွက်မေ့‌မရတဲ့ ပါတီတခုဖြစ်ခဲ့မလားဆိုတာကို ရယ်မောခံစားရင်း ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။Maya Rudolph လိုမျိုးမင်းသမီးကြီးကလည်း ဒီဇာတ်ကားမှာ ၀င်ရောက်အားဖြည့်ပေးထားပြီးတော့ Tina နဲ့Amyတို့ရဲ့နောက်ထပ် တွဲချက်ညီညီ ပြက်လုံးတွေ သရုပ်ဆောင်မှုတွေကို CMပရိတ်သတ်ကြီးကလည်း ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ File size…  2.3 GB /  1.7 GB Quality… BluRay 1080p / ...
movie
Sisters (2015)
2015
Night at the Museum: Kahmunrah Rises Again (2022) 5
Night at the Museum: Kahmunrah Rises Again (2022) Night at the Museum: Kahmunrah Rises Again (2022)သင်ဟာ Night at the museumရဲ့ ပရိသတ်တစ်ယောက်ဆိုရင်တော့ ငယ်ငယ်က ပြတိုက်တွေသွားလည်တဲ့အခါ ဒီအရုပ်တွေများ ညဘက်ဆိုရင်အသက်ဝင်လာပြီး လျှောက်သွားနေမလားလို့ တွေးမိမှာပါပဲ။ ၂၀၀၆ ခုနှစ်မှာ ပထမဆုံးစတင်ထွက်ရှိပြီး ပရိသတ်တွေရဲ့အသဲနှလုံးကို ဖမ်းစားခဲ့တဲ့ ဒီရုပ်ရှင်လေးက ၂၀၀၉နဲ့ ၂၀၁၄မှာ live action sequelအသီးသီးထွက်ရှိခဲ့ပြီးတော့ နောက်ဆုံးရုပ်ရှင်ကတော့ animationသီးသန့်အနေနဲ့ ပွဲထုတ်ထားပါတယ်။၂၀၂၂ animationမှာတော့ Night at the museum sequelတလျှောက်မှာ အပွဲပွဲနွှဲလာခဲ့တဲ့ လာရီဒေလီတစ်ယောက် သဘာဝသမိုင်းပြတိုက်ကြီးကိုစွန့်ခွာလို့ တိုကျိုပြတိုက်ကို ပြောင်းရတာနဲ့ အစချီထားပါတယ်။ဒါပေမဲ့ လာရီနဲ့ပွဲတိုင်းကျော်ခဲ့တဲ့ ပြခန်းထဲကရဲဘော်တွေကတော့ လာရီနေရာမှာမှာ အစားထိုးဝင်လာတဲ့ ညစောင့်တိုင်းကို အမျိုးမျိုးခြောက်လွှတ်နေကြတာပေါ့။ ရဲဘော်တွေကိုလည်း ဖျောင့်ဖျလို့မရ ကြီးလေးတဲ့တာဝန်ကြီးကို တခြားသူကိုလွှဲအပ်ခဲ့ရမှာကိုလည်း စိတ်မချပြန် နှစ်ပေါင်းများစွာလုပ်လာခဲ့တဲ့ ပြတိုက်ကြီးကိုလည်း သံယောဇဉ်မပြတ်တဲ့လာရီတစ်ယောက် တက်ဒီပြောသလိုပဲ သားဖြစ်သူ နစ်ခ်ဒေလီကို သူ့နေရာအစားဝင်ခိုင်းဖို့ တွေးနေတော့တာပေါ့။တစ်ဖက်မှာတော့ ဘာလုပ်လုပ် တလွဲတချော်နဲ့တိုင်ပတ်နေပြီး ချစ်သူကောင်မလေးကိုပါ ဖွင့်မပြောရဲတဲ့အထိကို ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက်ကောင်လေး နစ်ခ်ဒေလီကတော့ သူ့ရဲ့ဘဝကြီးကို အကြီးအကျယ်စိတ်ပျက်နေသူလေးပါ။ ဒါကိုအဖေဖြစ်သူလာရီက ...
