Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cherry Jones
6.2
Housesitter (1992)
Housesitter (1992)IMDb Rating (6.2) / Rotten Tomatoes (36%) 90s comedy ကောင်းကောင်းလေး ကြည့်ချင်သူတွေအတွက် မင်းသားကြီး Steve Martin ရဲ့ 1992 ခုနှစ်ထွက် Housesitter ဆိုတဲ့ကားလေး တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ Gwen ဆိုတဲ့ လူလိမ်မလေးဟာ Budapest ဆိုတဲ့ စားသောက်ဆိုင်မှာ စားပွဲထိုးရင်း Davis ဆိုတဲ့ ဗိသုကာပညာရှင်တစ်ယောက်နဲ့ အမှတ်မထင်ဆုံခဲ့ပါတယ်။Davis က မကြာခင်ကမှ ရည်းစားဖြစ်သူကို သူ ဆောက်ထားတဲ့ အိမ်အသစ်စက်စက်လေးကို ခေါ်သွားပြီး လက်ထပ်ခွင့် တောင်းခဲ့ပေမယ့် ငြင်းခံခဲ့ရတာပါ။Gwen နဲ့ တွေ့တဲ့အချိန်မှာ Davis က သူ့ရဲ့ နေရပ်ဖြစ်တဲ့ Dobb's Mill မှာ အိမ်လေးက လူမနေဘဲ ဒီအတိုင်း ရှိနေကြောင်း ပြောပြခဲ့ပါတယ်။ဒီလိုနဲ့ Gwen တစ်ယောက် Davis မသိအောင် သူ့နေရပ်က ...
movie
Housesitter (1992)
1992
The Horse Whisperer (1998)
IMDb 6.7/10Horse Whisperer ဆိုတဲ့အတိုင်း လူနဲ့တိရိစ္ဆာန်တွေကြားက ချစ်ခြင်းမေတ္တာ၊ မိသားစုကြားက နွေးထွေးမှု၊ မွန်တာနာကျေးလက်ဒေသက သဘာဝအလှတရားတွေ စတာတွေအကုန်လုံးကို စုံလင်စွာကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်............. စိတ်ဒဏ်ရာတွေကို ကုစားဖို့က မေတ္တာတရားနဲ့ အချိန်ကာလတစ်ခုပဲ လိုအပ်တယ်ဆိုတာကို ပြသပေးသွားမယ့် ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်.............ဆယ်ကျော်သက်အရွယ် ဂရေ့စ်နဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ဂျူဒီတို့က မြင်းစီးထွက်လာခဲ့ကြရင်း မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရာကနေ သူ့အချစ်ဆုံးသူငယ်ချင်း ဂျူဒီဟာ သေဆုံးသွားခဲ့ရတယ်။ ဂရေ့စ်ရော ဂရေ့စ်ရဲ့ မြင်း Pilgrimရော ဆိုးရွားတဲ့ဒဏ်ရာတွေရရှိခဲ့ကြပြီး ဂရေ့စ်အတွက် စိတ်ရောကိုယ်ပါ ထိခိုက်မှုတွေ ဖြစ်သွားစေခဲ့တယ်။ Pilgrim ကလည်း ဒီမတော်တဆမှုကြောင့် စိတ်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာကြောင့် ဂရေ့စ်ရဲ့ အမေ အန်နီက သူ့သမီးရဲ့မြင်းကို ကုစားပေးဖို့ မွန်တာနာကျေးလက်ဒေသရှိ Tom Booker ဆီကို ခေါ်သွားခဲ့ပါတယ်။Tom Booker က မြင်းတွေရဲ့ စိတ်ကို နားလည်နိုင်စွမ်းရှိသူဖြစ်ပြီးတော့ Grace နဲ့ Pilgrim ...
movie
The Horse Whisperer (1998)
6.6
The Party (2017)
The Party (2017)IMDb - 6.6လူမှုရေးဟာသနဲ့ ဒရာမာရောစပ်ထားတဲ့ The Party (2017) ဟာ ဗြိတိသျှ အနုပညာလက်ရာမြောက် ဇာတ်ကားတစ်ကားဖြစ်ပြီး ပြသချိန် ၇၁ မိနစ်ပဲကြာပေမဲ့ သရုပ်ဆောင်တွေရဲ့ အထူးချွန်ဆုံး ပါဝင်မှုတွေကြောင့် ကမ္ဘာတစ်ဝှမ်းက ဝေဖန်ရေးသမားတွေရဲ့ အပြည့်အဝချီးကျူးမှုကို ရရှိခဲ့ပါတယ်။ရရှိခဲ့သောဆုများ - Berlin International Film Festival (2017) – Silver Bear for Best Script (Sally Potter) - British Independent Film Awards (2017) – Best Supporting Actress (Patricia Clarkson) - အခြားဆန်ကာတင်စာရင်းဝင် ဆုများစွာသရုပ်ဆောင်တွေကတော့ - စိတ်ဖိစီးမှုတွေနဲ့ ရုန်းကန်နေရသူ အောင်မြင်တဲ့ နိုင်ငံရေးသမား ဂျန်းနက်အဖြစ် Kristin Scott Thomas - ဂျန်းနက်ရဲ့အရက်လွန်ကျွံသောက်ပြီးစိတ်ဓာတ်ကျနေတဲ့ခင်ပွန်း ဘေလ် အဖြစ် ...
