Channel Myanmar

Chicco Kurniawan

Kupu-Kupu Kertas (2024) 7.2
Kupu-Kupu Kertas (2024)  ရိုမီယို ဂျူးလီးယက်တို့လို စိတ်ကူးယဉ်ဇာတ်လမ်းထက်ပိုရိုတဲ့ ပိုသနားရတဲ့ ပိုကြေကွဲစရာကောင်းတဲ့ ၁၉၆၄ ခုနှစ်တုန်းက အင်ဒိုနီးရှားနိုင်ငံထဲမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကိုပြန်လည်ကိုးကားပြီး ရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Kupu-Kupu Kertas ဖြစ်ပြီးလက်ရှိ IMDb Rating 7.2 အထိတောင်ရရှိထားတဲ့အတွက်ဒရာမာကားကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။၁၉၆၄ ခုနှစ်မှာ PKI လို့ခေါ်တဲ့ အင်ဒိုနီးရှားကွန်မြူနစ်ပါတီနဲ့NU ဆိုတဲ့ အစ္စလာမ်အဖွဲ့အစည်းတို့ကြားမှာ လယ်ယာပိုင်ဆိုင်မှုနဲ့ပတ်သတ်ပြီး တင်းမာမှုတွေများစွာဖြစ်နေခဲ့ပါတယ်။အထူးသဖြင့်ပြဿနာကြီးကတော့ PKI ကလူတွေက သာမန်လယ်သမားတွေရဲ့မြေတွေကို လူမိုက်အဖွဲ့တွေငှားပြီး အတင်းအဓမ္မလိုက်လံသိမ်းပိုက်နေတာပဲဖြစ်ပါတယ်။မတရားမှုတွေနောက်မှာ တရားမှုကိုရဖို့တော်လှန်တတ်တဲ့လူတွေအမြဲတမ်းရှိသလို ဒီထဲမှာလည်း မင်းသားဖြစ်သူအီဆန်ကဒီလိုမတရားမှုတွေကိုတော်လှန်ဖို့ NU လက်အောက်မှာဖွဲ့စည်းထားတဲ့ အန်ဆော်ဆိုတဲ့ လူငယ်အဖွဲ့ခေါင်းဆောင်ရဲ့ညီဖြစ်ပါတယ်။ထို့အတူပဲ မင်းသမီးဖြစ်သူ နှင်း ကလည်းအဲ့လိုမတရားမှုတွေကိုဦးဆောင်လုပ်နေတဲ့ခေါင်းဆောင်ကြီးရဲ့သမီးဖြစ်နေပါတော့တယ်။နှင်းက သူ့အဖေရဲ့လုပ်ရပ်တွေကိုသဘောမကျဘဲ စာနာသနားတတ်သူ ကြင်နာတတ်သူဖြစ်တဲ့အတွက် သူ့အဖေ ထပ်မံယုတ်မာပြီး လယ်ယာတွေကိုသိမ်းပိုက်ဖို့ကြိုးစားတဲ့အခါမှာ အဲ့ဒီလယ်ကလယ်သမားတွေကိုသွားရောက်သတိပေးခဲ့ပါတော့တယ်။အဲ့ဒီမှာတင် နှင်းနဲ့ဆန်တို့တွေ့ခဲ့ကြပြီး မတူညီတဲ့ဆန့်ကျင်ဖက်နှစ်ဖက်ကြားက အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်သွားပြီး အချစ်ခရီးကိုလျှောက်လှမ်းသွားကြဦးမလဲဆိုတာကိုရှုစားရမဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။   File size… (1.58 GB) / (984 ...
movie

Kupu-Kupu Kertas (2024)

