Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chris Barnes
7.0
Return to Me (2000)
Return to Me (2000)IMDb Rating (7.0) / Rotten Tomatoes (62%) ဒါရိုက်တာ Bonnie Hunt ၏ ပထမဆုံးဇာတ်ကားအဖြစ် ရိုက်ကူးထားပြီး၊ David Duchovny နှင့် Minnie Driver တို့က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ဘော့ဘ် (David Duchovny) သည် ဇနီးဖြစ်သူ အဲလိဇဘတ် (Joely Richardson) ကို မတော်တဆမှုတစ်ခုကြောင့် ဆုံးရှုံးရပြီးနောက် စိတ်ဒဏ်ရာရနေချိန်တွင်ဂရေ့စ် (Minnie Driver) နှင့် ချစ်ကျွမ်း၀င်သွားခဲ့ပြီး ဂရေ့စ် က အဲလိဇဘတ်ရဲ့ နှလုံးကို အစားထိုးကုသခံယူထားသူဖြစ်ကြောင်း နောက်ပိုင်းတွင် သိရှိလိုက်ရတဲ့အခါ သူတို့ရဲ့ ဆက်ဆံရေးက တဖြည်းဖြည်း ရှုပ်ထွေးလာပါတယ်။ဒီဇာတ်လမ်းလေးက ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားပြီး အစပိုင်းတွင် ကြည်နူးဖွယ်ဇနီးမောင်နှံ၏ ဘဝကို ပြသထားပါတယ်။နောက်ပိုင်းမှာတော့ ဇာတ်လမ်းရဲ့ သိမြင်မှုအသစ်များကို တဖြည်းဖြည်းချင်း ဖော်ပြထားပါတယ်။"Return ...
movie
Return to Me (2000)
2000
7.4
Amazing Grace(2006)
Amazing Grace(2006)*********************IMDB...7.4၁၇ရာစုနှစ်အလယ်ပိုင်းလောက်က ကမ္ဘာကြီးမှာ ကိုလိုနီနယ်မြေတွေ၊အင်ပါယာတွေကြောင့်ကျွန်ကူးသန်းရောင်းဝယ်ရေးဆိုတာ ပေါ်ထွန်းလာခဲ့ပြီး အဓိကအချက်ကတော့ လုပ်ခသက်သာတာရယ် စိုက်ပျိုးရေးလုပ်ငန်းအမျိုးမျိုးအတွက် ခေါင်းပုံဖြတ်လို့ရတာတွေကြောင့်ပါ။ ဒီထဲမှာမှ ဗြိတိန်အင်ပါယာဟာလည်း ကိုလိုနီနယ်မြေတွေမှာ ကြံပင်၊ကော်ဖီပင်စတဲ့စိုက်ပျိုးရေးတွေလုပ်ပြီး တိုင်းပြည်စီးပွားရေးအတွက် ကျွန်တွေအပေါ်မှီတည်ထားပါတယ်။ ၁၈ရာစုနှစ်အရောက်မှာတော့ William Wilberforceဆိုတဲ့ ဗြိတိန်ပါလီမန်အမတ်တစ်ဦးဟာကျွန်ကူးသန်းရောင်းဝယ်မှုကို ဖျက်သိမ်းဖို့ ဦးဆောင်လှုပ်ရှားခဲ့ပြီး ဒီဇာတ်လမ်းဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ ကျွန်စနစ်အပေါ် အဲ့ခေတ်ကပါလီမန်အမတ်တွေရဲ့အမြင်၊ လူထုအမြင်တွေကို သိသာအောင်ရိုက်ကူးပြထားတာပါ။ စနစ်တစ်ခု ပြုပြင်ဖို့ ဖျက်သိမ်းဖို့ လွှတ်တော်မှာတင်ပြကြတဲ့အခါ လက်ခံတဲ့သူတွေရှိသလိုဒီစနစ်ကနေအကျိုးအမြတ်ရနေသူတွေကတော့ ကန့်ကွက်ကြမှာပါပဲ။ ဒါဟာ ဖြစ်နေကျ နိယာမပါပဲ။ ဒါကို William Wilberforceဦးဆောင်တဲ့လူတစ်စုကအကြိမ်ကြိမ်ကျရှုံးရင်း ဘယ်လိုရင်ဆိုင်သွားကြလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုနိုင်ပါပြီ။ သရုပ်ဆောင်တွေအနေနဲ့ အားလုံးသိပြီးသားဖြစ်တဲ့ Fantastic Four မင်းသား Ioan Gruffuddကအဓိကဇာတ်ဆောင်နေရာကပါဝင်ထားပြီး Doctor Strange မင်းသားBenedict Cumberbatchလည်းပါဝင်သရုပ်ဆောထားပါတယ်..File Size :(3.07GB) and (1.01GB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Biography, Drama , History Subtitle : Myanmar Subtitle (Hard ...
