Channel Myanmar

Cho Hyun-chul

Architecture 101 (2012) 7.4
Architecture 101 (2012) Architecture 101 (2012)**********************IMDb... 7.4 ငါတို့ ဘယ်ရထားမှာလွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ..“အီဆွန်းမင်း” နဲ့ “ယန်းဆောယွန်း” တို့ကတော့ ၁၅ နှစ်ကြာခဲ့ပါတယ်။လက်ရှိမှာတော့ ဆွန်းမင်းက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ဗိသုကာပညာရှင်တစ်ယောက်အနေနဲ့အလုပ်လုပ်နေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ယောက်ပါ။ တစ်ရက်ကျ ဆွန်းမင်းဆီကိုသူငယ်ချင်းဆိုတဲ့ အမျိုးသမီးတစ်ယောက် ရောက်လာပြီး အိမ်ဆောက်ဖို့ အလုပ်လာအပ်ပါတော့တယ်။ဒီအမျိုးသမီးလေးကသာ ဆွန်းမင်းရှိတဲ့အရပ်ကို ရှာပြီးလာခဲ့ပေမဲ့ ဆွန်းမင်းကတော့ ဒီအမျိုးသမီးလေးကိုရုတ်တရက် မမှတ်မိပါဘူး။ ဒီလိုနဲ့စကားတွေပြောကြရင်း သူ့ဆီကိုရောက်လာတဲ့ အမျိုးသမီးလေးကတစ်ချိန်က သူ့ရဲ့သူငယ်ချင်း တစ်ဖြစ်လဲ အချစ်ဦး “ယန်းဆောယွန်း” ဖြစ်နေပါတော့တယ်။လွန်ခဲ့တဲ့ ၁၅ နှစ်အချိန် အသက် ၂၀ အရွယ်တုန်းက ဆွန်းမင်းက ဗိသုကာမေဂျာကျောင်းသားဖြစ်ပြီးဆောယွန်းကတော့ ဂီတမေဂျာကျောင်းသူပေါ့။နှစ်ယောက်သားရဲ့ ပထမဆုံးရေစက်ဆုံရာနေရာကတော့ “ဗိသုကာအတန်း ၁၀၁” ဖြစ်ပြီးဒုတိယနေရာကတော့ ဆွန်းမင်းရဲ့ဇာတိဖြစ်တဲ့ “ဂျောင်ရွန်း” ဆိုတဲ့ရပ်ကွက်လေးပါ။ကျောင်းမှာတင်ရေစက်ဆုံရုံမကဘဲ မြို့ပေါ်ကိုကျောင်းလာတက်တဲ့ ဂျယ်ဂျူကျွန်းသူလေး ဆောယွန်းတည်းခိုတဲ့အိမ်ကလည်း ဂျောင်ရွန်းရပ်ကွက်မှာပဲဆိုတော့ နှစ်ယောက်သားက အမြဲတတွဲတွဲဖြစ်လာတာပေါ့။ဒီလိုနဲ့သံယောဇဉ်တွေပိုလာပြီး သူငယ်ချင်းအဆင့်ကနေတက်ဖို့ကြိုးစားခဲ့ပေမဲ့ ...
movie

Architecture 101 (2012)