movie
The Party (2017)
5.5
Wine Country (2019)
Wine Country (2019) ********************"ဟဲ့ မသာမကြီး ဟိုကောင်မ" စတဲ့ ခပ်ရိုင်းရိုင်းအသုံးအနှုန်းမျိုးနဲ့ နှုတ်ဆက်ပေမယ့် မျက်နှာတွေကပြုံးချိုနေတဲ့ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေ လူတိုင်းမှာရှိကြတယ်...အထူးသဖြင့် State ကျောင်းသား ကျောင်းသူဘဝကငယ်သူငယ်ချင်းတွေပေါ့...အရွယ်လေးရောက်လာတော့ လောကကြီးကိုဖြန့်ကျက်ဖို့ရာ ကိုယ်အားသန်ရာနေရာကိုယ်စီကိုလျှောက်လမ်းကြရင်း တဖြည်းဖြည်း ကျွန်တော်တို့ငယ်သူငယ်ချင်းတွေဟာ ဝေးကွာမှန်းမသိဝေးကွာကုန်တယ်...ဘဝကိုယ်စီရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကစဉ့်ကလျားမဖြစ်အောင် အံကြိတ်ထမ်းပိုးရင်း ငယ်သူငယ်ချင်းတွေနဲ့ပြန်ဆုံဖို့အခွင့်အရေးဆိုတာ နောက်ဆုံးမှလုပ်ရမဲ့ အစီအစဉ်ထဲကိုရောက်မှန်းမသိရောက်ကုန်ကြတယ်...ခရီးအတူထွက်ဖို့ ဆိုင်မှာအတူဆုံပြီးစားကြဖို့မျိုးစုံကြိုးစားကြပေမဲ့ ငယ်သူချင်းတွေနဲ့ပြန်ဆုံဖို့ဆိုတာ တိမ်ထဲမှာစာရေးသလိုပါပဲ...ကိုယ့်ဆန္ဒထက်ဦးစားပေးရမဲ့ လက်ရှိဘဝလေပွေလည်းတစ်ချက်တိုက်လိုက်ရုံနဲ့ ကျွန်တော်တို့အစီအစဉ်တွေအကုန်လုံးပျက်ကုန်ကြတာပဲမဟုတ်လား...ခင်ဗျားတို့အားလုံး ဒီလိုအဖြစ်မျိုးမကြုံဖူးတဲ့သူ ခပ်ရှားရှားပါပဲ...ဇာတ်လမ်းအညွှန်း --------------ဒီကားထဲမှာတော့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေဟာ သူတို့အုပ်စုထဲက သူငယ်ချင်းတစ်ယောက်ရဲ့အသက် ၅၀ပြည့်မွေးနေ့အတွက် ခရီးစုထွက်ဖို့ကြိုးစားကြတယ်...ကျွန်တော်တို့လိုတော့မဟုတ်ဘူးပေါ့...သူတို့အဖွဲ့ကတော့ တကယ်ကိုဆုံဖြစ်ခဲ့ကြတယ်...ငယ်သူငယ်ချင်းတွေပြန်ဆုံတော့ တကယ့်ကို ပွင့်ပွင့်လင်းလင်းပြောစရာရှိပြောကြဆိုကြနဲ့ပေါ့...ဒီကားလေးကိုကြည့်ရင်း ရယ်စရာလေးတွေတွေ့ရသလိုပြန်ဆုံကြတဲ့အခိုက်အတန့်မှာ သူတို့သောင်းကျန်းတဲ့ပုံတွေကိုလည်း ဟာသလေးတွေနှောပြီးတွေ့ရလိမ့်မယ်...ခံစားကြည့်လိုက်ပါဦးလို့ပဲ ပြောပါရစေ...File Size : 2.06GB / 997MB Quality : WEB-DL 1080p 5.1ch / 720p Duration : 01:43:00 Genre : Comedy Subtitle : ...
movie
Wine Country (2019)
6.5
Ocean’s Twelve (2004)
Ocean's Twelve (2004)IMDb Rating (6.5) / Rotten Tomatoes (55 %)George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac ၊ Julia Roberts ၊ Catherine Zeta‑Jones တို့လိုနာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊ကဲ Ocean 11 ရဲ့ နောက်ဆက်တွဲ Ocean 12 ပါဗျား...2004 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာနဲ့ ထုတ်လုပ်သူကတော့ ပထမဇာတ်လမ်းက ပုဂ္ဂိုလ်များပဲဖြစ်ပါတယ်။ဆုတံဆိပ် ၄ ခုနဲ့ စံကာတင်စာရင်း ၁၀ ခု ဝင်ခဲ့ပါတယ်။ Rating တွေနဲ့ ဆုပိုင်းမှာ အနည်းငယ် ...
