Channel Myanmar

Chen Kuan-Tai

The Man with the Iron Fists (2012)
The Man with the Iron Fists (2012) The Man with the Iron Fists (2012) **********************************ဒီတစ်ခါတော့ ငယ်ငယ်တုန်းက ကြည့်နေကျ တရုတ်သိုင်းကားတွေကိုမှ western actor တွေ ၊ English စကားပြောတွေနဲ့ ပေါင်းစပ်ထားတဲ့လူစွမ်းကောင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားမှာ Russell Crowe ကလွဲလို့ မင်းသား၊မင်းသမီးတော်တော်များများကကျန်တဲ့ဇာတ်ကားတွေမှာ second line-up အဖြစ်အသုံးတော်ခံခဲ့ကြသူတွေပါ။ သိုင်းဝတ္ထု ဖတ်နေသလို ခံစားရမယ့်ဇာတ်ကားပါ...မိသားစုနဲ့တော့မကြည့်သင့်ပါဘူး...ဇာတ်လမ်းအကျဉ်း -------------လူရိုင်းမျိုးနွယ်စုတွေ အုပ်စိုးတဲ့ Jungle Villageကို ဧကရာဇ်ရဲ့ ရွှေတွေ တင်ဆောင်လာတဲ့ သင်္ဘောက ဖြတ်ရာကနေလူရိုင်းမျိုးနွယ်စုတွေက အဲဒီ ရွှေတွေကိုခိုးဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်...မျိုးနွယ်စု ခေါင်းဆောင်ဖြစ်တဲ့golden lion ကို သတ်ပြီး ခေါင်းဆောင်တက်လုပ်နေတဲ့ silver lion ကလည်း ရွှေသယ်လာတဲ့ သံတမန်တပ်ဖွဲ့တွေကို သတ်ပြီးရွှေတွေကို ဆောင်ကြာမြိုင်ရဲ့ မြေအောက်ထပ်မှာ ဖွက်ထားဖို့ ကြံပါတော့တယ်...ဒါပေမဲ့ Golden Lion ရဲ့ သားဖြစ်သူ Zen ...
movie

The Man with the Iron Fists (2012)

14 Blades (2010) 6.3
14 Blades (2010) CM ပရိသတ်ကြီးတို့ကို wuxia ကားကောင်းကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ 14 blades လို့ခေါ်ပြီးတော့၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တာပါ။တရုတ်ကားကောင်းကောင်း ကြည့်ချင်ရင် ကားအဟောင်းတွေပြန်ကြည့်ရတယ်ဆိုသလိုမျိုးပဲ ဒီဇာတ်ကားကလည်းကားကောင်းတွေထဲက တစ်ကားပါ။ အဓိက ဇာတ်ဆောင်အနေနဲ့ကတော့ မြန်မာပြည်က တရုတ်ကားပရိသတ်တိုင်းသိကြတဲ့ မင်းသားကြီး Donnie Yen က ပါဝင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မင်မင်းဆက်ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရရင်တော့ မင်မင်းဆက်နှောင်းပိုင်းမှာ နန်းတွင်းခုံရုံးက အကျင့်ပြက်ခြစားသူတွေစာရိတ္တပျက်ပြားတဲ့ အမတ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ဒါ့အပြင် အဲဒီခေတ်ကာလမှာ လမ်းဘေးလေလွင့်နေတဲ့မိဘမဲ့ကလေးတွေကို ဖမ်းဆီးပြီး ကျင်းယိဝေ့လို့ခေါ်တဲ့အထူးစစ်သည်တော်တွေအဖြစ် လေ့ကျင့်ပေးတာမျိုးလည်း ရှိခဲ့တယ်။ကျင်းယိဝေ့တွေက လျှို့ဝှက်တာဝန်တွေကို ထမ်းဆောင်ကြရတာပါ။ကျင်းယိဝေ့တွေရဲ့ခေါင်းဆောင် ချင်းလုံ (မင်းသား Donnie Yen) ကတာဝန်ထမ်းဆောင်ဖို့ ဓား ၁၄ လက် အပ်နှံခံထားရသူပါ။တစ်နေ့မှာတော့ သူဟာ ဧကရာဇ်ရဲ့ အနီးကပ်လူယုံဖြစ်တဲ့ကျားကုန်းကုန်းက ဦးရီးတော်ဖြစ်တဲ့ ချင်းမင်းသားနဲ့ ပူပေါင်းပြီးပုန်ကန်ဖို့ လုပ်နေတာကို သိသွားခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ ချင်းလုံက ကျင်းယိဝေ့ထဲမှာ မနေတော့ဘဲထွက်ပြေးတိမ်းရှောင်ရင်း ပုန်ကန်မှုကို လိုက်လံတားဆီးဖို့ ...
movie

