Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chris Hahn
5.0
Dead Teenagers (2024)
cm ပရိသတ်ကြီး ကို Fresh Hell Trilogy ရဲ့ သုံး ကား မြော က်ဇာတ်လမ်းဖြစ်တဲ့ Dead Teenagers ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ ။ရှေ့ ၂ကား ဖြ စ်တဲ့ The Exorcism of Saint Patrick နဲ့Wolves Against The World နော က် ထွက်ရှိလာတဲ့ဒီကားကတခြားသာမန် Horror ဇာတ်လမ်းတွေလိုပဲလူသူဝေးတဲ့တောစပ်က အပန်းဖြေအိမ်တစ်လုံးကိုအပန်းဖြေထွက်လာကြတဲ့ ဆယ်ကျော်သက် လူငယ်အဖွဲ့အကြောင်းပါ ။တော ထဲကို စပ်ဆော့ သွား ရင်း တော ထဲမှာ ဘယ်ကမှန်းမသိတဲ့ စိတ္တဇလူသတ်ကော င်က လိုက် လာ ပြီး တစ်ဖွဲ့လုံးကိုလိုက်သတ်တယ်ပေါ့ ။ ဒါပေမယ့် အဲဒီဇာ တ်ကြောင်းအတိုင်းမဟုတ်ဘဲ လူသတ်သမား က လိုက်သတ်နေ ရင်း မတော် တဆသေ သွား ...
movie
Dead Teenagers (2024)
3.8
Replicator (2025)
Replicator (2025)IMDb Rating (3.8) Replicator ကတော့ Sci-fi Horror ဇာတ်လမ်းအမျိုးအစားပါ။ဇာတ်လမ်းအကျဉ်းကတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒါဘီဟာ သူမအဖေဖြစ်သူကင်ဆာရောဂါ ခံစားနေရမှန်းသိလိုက်ပြီးနောက် အဖေ့ကိုသူမနဲ့တူတူလာနေဖို့ ခေါ်လိုက်ရင်း သူမအဖေဟာ ရုတ်တရက်ကြီးထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ဆုံးပါးသွားပါတော့တယ်။ဒီအဖြစ်အပျက်ကိုစုံစမ်းရှာဖွေနေရင်း ပိုပြီးဆန်းကျယ်တဲ့အရာတွေကိုကြုံတွေ့ရတဲ့အခါ ဒါဘီနဲ့ သူမဘေးကလူတွေဘယ်လိုအန္တရာယ်မျိုးတွေကြုံတွေ့လာရမလဲ သူမအဖေရဲ့အသက်ကိုနုတ်ယူသွားတဲ့အရာက ဘာဖြစ်နိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ သဲထိတ်ရင်ဖို ရှူစားနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။)File size…(940 MB) / (470 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Science Fiction Duration….01:15:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Senju
movie
Replicator (2025)
2024
5.8
Criminal Activities (2015)
Old But Gold ကားလေးတွေပြန်ကြည့်ချင်သူတွေအတွက်ခေတ်ဟောင်းအက်ရှင်မင်းသားကြီးဂျွန်ထရာဗိုတာပါဝင်သရုပ်ဆောင်ထားတဲ့ Criminal Activities ဆိုတဲ့ ၂၀၁၅ ခုနှစ်ကထွက်ရှိထားတဲ့ဇာတ်ကားလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.8 ရရှိထားပြီး ဇာတ်လမ်းအမျိုးအစားကတော့သည်းထိပ်ရင်ဖိုဒရာမာအမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းကို ဈာပနတစ်ခုမှာစတင်ထားတာကိုတွေ့ရမှာဖြစ်ပြီးအချိန်မတန်သေးပဲ ကွယ်လွန်သွားခဲ့တဲ့သူငယ်ချင်းဖြစ်သူအတွက်သူ့ရဲ့ သူငယ်ချင်းလေးယောက်က ဈာပနပွဲကိုလာတက်ခဲ့ကြပါတယ်။နောက်တော့ သူငယ်ချင်းတွေစကားလက်ဆုံပြောကြရင်းနဲ့အောင်မြင်မှာ သေချာတဲ့စတော့ရှယ်ယာကို ရောင်းဖို့ရှိတယ်ဆိုတဲ့အကြောင်း သူငယ်ချင်းတစ်ယောက်က စကားစလိုက်တဲ့အခါမှာယောက်ျားလေးတွေ ထုံးစံအတိုင်း ရရာနေရာကပိုက်ဆံယူပြီးအကုန်ပုံအောထည့်ဝယ်လိုက်ပါတော့တယ်။ကံကြမ္မာဆိုတာကလည်းထင်သလောက် သဘောမကောင်းတဲ့အခါမှာတော့ စတော့တွေ အကုန်လုံးသုံးစားမရဖြစ်ကုန်ပြီး လူဆိုးဂိုဏ်းဆီက ပိုက်ဆံချေးလာပေးတဲ့သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်းမှုနဲ့လေးယောက်သားတိုင်ပတ်ကုန်ကြပါတော့တယ်။ဒါပေမယ့် လူဆိုးဂိုဏ်းခေါင်းဆောင်ကသဘောကောင်းပြီး သူတို့ကိုရွေးချယ်စရာတစ်ခုပေးခဲ့ပါတယ်။အဲ့ဒီ ရွေးချယ်စရာကတော့ အဲ့ဒီခေါင်းဆောင်ရဲ့ ရန်သူဖြစ်သူရဲ့ညီကိုပြန်ပေးဆွဲပေးရမှာ ဖြစ်ပြီးအဲ့လိုလုပ်ပေးရင်အကြွေးတွေ အကုန်ချေပေးမယ်လို့ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။ဒီတော့ ဘာမှရွေးချယ်စရာရှိမနေတဲ့ သူငယ်ချင်းလေးယောက်လည်းမရဲတရဲနဲ့ ပြန်ပေးဆွဲဖို့ကြိုးစားပြီးနောက်မှာတော့ ဘာတွေဆက်ကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ Plot Twist ပေါင်းများစွာနဲ့စိတ်ဝင်စားစရာဇာတ်ကားဟောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…965MB / 440MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre …..Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Criminal Activities (2015)
6.4
Miles Ahead (2016)
Jazz ဂီတကို နှစ်သက်ကြတဲ့CM ပရိတ်သတ်ကြီးအတွက် Big Fishတို့ လိုဇာတ်ကားတွေအပြင် Star warsရဲ့ Obiwan ကြီးဖြစ်တဲ့ အပြုံးချိုချိုနဲ့ မင်းသားကြီးEwan McGregor နဲ့ MCUမှာ Iron manရဲ့ဘက်တော်သား War machine အဖြစ်လူသိများကြတဲ့ Don Cheadleတို့ရဲ့ Musicalဇာတ်ကားလေးတစ်ခုနဲ့ မိုက်ဆက်ပေးချင်ပါတယ်။ Jazz ဂီတနဲ့ လူမည်းတွေဆိုတာက ခွဲခြားလို့မရတဲ့ အရာနှစ်ခုလိုပဲ။Jazzဂီတက သူတို့တွေရဲ့ အစွမ်းတွေ အရည်အချင်းတွေအနုပညာလက်ရာတွေက ဂီတလောကကြီးကို ပုံစံတစ်ထောင့်တစ်နေရာကနေ ပြောင်းလဲစေခဲ့တာတော့ အမှန်တရားပါပဲ။ဒီဇာတ်ကားမှာတော့ Jazzဂီတရဲ့ နာမည်ကြီး ဖခင်တွေထဲကတစ်ဦးဖြစ်တဲ့ မိုင်းလ်စ် ဒေးဗစ် (Miles Davis)ရဲ့ဘဝ တစ်ဆစ်ချိုး အကြောင်းကို ရှုစားကြရမှာပါ။ မိုင်းလ်စ် တစ်ယောက် သူ့ရဲ့ လူကြိုက်များတဲ့ သီချင်းတွေဆက်တိုက်ထုတ်ခဲ့ပြီးတဲ့နောက် အိမ်ထောင်ရေးပြဿနာတွေကျန်းမာရေး ပြဿနာတွေကြား သူ့ရဲ့ ဂီတဈာန်ပျောက်ဆုံးနေခဲ့တာ ငါးနှစ်ရှိခဲ့ပါပြီ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့အိမ်ကို ရောက်လာတဲ့ ခေါင်းမာမာနဲ့ရိုးလင်းစတုန်း မဂ္ဂဇင်းက ...
