Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chris Angerdina
6.3
Benji(2018)
အမေရိကမှာ ဘန်ဂျီကအချစ်ခံဆုံးခွေးဖြစ်ခဲ့ဖူးတဲ့အချိန်တစ်ခုရှိပါတယ်။ ဘန်ဂျီဇာတ်ကားအနေနဲ့၁၉၇၄ မှာစတင်ထွက်ရှိခဲ့ပြီး ၂၀၀၄ အထိ ငါးကားထွက်ရှိခဲ့ပါတယ်။အဲဒီနောက် ဆယ်စုနှစ်တစ်ကျော်အကြာ ၂၀၁၈ မှာတော့ Netflix ကနေ ယခုဘန်ဂျီဇာတ်ကားဟာ Rebootအနေနဲ့ထွက်ရှိလာပါတယ်။ဘန်ဂျီဟာ ချစ်စရာကောင်းတဲ့အပြင် လူတစ်ယောက်နီးပါးအသိဉာဏ်ရှိပါတယ်။ဘန်ဂျီဟာ ငယ်ငယ်တည်းက သူ့မိသားစုနဲ့ကွဲသွားပြီး လမ်းပေါ်မှာပဲရှင်သန်ကြီးပြင်းခဲ့ရပါတယ်။တစ်နေ့မှာတော့ကာတာဆိုတဲ့ကောင်လေးဟာ ကျောင်းကနေအိမ်အပြန်လမ်းမှာ ဘန်ဂျီကိုတွေ့တွေ့နေရာကနေစတော်ဘယ်ရီသီးနဲ့အိမ်ကိုမျှားခေါ်ခဲ့ပါတယ်။အဲဒီကနေ ဘန်ဂျီကိုအိမ်မှာသူအမေမသိအောင်ခိုးမွေးရာကနေ ဘန်ဂျီဇာတ်လမ်းလေးဖြစ်လာခဲ့ပါတယ်။အဖေမရှိတော့တဲ့ ကာတာနဲ့ဖရန်ကီတို့မောင်နှမဟာ သူတို့အမေ မစ်ဟျူးက သူတို့အဖေရဲ့နာရီကို နာရီဆိုင်ကမစ္စတာကင်းဆီရောင်းလိုက်တဲ့အတွက်ကာတာတို့မောင်နှမ နာရီပြန်ဝယ်ဖို့ နေ့လည်စာစုပြီးမစ္စတာကင်းဆီနေ့တိုင်းနီးပါးသွားနေတာကို ဇာတ်လမ်းကျောရိုးအဖြစ်ရိုက်ပြထားပြီးဘာဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်ကားကြည့်ရင်သိရမှာပါ။သေချာတာကတော့ ဒီဇာတ်ကားဟာ ပိတ်ရက်တွေမှာမိသားစုနဲ့အတူ အနားယူရင်းကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size… 1.6 GB, 754 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Crime, Drama, Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Linmyat ...
movie
Benji(2018)
2018
7.0
22 Jump Street (2014)
22 Jump Street (2014)IMDb Rating (7.0) / Rotten Tomatoes (84%)ဒီကားကတော့ ၂၀၁၂ တုန်းက အောင်မြင်ခဲ့တဲ့ 21 jump street ရဲ့ အဆက်ဖြစ်ပြီး ပထမကားလိုပဲ ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့တဲ့ ရုပ်ရှင်ပါ။ပထမ ကားမှာ အထက်တန်းကျောင်းရဲ့ မူးယစ်ဆေးဖန်တီးနေသူတွေကို ရှာဖွေ ဖမ်းဆီးနိုင်လိုက်ပြီးနောက်မှာတော့ ဒီတစ်ခေါက် ရှမစ် နဲ့ ဂျန်ကို တို့ ကောလိပ် က မူးယစ်ဆေးဖြန့်နေတဲ့ အဖွဲ့ကို ဖော်ထုတ်ဖို့ တာဝန်ကျလာပါတော့တယ်။ ဒီတစ်ခေါက်မှာတော့ ကောလိပ်ကျောင်းသားအဖြစ်ဟန်ဆောင်ရင်း ရှမစ်ကလည်း ကောင်မလေးအသစ် ရလာသလို ဂျန်ကိုကလည်း သူငယ်ချင်းအသစ်တွေ ရလာတဲ့ အတွက် သူတို့အချင်းချင်း သဘောထားမတိုက်ဆိုင်မှု တွေ ပိုများလာပါတယ်။ အဲ့လို အခြေအနေကနေ ကောလိပ်က မူးယစ်ဆေး တွေဟာ တစ်နိုင်ငံလုံး ဆီ ပျံ့သွားမယ့် အရေး နဲ့ ကြုံလာတဲ့အခါ သူတို့နှစ်ယောက် အတူတူ ပြန်လက်တွဲပြီး ...