movie
Ocean’s Twelve (2004)
2004
4K HEVC
7
Boy Erased (2018)
Boy Erased (2018) ******************** IMDb.....7.0,,,Rotten.....81% "ဟဲလို" "မစ္စနန်စီအီမန်လားခင်ဗျ" "ဟုတ်ပါတယ်" "'ကျွန်တော်က ဒန်နင်ကော်လိပ်က တာဝန်ရှိသူပါ..ခင်ဗျားတို့သားနဲ့ပတ်သက်ပြီးကျောင်းမှာ သတင်းဆိုးတွေပြန့်နေလို့ပါ" "ရှင် ဘာများဖြစ်လို့လဲ" "အဲဒါက...." ဒီဖုန်းလေးတစ်ချက်ကြောင့် နန်စီတို့မိသားစု ကမ္ဘာပျက်သလိုဖြစ်သွားရတယ်... သူတို့မိသားစု(၃)ဦးရှိတယ်..ယောက်ျားဖြစ်သူနာမည်က မာရှယ်ဖြစ်ပြီး သင်းအုပ်ဆရာတစ်ဦးလည်းဖြစ်တယ်... သားရဲ့နာမည်ကတော့ ဂျဲရက်... ဖုန်းဆက်ပြီးပြောသွားတဲ့ကိစ္စကတော့ ဂျဲရက်ဟာ လိင်တူစိတ်ဝင်စားသူဖြစ်တဲ့အကြောင်းပြောတာပါ... မိဘ(၂)ပါးဖြစ်သူဟာ LGBTကိစ္စကိုလုံးဝရှုံချသူတွေပီပီ ဒီသတင်းကိုကြားတော့ ယူကျုံးမရဖြစ်နေတယ်...ဒီလိုနဲ့ သားကို မျက်နှာချင်းဆိုင်မေးတဲ့အခါမှာတော့ ဂျဲရက်ကိုယ်တိုင်က "သားတကယ်လိင်တူစိတ်ဝင်စားမိပြီထင်တယ် အဖေနဲ့အမေ..ဘာကြောင့်မှန်းမသိဘူး...သားတောင်းပန်ပါတယ်"တဲ့... ဒီကားကတော့ LGBT တွေကို ရှုတ်ချပြီး အသွင်ပြန်ပြောင်းပေးဖို့ ကြိုးစားကြတဲ့အဖွဲ့နဲ့ LGBT ဖြစ်နေတဲ့သူတွေအကြောင်းကိုရိုက်ထားတာပါ... မိဘတွေကိုယ်တိုင်က လက်မခံတဲ့အပြင် အသိုင်းအဝန်းတစ်ခုလုံးကလည်း ကဲ့ရဲ့စရာဖြစ်နေတော့ ဂျဲရက်ခဗျာ ယောက်ျားစိတ်စင်စစ်ဖြစ်အောင်ကြိုးစားဖို့ ကတိပေးလိုက်ရတယ်... ကျွန်တော်တို့မြန်မာကားတွေထဲမှာတော့ LGBTကို ဟာသ အဖြစ်သရုပ်ဖော်ရုံမက စရိုက်ခပ်ကျကျပုံမျိုးတွေ သရုပ်ဖော်ထားတာများသောအားဖြင့်တွေ့ရတယ်... ..သူတို့ရဲ့ပုံဖော်မှုအကျိုးဆက်ကတော့လူအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ဖို့ ဆိုတာမျိုးကြီးပဲကျန်နေခဲ့တယ်.... ကျွန်တော်ဟာ ဒီကားနဲ့ပတ်သက်လို့ ထွေထွေထူးထူးမညွှန်းလိုဘူး.... နောက်ဆုံးပြောချင်တာက လိင်တူချစ်သူဆိုတိုင်း ဟာသတစ်ခုလို၊ ကဲ့ရဲ့စရာ၊ လှောင်ပြောင်စရာ၊ နှိမ့်ချစရာလို မမြင်ပါနဲ့... အဆင့်အတန်းရှိပြီး လေးစားလောက်စရာ လိင်တူချစ်သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အများကြီးရှိပါတယ်.. မြန်မာဇာတ်ကားအချို့ကိုကြည့်ပြီး လမ်းမဆုံးကြပါနဲ့လို့ ပြောချင်ပါတယ်။ ဒါကိုလည်း ဒီဘက်ခေတ်မှာ အတေ်ာများများသိပြီးသားထင်ပါတယ်... မှတ်ချက်....(မြန်မာဇာတ်ကားဆိုသည်မှာ LGBTများကို ဟာသ သဖွယ်ရိုက်ပြထားသည့် ဇာတ်ကားများကိုသာဆိုလိုသည်...) File Size : ...
movie
Boy Erased (2018)
7.4
24: Redemption (2008)
24: Redemption (2008) ================== IMDb Rating - 7.4/10ဒီကားလေးက အမေရိကန် နာမည်ကြီး စုံထောက် စီးရီးဖြစ်တဲ့ '24' ဆိုတဲ့ စီးရီးရဲ့ အဆက် တစ်ပိုင်းတည်းအပြီး ကားလေးဖြစ် ပါတယ်။ စီးရီးမှာတော့ စုစုပေါင်း Season 9 ခုထိရှိပြီး အတော် လေးအောင်မြင်ခဲ့တယ်ပြောရမှာပါ။ ဇာတ်ဆောင်မင်းသားအနေနဲ့ ကတော့ 1990 နဲ့ 2000 ခုနှစ် တွန်ခရုစ်တို့နဲ့အပြိုင်တောက်ပခဲ့တဲ့ Kiefer Sutherland ဘဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အေးဂျင့်ဘဝကနေ အနားယူ လိုက်တဲ့ Sutherland နဲ့သူ့သူငယ်ချင်းတို့က Sangala ဆိုတဲ့ အာ ဖရိဂန်နိုင်ငံမှာ မိဘမဲ့ဂေဟာလေးမှာလုပ်အားပေးလုပ်ရင်း ဘဝကို အေးဆေးနေနေတဲ့အချိန်ပေါ့။ (Sangala ဆိုတာက Fiction ပါ၊ အပြင်မှာမရှိပါဘူး)။ တဖက်မှာလည်း အမေရိကန်တို့ သူတို့တိုင်း ပြည်မှာခြေရှုပ်နေတာကို မကြိုက်တဲ့ စစ်သွေးကြွအဖွဲ့တွေရှိနေပါ တယ်။ ဒါပေမဲ့ 24 စီးရီးမှာ သူတို့ခေါင်းဆောင်ကို အမေရိကန်တို့က လက်နက်ဖြုတ်လိုက်ပြီးပါပြီ၊ ဒါပေမဲ့ တွင်းထွက်မရှိ၊ စီးပွားရေး အခွင့်အလမ်းမရှိတော့ US တို့ဘက်က ပြန်ဆုတ်ချင်နေပါတယ်။ဒီလိုနဲ့ ရာထူးကဆင်းပေးရတော့မယ့် US ...
