Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cho Dong-in
6.4
Warriors of the Dawn (2017)
Warriors of the Dawn (2017)**************************IMDb... 6.4 CM ပရိသတ်တွေ ပိတ်ရက်မှာ ဇာတ်ကားကောင်းလေးကြည့်ပြီး နှပ်နိုင်ဖို့Lee Jung Jae, Yoo Jin Goo, Kim Moo Yeol စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတဲ့၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအညွှန်းဂျပန်တွေရဲ့ကျူးကျော်မှုကို ကြုံလာရတဲ့အခါ ဂျိုဆွန်းပြည်ရဲ့မင်းကြီးဟာ ပြည်သူတွေကိုမကာကွယ်ဘဲ တရုတ်ပြည်ကို ထွက်ပြေးတိမ်းရှောင်သွားပါတယ်။အဲဒီမှာ ဂွမ်ဟယ်ဆိုတဲ့ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အိမ်ရှေ့စံမင်းသားက အကုန်တာဝန်ယူဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ စစ်တပ်အင်အားနဲ့ လက်နက်တွေက မလုံလောက်တဲ့အခြေအနေမှာရှိနေတာကြောင့် အခက်အခဲတွေကြုံလာတဲ့အချိန်မှာ သူ့ဘက်က ကူညီပေးဖို့ ထိုအူဆိုတဲ့အစားထိုးတပ်သားခေါင်းဆောင်ကို အကူအညီတောင်းခဲ့ပါတယ်။အစားထိုးတပ်သားဆိုတာ တပ်သားအစစ်မဟုတ်ဘဲ တပ်သားမလုံလောက်တဲ့အချိန်မှာစစ်အင်အားဖြည့်ဖို့ အသုံးပြုခံရတာပါ။အိမ်ရှေ့စံမင်းသားဂွမ်ဟယ်က ထိုအူနဲ့ သူ့လူတွေရဲ့အကူအညီကိုယူပြီး ဂျပန်တွေရဲ့ရန်ကိုရှောင်ရှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Yee Wai မှ ရေးသားထားပေးပါတယ်။) File Size : 3.26GB/ 1.59GB Quality ...
movie
Warriors of the Dawn (2017)
6.7
The Stone (2014)
The Stone (2014)******************ဒီတစ်ခါမှာတော့ CM ပရိတ်သတ်တွေအတွက် "The Sound of Your Heart" ထဲက မင်းသားကြီး Kim Roi-ha နဲ့ မင်းသားချောလေး Cho Dong-in တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ "The Stone" ဆိုတဲ့ Movie ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ..ဇာတ်လမ်းအညွှန်းကတော့ ******************* မင်ဆူဟာ အရည်အချင်းရှိတဲ့ ဘာဒူ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်ပြီး လူမိုက်ဂိုဏ်းချုပ်တစ်ယောက်ကို ဘာဒူ့ကစားနည်း သင်ပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ဒီလိုနဲ့ မင်ဆူက လူမိုက်ကြီးရဲ့ လက်အောက် ရောက်ရှိလာခဲ့ပြီး ကြုံခဲ့ရတဲ့ လောကဓံရဲ့ ရိုက်ချက်တွေကြောင့် ဘာဒူ့ကစားနည်းကို ပညာရှင်အဆင့်ဖြစ်ဖို့အတွက် လက်လျော့ကာ လူမိုက်ဂိုဏ်းထဲဝင်ဖို့ စိတ်ကူးပါတော့တယ်။သူ့လိုမဖြစ်စေချင်တဲ့ လူမိုက်ဂိုဏ်းချုပ်ကြီးကလည်း ဒါကို ဟန့်တားပါတယ်။ဒီလိုနဲ့ လူမိုက်ဂိုဏ်းရဲ့ နောက်ဆုံးအလုပ်အတွက် ပြင်ဆင်ဖို့ ဖြစ်လာချိန်မှာ မင်ဆူရဲ့ ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ ဘာဒူ့အပေါ်ထားတဲ့ စိတ်ဝင်စားမှုတွေဟာလည်း ပြန်ပေါ်လာခဲ့ပါတယ် ။မင်ဆူက ဘာဒူ့ကစားနည်းကို ပညာရှင်အဆင့်ထိ ရောက်သွားမလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် ။ (အညွှန်းကို Saung Yupar မှ ရေးသားထားပါတယ်) File ...