Five Star Princess (aka) Putri Bintang Lima (2024)
Five Star Princess (aka) Putri Bintang Lima (2024) Five Star Princess (aka) Putri Bintang Lima (2024) "ရွှေဘုံစံမင်းသမီးနဲ့ ကော်ဖီအဖျော်ဆရာလေး"အားလပ်ချိန်မှာအပျင်း‌ပြေဖို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမဲ့ အင်ဒို-အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အချစ်ဟာသဆိုပေမဲ့အရှေ့တောင်အာရှနိုင်ငံ တော်တော်များများက ဘွဲ့ရလူငယ်တွေရဲ့ လက်တွေ့ဘ၀ကိုလည်း ထင်ဟပ်ပြထားပါတယ်။ဇာတ်လမ်းထဲမှာ ပါဒန်နာဟာ မာစတာဘွဲ့ရထားတဲ့ အလုပ်လက်မဲ့လူငယ်တစ်ယောက်ပါ။ ဘွဲ့ရပေမဲ့လည်း အလုပ်ရှားပါးတာကြောင့် အိမ်မှာဒီတိုင်းနေနေတဲ့ ပါဒန်နာကို အဖေဖြစ်သူက ကြည့်မရပါဘူး။ထုံးစံအတိုင်း ပါဒန်နာကို နေ့စဉ်နဲ့အမျှ အလုပ်လုပ်ဖို့ ဖိအားပေးတတ်ပါတယ်။အဲဒီအလုပ်အကိုင်ကိစ္စကြောင့်ပဲ ပါဒန်နာဟာ လက်ရှိရည်းစားဖြစ်သူနဲ့ ဝေးရကိန်းဆိုက်ပါတော့တယ်။ သူ့ရည်းစားရဲ့အဖေက အမေရိကမှာ အခြေချမှ သူ့သမီးနဲ့ပေးစားမယ်ပြောလိုက်လို့ပါ။ဒါကြောင့် ပါဒန်နာလည်း အလုပ်တစ်ခုရှိမှဖြစ်မယ်လို့ ဆုံးဖြတ်ပြီး သူငယ်ချင်းတွေနဲ့ စပ်တူကော်ဖီဆိုင်လေး ဖွင့်ပါတော့တယ်။ဇာတ်လမ်းက အဲဒီတော့မှ စတာပါ။ ပါဒန်နာတို့ကော်ဖီဆိုင်ရဲ့ရှေ့နားမှာ အိမ်ကြီးအိမ်ကောင်း တစ်အိမ်ရှိပါတယ်။ တစ်နေ့တော့ အဲဒီအိမ်က ပါကျန်ကာဆိုတဲ့ ကောင်မလေးနဲ့ ပါဒန်နာတို့ အကြည့်ချင်းဆုံပြီး ရင်တွေခုန်ကြပါတော့တယ်။ပါကျန်ကာရဲ့အဖေဟာ အငြိမ်းစားစစ်ဘက်အရာရှိကြီးတစ်ဦးဖြစ်ပြီး သမီးဖြစ်သူအပေါ် အရမ်းစည်းကမ်းတင်းကျပ်သူပါ။ ပါကျန်ကာကလည်း အဲဒီလိုအဖေလက်အောက်မှာကို ရည်းစားတွေ နေရာစုံအောင်ထားလာတဲ့ လက်လက်ထကောင်မလေးပေါ့။ဒီလိုနဲ့ ရွှေဘုံစံမင်းသမီးလေးပါကျန်ကာနဲ့ သာမန်ကော်ဖီအဖျော်ဆရာလေးပါဒန်နာတို့ရဲ့ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မှာလဲ၊ ကောင်မလေးမိဘတွေ လက်ခံအောင် ပါဒန်နာကရော ဘယ်လိုဉာဏ်နီဉာဏ်နက်တွေထုတ်သုံးမလဲ ...
movie

Five Star Princess (aka) Putri Bintang Lima (2024)