movie
Amazing Grace(2006)
6.8
Greenfingers (2000)
Greenfingers (2000)===============IMDb Rating - 6.8/10၂၀၀၀ ပြည့်နှစ်က အင်္ဂလိပ် ဟာသဒရမ်မာဇာတ်လမ်း Greenfingers ဟာ ဖြစ်ရပ်မှန်ကို အခြေခံထားတာပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။Greenfinger ဆိုတာ သစ်ပင် အစိုက်ကောင်းတဲ့ ဥယျာဉ်မှူးတွေကို တင်စားခေါ်ဝေါ်တဲ့စကား ဖြစ်ပါတယ်။ အင်္ဂလန်က လုံခြုံရေးလျှော့ပေါ့ထားတဲ့ အကျဉ်း စခန်းတစ်ခုက ဆုရအကျဥ်းသားတွေအကြောင်း အခြေခံရိုက် ကူးထားတယ်လို့ ဆိုပါတယ်။ဇာတ်လမ်းထဲမှာ ကောလင်န်ဘရစ်စ်ဟာ ထောင်နှစ်ရှည်ကျနေတဲ့ အကျဉ်းသားတစ်ယောက်ပါ။ နှစ်အတော်ကြာပြီးတဲ့နောက် သူ့ အပြုအမူကောင်းတွေကြောင့် လုံခြုံးရေးလျှော့ပေါ့ထားတဲ့ open prison စနစ်နဲ့ အကျဉ်းထောင်တစ်ခုဆီ ပြောင်းရွှေ့ရပါတယ်။ အဲဒီမှာ လူအမျိုးမျိုးနဲ့ တွေ့ရပေမဲ့ အထူးခြားဆုံးက သူ့အခန်းဖော် အဘိုးကြီးဖားဂတ်စ်ပါ။ တစ်နေ့မှာ ဖားဂတ်စ်ကြီးကောင်းမှုကြောင့် ကောလင်န်နဲ့ အကျဉ်းသားတစ်စုတို့ ဥယျာဉ်မှူးဘ၀ကို ရောက်မှန်း မသိ ရောက်သွားကြပါတယ်။ အဲဒီမှာ သူတို့တွေအပြောင်းအလဲကြီး ပြောင်းလဲပြီး ဘ၀ပန်းတိုင်းကို ရှာတွေ့သွားကြပါတယ်။ဒါပေမဲ့ လူတွေရဲ့ အလိုလိုအထင်သေးခံရမှုတွေကြောင့် သူတို့ပန်းတိုင် ကို သွားရာလမ်းဟာ မဖြောင့်ဖြူးဘဲ အနှောင့်အယှက်တွေ ကြုံရပါတယ်။ ထောင်ထဲကလူဆိုးတွေဘ၀ကနေ ပန်းဥယျာဉ်မှူးအဖြစ် ပြောင်းလဲသွား ကြတဲ့ ကောလင်န်တို့လူစု အခက်အခဲကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ် သွားကြမလဲဆိုတာ တွေးရင်းငေးရင်း စိတ်၀င်တစား ကြည့်ကြရမှာပါ။မြင်နေကျ အကျဉ်းထောင်ဇာတ်လမ်းတွေမျိုး ...
