Channel Myanmar

Chase Mullarkey

Killer Ex (2024) 5.0
Killer Ex (2024) Killer Ex (2024) ***************** အပျင်းပြေကြည့်လို့ကောင်းမဲ့ Killer Ex ဆိုတဲ့ ဘက်ဂျက်အက်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဘက်ဂျက်ဆိုတဲ့အတိုင်းပဲမင်းသားမင်းသမီးတွေကနာမည်မကြီးသလို ရိုက်ချက်တွေ အက်ရှင်ခန်းတွေကဇာတ်ကားကြီးတွေလောက်တော့ သိပ်မကောင်းပေမဲ့ သူ့ဟာနဲ့သူတော့အပျင်းပြေကြည့်လို့ကောင်းတဲ့ အခြေအနေမှာ ရှိပါတယ်။ဒီဇာတ်ကားမှာအဓိကပေးချင်တဲ့ Message ကတော့ လူတိုင်းမှာအတိတ်တွေရှိပြီးအဲ့ဒီအတိတ်တွေကတစ်ခါတစ်လေမှာ ကိုယ့်ဆီမှာပြန်လိုက်လာတတ်တဲ့အတွက်တတ်နိုင်သလောက် မကောင်းတဲ့အတိတ်တွေကို မဖန်တီးဖို့ ပြောချင်တာပဲဖြစ်ပါတယ်။ဗစ်တာဆိုတဲ့လူက လူသတ်ပြီးတော့ အသက်မွေးဝမ်းကြောင်းလုပ်တဲ့ လူတစ်ယောက်ဖြစ်ပြီးသူ့အလုပ်မှာလည်း သူကအရမ်းတော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်ကြာလာတော့လူသတ်ရတာကိုစိတ်ကုန်လာပြီး မိသားစုလေးထူထောင်ကာ တည်ငြိမ်တဲ့ဘ၀ကိုဖြတ်သန်းဖို့စီစဉ်ခဲ့ပါတော့တယ်။အဲ့ဒါကြောင့် သူ့ချစ်သူ လုပ်ဖော်ကိုင်ဖက်ကောင်မလေးကို သူနဲ့အတူဒီလောကထဲကထွက်ပြီး အတူတူအခြေချဖို့နားချခဲ့ပေမဲ့ ကောင်မလေးဘက်က လက်မခံခဲ့တာကြောင့်သူ့ဘာသာသူခွဲထွက်ကာ ပျော်ရွှင်သာယာတဲ့မိသားစုဘ၀လေးကိုထူထောင်ခဲ့ပါတော့တယ်။ဒါပေမယ့်တစ်နေ့မှာတော့ ဇာတ်ကားနာမည်အတိုင်း သူ့ရဲ့လူသတ်သမားရည်းစားဟောင်းလေးနဲ့ပြန်တွေ့ဖို့ကံကြမ္မာပါလာခဲ့ပါတော့တယ်။ သူ့ရည်းစားဟောင်းကို လူတွေလိုက်သတ်နေတဲ့အတွက်သူ့ဆီမှာအကူအညီလာတောင်းတာဖြစ်ပြီး ဗစ်တာလည်းသံယောဇဉ်လက်ကျန်လေးနဲ့ပြန်လည်ကူညီရင်းနဲ့မှ သူ့နောက်လိုက်လာတဲ့အတိတ်ကိုဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။(အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်) File size…1.78GB / 778MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 36m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by ...
movie

Killer Ex (2024)