movie
Night at the Museum: Kahmunrah Rises Again (2022)
2022
Jingle All the Way (1996) 5.7
Jingle All the Way (1996) Jingle All the Way (1996)ခရစ္စမတ်နီးလာတိုင်း ကျွန်တော်တို့ကြည့်လေ့ကြည့်ထရှိတဲ့ကားလေးဆိုရင်တော့ Home Alone (1990) လေးပဲဖြစ်မယ်ထင်ပါတယ်။ ဘာလို့ကြည့်လဲဆိုရင်တော့ ငယ်ဘဝကို ပြန်ခံစားချင်လို့ ကြည့်တယ်ဆိုပါတော့ဗျာ။ 1990‌ ကျော်ခုနှစ်များဆီက အငွေ့အသက်တွေ၊ ထိုနေ့ခေတ်များဆီက ခရစ္စမတ်ကျင်းပပုံတွေ၊ ခေတ်‌တစ်ခေတ်ရဲ့ သဘောသဘာဝတွေရဲ့ ခံစားလို့ရတဲ့ ရုပ်ရှင်လေးတွေပဲဆိုပါတော့။ဒီလိုရုပ်ရှင်လေးတွေထဲမှာ ကျွန်တော့်အတွက်တော့ Home Alone ပြီးရင် အကြိုက်ဆုံးခရစ္စမတ်ကားလေးဖြစ်တာကတော့ ဒီကားလေးပဲဗျ။ တကယ်ကောင်း၊ ရှယ်ကောင်း၊ တော်တော်ကောင်းပါတယ်။ တကယ်ကြည့်ထိုက်တယ်ဗျ။ ဇာတ်လမ်းလေးက အစ အလယ်ကနေ အဆုံးဇာတ်ဝင်ခန်းထိကို ကောင်းတာဗျ။ တကယ်လည်း တစ်ကားလုံးတောက်လျှောက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကို ကြည့်နေရတဲ့ကားပါ။ ပြီးတော့ ပိုထူးဆန်းတာကို ပြောပြပါဆိုရင်တော့ ဒီဇာတ်ကားလေးကို ကျွန်တော်တို့ရဲ့အက်ရှင်မင်းသားကြီး၊ Terminator မင်းသားကြီးအာနိုးလ်က သရုပ်ဆောင်ထားတာပါပဲ။ မင်းသမီးဟာလည်း ၉၀ ကျော်ခုနှစ်များရဲ့နာမည်ကျော်မင်းသမီး ရိတာဝေလ်ဆန်က ပါဝင်သရုပ်ဆောင်ထားပါတယ်။Comedy/ Family အမျိုးအစားမလို့ ဘယ်လိုကားမျိုးလေးလဲဆိုတာကိုတော့ ခန့်မှန်းလို့ရလောက်မယ်ထင်ပါတယ်။ သုံးခဲ့တဲ့ဘက်ဂျက်ရဲ့ ...
movie
Jingle All the Way (1996)
1996
Senior Year (2022)
Senior Year (2022) 293MBSenior Year (2022)ဘဝမှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ မဝင်ဆန့်ဘူး ကိုယ်တစ်ယောက်တည်း ကွဲထွက်နေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို တခြားလူတွေနဲ့နှိုင်းယှဉ်မိပြီး သိမ်ငယ်မိဖူးပါသလားစတက်ဖနီကလည်း အဲဒီလိုကောင်မလေးပါပဲ။ ဆယ်ကျော်သက်အရွယ်အစောပိုင်းမှာ အမေရိကကိုပြောင်းလာတဲ့ ဩစတြေးလျသူလေး စတက်ဖနီဟာ ယဉ်ကျေးမှုမတူတဲ့ အသိုင်းအဝိုင်းကြားမှာ သူ့ကိုယ်သူအပယ်ခံလေးတစ်ယောက်လို ခံစားခဲ့ရရှာပါတယ်။ကျောင်းက နာမည်ကြီးကလေးတွေဆို အပေါင်းအသင်းတွေလည်းအများကြီး၊ သွားလေရာမှာ ဖူးဖူးမှုတ်ခံရတာတွေကို အားကျပြီး သူကိုယ်တိုင်လည်း