Heartbreak Motel (2024) 7.0
Heartbreak Motel (2024)  အဆိပ်အတောက်ဖြစ်စေတဲ့ဆက်ဆံရေးတွေကနေ ရုန်းထွက်ဖို့ ကြိုးစားနေသူတစ်ယောက်လား??? ဒါဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့ အကြံပေးချင်ပါတယ်သရုပ်ဆောင်လောကရဲ့ တက်သစ်စ သရုပ်ဆောင် အယ်ဗာအက်လန်ဒရာဟာ အတိတ်မှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေကနေ ရုန်းမထွက်နိုင်ဖြစ်နေခဲ့ပါတယ်…သူ့ရဲ့စိတ်ဒဏ်ရာကို ကုစားပေးနေတယ်လို့ သူယူဆခဲ့တဲ့ သူ့ရည်းစား ရီဇာမလစ်က စိတ်တိုဒေါသထွက်လွယ်ပြီး ရိုက်နှက်နှိပ်စက်တတ်သူတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ…..ဒီအဆိပ်အတောက်ဖြစ်နေတဲ့ဆက်ဆံရေးတွေကနေ သူဘယ်လိုရုန်းထွက်ဖို့ ကြိုးစားမလဲ???အတိတ်ကစိတ်ဒဏ်ရာတွေကိုရော သူကုစားနိုင်ပါ့မလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် အင်ဒိုနီးရှား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:55:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Mon
movie

Heartbreak Motel (2024)

Dance of Death aka Ronggeng Kematian (2024) 6.9
Dance of Death aka Ronggeng Kematian (2024) Ronggeng Kematian(2024)အကမယ်IMDb-6.9/10ဂျာဗားအလယ်ပိုင်းက ခေါင်လှတဲ့နေရာမှာ မန်ဂူဆာရီဆိုတဲ့ ရွာလေးတစ်ရွာရှိတယ် ဝေးလံခေါင်ဖျားမီး တောင်မရတဲ့ ဒေသလေးက လူငယ်တွေရဲ့ လေရဟတ်တီထွင်မှုနဲ့ လေအားလျှပ်စစ်ရဖို့ အစပျိုးကာစအချိန်....။အဲဒီရွာလေးက မိန်းမငယ်လေးတွေရဲ့ အိပ်မက်ကတော့ ရွန်ဂျန်အကမယ်တစ်ယောက်ဖြစ်ဖို့ လာရာဆာတီဆိုတဲ့ ကောင်မလေးက ရွန်ဂျန်အကမယ်ဆိုတာထက် အဲဒီအကမှာ တစ်ဖတ်ကမ်းခတ်ထူးချွန်ပြီး သိပ်လှတဲ့ ဆူလာစတရီကိုမှ အားကျပြီး သူ့လိုဖြစ်ချင်တဲ့သူ ၊ ဒါပေမဲ့သူက အဲဒီကကွက်ရဲ့ အချိုးအဆစ်ကိုတောင် ကောင်းကောင်းမလုပ်နိုင်။တစ်နေ့ကျောင်းကအပြန် ပဝါတစ်ထည်ကောက်ရခဲ့ရာက အဲဒီညမှာ ရွန်ဂျန်အကကိုလှလှပပကနေတာကို လာရာဆာတီ့အမေကမြင်သွားပြီ နောက်ရက် မနက်မှာ အကလေ့ကျင့်ပေးတဲ့ဆရာမဆီ အတင်းလိုက်ပို့ခံရတော့တာပဲ ၊ဆရာမရှေ့မှာ မကတတ်လို့ကြောင်နေတဲ့ လာရာဆာတီတစ်ယောက် သူကောက်ရလာတဲ့ပဝါကို ပုခုံးပေါ်တင်ပေးလိုက်ချိန်မှာ ဘေးကလူတွေအကုန်လုံး မှင်သက်သွားလောက်တဲ့ထိ ကကွက်တွေထွက်ပေါ်လာခဲ့တယ် ၊ ဒီလိုနဲ့သူက အကအဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီး ရွာနှစ်ပတ်လည်ပွဲမှာ ဖျော်ဖြေရဖို့ဖြစ်လာတယ် အဲဒီအချိန်မှာပဲ သူတို့ရွာခံကျောင်းသားလေးယောက်က internship ဆင်းဖို့ ဒီရွာကို ခက်ခက်ခဲခဲရောက်လာချိန်....။မြို့ကျောင်းသားတွေလုပ်မဲ့ ဆုပေးပွဲနဲ့ ရွာနှစ်ပတ်လည်ပွဲက တစ်ရက်တည်းတစ်ညတည်း..။ အဲဒီအချိန်မှာ အားလုံးမထင်မှတ်ဘဲဖြစ်ပေါ်လာမဲ့အရာက......။အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni တို့ပဲဖြစ်ပါတယ် File size…1.35GB / ...
movie

