Channel Myanmar

Chotpipat Suttijun

Bangkok Traffic Love Story (2009) 6.5
Bangkok Traffic Love Story (2009) Bangkok Traffic (Love) Story (2009) ***********************************ဘန်ကောက်မြို့ဆိုတာ ထိုင်းနိုင်ငံရဲ့ သိပ်စည်ကားတဲ့မြို့ဖြစ်သလို စည်ကားသလောက် လမ်းလည်းအရမ်းပိတ်လို့ရုံးတက်ရုံးဆင်းချိန်ဆို ကားလမ်း ရထားလမ်းမှာ လူအပြည့်နဲ့ သိပ်ကိုစိတ်ရှုပ်ရတဲ့မြို့လေးပေါ့...ဒါပေမဲ့ ဒီလိုလမ်းမထက်မှာသိပ်ကိုရိုးရှင်းပေမဲ့လှပတဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့ဖူးပါသတဲ့...အခုတင်ဆက်ပေးမှာကတော့ The root ထဲကနှုတ်ခမ်းနီမလေးတို့အသည်းစွဲ မမChrisနဲ့ မင်းသားကြီး Theeradejတို့ရဲ့ တစ်ချိန်ကအတော်လေးနာမည်ကြီးခဲ့တဲ့Bangkok Traffic love storyဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းလေးရဲ့ သဘောကျစရာကောင်းတဲ့အချက်ကတော့ ဒရာမာနည်းနည်းနဲ့ လက်တွေ့ဆန်ပြီးတော့ အခွီလေးတွေ အလွဲလေးတွေနဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို အလှဆုံးပုံဖော်ထားတာဖြစ်လို့ မရှုစားရသေးဘူးဆိုရင်တော့ လက်လွတ်မခံဘဲ အခုပဲ ရှုစားလိုက်ကြပါစို့...ဇာတ်လမ်းကျဉ်း ------------အပျိုကြီးလည်းဘာဖြစ်လဲ သူငယ်ချင်းတွေနဲ့ပျော်မယ် တစ်ကိုယ်တည်းတောက်ပမယ်ဆိုပြီး ဇက်ဇက်ကြဲခဲ့တဲ့မေလီတစ်ယောက်အသက် 30 အရောက် သူငယ်ချင်းတွေက ဆိုင်သူကိုယ်စီရှိသူကရှိ ယောက်ျားယူတဲ့သူကယူဖြစ်လာတဲ့ချိန်မှာတော့မကြီးမငယ် ကြေကွဲမမဘဝရောက်ရပါတော့တယ်...ဒီလိုနဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကနေ အထီးကျန်စိတ်နဲ့ပျော်တဲ့စိတ်ရောပြီး မူးမူးနဲ့ကားမောင်းပြီးအပြန်မှာ အက်ဆီးဒင့်ဖြစ်ရာကတစ်ဆင့် သူ့ကိုကူညီပေးဖို့ ရောက်လာတဲ့သူ့ဘဝရဲ့ နတ်သားလေးလုန်နဲ့ ဆုံတွေ့ရဖို့ ဖြစ်လာပါတော့တယ်...ဒါပေမဲ့ ထိုင်းတရုတ်နွယ်ဖွားအိမ်က တစ်ဦးတည်းသောသမီးပီပီအမေအဖေတွေ အဘွားတွေရဲ့ ဆုံးမမှုတွေကြား ...
movie

Bangkok Traffic Love Story (2009)