နာမည်ကြီးလာအောင်လုပ်မယ်ဆိုပြီး ကျောင်း cheerleader အဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ ၂၀၀၂ ခုနှစ် ဟားဒင်းအထက်တန်းကျောင်းရဲ့ ကျောင်းကပွဲဘုရင်မ prom queen ဖြစ်လာဖို့ကြိုးစားရင်း မမျှော်လင့်တဲ့အဖြစ်တစ်ခုနဲ့ ကြုံရပြီး သူ့ဘဝဟာ ချက်ချင်းဆိုသလို သူ့ဘဝရဲ့ နှစ်‌ပေါင်း၂၀ တာကာလဟာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားပါတယ်။ဆယ်စုနှစ်၂စုအကြာ ၂၀၂၂ခုနှစ် အသက်၃၇ခုနှစ်အရွယ်ထိ အထက်တန်းကျောင်းသူတစ်ဦးဖြစ်နေဆဲ စတက်ဖနီဟာ ကျောင်းကပွဲဘုရင်မ သရဖူကိုခူးဆွတ်ရဖို့ လက်မလျှော့နိုင်သေးပါဘူး။သူ့ဘဝရဲ့ရည်မှန်းချက်ဟာ ကျောင်းကပွဲဘုရင်မရာထူးပဲဖြစ်နေပြီး အဲဒီအတွက်နဲ့ သူ့ဘဝရဲ့အရေးကြီးတဲ့အရာတွေကို မေ့လျော့နေခဲ့တာပါ။ကျောင်းပြီးဖို့တစ်လအလို စီနီယာနှစ်မှာမှ စတက်ဖနီတစ်ယောက် ဘယ်လိုတွေကြုံတွေ့ခဲ့ရလို့များ ၃၇နှစ်အရွယ်အထိ အထက်တန်းကျောင်းသူအဖြစ် သံသရာလည်နေခဲ့ရလဲဆိုတာကို အဖြေရှာရင်း ပေါ့ပေါ့ပါးပါး comedy teenage ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါဦးPitch Perfect ထဲက Fat ...
movie
Senior Year (2022)
Home Sweet Home Alone(2021)
Home Sweet Home Alone(2021) Home Alone(2021) ==============Comedy,Familyခရစ်စမတ် ရာသီစာလို့ပြောလို့ရပြီးကလေးဘဝက လူတိုင်းနှစ်သက်ခဲ့တဲ့ Home Alone ရဲ့ Rem‌akeHome Sweet Home Alone ထွက်ရှိလာပါပြီ. ဇာတ်လမ်းကတော့ ခရစ်စမတ် မိသားစုအားလပ်ရက်ခရီးမှာ မက်စ်ဝဲမာဆာဆိုတဲ့၁၀ နှစ်သားကောင်လေးက အိမ်မှာ ၁ ယောက်ထဲကျန်ခဲ့တဲ့ ပုံစံနဲ့တည်ထားပါတယ်သူ့ဆီကနေ မက်ကင်ဇီစုံတွဲက တန်ဖိုးကြီးကြွေရုပ်ကို လုယူဖို့ကြိုးစားတဲ့ပုံစံကို တင်ဆက်ထားတာပါဒါကို မက်စ်ဝဲလ်တစ်ယောက် ဘယ်လိုအလွဲလွဲအချော်ချော်တွေ လုပ်ရင်းနဲ့ ဖြတ်သန်းသွားမလဲဆိုတာကိုကြည့်ရှုရမှာပါ . ၁၉၉၀ ကျော်က Home Alone ကားတွေလောက်မှီမယ်မထင်ပေမယ့်...ငယ်ဘဝဇာတ်ကားတွေကို ပြန်လည်သတိရစေပြီးခရစ်စမတ်မှာ မိသားစုနဲ့ ကြည့်ရှုဖို့အတွက် ကားကောင်းလေးဖြစ်စေမှာပါ( ဇာတ်လမ်းအညွှန်းကိုတော့ Thiha Yan Naing ရေးသားပြီးဘာသာပြန်သူများကတော့ Thiha Yan Naing & Thura Hein တို့ဖြစ်ပါတယ်)   File size…970MB / 1.4GB Quality… 720 p  / 1080p WEB RIP X264 ...