Dance of Death aka Ronggeng Kematian (2024)

13 Bombs (2023) 6.7
13 Bombs (2023) 13 Bombs or 13 Bom Di Jakarta [2023] (IMDb 6.8/10)ဇာတ်လမ်းအစမှာ အင်ဒိုနီးရှားအစိုးရရဲ့ ငွေသယ်ကား တိုက်ခိုက်ခံရပါတယ်.. ဒါပေမယ့် အစောင့်တွေသာ သေသွားတယ် ငွေတွေကို ယူမသွားခဲ့ပါဘူး... ပိုက်ဆံတွေကို အနီးအနားက ပြည်သူတွေကသာ ယူသွားကြပါတယ်... ဒီအမှုဟာ အကြမ်းဖက်တိုက်ဖျက်ရေးဗျူရိုရဲ့ ခေါင်းပေါ်ကို ကျရောက်လာပါတော့တယ်... အစကတည်းက စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရချိန်မှာ အခုလိုဖြစ်ရပ်မျိုး ပေါ်ပေါက်လာတာဟာ အစိုးရအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်... ဒီနောက်မှာတော့ ဗျူရိုရဲ့ ဆာဗာထဲထိ ဖောက်ထွင်းဝင်ရောက်လာပြီးတော့ အကြမ်းဖက်သမားတွေက သတိပေးဗီဒီယိုထုတ်လွှင့်ခဲ့ပါတယ် … အဲ့ဒါကတော့ ဂျာကာတာမြို့တခွင် ဗုံး၁၂လုံးထောင်ထားပြီးတော့ ၈နာရီခြားတစ်ခါ ဗုံးခွဲမှာဖြစ်ကြောင်းနဲ့ Indodax ဆိုတဲ့ ငွေလွှဲအပ်ပလီကေးရှင်းကနေတဆင့် Bitcoin ၁၀၀ကို ပို့ပေးခဲ့ရင် ဗုံးခွဲမှုကို ရပ်တန့်ထားမယ်လို့ ပြောကြားခဲ့ပါတယ်... ဒီလိုနဲ့ Indodax ရဲ့ ပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ ဝီလ်နဲ့ အော့စ်ကို ထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတော့တယ်... အကြောင်းပြချက်ကတော့ အကြမ်းဖက်မှုမှာ ပါဝင်ပက်နေလို့ဆိုတာပါပဲ... ဒီလိုနဲ့ သူတို့ကိုဖမ်းဆီးလိုက်သည့်တိုင် အကြမ်းဖက်အဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးမရဖြစ်နေပါတယ်... ဒီလိုနဲ့ ခြေရာခံကြည့်ရင်းက အကြမ်းဖက်အဖွဲ့ဟာ ...
movie

13 Bombs (2023)

2023
Primbon (2023) 5.3
Primbon (2023) Primbon (2023)ထုံးတမ်းထလေ့ အယူအဆတွေ ဘေးလူတွေရဲ့ ပြောစကားကို နားမထောင်မယုံကြည်တတ်တဲ့ မိသားစုလေး သဘာဝလွန် ဘေးအန္တရာယ်တွေကြုံတွေ့လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ရာနာ တစ်ယောက်သူ့အမေအတွက် မွေးနေ့လက်ဆောင်လုပ်ပေးဖို့ တောစပ်ထဲကိုထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ပါတယ်။ တစ်ပတ်အကြာ အားလုံးက သေပြီလို့မှတ်ယူထားတဲ့ ရာနာတစ်ယောက် အိမ်ကိုပြန်ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး မိသားစုအတွင်း ဘယ်လိုပြဿနာတွေဖြစ်လာမလဲ။ ဘယ်လိုတွေ ဖြေရှင်းပြီး ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုာကို သည်းထိတ်ရင်ဖိုနဲ့ ကြောက်လန့်စွာကြည့်ရှုရမယ့် မိသားစု သရဲရုပ်ရှင်‌လေးဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Robin ပဲဖြစ်ပါတယ်Genre..... Drama, Horror Quality…. 1080p | 720p File size… 874MB | 476MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... Aaron
movie