Bogotá: City of the Lost (2024) 7.4
Bogotá: City of the Lost (2024) Bogotá: City of the Lost (2024)******************************IMDb....7.4 ဒီတစ်ခေါက်မှာတော့ ကြည့်ရူသူပရိတ်သတ်ကြီးတို့အတွက် အလန်းစား Crime, Thriller, Action ကားလေးနဲ့မိတ်ဆက်ပေးပါရ‌စေ။ မင်းသားချော Song Joong-Ki၊  Lee Hee-Joon၊ မင်းသားကြီး Kwon Hae-Hyo နှင့်အခြားသော သရုပ်ဆောင်ပေါင်းများစွာရဲ့ အရှိန်အဟုန်ပြင်းတဲ့သရုပ်ဆောင်မှုများကို ရူစားကြရမှာဖြစ်ပါတယ်။ငယ်ငယ်ထဲက ကြမ်းကြမ်းရမ်းရမ်းနေလာခဲ့တဲ့ ဂုဟီးရဲ့ မိသားစုလုပ်ငန်းဟာ ၁၉၉၇ခုနှစ်မှာ IMFအကျပ်အတည်းများကြောင့် ခက်ခဲချို့တဲ့လာပြီး ကိုလံဘီယာနိုင်ငံမှ ဘိုဂိုတာမြို့လေးကို ပြောင်းရွေ့နေထိုင်ဖို့ဖြစ်လာပါတော့တယ်။ နိုင်ငံရပ်ခြားမှာ ရိုးရိုးအေးအေးနေရမှာ ပျင်းတဲ့ဂုဟီးဟာ လူမျိုးတူဖြစ်ပြီး အရှိန်အဝါကြီးတဲ့စီးပွားရေးသမား ဘတ်မျိုးရိုးလက်အောက်မှာ ဝင်ရောက်အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။တဇွတ်ထိုးဆန်ပြီး အလုပ်ကြိုးစားတဲ့ ဂုဟီးဟာ ဘတ်မျိုးရိုးရဲ့ အာရုံစိုက်မှုကိုရရှိလာပြီးနောက် ဘတ်ဟာ ဂုဟီးကိုအန္တရာယ်များလွန်းတဲ့ စမ်းသပ်မှုတစ်ခုကို ခိုင်းစေလာပါတော့တယ်။ ဂုဟီးတစ်ယောက် အဲဒီစမ်းသပ်မှုကိုအောင်မြင်ပါ့မလား..။ စမ်းသပ်မှုရဲ့ နောက်ကွယ်မှာရော ဘယ်လိုကမ်းလှမ်းမှုတွေ စီးကြိုနေမှာလဲ..။အောင်မြင်မလား ကျရှုံးမလား စတာတွေကို ရင်တထိတ်ထိတ် ခံစားကြည့်ရူကြရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ...
movie

Bogotá: City of the Lost (2024)

Dirty Money (2024) 7
Dirty Money (2024) Dirty Money (2024)*********************Reply 1994, Hospital Playlist, Kingdom စတဲ့ နာမည်ကြီးကားတွေထဲမှသရုပ်​ဆောင် Jung Woo, Kim Dae-myung, Park Byeong-eunတို့အဓိကပါဝင်သရုပ်​ဆောင်ထားတဲ့ Dirty Money ဆိုတဲ့ ပရိသတ်ကြီးတို့အကြိုက်Crime-action အမျိုးအစား ရုပ်ရှင်အသစ်စက်စက်လေး ထွက်ရှိလာပါပြီ။ဇာတ်လမ်းအညွှန်း-သမီးဖြစ်သူရဲ့ ခွဲစိတ်စရိတ်​ကြောင့် ပူပန်​နေရတဲ့ စုံ​ထောက်နဲ့ အ​ကြွေး​ကြောင့် သူငယ်ချင်းဆီမှာ​ခြေချုပ်မိခံ​နေရပြီး သူလျှိုလုပ်​နေရတဲ့ တွဲဖက်စုံ​ထောက်တို့ အခင်းဖြစ်​နေရာက ရခဲ့တဲ့သက်​သေပစ္စည်းကို ဖြတ်လုပြီး ပိုက်ဆံ​တွေကိုခိုးယူဖို့ ကြံစည်ကြတဲ့ စုံထောက်နှစ်ယောက်ပိုက်ဆံသယ်ဖို့ အကူတစ်​ယောက်ကို ခေါ် ပြီး ဓါးပြသွားတိုက်တဲ့အခါ ​နောက်ကွယ်ကနေလုပ်ကြံ ပစ်ခတ်လိုက်တဲ့ကျည်ဆံ​ကြောင့် အကူ​ကောင်​လေးသေဆုံးသွားပြီးစုံ​ထောက်ဘဝက​နေ ရုတ်ချည်း တရားခံ​ဘဝကို​ ရောက်သွားပါတော့တယ်။ဝရမ်းပြေးဖြစ်သွားတဲ့ စုံထောက်နှစ်ယောက် အကျပ်အတည်း​တွေက​နေ လွတ်​​မြောက်ဖို့တရုတ်ဂိုဏ်းနဲ့ အကြမ်းဖက်မှုခင်းဌာနက​နေ ရုန်းထွက်နိုင်ဖို့ ဘယ်လို​တွေကြိုးစားသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှု​ပေးကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Stary မှ ရေးသားပေးထားပါတယ်။) File size… 1.39GB / 520MB Quality…WEB-DL ...
movie

Dirty Money (2024)