movie
22 Jump Street (2014)
2014
4K HEVC
5.0
Joe Dirt 2: Beautiful Loser (2015)
ဆံပင်ရှည်ရှည်အူကြောင်ကြောင် ဂျိုးဒတ်ကတော့ 2005 ခုနှစ်မှာJoe Dirt 2 Beautiful Loser ဆိုတဲ့ဇာတ်ကားနဲ့ ပြန်လာခဲ့ပါပြီ။ပထမကားကိုကြည့်ပြီးတဲ့ လူတွေကတော့သိကြမှာပါ။ဂျိုးဒတ်ဆိုတာပိန်းတိန်းတိန်းနဲ့ အမြဲတမ်းကံဆိုးနေသူတစ်ယောက် အနိုင်ကျင့်ခံရနေသူတစ်ယောက် သူ့လောက်ကံဆိုးတာလည်းသူပဲရှိတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ဘယ်တော့မှလောကကြီးကို အရှုံးမပေးပဲရှေ့ဆက်လျှောက်လှမ်းတဲ့အတွက်နာမည်ကြီးလာခဲ့ပြီး သူ့ကိုစံနမူနာထားတဲ့လူတွေပါရှိလာခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ ဂျိုးဒတ်ကသူချစ်ရတဲ့ ဘရန်ဒီနဲ့ ဆေးလ်ဗားတောင်းဆိုတဲ့မြို့လေးမှာပဲလက်ထပ်ခဲ့ပြီး သမီးလေးသုံးယောက်မွေးဖွားခဲ့ပါတယ်။ဒါပေမယ့်ဂျိုးဒတ်ရဲ့ထုံးစံအတိုင်း အိမ်ထောင်ဦးစီးဖြစ်လာခဲ့ပေမယ့် တခြားလူတွေကသူ့ကိုအနိုင်ကျင့်တာကိုမိန်းမနဲ့ ကလေးဖြစ်သူတွေကမြင်သွားတဲ့အခါမှာတော့ စိတ်ဓာတ်တွေဘုန်းဘုန်းကျသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ ကလေးတွေရဲ့ ယုံကြည်မှုအားကိုးမှုကို ပြန်ရဖို့အခွင့်အရေးတစ်ခုရလာတဲ့အခါမှာဆုပ်ကိုင်လိုက်ရင်း သူတောင်မမွေးသေးတဲ့ အတိတ်ကာလကိုပြန်ရောက်သွားပါတော့တယ်။အဲ့လို အတိတ်ကိုပြန်ရောက်သွားတဲ့အခါမှာတော့ပျော်ရွှင်သာယာနေခဲ့တဲ့ ဂျိုးဒတ်ရဲ့ဘ၀လေးကအစက နေတစ်ဖန်ပြန်လည်စတင်ရပါတော့တယ်။ဒါပေမယ့် သူ့ရဲ့တုံးအမှုတွေ လွဲချော်မှုတွေကြောင့်ဘ၀ကအရင်ထက်ပိုခက်ခဲသွားတဲ့အခါမှာတော့ ဘယ်လိုအခက်အခဲတွေ ဟာသတွေကိုကျော်ဖြတ်ရင်းအနာဂတ်ကိုပြန်ရောက်အောင်ကြိုးစားမလဲဆိုတာကိုကြည့်ရမဲ့ Joe Dirt နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.99GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 47m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Joe Dirt 2: Beautiful Loser (2015)
5.1
The D Train (2015)
The D-Train (2015) ===================ဒန်နီရယ်ဟာ အထက်တန်းကျောင်းအောင်ပြီးကတည်းက ဘဝကိုရိုးရိုးရှင်းရှင်းပဲဖြတ်သန်းလာတဲ့ ကလေးတစ်ယောက်အဖေပါ။ အကြံပေးအေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ ဘာမှအပူအပင်လည်းမရှိပါဘူး။ကျောင်းသားဟောင်းကော်မတီရဲ့ဥက္ကဌတစ်ယောက်အနေနဲ့ သူအောင်ခဲ့တဲ့ ဂရန့်ဘာကလော့ချ်အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ကျင်းပဖို့ ကြိုးစားနေပေမယ့် ကျောင်းသားဟောင်းတွေက ပွဲတက်ဖို့ကို စိတ်မဝင်စားကြပါဘူး။ အဲဒီအချိန်မှာ မျှော်လင့်ချက်ရောင်ခြည်တစ်ခုပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ အထက်တန်းကျောင်းတုန်းက နာမည်ကြီးခဲ့တဲ့ အိုလီဗာလောလက်စ်ဆိုတဲ့သူကို ပွဲတက်ဖို့ဖိတ်ကြားမယ့်အကြံပါပဲ။ ဒန်နီရယ်တစ်ယာက်မသိခဲ့တာကတော့ အဲဒီကိစ္စကနေစပြီး သူ့ဘဝရဲ့အချိုးအကွေ့ကို ကြုံရတော့မယ်ဆိုတာပါပဲ။ အဲဒီအချိုးအကွေ့ကတော့..... School of Rock နဲ့နာမည်ကြီးလာခဲ့တဲ့ မင်းသား Jack Black ရဲ့ ၂၀၁၅ခုနှစ်ထွက် ဒရမ်မာကားကောင်းလေးဖြစ်ပြီးတော့ မင်းသား James Marsdenကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ အားလုံးပဲ ကြည့်ရှုလိုက်ကြပါဦးနော် File size….....1.06GB / 407MB Quality…......1080p BluRay AAC5.1CH / 720p Format…......mp4 Duration......1h 41m Subtitle….....Myanmar Subtitle (Hard Sub) Encoder…....YK Translated...Myo Myo Htet
movie
The D Train (2015)
2015