Channel Myanmar

Chris Connell

Pale Horse (2024) 5.8
Pale Horse (2024) မအောင်မြင်ချင်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။ဒါပေမယ့် ဒီမေးခွန်းတွေကိုကျတော့ ကိုယ့်ကိုကိုယ် မေးကြည့်ဖူးတဲ့သူဆိုတာလည်း မရှိသလောက်ပဲနေမယ်။ကိုယ့်အတွက် အောင်မြင်ကျော်ကြားမှုဆိုတာကဘာလဲ။အောင်မြင်မှုနောက်ကိုလူတွေဘာလိုလိုက်ကြလဲ။ ဘယ်လိုမျိုးနည်းနဲ့အောင်မြင်ချင်တာလဲ။ဒီဇာတ်လမ်းမှာတော့ အောင်မြင်မှုနောက်ကိုလိုက်နေတဲ့ ခပ်ချောချော တက်သစ်စ လူငယ်ပန်းချီဆရာတစ်ဦး..။သူ့ရဲ့ ပန်းချီတွေကို ပြခန်းတစ်ခုမှာ လာပြဖို ကမ်းလှမ်းလာတယ်။အဲ့ဒီပြခန်းမှာအလုပ်လုပ်တဲ့ ပြခန်းတာဝန်ခံကောင်မလေးက သူ့ပန်းချီတွေကိုမြင်သွားတဲ့အချိန်မှာ သူတိုပြခန်းမှာပြပေးဖိုကို စိတ်ဝင်စားသွားတယ်။အဲ့အပြင် ပန်းချီကားတွေရဲ့ နောက်ကွယ်က ပန်းချီဆရာကိုပါ မမြင်ဖူးခင်ကတည်းက စိတ်ဝင်စားမိသွားတော့တယ်။အဲ့လိုနဲ့ ဒီပန်းချီဆရာလေးရဲ့ ပန်းချီပြပွဲကို စီစဉ်ပေးရဖိုဖြစ်လာတယ်။ အဲ့ဒီ ပထမဆုံးပွဲမှာပဲ တစ်နေ့တည်းနဲ့ ပန်းချီကားအားလုံးရောင်းထွက်သွားရော။တာဝန်ခံကောင်မလေးလည်း ပန်းချီဆရာနဲ့ အဲ့ဒီပန်းချီပြပွဲ ညမှာပဲ ဆုံမိကြတယ်။ ထူးဆန်းတဲ့ပန်းချီကားတွေအကြောင်းပြောပေးဖြစ်ကြတယ်။ဒီလိုနဲ့ သူတိုနှစ်ယောက်ရင်းနှီးသွားတယ်။ သူနောက်နှစ်ယောက်ရင်းနှီးလာလေလေ.. အန္တရာယ်ပိုနီးလာလေလေ ဆိုတာကိုတော့ သူတိုမသိခဲ့ကြဘူး။ သူတိုသတိမထားမိခဲ့ကြဘူး။အောက်လမ်းတွေမှော်တွေနဲ့ အစီအရင်တွေလုပ်ပြီး အောင်မြင်လုပ်တာမျိုး အဖြစ်အပျက်တွေ ကြားဖူးကြမှာပါ။ဒီဇာတ်လမ်းက သူတိုအနောက်တိုင်းရဲ့ ဝိညာဉ်.. ပရလောက.. ကဝေအအတ်ပညာ.. အောက်လမ်း စတဲ့အခန်းကဏ္ဍတွေအကြောင်းကို သေသေချာချာ ပြောပြသွားတယ်။နောက်ပြီး အမှောင်စွမ်းအင်ကိုတိုက်ဖျက်နိုင်တဲ့ အလင်းစွမ်းအင်ဟာ စစ်မှန်တဲ့ ဖြူစင်တဲ့ ချစ်ခြင်းသာ ဖြစ်တယ်ဆိုတဲ့ ...
movie

Pale Horse (2024)

A Perfect Christmas Pairing (2023) 5.3

A Perfect Christmas Pairing (2023)

2023
Where We Disappear (2019) 7.2
Where We Disappear (2019) Where We Disappear ဟာ A Gulag Mouse ဆိုတဲ့စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ရုရှနိုင်ငံရဲ့အလုပ်ကြမ်းအကျဉ်းစခန်းတစ်ခုထဲက အမျိုးသမီးတစ်သိုက်ရဲ့ အကျပ်တည်းကို မြင်ကြရမှာပါ..။ သားငယ်ကိုခေါ်ပြီး မွေးရပ်ကိုပြန်လာတဲ့အမျိုးသမီးတစ်ဦးဟာ စစ်ပွဲတွင်းသေသွားပြီလို့ ထင်မှတ်ထားခဲ့တဲ့ ယောက်ျားဖြစ်သူရဲ့ပြန်အလာကို ဘူတာရုံမှာမြင်လိုက်ရတဲ့အခိုက်ဟာ သူမရဲ့ဘ၀ကို လွတ်လမ်းမဲ့အလုပ်ကြမ်းစခန်းဆီရောက်သွားစေမယ့် ကံဆိုးမိုးမှောင်ကျမှုကြီးတစ်ခုဖြစ်လို့နေပါတယ်တဲ့..။ ဒီနေရာမှာ တစ်ပတ်ဆိုတာ တစ်သက်တာနီးပါးပါပဲလို့ဆိုတဲ့ အလုပ်ကြမ်းစခန်းမှာ နှစ်ရှည်အပြစ်ဒဏ်သင့်တဲ့ အမျိုးသမီးရဲ့ ကံဟာ ဘယ်လိုများဆက်ဖြစ်မှာပါလဲ..။ တစ်ဆောင်ထဲကျတဲ့ ဘ၀တူအမျိုးသမီးအကျဉ်းသားတွေနဲ့ အဆင်ပြေအောင်ကြိုးစားရမယ့် ပထမညနဲ့ ရိုးရိုးလေး စတင်ခဲ့ပြီး လုံး၀မထင်မှတ်ထားမယ့်လှည့်ကွက်တစ်ခုနဲ့ လှလှပပဇာတ်သိမ်းပြလိုက်တဲ့ ဒီ Where We Disappear ဆိုတဲ့ဇာတ်ကားဟာဆိုရင်ဖြင့် Director Simon Fink ရဲ့ ရုပ်ရှင်အနေနဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံခဲ့ရတဲလက်ရာကောင်းတစ်ခုပဲဖြစ်ပါတယ်..။   File Size -  790.9 MB Quality - Bluray 1080p Subtitle - Burmese (Hardsub) Translator - Sane Khet Encoder - XCode
movie

Where We Disappear (2019)