movie
24: Redemption (2008)
2008
7.0
Amelia(2009)
Amelia(2009)************Amelia Earhartဆိုသူဟာ အတ္တလန္တိတ်သမုဒ္ဒရာကို လေယာဉ်နဲ့တစ်ဦးတည်း ဖြတ်ပျံသန်းပြခဲ့တဲ့ ပထမဆုံးအမျိုးသမီးပါပဲ။ အခြားစံချိန်တင် ပျံသန်းမှုတွေကလည်း ဒုနဲ့ဒေးပါ။ သူ့ရဲ့ စွန့်စားမှုတွေအကြောင်းစာအုပ်ထုတ်ဝေရေးသားခဲ့ပြီး 1935 ဝန်းကျင်မှာတော့ အမေရိကမှာနာမည်အကြီးဆုံး အမျိုးသမီးပါပဲ။ ၁၉၃၇ခုနှစ်မှာ ကမ္ဘာကြီးကို တစ်ပတ်ပတ်ပျံရင်း စံချိန်တင်ဖို့ကြိုးစားခဲ့ပါသေးတယ်။ကံအကြောင်းမလှဘဲ ဒီပျံသန်းမှုလုပ်ဆောင်နေစဥ်အတွင်းမှာပဲ Ameliaနဲ့ သူ့ရဲ့လမ်းကြောင်းပြဖြစ်သူဟာ ပျောက်ဆုံးသွားခဲ့ပြီး ဘယ်သောအခါမှ ရှာမတွေ့ခဲ့ပါဘူး။ ဒီရုပ်ရှင်ဟာ သူ့ရဲ့ ပျံသန်းမှုခရီးစဥ်တွေအကြောင်း၊ အမျိုးသမီးလေယာဥ်မှူးတစ်ယောက်ရဲ စွန့်စားမှုတွေ၊ ဘာကြောင့်ပျောက်ဆုံးသွားရတယ်ဆိုတာကို ရိုက်ကူးပြသထားတဲ့ Biography ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်File Size : (1.8GB) and (769MB) Quality :BLU-RAY1080P, 720p Format…mp4 Duration…01:25:00 Genre : Adventure, Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Amelia(2009)
6.5
The Perfect Storm (2000)
2012တို့ The Finest Hoursတို့လို disaster moviesကြိုက်တတ်သူတွေအတွက် ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ The Perfect Storm ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… Best Special Visual Effectsဆုရထားတာမလို့ ကားဟောင်းကြီးဆိုပြီး CGI ဂွမ်းမှာလည်း မပူရပါဘူးသရုပ်ဆောင်တွေကတော့ Oceanမင်းသားကြီး George Clooneyနဲ့ The Italian Jobမင်းသား Mark Wahlbergတို့ဖြစ်ပြီး directorကတော့ Air Force One, Poseidenတို့ကိုရိုက်ကူးခဲ့သူ Wolfgang Petersonပဲ ဖြစ်ပါတယ်…ဇာတ်လမ်းအကျဥ်း ကပ္ပတိန်ဘီလီတိုင်နဲ့ တံငါသည်၅ယောက်တို့ဟာ အန်ဒရီရာဂေးလ်ဆိုတဲ့ ငါးဖမ်းလှေနဲ့ ပင်လယ်ထဲကိုငါးဖမ်းထွက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့ နှစ်၁၀၀မှာ ၁ခါဖြစ်ခဲလှတဲ့ မုန်တိုင်းကြီးတစ်ခုနဲ့ ပက်ပင်းတိုးပါတော့တယ်.. ရိုးရိုးမုန်တိုင်းမဟုတ်ဘဲ The Perfect Storm လို့ခေါ်ရလောက်အောင် ဘာတွေကများထူးခြားနေလို့လဲ… ဒီမုန်တိုင်းကြီးထဲကနေ သူတို့တွေလွတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးFile size…(2.83GBGB) / (`1.54GB) Quality…. Web 1080P / ...
movie
The Perfect Storm (2000)
5.6
Knight of Cups (2015)
Knight of Cups (2015) =================Terrence Malickကို ကောင်းကောင်းသိတဲ့ လူတွေအတွက်တော့ ဘယ်လိုရုပ်ရှင်ဆိုတာရှင်းပြစရာ မလိုပေမဲ့၊ ဒီရုပ်ရှင်ဟာ Fragmentation ဆန်ဆန် ဒိုင်ယာလော့တွေကို နာရေးတစ်ပြောပြီး ဘာမှမပြနေတာတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ Christian Bale , Cate Blanchett, Natalie Portman, Ben Kingsley, Antonio Banderasတို့လို တန်းမြင့် သရုပ် ဆောင်တွေကို သုံးထားပါတယ်။Terrence Malickဟာ Tree of Lifeနဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပွဲတော် ဖြစ်တဲ့ ကိန်းမှာ Palme d'Orရခဲ့သလို The Thin Redline, A hidden Life, Days oF Heaven လို မာစတာပိစ်ကားတွေလည်း ရိုက်ခဲ့ပါတယ်။Knight of Cupsမှာတော့ အခန်း၈ခန်းကို နောက်ဆုံးခန်းကလွဲ တားရော့ကတ် (၇)ခုနာမည်သုံး ပုံဖော်သွားခဲ့ပြီး baleကိုတော့ Knight of cupsအနေနဲ့ ပုံဖော် ထားပါတယ်။ ဘေးလ်တစ်ယောက် စိတ်ဓာတ်ကျပြီး ...