MAL·MO·E: The Secret Mission (2019) 6.9
MAL·MO·E: The Secret Mission (2019) MAL·MO·E: The Secret Mission (2019)***********************************အရင်ဆုံး ဇာတ်ကားထဲက သရုပ်ဆောင်တွေအကြောင်းပြောရရင် ယောကျ်ားလေးပရိသတ်တွေ အရမ်းကြွေတဲ့ The Outlaws ထဲက ဆံရှည်ဘဲကြီးက အဓိကသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ် ဒီထဲမှာတော့ တာဝန်ယူမှုအပြည့်နဲ့ ထက်မြက်တဲ့ စာပေအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် မြင်တွေ့ရမှာပါ..... တခြားဇာတ်ဆောင်နဲ့ဇာတ်ပို့တွေကလည်း ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်တွေဖြစ်တာမလို့ ဇာတ်ကောင်အတွက် နောက်ဆံတင်းစရာမလိုဘဲ စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်...ဇာတ်ကားနောက်ခံကတော့ ဂျပန်ကိုလိုနီခေတ်ကို အခြေတည်ပြီးရိုက်ထားတယ် ငါတို့အမိန့်အတိုင်းလိုက်နာရမယ် ဂျပန်ဘာသာစကားကိုပဲသုံးရမယ် မလုပ်ရင်ဖမ်းပြီးထောင်ချမယ် ဒီလိုကျွန်ပြုမှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ဘာသာစာပေမပျောက်ကွယ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပုံကို ကွင်းကွင်းကွက်ကွက်မြင်အောင်ရိုက်ပြထားတယ် ..ဂျပန်ခေတ်ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ စိတ်ဝိဉာဉ်မပျောက်ကွယ်အောင် တကယ်တမ်းလုပ်ဆောင်ကြတဲ့အခါ ဘယ်လောက်ထိခက်ခဲခဲ့တယ် .. ဘယ်လိုတွေပေးဆပ်ပြီး ဘာသာစာပေကို ဘယ်လိုပုံစံနဲ့ကာကွယ်ခဲ့ရတယ်ဆိုတာတွေ ရင်ထဲထိအောင် ကြည့်နေရင်းနားလည်ပေးနိုင်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံသင့်ကြောင်းပြောချင်ပါတယ်(ကိုရီးယားလူမျိုးတွေ ဂျပန်ကိုလိုနီနဲ့ပတ်သတ်ရင် ဘာကြောင့်ဆတ်ဆတ်ထိမခံဖြစ်ရလဲ ဒီဇာတ်ကားထဲမှာ အသေအချာမြင်နိုင်ပါလိမ့်မယ် )(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်.....)File size…1.77GB / 949MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 15 min. Genre ….. Historical, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Phu ...
movie

MAL·MO·E: The Secret Mission (2019)

Master(2016) 7.0
Master(2016) Master(2016)************Lee Byung-hun  အဓိက ပါဝင်ထားတဲ့ ဒီအက်ရှင်ကားကြီးဟာBO လည်း ဝင်ခဲ့သလို ဝေဖန်ရေးဆရာတွေရဲ့ ချီးမွှမ်းခြင်းတွေလည်း ရရှိခဲ့ပါတယ်.. ဂျင်ယောင်းဖီဆိုတဲ့သူဟာ ပိရမစ်စနစ်ဆိုတဲ့ ငွေစုစနစ်တစ်ခုကိုတည်ထောင်ပြီးတော့တစ်နိုင်ငံလုံးကပြည်သူတွေဆီကနေ ငွေသန်းပေါင်းများစွာလိမ်ယူနေတာပါ။ဒါကို စုံထောက်ဂင်ဂျယ်မြောင်းဆိုတဲ့သူကသိပြီးတော့ ဖမ်းဖို့သက်သေရှာနေပါတယ်။သက်သေရပြီး ဖမ်းမိခါနီးမှာပဲ ဂျင်ယောင်းဖီက ပိုက်ဆံတွေယူပြီး ကိုးရီးယားနိုင်ငံကနေထွက်ပြေးသွားတာမလို့ စုံထောက်အဖွဲ့အရေးနိမ့်သွားရပါတယ်။ဒါပေမဲ့ ရည်မှန်းချက်ကြီးတဲ့ စုံထောက်ဂင်ဂျယ်မြောင်းက လက်မလျော့ဘဲ ဂျင်ယောင်းဖီကိုဖမ်းဖို့အတွက် သူ့ကိုယ်ပိုင်အထူးအဖွဲ့ကိုဖွဲ့ခဲ့ပါတယ်။သူ့ရဲ့အဖွဲ့နဲ့အတူ ဖိလစ်ပိုင်မှာနောက်ထပ်လိမ်လည်မှုကျူးလွန်ဖို့ကြံစည်နေတဲ့ ဂျင်ယောင်းဖီကို ဘယ်လိုမိအောင်ဖမ်းမလဲ။ဉာဏ်အရမ်းထက်တဲ့ လူလိမ်ဂျင်ယောင်းဖီကရော ဘယ်လိုအကွက်တွေနဲ့လှည့်ထွက်ဦးမလဲဆိုတာကိုစိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။File Size :(2.6GB)(1.04GB) and (342MB) Quality :WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:23:00 Genre : Action, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie

Master(2016)

Best Friend(2020) 7.0
Best Friend(2020) Best Friend(2020)အညွှန်း**********************IMDb....7.0နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ Lee Eui Shik ဟာ ကိုရီးယားနိုင်ငံရဲ့  လူတွေမသိစေချင်တဲ့ ဘက်ဂျက်လည်ပတ်ပုံတွေကိုဖွင့်ချခဲ့တယ်.....တခြားနိုင်ငံမှာနေတုန်းဒီလိုလုပ်ခဲ့ပေမဲ့ ရွေးကောက်ပွဲနီးတော့ ကိုးရီးယားနိုင်ငံကိုပြန်လာခဲ့တယ်....တကယ်တော့ သူ့ကိုထောက်ခံတဲ့ကိုရီးယားပြည်သူတွေလည်း အရမ်းများခဲ့တာကိုး.....လေဆိပ်ကိုရောက်လို့ အထုပ်တောင်မရွေးရသေးခင် ထောက်လှမ်းရေးအဖွဲ့က တစ်ခါထဲဆွဲကုတ်သွားတယ်....အစိုးရပိုင်းက လူကြီးအချို့ဟာ Lee Eui Shik  ကိုရွေးကောက်ပွဲမှမပါစေချင်ဘူး..အန္တရယ်များတဲ့လူအဖြစ်သတ်မှတ်ထားပြီးသူ့ကိုထောက်ခံတဲ့သူတွေများပြားလှတဲ့အပြင် မီဒီယာနဲ့ ဆန္ဒပြတဲ့သူတွေကြောင့်ရွေးကောက်ပွဲမှာ မပါအောင်လုပ်ဖို့အကြတ်ရိုက်နေတယ်...ဒါ့ကြောင့်  နေအိမ်မှာ ခဏတာအချုပ်ချပြီး ကွန်မြူနစ်ကောင်အဖြစ်အကွက်ဆင်ဖို့ကြံစည်တော့တယ်..အဲ့ဒီလိုအနီးကပ်အကွက်ဆင်ဖို့ စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင်တစ်ယောက်ကိုတာဝန်ပေးပြီးစေခိုင်းပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး....ဒီကားပိုစတာကြည့်ပြီးတော့ မကောင်းဘူးလို့မထင်လိုက်နဲ့ဉီး.ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေပါသလိုအစမှအဆုံးထိစိတ်ဝင်စားစရာကောင်းလှတယ်...ပြီးတော့ စတေးခံတွေက ဘယ်သူလဲ...ဘယ်သူကရောမှန်နေတာလဲ..အမှန်တရားဆိုကရောဘာလဲ...မှန်တယ်လို့ထင်တဲ့အရာတွေကရော တကယ်တမ်းလက်တွေ့မှာအနိုင်ရပါ့မလား...ကြည့်လိုက်ကြပါ,....File Size : (2.1GB) and (1.1GB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung,Hnin Pale & Ei Phyu Khin Encoded by Phyo ...
movie

Best Friend(2020)