movie
Greenfingers (2000)
2000
7.6
Les Misérables (2012)
Les Miserables (2012) ၁၈၁၅ ခုနှစ်က ပြင်သစ်မြို့ရဲ့ ခေတ်အနေအထားကိုပြသနေတဲ့ ဒီဇာတ်လမ်းလေးကို အော်ပရာဇာတ်ခုံပေါ်ကနေ တီဗီဖန်သားပြင်ထက်ဇာတ်လမ်းလေးအဖြစ် ပြောင်းလဲတင်ဆက်ပေးထားတာပါ... ဒီဇာတ်ကားလေးထဲမှာ X-Men ဇာတ်ကားထဲမှ ကိုယ်တွေရဲ့ လိုဂန်မင်းသားကြီး Hugh Jackman နဲက ဦးဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကိုတော့ ပေါင်မုန့်ခိုးမိလို့ ၅ နှစ်, ထွက်ပြေးဖို့ကြိုးစားလို့ ၁၄ နှစ်, စုစုပေါင်း ၁၉ နှစ်အပြစ်ပေးခံထားရတဲ့ ဂျန်းဗယ်ဂျန်လို့ခေါ်တဲ့ လူကို အန္တရာယ်ရှိတဲ့သူအဖြစ် ခံဝန်စာချုပ်နဲ့လွှတ်ပေးလိုက်တာမို့လို့ လုပ်ကိုင်စားသောက်လို့မရအောင် ဒုက္ခသုက္ခရောက်နေရာက အစပြုခဲ့ပါတယ် သူဟာဂျောင်ပိတ်မိနေတဲ့အဆုံး ခံဝန်စာချုပ်ကိုဖြဲဆုတ်လိုက်ပြီး ဘဝသစ် နာမည်သစ်နဲ့ အသစ်တစ်ဖန်ပြန်စတင်ခဲ့ပါတယ်... ဒီလိုမပြောင်းလဲခင်မှာ သေးနုတ်တဲ့သူ့ရဲ့သူခိုးတစ်ယောက်စိတ်ဓာတ်ကနေ ဆင်းရဲတဲ့သူတွေကို ကယ်တင်ပေးပြီး မေတ္တာတရားနဲ့စိတ်သဘောထားကြီးလာအောင် ဘုန်းတော်ကြီးတစ်ပါးက ပြောင်းလဲပေးခဲ့ပါတယ် ဗယ်ဂျန့်နောက်ကို ရေဆုံးမြေဆုံး ရှာဖွေနေတဲ့ အင်စပက်တာဂျဗက်ဟာ အစပိုင်းမှာ ဇဝေဇဝါနဲ့မြို့တော်ဝန် တစ်ဖြစ်လဲ ဗယ်ဂျန့်ကို သံသယသာဝင်ပေမဲ့ အဖြစ်မှန်ကိုသိသွားခဲ့တော့ ဘယ်လိုဆက်ဖြစ်မလဲ... ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဖန်တင်ဆိုတဲ့ အမျိုးသမီးရဲ့ သမီးလေး "ကိုဆက်" သူဌေးသားပေးမဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ ကိုဆက်နဲ့ မြင်မြင်ချင်းမေတ္တာသက်ဝင်သွားနေတဲ့ "မာရီးယက်စ်" ကိုဆက်နဲ့ငယ်စဥ်ကအတူကြီးပြင်းခဲ့ပေမဲ့ မတူညီတဲ့ဘဝလမ်းကို လျှောက်လှမ်းနေရရှာတဲ့ အီဖိုနီ ဒီဇာတ်ကောင်တစ်ခုချင်းဆီရဲ့ ဇာတ်ကြောင်းလေးတွေသိရအောင် ဒီဇာတ်လမ်းလေးကြည့်ဖို့တိုက်တွန်းချင်ပါတယ် တေးသရုပ်ဖော်ကြိုက်နှစ်သက်သူတွေ အော်ပရာဇာတ်လမ်းနှစ်သက်သူတွေအတွက်တော့ အားရစရာဖြစ်မှာပါ အော်ပရာမကြိုက်သူများကြည့်ရင်လည်း ရင်ထဲတစ်ခုခုကျန်မဲ့ ဇာတ်လမ်းဖြစ်မှာကျိန်းသေပါတယ်.. Les Miserables ...
movie
Les Misérables (2012)
2012