movie
Knight of Cups (2015)
2015
6.7
Signs (2002)
Signs (2002) ~ IMDb - 6.7/10, RT - 74%, Letterboxd - 3.4/5 ~Horror / Thriller ရုပ်ရှင်တွေကို သဘောကျတဲ့လူတွေအနေနဲ့တော့ ဒါရိုက်တာ M. Night Shyamalan ကို မသိတဲ့လူ မရှိလောက်ပါဘူး။ ရုပ်ရှင်နဲ့ လူမတွဲမိရင်တောင် သူ့ကားအများစုကို ကြည့်ဖူးပြီးသားဖြစ်ကြမှာပါပဲ။ Shyamalan ဟာ The Sixth Sense, Unbreakable Trilogy, The Village, The Happening နဲ့ Old အစရှိတဲ့ ကားတွေကိုရိုက်ခဲ့တဲ့သူပါပဲ။Signs ဟာ Shyamalan ရဲ့ မာစတာပိစ်တစ်ကားအဖြစ် Horror ဖန်တွေ သမုတ်ကြတဲ့ ရုပ်ရှင်တစ်ကားဖြစ်သလို Mel Gibson, Joaquin Pheonix တို့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့အတူ မင်းသား Rory Culkin, ...
movie
Signs (2002)
2002
5.6
The Sky Is Everywhere (2022)
The Sky Is Everywhere (2022)======================ဒီနေ့အတွက် Apple TV+ ကနေပြသသွားတဲ့ Drama, Music, Romance ကားသစ်လေးကိုတင်ဆက်ပေးချင်ပါတယ်။ပူဆွေးသောကဆိုတာ နေ့တိုင်း တစ်ယောက်ယောက်က တံခါးလာခေါက်ပြီး ပျောက်ကွယ်သွားသလိုပဲ..... ဘဝမှာ ကိုယ်ချစ်ရတဲ့ သူတစ်ယောက်ကို ဆုံးရှုံးရရင် ကမ္ဘာတစ်ခုလုံး ပျက်လုမတတ် ခံစားရပါတယ်....... ဒီဇာတ်ကားထဲမှာလည်း 17 နှစ်အရွယ် ကောင်မလေးတစ်ယောက်၊ သူ့အစ်မ ရုတ်တရက် သေဆုံးသွားပြီးနောက်ပိုင်း သောကရောက်နေတဲ့ လင်နီဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းနဲ့ သူမရဲ့ အချစ်ရေးအကြောင်းကို ရိုက်ကူးထားတာပါ။ သူမသိပ်ချစ်ရတဲ့ အစ်မမရှိဘဲ သူမဘဝ ဘယ်လိုရပ်တည်မလဲ သောကရောက်နေတဲ့ သူမဘဝထဲ ကောင်လေး တစ်ယောက်ဝင်လာနိုင်ချိန်မှာတော့ အရင်လို သူမဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်း နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး...... 2022 ထွက် လူငယ်အကြိုက် ဒရမ်မာဇာတ်ကားလေးမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (1.9 GB) /(855 MB) / (572 MB) Quality – ...
movie
The Sky Is Everywhere (2022)
2022
6.5
The Village (2004)
The Village (2004) ~~~~~~~~~~~ရွာ...အပြစ်ကင်းစင်မှုတွေနဲ့ ထုံမွှမ်းနေတဲ့ ချစ်စရာရွာလေး။ စကားပြောတာတောင် နူးနူးညံ့ညံ့နဲ့ ဂုဏ်တွေ ပကာသနတွေ ဘာမှမရှိတဲ့ရွာလေးပေါ့။ဒီချစ်စရာရွာလေးမှာ သတ္တိ၊ဒေါသနဲ့ ရမ္မက်ကို ကိုယ်စားပြုနေတဲ့ အနီရောင်ကို အရောင်ဆိုးလို့ သတ်မှတ်ကြတယ်။အနီရောင်ကို မြင်တာနဲ့ မြေမြှုပ်ပစ်ကြတယ်။ ဒီလိုလုပ်ရတာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေပါသေးတယ်။အနီဟာ သူတို့မပြောကြတဲ့ သတ္တဝါတွေကို ဆွဲဆောင်နိုင်လို့ပါတဲ့။ဒီလိုအေးချမ်းတဲ့ရွာလေးမှာ မကောင်းတဲ့ အချက်ဆိုလို့ သူတို့ရွာဘေးက တောအုပ်ထဲက သူတို့မပြောကြတဲ့ သတ္တဝါတွေပဲရှိမယ်ထင်တယ်။ ရွာထဲက ကာလသားတွေမှာ သတ္တိပြစရာဆိုလို့ တောအုပ်ကို ကျောပေးပြီး အချိန်ဘယ်လောက်ကြာအောင် ရပ်နိုင်လဲဆိုတာကပဲ သူတို့အတွက် စိတ်လှုပ်ရှားစရာ စွန့်စားခန်းဖြစ်နေတယ်။ ရွာလေးက အေးချမ်းတယ်ဆိုပေမဲ့ ဆေးဝါးအထောက်အပံ့မရှိ တခြားမြို့ပြတွေနဲ့လည်း အဆက်အသွယ်မရှိလို့ ကုစရာဆေးဝါးမရှိတာကြောင့် လက်လွှတ်လိုက်ရတဲ့ ရွာသူရွာသားတွေ ရှိနေတာပေါ့။တောအုပ်ကြီးထဲမှာ ဘာရယ်မပြောနိုင်တဲ့ သတ္တဝါတွေရှိနေတာကြောင့် သွားလို့ကလည်း မဖြစ်ဘူးဆိုပေမဲ့ လူတွေဆိုတာ စွန့်စားတတ် စူးစမ်းတတ်တဲ့အမျိုးပဲမဟုတ်လား။ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် ကာလသားတွေထဲက သတ္တိအရှိဆုံးလူငယ်လေးတစ်ယောက်က ရွာရဲ့ကောင်းကျိုးအတွက် တောအုပ်ကိုဖြတ်ပြီး ဆေးဝါးသွားရှာဖို့ပြောလာပါတယ်။ဒီလူငယ်လေး အောင်အောင်မြင်မြင်နဲ့ ...