Samjin Company English Class (2020) 6.8
Samjin Company English Class (2020) ဒီဇာတ်ကားကိုတော့ ၁၉၉၅ခုနှစ်မှာ အခြေခံထားပါတယ်   လီဂျာယောင်း ဂျောင်ယူနာ ရှင်းဘိုရမ်ဆိုတာ တက္ကသိုလ်ဆက်မတက်နိုင်တဲ့   အထက်တန်းကျောင်းထွက်တွေဖြစ်ကြပေမယ့် ဘဝကိုကြိုးကြိုးစားစားနေထိုင်ကြပြီး   ဆမ်ဂျင်းအီလက်ထရောနစ်ကုမ္ပဏီရဲ့အမျိုးသမီးဝန်ထမ်းတွေလည်းဖြစ်ကြပါတယ်   အလုပ်မှာထူးချွန်သူတွေဖြစ်ကြပေမယ့် တက္ကသိုလ်မတက်နိုင်ခဲ့တော့   အဆင့်အတန်းခွဲခြားခံရင်း တစ်နေ့မှာ မန်နေဂျာဖြစ်နိုင်ဖို့ မျှော်လင့်နေကြတဲ့သူတွေပေါ့   ဒီလိုနဲ့ တစ်နေ့ ကုမ္ပဏီမှာ TOEIC အမှတ်၆၀၀ကျော်ရင် မန်နေဂျာဖြစ်နိုင်တယ်လို့   ကြေညာစာထွက်လာခဲ့တယ် အဲဒီအချိန်ကစပြီး သူငယ်ချင်း၃ယောက် ကြိုးစားပမ်းစား   အင်္ဂလိပ်စာသင်ခဲ့ကြတယ်   တစ်ချိန်တည်းမှာပဲ ကုမ္ပဏီရဲ့ရှေ့ရေးကို ထိခိုက်စေတဲ့   ဓာတုပစ္စည်းတရားမဝင်စွန့်ထုတ်မှုတွေ ကြုံတွေ့လာရတဲ့အခါ မန်နေဂျာဖြစ်ဖို့ကြိုးစားနေတဲ့   ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ထိခိုက်မလာစေဖို့   ဒီတရားမဝင်စွန့်ထုတ်မှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲ   ဒီကုမ္ပဏီကို ဘယ်လိုတွေကာကွယ်ရမလဲ ဘယ်သူ့လက်ထဲကနေ ကာကွယ်ရမလဲဆိုတာ   ဒီကားထဲမှာ စောင့်ကြည့်လိုက်ကြရအောင်    မင်းသမီး၃ယောက်လုံးကိုတော့ ကိုရီးယားဒရာမာပရိသတ်တွေ သေချာပေါက်ရင်းနှီးနေမှာအမှန်ပါပဲ   စုပေါင်းခြင်းသည်အင်အားဆိုတဲ့ ဆိုရိုးစကားကို ဒီဇာတ်ကားလေးထဲမှာ   အသေအချာတွေ့နိုင်ပါလိမ့်မယ် နောက်ပြီးတော့လည်း   သူငယ်ချင်းသံယောဇဉ် အထက်လူကြီးတစ်ယောက်ရဲ့မေတ္တာ   အလုပ်ခွင်သံယောဇဉ်နဲ့ယုံကြည်မှုတွေကို အပြည့်အဝခံစားရပါလိမ့်မယ်   သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ ညွှန်းပေးချင်ပါတယ်     Translated by : Phue Nge Nge Thein  Encoded by : Thit San Khant  Quality : 1080p and 720p File Size : 1.16 Gb and 541 Mb
movie

Samjin Company English Class (2020)

