Channel Myanmar

Cho Jae-hyun

Seondal: The Man Who Sells the River (2016) 6.5
Seondal: The Man Who Sells the River (2016) ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ မြန်မာပရိသတ်အနေနဲ့ ရင်းနှီးပြီးသား မင်းသားချောလေး ယူဆောင်ဟို (YooS0ungHo) ရဲ့ အောင်မြင်တဲ့ဇာတ်ကားလေး တစ်ကားပါ ။ ဒီဇာတ်ကားမှာ ယူဆောင်ဟိုက တရုတ်ပြည်ကို ကျွန်အဖြစ် ရောင်းစားခံရပြီး စစ်ပွဲမှာ မသေခဲ့ပဲထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကင်အီနွန်းအဖြစ် သရုပ်ဆောင် ထားပါတယ်….ကင်အီနွန်းက သူနဲ့အတူလွတ်မြောက်လာတဲ့တခြား နှစ်ယောက်ရယ်ပေါင်းပြီး ညီအစ်ကိုလို ချစ်ချစ်ခင်ခင်ပျော်ရွင်စွာနေထိုင်နေကြတယ်… သူတို့ရဲ့အသက်မွေးကျောင်းကတော့ လူလိမ်တပါတ်ရိုက် ရိုက်စားပေါ့ဗျာ…ကင်အီနွန်းရဲ့ ရိုက်စားအကွက်တွေက လှလွန်းတော့“ မုသားသခင်”ရယ်လို့ဆိုပြီး နာမည်ကျော်ပေါ့… သူကလည်းအတင့်ရဲချက်ကမ်းကုန် ဘုရင့်ဘဏ္ဍာတိုက်တောင်မနေရဘူး ရအောင်ဖောက်တယ် ။ ဒါကြောင့် ဘုရင့်တရားရုံးကလည်း အလိုရှိနေတဲ့ ထိပ်တန်းလူလိမ်လေး။ တစ်ခါမှတော့ ဆောဒယ်ဆောင်းရဲ့ဆေးရွက်ကြီးတွေ ဖျောင်ဖို့ကြိုးစားရင်း မအူမလည်သူတို့ရဲ့ညီငယ်လေး အသက်ပေးသွားရတယ်….ဆောဒယ်ယောင်း ဆိုတာကလည်း ဘုရင့်ဆွေတော်မျိုးတော် ဦးရီးတော် လောဘကြီးသူ ကိုယ့်အတွက်သာကိုယ်ကြည့်ပြီး ဂျိူဆွန်းနိုင်ငံသားများကို တရုတ်သို့ ကျွန်အဖြစ်ရောင်းစား ဆေးရွက်ကြီးတွေလုပ်နဲ့ တရုတ်ကိုတော့အသေဖားနေတဲ့လူကြီးပေါ့… ငွေကြေးအင်အားကလည်းတောင့်တင်း တရုတ်ကိုလည်းပိုင်ဆိုတော့ ဘုရင်ကတောင် မနိုင်လို့ လက်မှိုင်ချနေရတဲ့ လူလည်ကြီး မုသားသခင် ကင်အီနွန်းကလည်း ညီငယ်အတွက် ဆောဒယ်ယောင်းကိုလက်စားချေဖို့ သူ့ကျွမ်းကျင်တဲ့အတတ်ပညာနဲ့ မြစ်ကြီးကိုလိမ်ရောင်းဖို့ ကြံစည်တဲ့အခါတော့မှာတော့ မုသားသခင်ကပဲ လိမ်ရောင်းနိုင်မလား ဘယ်လိုလိမ်ရောင်းကြမလဲမြစ်တစ်စင်းကို ဝယ်ချင်လာအောင် ဘယ်လိုများဆွဲဆောင်ကြမလဲ ဆောဒယ်ယောင်းလို သူများကတုံးပေါ် ထိပ်ကွက်နေတဲ့လူလည်ကြီးကရော ...
movie

Seondal: The Man Who Sells the River (2016)