movie
The Village (2004)
2004
7.4
Erin Brockovich(2000)
Erin Brockovich(2021) အညွှန်း****************************IMDb....7.4ငွေကြေးဆိုင်ရာအောင်မြင်မှုတွေရော၊ ကောင်းမွန်တဲ့မှတ်ချက်တွေရော၊ဆုဇကာတင်တွေရောအများကြီးရရှိထားပြီး ခေါင်းဆောင်မင်းသမီး မမချော Julia Robertsကို leading roleအတွက် Oscars,BEFTA award, Golden Globeအပါအဝင် ဆု၇ဆုရရှိစေခဲ့တဲ့ Biographical Dramaကားတစ်ကားပါ။ Erin Brockovichဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝကိုအလှည့်အပြောင်းကြီးဖြစ်စေခဲ့တဲ့အချိန်တစ်ခုကိုရိုက်ပြထားပါတယ်။Erinအကြောင်းကို တခြားဇာတ်ကားတွေရိုက်ထားတာရှိပေမယ့်ဒီကားကတော့ပိုအောင်မြင်ပြီး ဖြစ်ရပ်မှန်နဲ့ ၉၈%တူညီပါတယ်တဲ့။ Erinဟာ ပိုက်ဆံမရှိ၊ အိမ်ထောင်နှစ်ခါကွဲခဲ့တဲ့ ကလေးသုံးယောက်ရှိတဲ့ဆင်ဂယ်မိခင်၊စိတ်ထင်သလိုပြောတတ်ပြီး အရမ်းဟော့ဟော့ရမ်းရမ်းဝတ်စားတဲ့ အလန်းစားမိန်းမလှတစ်ယောက်။တစ်နေ့ကားတိုက်မှုကြောင့် လျော်ကြေးသိပ်မရလိုက်တဲ့အခါအမှုလိုက်ပေးတဲ့ရှေ့နေဆီမှာ မရမကအလုပ်တောင်းပါတယ်။ဥပဒေနဲ့ဆိုင်တဲ့အတွေ့အကြုံဘာတစ်ခုမှမရှိပဲရှေ့နေရုံးခန်းမှာအလုပ်လုပ်ရင်း အိမ်ခြံမြေရောင်းတဲ့အမှုတစ်ခုမှာဆေးမှတ်တမ်းဖိုင်တွေပါတွဲထားတာကို နားမလည်လို့ သေချာစုံစမ်းလိုက်တဲ့အခါပစိဖိတ်ဓာတ်ငွေ့နှင့်လျှပ်စစ်ကော်ပိုရေးရှင်းအကြီးစားကြီးဟာအဲ့နယ်မြေနားမှာနေထိုင်တဲ့လူတွေအပေါ် ရောဂါများစွာဖြစ်စေပြီးအသက်အန္တရာယ်အရမ်းရှိတဲ့အဆိပ်အတောက်တွေစွန့်ထုတ်နေတဲ့ ဖုံးကွယ်ထားမှုကြီးကိုသိရှိသွားပြီးအဲ့နားမှာနေထိုင်သူတွေအတွက်လျော်ကြေးရအောင် အမှုလိုက်ရပါတော့တယ်။ဒီဖြစ်ရပ်ဟာ အမေရိကန်ရဲ့ Direct action lawsuitသမိုင်းမှာအမြင့်မားဆုံးလျော်ကြေးပေးဆောင်ခဲ့ရတဲ့အမှုပါ။ဒီအမှုကြီးတစ်ခုလုံးကို လူတိုင်းက Beauty without brainလို့မြင်တဲ့အားပြင်းတဲ့ ဟော့ဟော့ရမ်းရမ်းမိန်းမတစ်ယောက်ကဦးဆောင်သွားခဲ့ပုံတွေကိုဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ပြသွားတာပါ။ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေအများကြီးရှိတဲ့အတွက်Biographicalဆိုရင် နည်းနည်းပျင်းစရာကောင်းနေမလားဆိုတဲ့ အတွေးကိုထုတ်ပစ်လိုက်ပါ။သေချာပေါက်ပြောနိုင်တာကတော့ ဒီကားဟာ ဇာတ်လမ်းကောင်းတွေထဲကတစ်ပုဒ်ပါ။တစ်ခေတ်တခါက ပုရိသတို့ရဲ့အသည်းကျော် မမJuliaရဲ့ powerfulဖြစ်တဲ့သရုပ်ဆောင်မှုတွေနဲ့ အလန်းစားအလှတရားတွေကလည်း ဇာတ်လမ်းနဲ့ကွက်တိကို လိုက်ဖက်နေပါတယ်။ဒီကားမှာ အားကောင်းလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် သရုပ်ဆောင်ကြေးအမြင့်ဆုံးအမျိုးသမီးသရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားမှာErinရော ရှေ့နေ Masryရော ...
