Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chris Lines
5.5
Mouse Of Horrors (2025)
ဒီတစ်ခါ cm ပရိသတ်ကြီး အပျင်းပြေ ကြည့်ဖို့ Slasherဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဥရောပနိုင်ငံ ဆိပ်ကမ်းမြို့လေး တစ်မြို့မှာ နေတဲ့ကလိုဝီဆိုတဲ့ ကောင်မလေးတစ်ယောက် ကယ်လီဖိုးနီးယားကို ကျောင်းသွားတက်ဖို့အတွက် မသွားခင်သူငယ်ချင်းတွေ အားလုံး ဆုံကြပြီးတော့ နှုတ်ဆက်ပွဲအနေနဲ့ ပျော်ပျော်ပါးပါး သောက်ကြစားကြဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သောက်စားနေကြရင်းနဲ့ ပွဲတော်ရက်ပြီးလို့ ပိတ်သွားပြီတဲ့ ဖြစ်တဲ့ ဖန်ဖဲပွဲတော်ဝင်းကိုခိုးဝင်ကြပြီး ကစားကြဖို့ သူငယ်ချင်းတစ်ယောက်ကစလိုက်တာ အားလုံးက သဘောတူကြပါတယ်။သူတို့ မသိလိုက်တာက သူတို့မြို့လေးမှာ စိတ္တဇရူးသွပ်နေတဲ့ ဆရာဝန်တစ်ယောက် ရောက်နေတယ်ဆိုတာပါပဲ။ အဲဒီဆရာဝန်က သူဖန်တီးထားတဲ့သွေးဆာနေတဲ့ သတ္တဝါတွေသုံးပြီး လူတွေကိုသတ်ဖြတ် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုစုဆောင်းနေတာပါ။ ဒီသတ္တဝါတွေ ကလိုဝီတို့ကစားနေကြတဲ့ ပွဲတော်ဝင်းထဲကို ရောက်ရှိလာချိန်မှာတော့….။ File size… (1.23GB) / (668MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre …..Horror Subtitle….Myanmar Subtitle (Hard ...
movie
Mouse Of Horrors (2025)
5.0
Lord of Wolves (2024)
ကမ္ဘာပေါ်မှာမတရားဆုံးအရာကိုပြောပြပါဆိုရင်တော့ ကံကြမ္မာလို့ပြောရမှာပါပဲ။ကိုယ်တိုင်ကကြိုးစားချင်စိတ်ရှိတဲ့ သဘောကောင်းတဲ့နှလုံးသားလှတဲ့ လူကောင်းတစ်ယောက်ဖြစ်နေရင်တောင်လောကကြီးကလက်ခလယ်ထောင်ပြပြီး ကိုယ့်ရဲ့ဘ၀နေ့ရက်တွေကိုခက်ခဲစေခဲ့တာတွေကို လူတော်တော်များများကြုံတွေ့ဖူးကြမှာပါ။အခုတင်ဆက်ပေးမဲ့ Lord Of Wolves ဆိုတဲ့ဇာတ်ကားထဲမှာတော့အဲ့လိုအဖြစ်အပျက်မျိုးတွေကြုံတွေ့နေရတဲ့သူတွေအတွက်မလွယ်ကူပေမဲ့ ကိုယ့်ဆန္ဒတွေကိုတကယ်ဖြစ်လာစေမဲ့အခွင့်အရေးတွေကိုကမ်းလှမ်းလာရင်ကိုယ်တိုင်ကရော သူတို့လိုလက်ခံနိုင်ပါ့မလားဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်တွေကတော့ နစ် ရှောင်ဘက်သ်ဆိုတဲ့လူ ၃ ယောက်ပဲဖြစ်ပါတယ်။နစ်ကဓာတ်ပုံဆရာအရမ်းဖြစ်ချင်သူတစ်ယောက်ဖြစ်ပြီး သူ့ဆရာရဲ့အိမ်မှာကပ်နေနေရသူတစ်ယောက်ဖြစ်ပါတယ်။ကင်မရာလေးတစ်ကားကားနဲ့သူ့ဘ၀ကိုသာသာယာယာဖြတ်သန်းနေပေမဲ့ တစ်ညမှာတော့ရှိသမျှပစ္စည်းတွေအကုန်အလုခံလိုက်ရပြီး သူ့ရဲ့တန်ဖိုးထားရတဲ့ကင်မရာအကောင်းစားလေးပါပျက်စီးသွားခဲ့ပါတော့တယ်။ရှောင်ကတော့ဂေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဖြစ်တည်မှုကိုမိဘတွေကစိတ်ပျက်နေတဲ့အတွက် တစ်နေ့တစ်ခြားပိုပိုဆိုးပြနေတဲ့ကောင်လေးဖြစ်ပါတယ်။ဒါပေမယ့်အစ်မဖြစ်သူကတော့သူ့ကိုချစ်တဲ့အတွက် သူ့ဘ၀မှာသူ့ကိုဂရုစိုက်တဲ့သူတစ်ယောက်တော့ရှိနေပါသေးတယ်။ဘက်သ်ကတော့ရုံးဝန်ထမ်းတစ်ယောက်ဖြစ်ပြီးရုံးကသူဌေးချစ်တဲ့အားကိုးတာခံရတဲ့လူတစ်ယောက်ကသူ့ကိုအဓမ္မပြုကျင့်ခဲ့တဲ့အတွက်အခုအချိန်မှာကိုယ်ဝန်ရနေပြီဖြစ်ပါတယ်။သူ့ယောက်ျားရဲ့အခြေအနေကကိုယ်ဝန်မရနိုင်တာဖြစ်တဲ့အတွက်ယောက်ျားကိုလည်းမပြောပြရဲဘဲနဲ့ သူတစ်ယောက်တည်းဝေဒနာပေါင်းစုံကိုရူးမတတ်ခံစားနေခဲ့ရပါတယ်။သိပ်မကြာခင်မှာဇာတ်ကားနာမည်ထဲက ဝံပုလွေတွေရဲ့သခင်ပေါ်ထွက်လာခဲ့ပြီး ဒီလူ ၃ ယောက်ကိုသူတို့ရဲ့နာကျင်ခံစားမှုတွေပျောက်ကွယ်သွားပြီး လိုချင်တာတွေရအောင်ကမ်းလှမ်းလာတဲ့အခါမှာ လက်ခံလိုက်ကြမလား အဲ့ဒီဝံပုလွေသခင်ကြီးကရောဘယ်ကနေပေါ်လာပြီး ဘယ်လိုတွေဆက်ဖြစ်ကြမယ်ဆိုတာကိုစိတ်ဝင်စားစရာကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.05GB / 611MB Quality…WEB-Rip 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Lord of Wolves (2024)
Gods of the Deep (2024)
ဇာတ်လမ်းအကျဉ်းကတော့ပစ်ခ်မန်းကော်ပိုရှင်းက ပင်လယ်ရေအောက်မှာအဝေးထိန်းယာဉ်တွေနဲ့ စူးစမ်းရှာဖွေနေရင်းနဲ့အနက်ဆုံးတစ်နေရာမှာ ထူးဆန်းတဲ့ဂိတ်တံခါးဝကိုတွေ့သွားပါတယ်။အဲ့ဂိတ်တံခါးထဲကိုရှာဖွေဖို့အတွက် ပစ်မန်းကော်ပိုရေးရှင်းမှာအလုပ်လုပ်နေတဲ့ ဒေါက်တာ ဂိုးစတိန်းစ်ဟာ ပညာရှင်တစ်ချို့လိုက်လံစုဆောင်းပါတယ်၊ ဇီဝဗေဒပညာရှင် ခရစ်စတင်း ၊ကော်ပိုရေးရှင်းမှာအလုပ်လုပ်ခဲ့တဲ့ဝေါ့တ် ရဲ့သားဖြစ်သူဂျိန်းစ်ပီတာစ် အပါအဝင်အခြားသောပညာရှင်တွေခေါ်ယူခဲ့ပါတယ်။နှစ်လတာလေ့ကျင့်ရေးဆင်းပြီးနောက်မှာတော့ကပ္ပတိန်အက်ကင်းစ်ဦးဆောင်တဲ့စူးစမ်းရှာဖွေရေးအဖွဲ့ဟာအနက်ဆုံးပင်လယ်အောက်ခြေမှာရှိတဲ့ဂိတ်တံခါးဆီကိုသွားပါတော့တယ် အောက်ခြေရောက်လေမှောင်မဲလေဖြစ်တာကြောင့် ယာဉ်တပ်ဆင်ထားတဲ့မီးတွေကို အားကိုးပြီးတော့တံခါးပေါက်ထဲကိုဝင်သွားတဲ့အခါမှာတော့ ထူးဆန်းမှုတွေစတင်ဖြစ်လာပါတော့တယ်.... File size…1.15GB / 535MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 37m Genre ….. Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Gods of the Deep (2024)
Wrath of Dracula (2023)
19ရာစုရဲ့စာရေးဆရာ Bram Stokerရဲ့ နာမည်ကြီးဝတ္တု Draculaကို low budget adaptationအနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ တခြား romance vampireဇာတ်လမ်းတွေလိုမဟုတ်ဘဲ သွေးစုပ်ဖုတ်ကောင်ဆိုတဲ့ဖြစ်တည်မှုကို လက်တွေ့ဆန်ဆန် မသတီဖွယ်factတွေနဲ့မကောင်းဆိုးဝါးပုံစံမြင်တွေ့ရမှာပါ။ဇာတ်လမ်းအကျဥ်းထဲမှာတော့ မီနာဟာကာရဲ့ခင်ပွန်း ဂျွန်နသန်ဟာကာက ထရန်စ်လေဗေးနီးရားမှာရှိတဲ့ ဒရာကူလာရဲတိုက်ကို အလုပ်ခရီးနဲ့ရောက်ရှိပြီး ရဲတိုက်မှာပိတ်မိနေခဲ့တယ်။ မီနာဆီကို ဝှက်စာပေးပို့အပြီးမှာ မီနာက အင်္ဂလန်ကနေချက်ချင်းပဲထွက်လာပြီး ခင်ပွန်းဖြစ်သူကို လာကယ်ဖို့ကြိုးစားတယ်။ ရဲတိုက်နားကိုရောက်ရောက်ချင်းမှာ ပရော်ဖက်ဆာဗန်ဟဲလ်ဆင်နဲ့ဆုံပြီး နှစ်ဦးသားပူးပေါင်းရင်း မြို့စားဒရာကူလာနဲ့ရင်ဆိုင်ရပုံကို ဇာတ်လမ်းတည် ရိုက်ကူးထားတဲ့ gothic horror အမျိုးအစားဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1 GB)/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Action, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su eaindra
movie
Wrath of Dracula (2023)