movie
Miles Ahead (2016)
2015
The Wraith Within (2022)
Horror ကားတွေရဲ့ထုံးစံအတိုင်းသူငယ်ချင်းအုပ်စုတစ်စုဟာကျောင်းသားဟောင်းတွေ့ဆုံပွဲအတွက်သူတို့ဇာတိမြို့ကိုပြန်လာကြရာကနေ မမျှော်လင့်ဘဲအငြိုးကြီးတဲ့တစ္ဆေတစ်ကောင်ကိုလွှတ်ပေးမိလျက်သားဖြစ်သွားပါတော့တယ် ကောက်ဆွကြီးနဲ့လူတွေကိုရက်ရက်စက်စက်သတ်တတ်တဲ့သရဲမလက်ထဲကနေ သူတို့ဘယ်လိုထွက်ပြေးကြမလဲ အတိတ်ကအကြောင်းတွေကြောင့်ရန်ငြိုးကြီးနေတဲ့သရဲမကိုရော နှိမ်နင်းလို့ရနိုင်ပါ့မလား ဆိုတာကိုစောင့်ကြည့်ရမှာပါ သရဲမကဇွတ်လိုက်ခြောက်တဲ့အပြင်လူပါတစ်စွက်စွက်သတ်နေတာမို့ အသည်းငယ်တဲ့သူတွေမကြည့်သင့်ပါဘူး။ File size…(1.1 GB)/(570 MB)/(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
The Wraith Within (2022)
5.4
Wrong Turn (2021)
Wrong Turn (2021)ဒီကားကတော့ အသစ်စက်စက် ထွက်ထားတဲ့ Wrong Turn ဇာတ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အရင်ဇာတ်လမ်းတွေနဲ့ ကျောရိုးတူပေမယ့် နောက်ပိုင်း တော်တော်လေးကွဲတယ်လို့ ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အားလပ်ရက် တောင်တက်အပျော်ခရီးထွက်လာတဲ့လူငယ်တစ်စုက တောင်တက်ဖို့မြို့ငယ်တစ်မြို့ကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီမြို့မှာ တည်းခိုနေစဉ် ထူးဆန်းတာတွေလည်း ဖြစ်ပျက်ခဲ့ပြီး အဲ့ဒီကနာမည်ကြီး တောင်ကို တက်ခဲ့ပြီးချိန်မှာတော့ အပြန်လမ်းမရှိခဲ့ပါဘူး။အဲ့ဒီတောင်တက်အဖွဲ့ထဲပါသွားတဲ့ ဂျန်နီဖာဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့အဖေဖြစ်သူကတော့ သူ့သမီးဖြစ်သူပျောက်ဆုံးတာ ခြောက်ပတ်လောက် အကြာမှာ သူ့သမီးပျောက်ဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုပြီး စုံစမ်းဖို့ရောက်လာခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီ မြို့ကရဲကတော့ ဒီပျောက်ဆုံးမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် အိမ်ကနေထွက်သွားပြီး အပျော်ရှာနေတဲ့ လူငယ်တစ်စုလို့သာ မြင်ပြီး ရေးကြီးခွင်ကျယ် ရှာဖွေမှုမပြုလုပ်ခဲ့ကြပါဘူး။အဲ့ဒီအတွက် ခံပြင်းနေတဲ့ ဂျန်နီဖာ အဖေဖြစ်သူ စကော့က ရဲတွေအစား သူကိုယ်တိုင်ရှာဖို့ဆုံးဖြတ်လိုက်ပြီး သူ့သမီးပျောက်ဆုံးသွားတဲ့ တောင်ပေါ်ကို ရှာဖွေဖို့လုပ်ပါတော့တယ်။ ဒီတောင်ကနဂိုတည်းက ပြန်လမ်းမရှိတဲ့တောင် ဆိုပြီး နာမည်ကြီးသလို တောင်ပေါ်တက်သူတိုင်းကလည်း စည်းကမ်းတွေ လိုက်နာရပါတယ်။ တောင်တက်ဖို့လမ်း အမှတ်အသားတွေကို တောင်ပေါ်မှာလုပ်ပေးထားပြီး အဲ့ဒီတောင်တက်အမှတ်အသားလုပ်ထားတဲ့ လမ်းကြောင်းကလွဲပြီး တစ်ခြားနေရာကိုသွားခွင့်မရှိပါဘူး။ဒါကိုသွေဖယ်ပြီး သွားခဲ့ကြတဲ့ လူငယ်တစ်စုကတော့ ဘယ်လို ကြောက်စရာ အဖြစ်အပျက်တွေနဲ့ကြုံခဲ့တယ်။ အသက်ရော ရှင်နိုင်ခဲ့ရဲ့လား လွတ်မြောက်လာခဲ့တာလားဆိုတာကိုတော့ ဒီကားကြည့်ရင်း တထိတ်ထိတ် တလန့်လန့်နဲ့အဖြေရှာနိုင်ပါတယ်။Wrong Turn ...
movie
Wrong Turn (2021)