Primbon (2023)

2023
Danur 3: Sunyaruri (2019) 5.1
Danur 3: Sunyaruri (2019) Danur 3 [2019]( 5.1/10 IMDb)သည်းထိတ်ရင်ဖိုဝတ္ထုတွေ ရေးသားတဲ့ စာရေးဆရာမ ရီနာဟာ စိတ်ကူးယဉ်ကောင်း၊ အရေးအသားကောင်းလို့ တစ္ဆေသရဲဝတ္ထုတွေကို ရေးသားနေတာ မဟုတ်ပါဘူး... သူဟာ တကယ်ကို ပရလောကနဲ့ ဆက်သွယ်ပြောဆိုင်နိုင်တဲ့အပြင် သရဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့် အဲ့ဒီအတွေ့အကြုံတွေကို အခြေတည်လို့ ဇာတ်လမ်းတွေ ရေးသားနေခဲ့တာပဲဖြစ်ပါတယ်.... ဘုရားသခင်အလိုတော်အရ သူ့ဆီမှာ ရှိနေခဲ့ရတဲ့ တတိယမျက်လုံးဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ပြင်ပလောကက သာမန်လူတွေနဲ့ အဆင်မပြေဖြစ်စေတာ များပါတယ်... အထူးသဖြင့် ရည်းစားထားတိုင်းမှာ ကောင်လေးတွေဟာ အဖြစ်မှန်ကို သိကြရတဲ့အခါ သူ့အပေါ်လက်လျှော့သွားကြတာချည်းပါပဲ... ဒါပေမယ့် ဒီမတ်စ်ကတော့ အများနဲ့မတူပဲ ကွဲပြားတဲ့ သူတစ်ယောက်လို့ ရီဆာရှုမြင်ထားလေရဲ့... ရီဆာ့ အိမ်မှာ ခိုကပ်နေတဲ့ သရဲပေါက်စကလေးတွေဟာ ရီဆာနဲ့ မောင်နှမဆက်ဆံရေးရှိကြသူတွေသာ ဖြစ်ပါတယ်... ဒါပေမယ့် ရီဆာဟာ ဒီကောင်လေးတွေရဲ့ ဇာတ်ကြောင်းကို ဂဃနဏမသိပါဘူး... မကောင်းဆိုးဝါးသရဲမကြီးတစ်ကောင်က အချိန်တိုင်း ဒီအိမ်ကိုပဲ မိုးကွက်ရွာနေစေခဲ့တာလည်း ရီဆာ မသိရှာပါဘူး... ဒီလိုနဲ့ တစ်ညမှာတော့ ရီဆာဟာ အိမ်မှာ သူ့ကောင်လေး ဒီမတ်စ်အတွက် ...
movie

Danur 3: Sunyaruri (2019)

2019
Cross the Line (2022)
Cross the Line (2022) Cross the Line (2022)ဟယ်ရစ် နဲ့ မာယာ တို့ ချစ်သူနှစ်ဦးက အိပ်မက်တွေကိုယ်စီနဲ့ သင်္ဘောကြီးပေါ်မှာ သန့်ရှင်းရေးလုပ်သားအနေနဲ့ လုပ်ကိုင်ဖို့ လာခဲ့ကြတာပါ။ နှစ်ယောက်သားကတော့ ဒီအလုပ်ကို ပိုက်ဆံများများ ရှာနိုင်ဖို့အတွက် ယာယီအနေနဲ့ပါ။ သူတို့ရဲ့ရည်မှန်းချက်ကတော့ နိုင်ငံခြားမှာ အလုပ်သွားလုပ်နိုင်ဖို့ပါပဲ။မာယာက သူ့အမေရဲ့ကျန်းမာရေးစားရိတ်အတွက် ဝင်ငွေ ပိုရမလားရယ်လို့ လာလုပ်တာပါ။ ဒါပေမဲ့လည်း သင်္ဘောပေါ်မှာ လုပ်ကိုင်ကြရင်းနဲ့ ထင်သလောက် ဝင်ငွေမရကြတဲ့အခါ မာယာကို ခန္ဓာကိုယ် ရင်းပြီး အလုပ်လုပ်ဖို့ လာဆွယ်တဲ့လူရှိတဲ့အခါမှာ မာယာ ဘာလုပ်ဖြစ်မလဲ ဟယ်ရစ်ကလည်း မာယာအတွက် မှောင်ခိုကုန်ကူးလုပ်ငန်းမှာ ဝင်ပြီး လုပ်ရပါတော့တယ်။ရွှေ့ပြောင်းလုပ်သားတွေရဲ့ အချစ်လမ်းခရီးက သာယာဖြောင့်ဖြူးပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 645MB | 346MB Format… mp4 Duration…. 1h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Cross the Line (2022)