2016
The Romance (2006) 6.1
The Romance (2006) The Romance (2006)**********************ဝမ်းနည်းဖို့ကောင်းပြီး တစ်ရှုးဆောင်ရတဲ့ အချစ်ကားတွေမှ ကြည့်ချင်တယ်ဆိုတဲ့CM ပရိသတ်ကြီးတွေအတွက် Jo Jae Hyum နဲ့ Kim Jee Soo တို့ သရုပ်ဆောင်ကြီးတွေပါဝင်ထားတဲ့ The Romance ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်း-ယွန်းဟီးကတော့ ခင်ပွန်းသည်ရဲ့ သူ့အပေါ်ကို အလွန်အမင်း စွဲလမ်းမှုတွေ ရူးသွပ်တဲ့မှားယွင်းတဲ့ ချစ်ပုံချစ်နည်းတွေကြောင့် အမြဲတမ်း အသက်ရှူကျပ်နေရသူပေါ့။အဲဒါအပြင် ခင်ပွန်းသည် ဖြစ်တဲ့ လွှတ်တော်အမတ်က သူ့အပေါ်မှာအမြဲတမ်း နိုင်ထက်စီးနင်း အကြမ်းဖက်လေ့ရှိတာကြောင့် မွန်းကြပ်ပြီးတစ်နေ့မှာ သတ်သေဖို့ ကြိုးစားခဲ့ရာ တစ်စုံတစ်ယောက်ရဲ့ ကယ်တင်မှုကြောင့် မအောင်မြင်ခဲ့ပေ။တစ်ဖက်မှာလည်း ဟျောင်းဂျွန်းက အသက်ရှူနေရုံကလွဲပြီး ဘ၀ကြီးကို အဓိပ္ပာယ်မဲ့စွာဖြတ်သန်းနေသူ တစ်ယောက်ဖြစ်ပြီး တစ်ရက် အမှတ်မထင် ဟျောင်းဂျွန်းနဲ့ ယွန်းဟီးတွေ့ဆုံကာ တစ်ယောက်ဘဝကို တစ်ယောက် စာနာရင်း ချစ်ကြိုးသွယ်မိသွားပါတော့တယ်။နှိပ်စက်တတ်တဲ့ ခင်ပွန်းသည်လက်ထဲကနေ ထွက်ပြေးချင်နေတဲ့ ယွန်ဟီး..ဟျောင်းဂျွန်းနဲ့တွေ့မှ ချစ်ခြင်းမေတ္တာ အမှန်ကို သိရှိခဲ့ရတဲ့ ...
movie

The Romance (2006)

The Fatal Encounter (2014) 6.7
The Fatal Encounter (2014) The Fatal Encounter (2014) IMDb: 6.7/10 Genre: Action, Dramaကိုရီးယားနိုင်ငံသမိုင်းမှာ ဘုရင်ဂျောင်ဂျိုကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားတဲ့ ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ ဘုရင်ဂျောင်ဂျိူအနေနဲ့ ဗိုလ်ကြီးလို့သိကြတဲ့မင်းသားကြီး ဟျွန်းဘင်းကပါဝင်သရုပ်ဆောင်ထားပြီး မင်းကြီးရဲ့လူယုံတော်ဖြစ်တဲ့အထိန်းတော်အနေနဲ့ကတော့ Parters for Justice ထဲကမင်းသားဖြစ်တဲ့ ဂျန်ဂျယ်ယောင်းကပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၇၇၇ခုနှစ်၊ဂျောင်ဂျိုဘုရင်ဟာ အုပ်ချုပ်မှုတစ်နှစ်အတွင်းမှာခြိမ်းခြောက်မှုတွေအဆက်မပြတ်ကြုံတွေ့နေရပါတယ်။ထိုအချိန်က အာဏာရနိုင်ငံရေးအုပ်စုဖြစ်တဲ့ နိုရိုအုပ်စုက အားလုံးကိုထိန်းချုပ်ထားပြီး နောက်ကွယ်ကနေ နိုင်ငံရေးကိုရော နန်းတွင်းကလူတွေကိုပါ ခြယ်လှယ်နေတာပါ။ မြို့ထဲမှာလည်း ကလေးတွေကိုဖမ်းဆီးခေါ်ဆောင်ပြီး ကျွမ်းကျင်တဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်အောင် ပျိုးထောင်ပေးနေတဲ့ဂိုဏ်းကလည်းရှိနေပါတယ်။ အဲဒီလိုအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ နန်းတော်ထဲမှာ လျှို့ဝှက်စွာနဲ့ သူတို့လူတွေကို ဖြည်းဖြည်းချင်း နန်းတော်ရဲ့‌ နေရာတိုင်းမှာဖြန့်ထားပြီး အလုပ်လုပ်စေတာပါ။နန်းတော်ထဲမှာဒီလိုမျိုးလုပ်ခွင့်ရဖို့ဆိုတာ မျိုးရိုးကြီးတစ်ခုနောက်ခံရှိနေမှာသာလုပ်လို့ရမှာပါ။ နောက်ကွယ်မှာရှိနေတဲ့ အာဏာကြီးတဲ့လူကတော့ မယ်တော်မိဖုရားကြီးပါပဲ။ မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ကြံစည်သူတွေထဲမှာ မယ်တော်မိဖုရားကြီးလည်းပါဝင်နေပါတယ်။ ဒီလိုမျိုးနိုင်ငံရေးအရှုပ်အထွေးတွေကြားမှာ အသက်ခြိမ်းခြောက်ခံနေရတဲ့ ငယ်ရွယ်တဲ့မင်းကြီးဟာ ယုံကြည်ရတဲ့သူဆိုလို့ ဂါ့ပ်ဆူလို့ခေါ်တဲ့အထိန်းတော်ကြီးပဲရှိပါတယ်။ ဒါပေမဲ့ အဲဒီအထိန်းတော်ကြီးကလည်း လုပ်ကြံသတ်ဖြတ်သူဖြစ်လာဖို့ ငယ်ငယ်တည်းကဂိုဏ်းကလေ့ကျင့်ပျိုးထောင်ပေးထားပြီး မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ မင်းကြီးအနားမှာလျှို့ဝှက်စွာရှိ‌နေတဲ့ သူလျှိုတစ်ယောက်ဖြစ်နေပါတယ်။မင်းကြီးအနေနဲ့ဘယ်လိုဖြေရှင်းမလဲ ပြီးတော့ဒီလိုမျိုး ...
movie