movie
The Stone (2014)
6
One on One (2014)
One on One (2014)*************************IMDb... 6 ဒီနေ့မှာတော့ Ma Dong Seok, Kim Young Min, Lee Yi Kyung, Teo Yoo, Park So Dam နဲ့ တခြားသော အနုပညာရှင်တွေပါဝင်ထားတဲ့ mystery, thriller ရုပ်ရှင်ကားဟောင်းလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ဒီကားလေးက တောင်ကိုရီးယား ဒါရိုက်တာ Kim Ki Duk က ရိုက်ကူးထားပြီး ၇၁ ကြိမ်မြောက် Venice Internationl Film Festival မှာ အဖွင့်အနေနဲ့ ပြသခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။နှစ်တစ်နှစ်ရဲ့ မေလ ၉ ရက်နေ့မှာ အိုမင်ဂျူလို့ခေါ်တဲ့ ကျောင်းသူလေးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ ဘာအကြောင်းအရင်းကြောင့်မှန်းမသိ ကြံရာပါ အရွယ်ရောက်လူကြီး ၇ ယောက်က ဒီကောင်မလေးကို သတ်ခဲ့ကြတာပါ။ ခိုင်းတဲ့လူကလည်း ခိုင်းတယ်..။ အမိန့်ကိုမလွန်ဆန်နိုင်လို့ မတတ်သာဘဲ ကျူးလွန်ခဲ့ရတဲ့သူကလည်း ကျူးလွန်ခဲ့ပြီးဖြစ်လို့ လူ့အသက်တစ်ချောင်း ဆုံးရှုံးခဲ့ပြီးဖြစ်ပေမဲ့ ဒီအရေးကိုမျက်ကွယ်မပြုနိုင်တဲ့ အရိပ် ၇ ယောက်ကလည်း ရှိနေပြန်ပါသေးတယ်။ ဒီလိုနဲ့ ...
movie
One on One (2014)
6.6
Night in Paradise (2021)
Night in paradise (2020)အက်ရှင်ကားဆို "အသေကြမ်းမှ ဖိုက်တင်ကောင်းမှ ကြည့်ချင်တယ်" ဆိုတဲ့ဘဒိုတွေအတွက် ဒီနှစ် ၂၀၂၁ခုနှစ် ဧပြီလ ၉ ရက်နေ့က လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ ခပ်ကြမ်းကြမ်း လူဆိုးအက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကိုရီးယား အက်ရှင်ကားထဲမှာ တော်တော် ကောင်းတဲ့ကားလေးတစ်ကားဖြစ်ပြီး သရုပ်ဆောင် ဇာတ်လမ်းဇာတ်ကွက်တွေကလည်း သွေးအေး လူမိုက်ကာရိုက်တာ အရသာကိုထိထိမိမိပေးနိုင်တဲ့ ကားတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းကိုပြောရရင်တော့ ပတ်ထယ်ဂူဆိုတဲ့ ကြေးစားလူမိုက်တစ်ယောက်အကြောင်းပါပဲ။ သူက သူ့ခေါင်းဆောင် ယန်းသူဌေးပေါ်မှာ အလွန် သစ္စာစောင့်သိသူတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာ သူ့သူဌေးရဲ့ ပြိုင်ဖက်ဖြစ်တဲ့ ဘို့ဆွန်းအဖွဲ့က သူဌေးယန်းဆီက ခွာပြီး သူတို့အဖွဲ့ဝင်အဖြစ် လာခဲ့ဖို့ ပတ်ထယ်ဂူကို ကမ်းလှမ်းလာပါတယ်။ ဒါပေမယ့် သစ္စာရှိလူမိုက် ပတ်ထယ်ဂူက ဘို့ဆွန်းအဖွဲ့ဆီသွားဖို့ငြင်းပယ်ခဲ့တဲ့အတွက် သူ့ရဲ့ခင်တွယ်ရာ မိသားစု ဖြစ်တဲ့ သူ့အစ်မနဲ့တူမလေးက ရန်ငြိုးထားအသတ်ခံလိုက်ရပါတယ်။ဒီအတွက် ထယ်ဂူတစ်ယောက် အစ်မနဲ့တူမလေးအတွက် လက်စားချေဖို ဘို့ဆွန်းဂိုဏ်း ဥက္ကဌဒိုကို တစ်ယောက်တည်းသွားတွေ့ပြီး ရက်ရက်စက်စက် ရှင်းပစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျယ်ဂျူကျွန်းမှာ ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ ဂျယ်ယွန်းဆိုတဲ့ အမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂျယ်ယွန်းမှာလည်း လျှို့ဝှက်ချက်တွေနဲ့ပါပဲ။ အသက်ပြင်းလွန်းတဲ့ ဘို့ဆွန်းဂိုဏ်းခေါင်းဆောင် ဥက္ကဌဒိုက မသေသွားဘဲ ဒဏ်ရာအပြင်းအထန်ရပြီး ...
movie
Night in Paradise (2021)
2021