Ayo Putus (2022) 7.8
Ayo Putus (2022) Ayo Putus (2022)အညွှန်းဒီရုပ်ရှင်လေးကတော့Romance Comedyလေးပဲဖြစ်ပါတယ် ။ စဲလ်တန်ဆိုတဲ့ကျောင်းမှာနာမည်ကြီးတဲ့ကောင်လေးဟာ မိန်းကလေးတ်ယောက်နဲ့ သုံးရက်ပဲတွဲလေ့ရှိပါတယ်။သုံးရက်ပြည့်တဲ့နေ့မှာတော့ အကြောင်းပြချက်မရှိ လမ်းခွဲတဲ့ နိယာမရှိပါတယ်။ ဒါပေမဲ့ အယ်လ်မာကိုဆိုတဲ့‌ကောင်မလေးနဲ့သုံးရက်တာတွဲဖို့ဖြစ်လာခဲ့ပြီး စဲလ်တန်ရဲ့ နှလုံးသားတံခါးကလည်းပွင့်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ စဲလ်တန်က သူ့ရဲ့နိယာမအတိုင်း အဲလ်မာနဲ့ လမ်းခွဲသွားမလား ဘယ်လိုတွေဖြစ်မလဲဆိုတာကိုတော့ ဒီရုပ်ရှင်လေးထဲမှာပဲပြီးအောင်ကြည့်ပေးကြပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Kyal Sin Yati Ko ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.7GB | 801MB | 384MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kyal Sin Yati Ko Encoder ..... August
movie

Ayo Putus (2022)

2022
Dear Nathan (2017) 6.8
Dear Nathan (2017) Dear Nathan ( 2017 ) IMDb 6.8/10ရုပ်ချောလွန်းလို့ကောင်မလေးတွေဝိုင်းကြိုက်တာခံနေရပါသလား ဒါဆိုရင်တော့ ဒီကားက ယောရောဘွန်းတို့ဆက်ဆက်ဒေါင်းကြည့်သင့်တဲ့ဇာတ်ကားပါပဲနော် ဒီအပိုင်းကတော့ ဆယ်လ်မာနဲ့နသန်တို့စတင်တွေ့ဆုံခြင်းပါပဲဆယ်လ်မာကကျောင်းပြောင်းလာတဲ့ကျောင်းသူသစ်လေးပေါ့ နသန်ကတော့ထုံးစံအတိုင်း ရန်ဖြစ်တတ်တဲ့ဆိုးဆိုးပေပေကောင်လေးပါပဲ ကျောင်းနောက်ကျလို့ ပိတ်သွားတဲ့ကျောင်းတံခါးကြည့်ရင်း စိတ်ဓာတ်ကျနေတဲ့ဆယ်လ်ကို နသန်ကကူညီပေးရင်း သူတို့နှစ်ယောက်ရင်းနှီးသွားခဲ့ပါတယ် နသန်ကကောင်ချောလေးဖြစ်တဲ့အပြင် ဂျစ်ကန်ကန်နဲ့ အစအနောက်လည်းသန်တော့ သူ့ကိုကြိတ်သဘောကျနေတဲ့မိန်းကလေးတွေလည်း အများသားရယ်ပေါ့ဒါပေမယ့် တစ်ယောက်ကိုမှစိတ်မဝင်စားခဲ့တဲ့နသန်က ဆယ်လ်မာ့ကိုတော့မြင်မြင်ချင်းချစ်သွားခဲ့မိတယ် တကယ်ချစ်တဲ့လူအတွက်ပြောင်းလဲပေးချင်ကြတာ ယောကျာ်းတွေရဲ့သဘာဝပဲမလား ဒီတော့ အေးအေးဆေးဆေးနေတတ်တဲ့ဆယ်လ်မာနဲ့ အလိုက်သင့်နေနိုင်အောင် အချစ်ရဲ့ခွန်အားနဲ့ နသန်တစ်ယောက်ကြိုးစားပုံတွေ သူတို့နှစ်ယောက်ကြားက အခက်အခဲဖြေရှင်းပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှူရမှာပဲဖြစ်ပါတယ် File size…1.5GB / 714MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Dear Nathan (2017)