The Fatal Encounter (2014)

2014
Bad Guy (2001) 6.6
Bad Guy (2001) Bad Guy (2001)တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ်ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင်ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထား ပုံဖော်သွားခဲ့တယ်။ သူ့ကားတွေများလွန်းလို့ အကုန်တော့ မကြည့်ဖူးသေးပေမဲ့ ကြည့်ဖူးသမျှထဲ Spring, Summer, Fall, Winter... and Spring နဲ့ 3-Iron ပြီးရင် ဒီကားကို သဘောအကျမိဆုံးပဲ။ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ...
movie

Bad Guy (2001)

2001
Hanbando (2006) 4.8/10
Hanbando (2006) Hanbando (2006) ဒီကားလေးကတော့ 2006 က ထွက်ရှိခဲ့ပြီး ကိုရီးယား-ဂျပန် နှစ်နိုင်ငံကြား ပဋိပက္ခကို ပုံဖော်ရိုက်ကူးထားတာပါ။ တောင်နှင့်မြောက် ကိုရီးယားအစိုးရအနေနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးပြန်လည် ရယူရန်အတွက် ဂယောင်းဝီမီးရထားလမ်းကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ခဲ့ကြပါတယ်။ သို့ပေမယ့် ဂျပန်နိုင်ငံမှ လွန်ခဲ့တဲ့ရာစုနှစ်က ဂျိုဆွန်းဘုရင်နဲ့ ထားရှိခဲ့ကြတဲ့ သဘောတူညီချက်စာချုပ်ပါအကြောင်းအရာအရ ဂယောင်းဝီမီးရထားလမ်း မူပိုင်ခွင့်ကို ဂျပန်တို့ဘက်မှပိုင်ဆိုင်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်မပြုကြောင်း ဖွင့်လှစ်ခဲ့ပါက ကိုရီးယားစီးပွားရေးဈေးကွက်ကို ပိတ်ဆို့မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ သဘောတူညီချက်စာချုပ်မှာပါတဲ့ နိုင်ငံတော်တံဆိပ်ဟာ အတုဖြစ်နေခဲ့ကြောင်း သိရှိသွားတဲ့အချိန် တောင်ကိုရီးယားသမ္မတမှ သမိုင်းကြောင်း ပညာရှင် ချွဲမင်ဂျယ်နဲ့ ဂျိုဆွန်း‌ဘုရင်မျိုးဆက် ကင်မ်ယူရှစ်တို့ကို ‌တံဆိပ်တုံးအစစ်ကို ရှာဖွေစေပြီး သမိုင်းကို ပြင်ဆင်ရန် ခိုင်းစေခဲ့ပါတော့တယ်။ နိုင်ငံပိုင်တံဆိပ်တုံးအစစ်ကို ရှာတွေ့ပြီး ဂျပန်တို့လက်ထဲမှ ဂယောင်းဝီမီရထားလမ်းမူပိုင်ခွင့်ကို ပြန်လည်ရယူနိုင်မလား ကိုရီးယားစီးပွားရေးဈေးကွက်ကရော အခြေအနေပြန်လည်တည်ငြိမ်သွားမလားဆိုတာကတော့ ဒီကားလေးမှာ စောင့်ကြည့်ရမှာပါ။ သမိုင်းကြောင်းကိုပုံဖော်ရိုက်ကူးထားတဲ့ ကားလေးဖြစ်တဲ့အပြင် နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်။ File Size - 2.1 GB , 740 MB Quality - 1080P , 720P Subtitle - Myanmar (Hardsub) Translator - Milkeux Encoder - August
movie