movie
Home Sweet Home Alone(2021)
2021
Finding ‘Ohana (2021) 6.2
Finding ‘Ohana (2021) Finding Ohana (2021)စွန့်စားတဲ့ ဇာတ်လမ်းတွေကို ကြိုက်တတ်ပါသလား? ရတနာရှာဖွေရေး ဇာတ်လမ်းတွေကို ကြိုက်တတ်ပါသလား?Netflix ကနေ ထုတ်လွှင့်ထားတဲ့ အသစ်စက်စက် ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။စွန့်စားရတာကို ကြိုက်တတ်တဲ့ ဖီလီ ဆိုတဲ့ ကောင်မလေးက သူ့အဖိုးဆီက မုခ်စ်ရဲ့စွန့်စားခန်းတွေကို ဖတ်ပြီးတဲ့နောက်မှာ စပိန်ရတနာတွေကို ရှာဖွေဖို့ သူ့ရဲ့မောင်နှမတွေနဲ့အတူ ကြိုးပမ်းပါတော့တယ်။သူတို့ရဲ့စွန့်စားခန်းတွေကတော့ ...... ပြောလိုက်ရင် ပေါ့သွားမှာမို့ အများကြီး မပြောပြတော့ပါဘူး။ရတနာသိုက်ရှာဖွေရေးကားတွေရဲ့ထုံးစံအတိုင်း ဘာဖြစ်မလဲ ဆိုတာကို ဟာဝိုင်အီကျွန်းရဲ့ အလှအပတွေနဲ့ အတူတူ အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမှာပါ။IMDb - 6.2/10 ရထားတဲ့ ဇာတ်ကားအသစ်စက်စက်လေးမို့ ကြည့်ဖြစ်အောင် ကြည့်ကြစေချင်ပါတယ်။File size…1.7 GB and 700MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 2hr 3min Subtitle….Myanmar Subtitle (Hardsub) Translator ..... Shoon Thu Thu Chain, Shin Jinni, Thet Hnin Hsu, Dolly Encoder ...
movie
Finding ‘Ohana (2021)
2021
Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020) 7.1
Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020) Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020)အညွှန်း**************************************************************IMDb.... 7.1ဒီဇာတ်ကားလေးက Netflix ကနေပြီးတော့ unbreakable Kimmy Schmidt series ထဲကို 2020 special အနေနဲ့ ပြန်လည် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အသက် ၂၉ နှစ်အရွယ် ကမ်မီဟာ အင်ဒီရားနနား မြို့လေးရဲ့ မြေအောက် ကတုတ်ကျင်းထဲမှာ နှစ်အတော် အကြာ ပိတ်လှောင်ခြင်းခံထားရဖူးပါတယ်။ကြောက်စိတ်တွေနဲ့ သူမဟာ လက်ထက်ဖို့ သုံးရက်အလိုမှာ လွယ်အိတ်ထဲကနေမမျှော်လင့်ပဲ စာကြည့်တိုက်ကနေ ဌားထားတဲ့ စာအုပ်လေးကို တွေ့ရှိခဲ့တယ်။ အဲ့လိုနဲ့ အကောင်းမြင် သမားလေးဖြစ်တဲ့ ကမ်မီဟာ နောက်ထပ် သူ့လို မတရားခံရသူ မိန်းကလေးတွေ ရှိနေနိုင်မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မင်္ဂလာပွဲမစခင် သုံးရက် အလိုမှာ သူငယ်ချင်း ဖြစ်သူ တိုင်းဒက်စ်နဲ့ အင်းဒီးရားနား မြို့လေးကို ပြန်သွားခဲ့ပါတယ်။သူမှာ သူ့ ...