The Moon (2011) 5.8
The Moon (2011) စန္ဒာလမင်းရဲ့ ခရီးရှည် (၂၀၁၁)ဂီတဆိုတဲ့အရာက လူတွေရဲ့စိတ်နှလုံးကို ဖွင့်ဟခံစားတတ်လာအောင် ညှို့ယူဖမ်းစားတတ်တဲ့ မှော်လက်နက်ဆိုရင်လည်းမမှားပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ သက်ဆိုင်ရာ ဒေသ၊ နိုင်ငံအလိုက် ရိုးရာဂီတ၊ ကျေးလက်ဂီတ၊ ခေတ်ပေါ်ဂီတတွေရှိနေကြပြီး ဘဝအမောတွေကို ချွေးသိပ်ပေးနိုင်စွမ်းရှိတဲ့အတွက် အနားယူရင်းခံစားကြလေ့ရှိကြတဲ့အရာလည်းဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို ၂၀၁၁ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ မှတ်တမ်းရုပ်ရှင်အမျိုးအစားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက ၁၉၇၀ ဝန်းကျင် ကြံခုတ်ရင်းအသက်မွေးဝမ်းကျောင်းနေရတဲ့ ဆင်းရဲလွန်းတဲ့မိသားစုပေါက်ဖွားလာတဲ့ စာပေပညာလည်းမသင်ကြားခဲ့ရတဲ့အတွက် စာလည်းမရေးတတ်၊ ဖတ်လည်းမဖတ်တတ်တဲ့ ပူအမ် ကလေးမငယ်လေးတစ်ယောက်ရဲ့ဘဝကနေ ကျေးလက်ဂီတကို ထိုင်းနိုင်ငံမှာ လူသိများလူကြိုက်များလက်ခံလာအောင်စွမ်းဆောင်နိုင်ခဲ့သူ ကျေးလက်ဂီတလောကရဲ့ဘုရင်မလို့ ခေါ်တွင်လာရတဲ့ ပွမ်းပူအမ် ဒူအမ်ဂျန် (Pumpuang Duangjan) ဘဝအကြောင်းကို မှတ်တမ်းတင်ဂုဏ်ပြုရင်း ထိုင်းနိုင်ငံရဲ့ ကျေးလက်ဂီတသမိုင်းကို မပျောက်ပျက်ရအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ပူအမ်ဟာ ကျေးလက်သီချင်းတွေကို စင်မြင့်ထက်မှာ သီဆိုနိုင်ဖို့ဆိုတဲ့ ခိုင်မာတဲ့ဘဝရည်မှန်းချက်အတွက် ဘန်ကောက်ထိအရောက်သွားပြီး လေ့လာဆည်းပူးခဲ့ပုံ၊ ချစ်သူရှိလာပြီးနောက် အိမ်ထောင်သည်ဘဝနဲ့ သူမရဲ့ ဘဝအလှည့်အပြောင်းများ၊ ကျေးလက်ဂီတလောကရဲ့ ယှဉ်ပြိုင်စိန်ခေါ်မှုများ၊ မိသားစုကိုထောက်ပံ့ပေးနိုင်ဖို့အတွက် ကမ်းလှမ်းလာသမျှအနုပညာအလုပ်မျိုးစုံကို ကြိုးစားလုပ်ကိုင်ရင်း ဘဝကို ရင်ဆိုင်ဖြတ်သန်းကာ မိမိရဲ့ရည်မှန်းချက်မယိမ်းယိုင်ရအောင် ရဲဝံ့ပြတ်သားစွာ လုပ်ဆောင်ပုံများက လူငယ်မျိုးဆက်သစ်များအတွက် လေးစားအားကျအတုယူစရာ စံပြတစ်ခုဖြစ်နေပါတော့တယ်။ထိုင်းနိုင်ငံ ကျေးလက်ဂီတရဲ့ရသနှင့် ကျေးလက်နေပြည်သူများရဲ့ဓလေ့ ယဉ်ကျေးမှုများနဲ့ ၁၉၇၀-၁၉၉၂ ဝန်းကျင် ထိုင်းနိုင်ငံရဲ့ ...
movie

The Moon (2011)

The Murderer (2023) 6.5
The Murderer (2023) The Murderer (2023)နာမည်ကျော် ထိုင်းဟာသမင်းသားကြီး Phetthai Vongkumlao ပါဝင်ထားတဲ့ ဟာသကားအသစ်ထွက်လာပါပြီ။ မင်းသမီးကတော့ Bad Genius ထဲက ဂရေ့စ်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Eisaya Hosuwan ပါပဲ။ဇာတ်လမ်းအကျဉ်းထိုင်းနိုင်ငံတစ်နေရာက လယ်တောအိမ်လေးတစ်ခုထဲမှာ ၇ လောင်းပြိုင်လူသတ်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအတွက် သံသယတရားခံကတော့ အဲလ်လို့ခေါ်တဲ့ ဗြိတိန်သားတစ်ယောက်ပါပဲ။ သူဟာ သေသွားတဲ့မိသားစုရဲ့ သမီး ဆိုင် နဲ့ လက်ထပ်ထားတာဖြစ်ပြီး ယောက္ခမတွေအိမ်မှာ ညလာအိပ်တဲ့ညမှာ ပြဿနာတွေရှုပ်ကုန်တာဖြစ်ပါတယ်။ အသတ်ခံရတဲ့ သူ ၇ ယောက်ကလည်း သေပုံသေနည်းတစ်မျိုးစီဖြစ်နေပြီး ဇာတ်လမ်းကိုယ်စီရှိနေပြန်ပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ အဲလ် နဲ့ ဆိုင်၊ သူတို့ရဲ့ တူမလေး ဇွန် တို့ကို စခန်းမှူးက စစ်ဆေးရင်း သူတို့တစ်ယောက်တစ်ပေါက်ပြောပြတာတွေကနေ တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ကြည့်ရမှာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime, Mystery, Thriller Quality…. 1080p | 720p File ...
movie

The Murderer (2023)

2023