movie
Erin Brockovich(2000)
6.9
The Eyes of Tammy Faye (2021)
The Eyes of Tammy Faye (2021)======================IMDb Rating - 6.9/10Televangelism ဆိုတာကို အဓိပ္ပါယ်အပေါ်လွင်ဆုံးဖြစ်အောင် ရှင်းတမ်းထုတ်ရရင် ရုပ်မြင်သံကြားကနေတစ်ဆင့်တရားဟောခြင်းပေါ့ဗျာ။ televangelist ကတော့ ရုပ်သံတရားဟောသူပေါ့။ဒီဇာတ်လမ်းဟာ တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်သံတရားဟောသူ Tammy Faye နဲ့ သူ့ဘ၀အကြောင်းကိုရိုက်ကူးတင်ဆင်ထားတဲ့ Drama/ biography film တစ်ပုဒ်ပါ။ မင်းသမီး Jessica Chastain နဲ့ မင်းသား AndrewGarfield တို့က အဓိကပါ၀င်သရုပ်တောင်ထားပြီး rating ကလည်း မခေလှပါဘူး။ဇာတ်လမ်းအကျဉ်း ------------------------------Tammy Faye နဲ့ Jim Bakker ဆိုတဲ့ လူသားနှစ်ဦး ကံကြမ္မာအကြောင်းဖန်လာတော့ ချစ်သူတွေဖြစ်သွားခဲ့ကြတယ်။၂ ယောက်လုံးက ဘာသာရေးအယူအဆတွေ အတွေးအခေါ်တွေ တူလွန်းကြပြီး အသွင်တူတဲ့ ကြင်သူတွေဖြစ်ခဲ့သည်လို့ဆိုရပေမယ်ပေါ့။ ခင်ပွန်းဖြစ်သူ Jim ဟာလည်း ဘ၀ရည်ရွယ်ချက်တွေကြီးမားပါပေတယ်။ ဒီလိုနဲ့ နှစ်ယောက်သားလက်ထပ်ပြီးတဲ့နောက်မှာ ကိုင်းရှိုင်းသက်၀င်ရာ ဘာသာအယူအဆတွေနဲ့ ...
movie
The Eyes of Tammy Faye (2021)
2021
7.3
Our Friend (2021)
Our Friend (2021)******************(IMDb 7.3 )ဇတ်လမ်းအညွှန်း============ဘဝမှာ လူတစ်ယောက်တိုင်းဆီက လူပေါင်းစုံနဲ့ ကြုံဖူးကျ နေဖူးကျမှာပါ...အဲ့ထဲမှာမှ ကိုယ်အရမ်းချစ်ရတဲ့မိသားစုတွေရှိကြတယ်...အရမ်းခင်ရတဲ့သူငယ်ချင်းတွေရှိကြတယ်...အဓိကပြောချင်တာကတော့ အရမ်းခင်ရတဲ့သူငယ်ချင်းဆိုတဲ့အကြောင်းလေးပါပဲ... အဲ့လိုသူငယ်ချင်းကို..ညီအစ်ကိုမောင်နှမလို ချစ်ပြီးရင်းနှီးခင်မင်ဖူးကြမှာပါ...အနေဝေးနေရင်တောင်မှ ဘယ်လောက်ရင်းနှီးကြတယ်ဆိုတာ ထုတ်ပြောစရာတောင်မလိုပါဘူး... အဲ့လိုသူငယ်ချင်းတွေထဲမှာမှ အသက်လတ်ပိုင်း လောက်မှာ စတော့ခင်ဖူးခဲ့တယ်...ဒါပေမဲ့ မိသားစုလိုဖြစ်သွားတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်းကို ဒီဇာတ်ကားထဲမှာ ဖော်ပြထားပါတယ်...သူ့နာမည်က ဒိန်းတဲ့...ဒိန်းက ပျင်းစရာကောင်းတဲ့စာရင်းကိုင် အလုပ်ကိုလုပ်ပါတယ်...သူ့မှာ ကောင်မလေးလဲရှိတယ်...ဇာတ်ကားရဲ့အစမှာတော့ သူစပြီးပေါင်းဖြစ်သွားတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ မက် နဲ့ နစ်ကိုးလ်တို့လင်မယားလေးအကြောင်းနဲ့ ပြထားပါတယ်......နစ်ကိုးလ်ဆိုတဲ့မိန်းကလေးက ကဇာတ်မှာသီချင်းဆိုတဲ့အလုပ်လုပ်တယ်...သူ့ယောက်ျားဖြစ်တဲ့ မက်က ဂျာနယ်ဌာနမှာ စာရေးတဲ့အလုပ်လုပ်တယ်...ဒိန်းက နစ်ကိုးလ်ဆိုတဲ့သူငယ်ချင်းမိန်းကလေးကို လူလွတ်ထင်ပြီး ချိန်းတွေ့ဖို့လုပ်ရင်းက ခင်သွားကြတာပါအဲ့လိုနဲ့ တဖြည်းဖြည်းပေါင်းလာရင်းနဲ့ အချိန်တွေကြာလာတဲ့တစ်ရက်မှာ သူတို့ကြားထဲမှာ မထင်မှတ်တဲ့ ဝမ်းနည်းစရာအဖြစ်ဆိုးကြီးတစ်ခုကို ကြုံလိုက်ရပါတယ်...အဒါကတော့ နစ်ကိုးလ်မှာ ကင်ဆာရှိသွားတာပါပဲ..အဲ့အချိန် သူတို့လင်မယားမှာ သမီးလေး၂ယောက်လည်းရှိနေကြပြီ...ဒီလိုအခြေအနေ တွေ ခက်ခဲသွားပြီဖြစ်တဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်အနေနဲ့ ဒိန်းတစ်ယောက် ဘာတွေလုပ်မလဲ...သူတို့ဒီအခြေအနေကိုဘယ်လိုတွေတူတူကျော်ဖြတ်ကြလဲဆိုတာကို...ကြည့်ရှုမယ့် ရုပ်ရှင်ချစ်သူငယ်ချင်းအပေါင်းတို့ ဆက်လက်ခံစားကြည့်ကြပါဦး..ဒီဇတ်ကားကိုဘာသာပြန်ပေးသူကတော့ Cynthia ဖြစ်ပါတယ်။ File Size : (1.1 GB, 1.8 ...