movie
Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020)
I Am Woman 2019 6.0
I Am Woman 2019 1970s ခေတ်မှာနာမည်ကြီးခဲ့တဲ့ ပေါ့အဆိုတော်မကြီး Helen Raddy ရဲ့ဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် single mother တစ်ယောက်အနေနဲ့ Australia ကနေ New York ကို အဆိုတော်ဖြစ်ဖို့လာခဲ့သော်လည်း ငြင်းပယ်ခံရပြီး သူမကိုအားပေးတဲ့ သူငယ်ချင်းနဲ့တွေ့တယ် Jaff Wald နဲ့ အိမ်ထောင်ကျပြီး အလုပ်အတွက်အဆင်ပြေနိုင်မယ့် LA ကိုပြောင်းနေကြတယ် အသံသွင်းရဖို့ အကြိမ်ကြိမ်ကြိုးစားပြီးမှ နောက်ဆုံး ရရှိလာခဲ့တယ် သူမရေးဆိုတဲ့ I Am Woman သီချင်းကလည်း တကယ်ကို ကောင်းတာပါ သူမက albums 25 millions အထိတောင် sold out ဖြစ်ခဲ့တဲ့ နာမည်ကြီးအဆို‌တော်တစ်ဦးဖြစ်ပါတယ် ၊ အမျိုးသမီးတစ်ယောက်ခံစားရတဲ့ ဘ၀အခက်အခဲတွေကို တင်ဆက်ထားပြီးသရုပ်ဆောင်တွေကလည်း တကယ်ကို ‌ပီပီပြင်ပြင်သရုပ်ဆောင်ထားကြတာပါ ကျွန်တော်ဆို ဇာတ်ကားဘာသာပြန်ရင်းတောင် ကြက်သီးတွေခဏခဏထရတဲ့ ဇာတ်ကားမို့ ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်ခင်ဗျာ......   File Size : ...
movie
I Am Woman 2019
Anchorman: The Legend of Ron Burgundy 2004 7.2
Anchorman: The Legend of Ron Burgundy 2004 San Diego မြို့လို ယောကျာ်းလေးများသာ သတင်းတင်ဆက်သူဖြစ်ခွင့်ရှိတဲ့မြို့ကြီးမှာ Ron Burgundy လို့ခေါ်တဲ့ Anchorman ဟာ အာဏာအရှိဆုံးနဲ့ နာမည်အကြီးဆုံးဖြစ်လာခဲ့ပါတယ် သူနဲ့သူ့သူငယ်ချင်းများပါဝင်တဲ့ Channel 4 News Team ဟာ Network မှာငါးနှစ်ဆက်တိုက် နံပါတ်တစ်ဖြစ်လာခဲ့ပါတယ် တစ်နေ့မှာတော့ ပါတီပွဲတစ်ခုမှာ Veronica Coringstone လို့ခေါ်တဲ့ သတင်းထောက်မလေးနဲ့ တွေ့ဆုံပြီး သူမကိုသဘောကျသွားခဲ့ပါတယ် ဖြစ်ချင်တော့ Coringstone ဟာလည်း San Diego ရဲ့ရှေးရိုးစွဲအစဥ်အလာကို ချိုးဖောက်ပြီး သတင်းတင်ဆက်သူဖြစ်ချင်တဲ့ မိန်းကလေးဖြစ်နေတာပေါ့ အဲ့လိုနဲ့ နောက်တစ်နေ့မှာ Coringstone တစ်ယောက် Burgundy ရှိတဲ့ Channel 4 News ကိုရောက်လာပါတော့တယ် အဲ့မှာစပြီး Coringstone ဟာ ဟတင်းတင်ဆက်သူဖြစ်နိုင်မယ့် အခွင့်အရေးကိုစောင့်ဆိုင်းနေရင်း တစ်နေ့မှာတော့ သူဖြစ်မျှော့်လင့်ထားတဲ့ဆန္ဒပြည့်ဝသွားပြီ တွဲဖက်တင်ဆက်သူဖြစ်လာပါတော့တယ် Burgundy ချစ်သော်လည်းအလိုမလိုက်နိုင်ဆိုသလို သူ့နေရာကိုအလုယူခံလိုက်ရလို့ ဒေါသမီးတောက်လောင်ပြီး ...
movie
Anchorman: The Legend of Ron Burgundy 2004
The Laundromat (2019) 6.2
movie
The Laundromat (2019)
2019