2020
Coin Locker Girl ( 2015 ) 6.8
Coin Locker Girl ( 2015 ) ဒီကား​လေးမှာဆိုရင် မင်းသမီး အဓိကဦးစား​ပေး ဇာက်​ကားတစ်​ကားဖြစ်​ပြီး Drama/Crimeဇာတ်​ကားတစ်​ကားပါ အဓိက role​တွေ ​အ​နေနဲ့Goblin ဇာတ်​ကားမှ မင်းသမီး kim Go-eunမှ မာ​အီ​ယောင်းအဖြစ်​သရုပ်​​ဆောင်​ထားပြီး ​နောက်​ထပ်​ ဇာတ်​​ဆောင်​အ​နေဖြင့်​ မင်းသမီးကြီးKim Hye-sooမှ သရုပ်​​ဆောင်​ထားပါတယ်​ မင်းသားအ​နေနဲ့လဲအားလုံးသိကြတဲ့ love in the moonlightထဲမှ မင်းသား​လေး park bo-gumမှသရုပ်​​ဆောင်​ထားပါတယ်​ ဇာတ်​လမ်းအ​နေနဲ့က အီ​ယောင်းဟာစွန့်​ပစ်​ခံက​လေးတစ်​​ယောက်​ဖြစ်​ပြီး ​ငွေတိုး​ချေးစားတဲ့လုပ်​ငန်းကိုလုပ်​တဲ့ မာဝူဟီးက ​မွေးစားထားခဲ့ပါတယ်​ မာဝူဟီးဟာ အီ​ယောင်းအပြင်​ အခြားက​လေး​တွေကိုလဲ ​မွေးစားထားပြီး သူ့လုပ်​ငန်းအတွက်​ ခို​င်း​စေခဲ့ပါတယ်​သူ့အတွက်​ အသုံးမဝင်​ရင်​ ​ခွေး​တောင်​မထားပဲ သတ်​ပစ်​တဲ့သူမျိုးလဲ ဖြစ်​ပါတယ်​အီ​ယောင်းဟာ တစ်​ခြားက​လေး​တွေနဲ့မတူပဲ ​အေးတိ​အေးစက်​ မိုက်တိမိုက်​ကန်းပုံစံမျိုးနဲ့ ကြီးပြင်​လာခဲ့ပြီး မင်းသားနဲ့​တွေ့ပြီးဘယ်​လို​ပြောင်းလဲဆိုတာမာလုပ်​ငန်းက ​ငွေ​ချေးတဲ့လုပ်​ငန်​အပြင်​ ဘာ​တွေလုပ်​​နေ​သေးလဲ ဆိုတာkorea နိုင်​ငံရဲ့ ဒုစရိုက်​​လောကကို မျက်​ဝါးထင်​ထင်​ မြင်​​တွေ့​အောင်ရိုက်​ကူးထားတဲ့အပြင်​ မင်းသမီးနှစ်​​ယောက်​ ဂိုဏ်းစတား​တွေအဖြစ်​သဘာဝကျကျသရုပ်​​ဆောင်​ထားပြီး rating IMDb 6.8/10ရရှိထားတဲ့ ဇာတ်​ကားတစ်​ကားဖြစ်​ပါတယ်​ Translated & ...
movie

Coin Locker Girl ( 2015 )

2015
Tunnel (2016) 6.9
Tunnel (2016) Tunnel (2016) IMDb - 6.9/10_____Rotten 100%    IMDb 6.9 Rotten Tomatoes 100 percent 2016ခုနှစ်ထွက် korea movieတွေထဲမှာ အကောင်းဆုံးလို့ ပြောရမယ့် train to busan ဇတ်ကားပြီးရင်အကောင်းဆုံးကဒီ Tunnel ဇတ်ကားပါပဲ ကျွန်တော်ဆိုလုံးဝထိုင်ရာကတောင်မထပါဘူး (၃ခါတောင်ကြည့်တာ ပြီးမှဘာသာပြန်တာ ) ဇတ်လမိးအကျဉ်းကိုပြောပြရရင် KIA ကားcompanyအရောင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့လီဂျံ ု ဆူတစ်ယောက်သူ့ သမီးလေးမွေးနေ့အတွက်အိမ်အပြန်လမ်းမှာဥမင်လိူဏ်ခေါင်းပြိုကျပြီးပိတ်မိသွားပါတယ် ပိတ်မိနေတဲ့အချိန်အတောအတွင်းမှာတောင်သူ့ ရဲ့တစ်ဖက်သားကိုကူညီတတ်တဲ့စိတ်ဓာတ် နောက်ဆုံးအချိန်ထိအရူံးမပေးတဲ့စိတ်ဓာတ်တွေဟာတကယ်ကိုလေးစားဖို့ကောင်းပါတယ် (တခြားကောင်းတဲ့အချက်တွေရေးပေးချင်ပေမယ့်spoilerဖြစ်မှာဆိုးလို့မရေးတော့ပါဘူး) လီဂျုံဆူ အနေနဲ့နောက်ဆုံးအချိန်ထိအသက်ရှင်နိုင်မလားဆိုတာ CMပရိတ်သတ်ကြီးအမြန်ဆုံးပဲဒေါင်းကြည့်လိုကိကြပါခင်ဗျာ ဇတ်ကားကို Kaung Myat Thu မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်    File Size - 996 MB Quality - BR-Rip 720p Duration - 2hrs 6mins Translator - Kaung Myat Thu Encoder - Tariq L Walker  
movie

Tunnel (2016)

2016