Channel Myanmar

Chris Mimikos

A Missed Connection (2024) 5.8
A Missed Connection (2024)  အားလပ်ရက်မှာ ပေါ့ပေါ့ပါးပါးလေးနဲ့ Romance ကားလေးကြည့်ချင်တယ်ဆိုရင်တော့ rating 5.8 ရှိတဲ့ A missedconnection ဆိုတာကားလေးရှိပါတယ်။ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့ကြသလဲ ဆိုတဲ့အတိုင်းဗစ်ကီနဲ့ မက်စ်တို့ဟာ ရထားဘူတာမှာ ပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ် တွေ့ကြ ပြီး ဘူတာမှာပဲ လွဲခဲ့ကြပါတယ်။ဗစ်ကီဟာ ငါးနှစ်တာplanတွေကို ချထားပြီးရည်မှန်းချက်ကြီးတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ဘူတာမှာလွဲပြီး ငါးနှစ်ကြာသွားတဲ့အခါ သူ့ငါးနှစ်တာplanအတိုင်းမင်္ဂလာပွဲကိုအပန်းဖြေကျွန်းတစ်ခုပေါ်မှာ လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ဘူတာမှာလွဲသော်လည်း ကံတရားကသူတို့နှစ်ဦးကို ပြန်လည်တွေ့ဆုံစေချင်တဲ့အတွက် ဓာတ်ပုံဆရာဖြစ်လာတဲ့ မက်စ်ကဗစ်ကီရဲ့ မင်္ဂလာပွဲအခိုက်အတန့်တွေ့ကိုဓာတ်ပုံရိုက်ပေးဖို့အလုပ်ကမ်းလှမ်းခံရပါတော့တယ်။သူတို့နှစ်ဦးဟာ ကျွန်းဆီကိုဆိုက်မဲ့လေယာဥ်ရှိရာ လေယာဥ်ကွင်းမှာ ဒုတိယအကြိမ်ပြန်ဆုံခဲ့ကြတဲ့အခါ သူတို့အချင်းချင်းပြန်မှတ်မိကြမလား... တစ်ယောက်ပေါ်တစ်ယောက်ဘယ်လိုခံစားချက်တွေရှိနေသေးမလဲလေယာဥ်ကွင်းမှာရောပြန်လွဲ ကြဦးမှာလား ဆိုတာတွေကိုပေါ့ပေါ့ပါးပါးနဲ့စိတ်ဝင်စားဖွယ်ရှူစားနိုင်မှာဖြစ်ပါတယ်။မတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုတွေ့တဲ့အခါဘာတွေဖြစ်ကြမလဲဆက်ဆံရေးတစ်ခုမှာ ဘာကအရေးကြီးဆုံးလဲ ဦးနှောက်နဲ့ပဲဆုံးဖြတ်ပြီးဘဝကိုဖြတ်သန်းလာတဲ့ဗစ်ကီကို နှလုံးသား စေရာနောက်လိုက်ဖို့ မက်စ်ကလမ်းပြပေးတဲ့အခါ ဗစ်ကီတစ်ယောက်ရဲ့ဘဝလေးဘယ်လိုပြောင်းလဲသွားမလဲကို မိသားစုအချစ် သူငယ်ချင်းအချစ် သူစိမ်းအချစ်တွေနဲ့အတူ ရသပေါင်းစုံကိုလည်းခံစားရနိုင်မဲ့ကားလေးပဲဖြစ်ပါတယ်.... File size… (2.16GB) / (0.99GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ...
movie

A Missed Connection (2024)