Hanbando (2006)

2006
Sword in the Moon (2003) 5.9
Sword in the Moon (2003) [Unicode]Sword in The Moon (2003)ဂျိုဆောင်ခေတ်ကာလ စစ်သားနှစ်ဦးအကြောင်း Action-Adventure ကားတစ်ခုဖြစ်ပါတယ်။လရောင်ပေါ်ကဓား လို့ အမည်တွင်တဲ့ ဘုရင့်စစ်တပ်အဖွဲ့က ချွဲဂျီဟွမ်နဲ့ ချိုဂူယဲ နှစ်ယောက်ဟာ ညီအစ်ကိုလို သံယောဇဉ်အခိုင်အမာနဲ့ ခင်မင်ရင်းနှီးခဲ့ကြပေမယ့်...တစ်နေ့ လက်ရှိဘုရင်ကို ဖြုတ်ချပြီး ဘုရင်အသစ် နန်းတက်တဲ့အခါ ချိုဂူယဲဟာ သူ့တပ်ဖွဲ့ကိုငဲ့ကာ လက်ရှိဘုရင်ဆီ သစ္စာခံလိုက်ရပြီးချွဲဂျီဟွမ်ကတော့ အရင်ဘုရင်ဟောင်းဘက် သစ္စာခံရင်း ပျောက်ကွယ်သွားခဲ့ပါတယ်။နှစ်အတော်ကြာတဲ့အခါ ချိုဂူယဲဟာ ရက်စက်ကြမ်းကြုတ်တဲ့ ကွက်မျက်သူ အဖြစ် အမည်တွင်ကာ ဘုရင်သစ်ထံ အမှုထမ်ဆောင်နေရင်း ချွဲဂျီဟွမ်ဟာ ဘုရင်ဟောင်းအတွက် ကလဲ့စားချေဖို့ ပြန်ထွက်ပေါ်လာတဲ့အခါ...ဆန့်ကျင်ဘက်ဖြစ်သွားတဲ့ ညီအစ်ကိုလို ခင်မင်ကြသူ စစ်သားနှစ်ဦးရဲ့ အားပြိုင်မှုနဲ့အတူ အဆုံးသတ်ဟာ သူတို့အချင်းချင်း ရန်သူလုံးဝ ဖြစ်သွားမလား ထာဝရမိတ်ဆွေအဖြစ် ရှိနေမလား ဆိုတာကို အတိုက်အခိုက်တွေကြားက န်ုင်ငံရေးအရှုပ်တော်ပုံဆန်ဆန် ကြည့်ရှုရမှာပါ ။( အညွှန်းရေးသားထားသူကတော့ Deer ပါ ) [Zawgyi]Sword in The Moon ...
movie

Sword in the Moon (2003)

