Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chris McCurry
7.5
The Keeper (2018)
The Keeper(2018)IMDb....7.5ခင်ဗျားတို့ဘဝမှာ အလုပ်တစ်ခု ဒါမှမဟုတ် ဖြစ်တည်မှုတစ်ခုကို ဘယ်လောက်ထိ ရူးသွပ်ဖူးလဲ ဘယ်လောက်ထိ ရူးမိုက်ဖူးလဲ...ကျွန်တော်ပြောတာကို ယုံလိုက်ပါ... ဘယ်လောက်ပဲရူးသွပ်ပါတယ်ပြောပြော ဒီဖြစ်ရပ်မှန်ဇာတ်လမ်းထဲက မန်စီးတီးဂိုးသမားကြီးလောက်တော့ ခင်ဗျား မရူးသွပ်နိုင်ပါဘူး...သူ့နာမည်က ထရော့မန်း...ဂျာမန်လူမျိုး... ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ထဲဝင်ခဲ့ပြီး အင်္ဂလန်တို့နဲ့ တိုက်ခိုက်ခဲ့သူ... ငယ်စဉ်ကလေးဘဝတုန်းက ဘောလုံးကန်ရင်ဘယ်သူမှမလုပ်ချင်တဲ့ ဂိုးသမားနေရာမှာ ကစားရင်း မန်စီးတီးလိုအသင်းမှာ ပင်တိုင်စံဂိုးသမားဖြစ်လာခဲ့တာ...ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးရာကနေ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားခံရပြီး လေ့ကျင့်ရေးစခန်းတစ်ခုမှာ ပုံစံသွင်းခံရရှာတယ်...အဲ့ဒီကနေတဆင့် မြို့တွင်းဘောလုံးအသင်းတစ်ခုရဲ့ နည်းပြက သူ့ကိုသဘောကျလို့ အဲ့ဒီအသင်းမှာ ဂိုးဖမ်းခွင့်ရတယ်...အဲ့တာဟာ မန်စီးတီးဂိုးသမားတစ်ယောက်ဖြစ်လာဖို့အတွက် သူ့ရဲ့ အကောင်းဆုံး ခြေလှမ်းတစ်ခုပေါ့...ဒါပေမဲ့လည်း ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး...ဂျာမန်လူမျိုးတစ်ယောက်ဖြစ်တဲ့ ထရော့မန်းဟာ အင်္ဂလန်မြေမှာတော့ လွယ်လွယ်မဝင်ဆန့်ခဲ့...အစစအရာရာ အခက်အခဲများစွာကိုကျော်ဖြတ်လို့ ဝါသနာအရင်းခံပြီး ကံကြမ္မာလှည့်ကွက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကတော့ ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးကိုပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါလို့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်... File Size : 2.14GB / 930MB Quality : Blu-Ray 1080p 5.1 ...
movie
The Keeper (2018)
7.2
The Last Rifleman (2023)
The Last Rifileman ဇာတ်ကားကြီးရဲ့ အဓိကသရုပ်ဆောင်ကတော့တစ်ခေတ်တစ်ခါက နာမည်ကြီး ဒိတ်ဒိတ်ကြဲ ဂျိန်းဘွန်းမင်းသားကြီးPierce Brosnan ပဲ ဖြစ်ပါတယ်။ ၂၀၂၃ အသစ်ထွက်တဲ့ ဇာတ်ကားဖြစ်လို့ဘာဆုညာဆုတွေတော့ မရှိသေးပေမဲ့ ဆုတွေ ဆန်ကာတင်စာရင်းတွေအတွက်ဖြစ်လာနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။အာတီခရောဖို့ဒ်ဆိုတာ ဒုတိယကမ္ဘာစစ်က နာမည်ကြီး နော်မန်ဒီကမ်းခြေတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်သားတစ်ယောက်ဖြစ်ပါတယ်။ စစ်ကြီးပြီးအသက်တွေကြီးလာပြီး အသက် ၉၂ နှစ်အရွယ် လူအိုရုံမှာ နေထိုင်နေတုန်းဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အခါမှာ အာတီတစ်ယောက် အတိတ်ရဲ့ ဖြစ်ရပ်တွေကြောင့်ဘယ်လိုဆုံးဖြတ်ချက်တွေချပြီး ဘာတွေလုပ်မှာလဲ ဘယ်လိုလုပ်မှာလဲ။ အဲ့ချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် နော်မန်ဒီကမ်းခြေတိုက်ပွဲ ဒီဒေး ၇၅ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အစီအစဥ်ကို ပြင်သစ်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။အိုင်ယာလန်မှာ နေထိုင်နေတဲ့ အာတီတစ်ယောက် ကျန်းမာရေးမကောင်းတော့တဲ့စစ်သားဟောင်းတစ်ယောက်က သူ့ဘော်ဒါတွေကို တွေ့ချင်စိတ်နဲ့ ပွဲကျင်းပရာပြင်သစ်နိုင်ငံထိ ခရီးနှင်နိုင်ပါ့မလား ဘာအခက်အခဲတွေ ကြုံတွေ့ရမလဲဘယ်လိုကျော်ဖြတ်မှာလဲ အဆုံးသတ်မှာကော သူလိုချင်တာ ဖြစ်မှာလားစတာတွေကို တစ်ကားလုံး ဇာတ်ရှိန်မကျဘဲ ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ကို ...
movie
The Last Rifleman (2023)