14 Blades (2010)

2010
Once Upon a Time in Shanghai (2014) 6.7
Once Upon a Time in Shanghai (2014)  ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ အမှန်တကယ်ကြုံးတဲ့ တရုတ်အက်ရှင်ကား​ဟောင်း ကား​ကောင်းတစ်ကားကို တင်ဆက်​ပေးချင်ပါတယ်။ ဂျပန်​ခေတ် တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကို​ ​နောက်ခံထားပြီး ဂိုဏ်း​တွေ ဂိုဏ်း​ခေါင်း​ဆောင်​တွေရဲ့ ပိုင်နက်အရှုပ်​တော်ပုံ​တွေကြားက ကွန်ဖူးပညာပြခန်း​တွေကို တစ်ဝကြီးကြည့်ရှုရမှာပါ။ ဖက်တီးမင်းသားလို့ ကျွန်​တော်တို့​ခေါ်ကြတဲ့ Sammo Hungလည်း ပါဝင်ထားပါတယ်။ IMDbက​တော့ 6.7ပါ။၁၉၃၀ပြည့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ဟာ လူတိုင်းအတွက် နိဗ္ဗာန်ဘုံ တစ်ခုဆိုသလိုပဲ ကြီးပွားချမ်းသာချင်သူ​တွေ လာကြတဲ့မြို့ကြီးပါ။ ဒါ​ပေမဲ့ အလွှာ​ပေါင်းစုံ၊ လူ​ပေါင်းစုံရှိ​နေတဲ့ မြို့ကြီး ဖြစ်​နေတာ​ရယ် ​​ခေတ်မီတိုးတက်သ​လောက် ဒုစရိုက်မှု၊ ခေါင်းပုံဖြတ်မှု​​တွေ အ​​တော် များတာရယ်​ကြောင့် ​ကောင်းစားသွားသူထက် လက်​လျော့သွားသူ၊ အသက်​ပေးလိုက်ရသူ​တွေက ပိုများ​နေတာပါ။မာ​ဝေကျင်းဆိုတဲ့ ​ကောင်​လေးတစ်​ယောက်ကလည်း ရှန်ဟိုင်းမြို့ကို ကြီးပွားချင်တဲ့စိတ်နဲ့ ​ရောက်လာခဲ့သူပါ။ ရှန်ဟိုင်းမြို့ကြီးမှာ ကြုံရာ အလုပ်​​တွေ ဝင်လုပ်ရင်း ရှန်ဟိုင်းရဲ့ ဒိတ်ဒိတ်ကြဲ ဂိုဏ်း​ခေါင်း​​ဆောင် ​လောင်ကျဲနဲ့ သွားဆုံမိပါတယ်။ ​ ဂိုဏ်း​ပေါင်းစုံရဲ့ ဘုံရန်သူ ဖြစ်​နေတဲ့ ​လောင်ကျဲကလည်း ကွန်ဖူးထူးချွန်တဲ့ မာ​ဝေကျင်းကို တပည့်အဖြစ် ​မွေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ ​မာ​ဝေကျင်းနဲ့ ...
movie

Once Upon a Time in Shanghai (2014)

The Real Iron Monkey ( 2019 ) 5.1
The Real Iron Monkey ( 2019 ) Effect တွေများတာလည်းမကြိုက်ဘူး..သိုင်းကားလည်းကြိုက်တယ်ဆိုရင်တော့ဒီလိုကားမျိုးနဲ့သင့်တော်ပါတယ်..ဒီကား​လေးက ၂၀၁၉ထွက်​ ​​ရှေး​ခေတ်​သိုင်း​လောကကိုပြန်​လည်​ပံ​ဖော်​ထားတဲ့ ဇာတ်​ကား​ကောင်း​လေးတစ်​ပုဒ်​ဖြစ်​ပါတယ်​...ကျင်းဝူဂိုဏ်းမှာ ​ခေါင်း​ဆောင်​အသစ်​​ရွေးချယ်​ဖို့ ဖြစ်​လာရာ​နေအဖွဲ့​ဝင်​စာရင်းကိုထုတ်ယူပြသဖို့ဖြစ်​လာပါတယ်​...ဒီအချိန်​ကိုအခွင့်​​ကောင်းယူပြီးအဖွဲ့ဝင်​စာရင်းကိုသံမဏိ​မျောက်​သိုင်းကွက်​သုံးပြီး လုယူခံရတဲ့အခါ...တကယ်​ပဲသံမဏိ​မျောက်​အစစ်​ကပါဝင်​ပတ်​သက်​​နေခဲ့တာလား..​နောက်​ကွယ်​ကကြိုးကိုက်သူကဘယ်​သူများလဲ...ဇာတ်​လမ်းတစ်​ခုလုံးကိုစိတ်​ဝင်​စားဖွယ်​ကြည့်​ရှုရမှာဖြစ်​ပါတယ်​... Translated & Review By Phyo ZawEncoded By LK
movie