The Executioner (2009) 6.2
The Executioner (2009) [Unicode]The Executioner ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့ အကျဉ်းထောင်မှာ အလုပ်လုပ်ကြတဲ့ ရဲအရာရှိတွေရဲ့ ဘဝကို ဖော်ပြပေးထားပါတယ် လူဆိုး လူမိုက် သူခိုး လူလိမ်တွေ အများအပြား စုဝေးရာ ဒုစရိုက်လောကသားတွေ လူသတ်သမားတွေ များစွာရှိနေတဲ့ ဒီလို အကျဉ်းထောင်မှာ အလုပ်လုပ်ရတဲ့ သူတွေရဲ့ အခက်အခဲတွေကို မြင်တွေ့ရမှာပါ...ဇာတ်လမ်းအကျဉ်းအို့ဂျယ်ယောင်းဟာ အကျဉ်းထောင်မှာ အလုပ်လုပ်ဖို့ အသစ်ရောက်လာတဲ့ အရာရှိလေးတစ်ယောက်ပါ အသစ်ရောက်တဲ့ ရဲအရာရှိ အငယ်လေးမို့လို့ အကျဉ်းသားတွေက မထီမဲ့မြင်လုပ်ကြပါတယ်တစ်ရက်မှာတော့ ကွင်းဆက်လူသတ်မှုနဲ့ သေဒဏ်ချခံရတဲ့ အကျဉ်းသားတစ်ယောက် သူတို့ အကျဉ်းထောင်ကို ရောက်လာခဲ့ပါတယ် အဲ့လူက အို့ဂျယ်ယောင်းကို ပြဿနာရှာဖို့ ကြံနေချိန်မှာပဲ စီနီယာအရာရှိတစ်ယောက်ဖြစ်တဲ့ ဘယ်ဂျုံဟိုက ဝင်ရောက် ကူညီပေးခဲ့တဲ့နောက်...သိပ်မကြာခင်အချိန်မှာပဲ အကျဉ်းသား ၃ ယောက်ကို သေဒဏ်စီရင်ဖို့ အထက်က အမိန့်ကျလာပါတယ် စီရင်ပေးရမယ့်သူကို မဲနှိုက်ဆုံးဖြတ်တဲ့အခါ အို့ဂျယ်ယောင်းလည်း ပါဝင်နေခဲ့ပါတယ် အို့ဂျယ်ယောင်းတစ်ယောက် ဒီလို အလုပ်ကြီးကို လုပ်နိုင်ပါ့မလား ဘယ်လိုအခက်ခဲတွေ ဆက်ကြုံရမလဲဆိုတာ ဒီဇာတ်လမ်းမှာ ...
movie

The Executioner (2009)

[18+] Moebius (2013) 6.3
[18+] Moebius (2013)   ဒီကိုရီးယားဇာတ်ကားက ထူးဆန်းပါတယ်။ ဘာစကားမှ မပြောပါဘူး။18+ သီးသန့် ဇာတ်ကားလဲ မဟုတ်တာ အသေအချာပါ။ဇာတ်လမ်းကတော့ ကြက်သီးထစရာဖြစ်ပြီးဇာတ်လမ်းလို့ပြောရမလား အတွေးတစ်စလို့ပြောရမလား တကယ့်အဖြစ်အပျက်ကိုဒီတိုင်းထိုင်ကြည့်နေရတာလို့ ပြောရမလားအတော်ပဲ ဇဝေဇဝါဖြစ်ရတဲ့ဇာတ်ကားပါ။ဒါရိုက်တာ Kim Ki-duk က ရိုက်ကူးထားပြီး သူ့အကြောင်းနဲ့ သူ့အနုပညာကိုတော့ သူရိုက်ခဲ့တဲ့ 3‑Iron (2004), Spring Summer(2003), Bad Guy(2001), The Isle(2000) စတဲ့ဇာတ်ကားတွေမယ် အထင်အရှားမြင်ရပြီးသား ဖြစ်မှာပါ။ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ကောင်းမွန်တဲ့မှတ်ချက်တွေရရှိထားတဲ့ ဒီဇာတ်ကားဟာ ပြသစဉ်တုန်းကတော့ ပရိတ်သတ်တွေရဲ့ အုတ်အော်သောင်းနင်းဖြစ်မှုကိုရရှိခဲ့ပြီး ဘာလိုကြောင့်များလဲဆိုတာ သိချင်ရင် ကြည့်ကြပါဦး။IMDB Rating(6.4)Rotten Tomatoes(78%)  File Size…(700MB)Quality…BluRay 720p Format…mp4 Duration…01:28:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung  
movie

[18+] Moebius (2013)

2013