movie
Our Friend (2021)
2019
6.9
Motherless Brooklyn (2019)
ဒီကားလေးကတော့ Imbd 6.9 ရရှိထားပြီးဂျွန်နသန် ရဲ့နာမည်ကျော်ဝတ္ထု ကိုအသက်သွင်းထားတာဖြစ်ပါတယ်ဇာတ်လမ်းကို ၁၉၅၀ ဝန်းကျင်ကာလနယူးယောက်မှာနောက်ခံထားရိုက်ကူးထားပါတယ်အာရုံကြောဆိုင်ရာအားနည်းပြီးအဓိပ္ပါယ်မဲ့စကားတွေကို ထိန်းမရပဲပြောတတ်တဲ့စုံထောက်လိုင်ရိုနယ်က တဖက်မှာလည်းထက်မြက်ပြီးဉာဏ်ကောင်းနေပြန်ပါတယ်တနေ့မှာ သူ့ရဲ့သူဌေးဖရန့်မီနာ ကမြို့တော်ဝန် မိုးစက်ရဲ့ကိစ္စမှာဝင်ရှုပ်လို့ အသတ်ခံရပါတယ်အဲ့တာကိုမကျေနပ်ပြီးတော့လိုင်ရိုနယ်ကသတင်းထောက်အနေနဲ့ ဟန်ဆောင်ပြီးစုံစမ်းဖော်ထုတ်ချိန်မှာတော့အဲ့မြို့ကိုထိန်းချုပ်ထားတဲ့အာဏာပိုင်တွေရဲ့ အရှုပ်တော်ပုံ တွေ့လိုက်ရတဲ့အခါမှာအာဏာရူးတွေရဲ့ အကြောင်းကို ထဲထဲဝင်ဝင်သိရှိသွားပြီးတော့လူမည်းတွေကိုခွဲခြား ဆက်ဆံတာတွေ လာဘ်စားမှုတွေ ပါဝါပြမှုတွေကိုပါရှာဖွေတွေ့ရှိသွားပြီး မြို့ရဲ့ အန္တရာယ် အရှိဆုံးသောသမိုင်းဝင်မဲ့အာဏာရှင်နဲ့ တည့်တည့်တိုးပါတော့တယ်ဂန္ထဝင်ဆုရ စုံထောက်ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုသင့်ပါကြောင်း .......... File Size : ( 1 GB , 434 MB )Quality : WEB-DL 720pRunning Time : 2 ...
movie
Motherless Brooklyn (2019)
6.9
A Rainy Day in New York (2019)
unicodeဒီရုပ်ရှင်လေးကတော့ ဟာသ ဒရာမာ အမျိုးအစားပါပဲ။ခွက်ထိုးခွက်လန်ရီရမယ့် ဟာသမျိုးတွေ မဟုတ်ပါဘူး။ရယ်ရခက် ငိုရခက် ကိုးရိုးကားယား ဟာသမျိုးတွေပါပဲ။အချစ်ဇာတ်လမ်းလေးကလည်း တစ်မျိုးဆန်းပါတယ်။သရုပ်ဆောင်တွေကတော့ သိတဲ့သူများမှာပါ။တင်မိုသီ၊ အယ်လ်ဖန်းနင်း၊ ဆယ်လီနာဂိုးမက်ဇ်၊ ဂျုလော တို့ ပါပါတယ်။ဇာတ်လမ်းလေးကတော့ ဂတ်စ်ဘီဆိုတဲ့ နယူးယောက်ကလာတဲ့ကောလိပ်ကျောင်းသားလေးမှာ အက်ရှ်လိဆိုတဲ့ချစ်သူကောင်မလေး တစ်ယောက်ရှိတယ်။တစ်နေ့မှာ အက်ရှ်လိဟာ ကျောင်းသတင်းစာအတွက်နာမည်ကျော် ဒါရိုက်တာ ရိုလန်ပိုလက်နဲ့ တစ်နာရီ အင်တာဗြူးခွင့်ရခဲ့ပါတယ်။ဒီတော့ ရိုလန်ရှိတဲ့ နယူးယောက်ကို စုံတွဲအတူခရီးထွက်ရင်းအပန်းဖြေကြဖို့ စီစဉ်လိုက်ကြတယ်ပေါ့။ဒါပေမယ့် ဟိုရောက်တော့အက်ရှ်လိက ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ နာမည်ကျော်မင်းသားတွေနဲ့ပေါက်ကရအလွဲတွေကြုံပြီး၊ဂတ်စ်ဘီကလည်း သူ့ရည်းစားဟောင်းရဲ့ ညီမလေးနဲ့ နယူးယောက်ရဲ့မိုးရေတွေထဲမှာ ပေါက်ကရတွေ ထပ်ကြုံရတယ်ပေါ့။ဇာတ်လမ်းလေးကလှပါတယ်။ဒိုင်ယာလော့တွေလည်း ကောင်းတယ်။ကြည့်ရတာ ကသိကအောက်နဲ့ ချစ်စရာကောင်းပါတယ်။ကြိုက်ကြမှာပါ။File Size : ( 868 MB , 299 MB )Quality : Web-DL 720pRunning Time : 1 hr 32 minFormat ...
movie
A Rainy Day in New York (2019)
2019
5.8
I Saw the Light (2015)
movie
I Saw the Light (2015)
2015