2017
Photocopier (2022) 7.5
Photocopier (2022) အရှေ့တောင်အာရှရုပ်ရှင်လောကမှာ ထိုင်းရုပ်ရှင်တွေ ဦးဆောင်နေတာများပေမယ့် 2021 ရုပ်ရှင်ပွဲတော်တွေမှာ ဆု ၁၂ ဆုနဲ့ ရှားရှားပါးပါး IMDB 7.5 လောက်ရထားတဲ့ အင်ဒိုနီးရှား လူငယ် Thriller ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဆာရန်နီဆိုတဲ့ ကောင်မလေးက နွမ်းပါးတဲ့မိသားစုကဖြစ်ပြီး ကွန်ပြူတာသိပ္ပံကို စကောလားရှစ်ပညာသင်ကြေးနဲ့တက်ရောက်ရမယ့် သူဖြစ်ပါတယ် သူက မာတာဟာရီဆိုတဲ့ ကျောင်းတွင်းပြဇာတ်အဖွဲ့ရဲ့ ဝက်ဆိုဒ်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး နောက်ကွယ်ကနေ နည်းပညာပံ့ပိုးသူပါ... တစ်နေ့သူတို့ပြဇာတ်အဖွဲ့ကျောင်းကပွဲမှာ ဆုရပြီး ဂျပန်ကိုအာရှ တက္ကသိုလ်ပြဇာတ်ပြိုင်ပွဲ စေလွှတ်ခံရတာကြောင့် အဖွဲ့ဝင်တွေအားလုံး ပျော်မဆုံးဖြစ်နေကြပါတယ်...ဒါကိုအောင်ပွဲခံတဲ့အနေနဲ့ ပြဇာတ်ရေးဆရာ ရာမာရဲ့အိမ်မှာ အောင်ပွဲခံ ပါတီလုပ်ကြပြီး ဆာရန်နီလည်း မိဘတွေ မသွားခိုင်းတဲ့ကြားက အတင်းသွားခဲ့ပါတယ်...သူတစ်ညလုံးကဲခဲ့ပြီးနောက်နေ့ မှာတော့ အိမ်ကိုဘယ်လိုပြန်ရောက်နေလဲမသိနိုင်တော့ပါဘူး ပိုဆိုးတာက သူပါတီမှာကဲပြီး အမြင်မတော်တဲ့ပုံတွေကို တစ်ယောက်ယောက်က အွန်လိုင်းမှာတင်သွားပါတယ်...ဒီသတင်းကို စကောလားရှစ်ဘုတ်အဖွဲ့လည်းသိပြီး ဆုကိုပယ်ချလိုက်တဲ့အပြင် အိမ်ပေါ်ကပါ နှင်ချခံလိုက်ရပါတယ်.. ဆာရန်နီတစ်ယောက် သူတစ်ညတာ သတိလွတ်သွားတာကြောင့် ရုတ်တရက်အားလုံးဆုံးရှုံးသွားတာကို ဘယ်လိုအဖတ်ပြန်ဆယ်မလဲ နောက်ကွယ်က သူပုံတွေတင်လိုက်တဲ့သူက‌ရော ဘယ်သူလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖို့ကောင်းကောင်းနဲ့ လူငယ်ဆန်ဆန် ‌ဖြစ်တတ်တဲ့အမှားပေါင်းများစွာကို အာရှအငွေ့အသက်ဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်( ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကို Thiha Yan Naing ကရေးသားထားပါတယ်) File ...
movie

Photocopier (2022)