Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Charlie Shotwell
6.8
All the Money in the World (2017)
All the Money in the World (2017)~ IMDb - 6.8/10, RT - 79%, Meta - 72% ~Gladiator, Alien, Blade Runner နဲ့ Kingdom of Heaven စတဲ့ တကယ့်ထိတ်ထိတ်ကြဲကားတွေချည်းရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Ridley Scott ရဲ့ True Story ကားကောင်းတစ်ကားပါ။ Mark Wahlberg နဲ့ Michelle Williams တို့လို သရုပ်ဆောင်ကောင်းတွေအပြင် Christopher Plummer လို ဝါရင့် သမ္ဘာရင့် ဂန္ထဝင် သရုပ်ဆောင်ကြီးတွေပါနေတာကလည်း ဒီကားကို ပိုကောင်းသွားစေပါတယ်။ဇာတ်လမ်းကတော့ တစ်ချိန်က ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူလို့ သတ်မှတ်ခံခဲ့ရတဲ့ ရေနံသူဌေးကြီး ဂျွန်ပေါလ်ဂတ်တီရဲ့ မြေးဦး ဂျွန်ပေါလ်ဂတ်တီ ၃ ပြန်ပေးဆွဲခံရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ဂျေပေါလ်ဂတ်တီ ...
movie
All the Money in the World (2017)
2017
5.2
John and the Hole (2021)
John and the Hole (2021) ===================ဒီဇာတ်ကားကို လူစိတ်ဝင်စားနေကြတာ တော်တော်များနေကြတယ်။ ဖြစ်ချင်ရာ ဖြစ်တဲ့ လောကကြီးထဲက ကိစ္စရပ်တစ်ခုပဲပေါ့။ မိသားစုကို မရ ရတဲ့နည်းနဲ့ စွန့်ပစ် ခဲ့တဲ့ လူမမည် ကောင်လေးတစ်ယောက်ရယ်၊ သမီးလုပ်သူကို တာဝန်မဲ့စွာ စွန့်လွှတ် ထားပစ်ခဲ့တဲ့အမေရယ်။ လောကကြီးက ရယ်ရတယ်ဗျ။ သူ့ချိုချဉ်ကို ဝိုင်းလုနေကြတဲ့ လူဆိုးလေးတစ်သိုက်ကိုတော့ အနာခံပြီး ချိုချဉ်မပေးခဲ့တဲ့ ကောင်မလေးက သူ့ကို ကူညီရင်း အရိုက်ခံ ဝိုင်းသေးပန်းခံလိုက်ရတဲ့ ကောင်လေးကိုတော့ ရက်ရက်ရော ရောကြီး သွားပေးနေပြန်ရော။ စတီဖင်ချောင်ရဲ့ဇာတ်ကားပြောပါတယ်။အခုလည်းပဲ လာမယ့်ဘေး ပြေးတွေ့ပြီး ဘာပဲဖြစ်ဖြစ် မကြောက်ဘဲ အမေ၊ အဖေနဲ့ အစ်မကို တွင်းကြီးထဲ ပစ်ချခဲ့တဲ့ကောင်လေး။ သူက ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ နေချင် တယ်။ လူကြီးတစ်ယောက်လို လုပ်ချင်ရာလုပ်ပြီး ဘဝကိုဖြတ်သန်းချင်တယ်။ လွတ် လပ်မှုကို ရချင်တဲ့ ၁၃ နှစ်သား။ကောင်မလေးကတော့ သူ့ကို ပိုက်ဆံတစ်နှစ်စာပေးပြီးစွန့်သွားတော့မယ့် အမေကို အတင်းဖက်တွယ်လို့ အမေနဲ့ နေရပါမယ့်အကြောင်း တောင်းပန်တိုးလျှိုးနေပြန်ရော။ နင်လုပ်ချင်တာလုပ်၊ နင့်ဆုံးဖြတ်ချက်နဲ့နင်။ ဒါပေမဲ့ သူကတော့ ...
movie
John and the Hole (2021)
2021
Captain Fantastic (2016)
ဘန်နဲ့ သူ့ရဲ့အမျိုးသမီး လက်စလီတို့ဟာ မြို့ပေါ်မှာမနေတော့ဘဲ တောထဲမှာသွားရောက်နေထိုင်ပြီး သဘာဝအတိုင်း ခေတ်မီပစ္စည်းတွေမသုံးဘဲနဲ့ ရှင်သန်နေထိုင်ဖို့ရွေးချယ်ခဲ့ပါတယ်။ သူတို့သားဦးလေးငယ်စဉ်ကတည်းက မြို့ကနေထွက်လာခဲ့ကြပြီးတော့ ကလေး ၆ ယောက်ရတဲ့အထိ အားလုံးကိုတောထဲမှာပဲ ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ကလေးတွေကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင်၊ တိုက်ခိုက်တတ်အောင် တောထဲမှာပုံမှန်လေ့ကျင့်ပေးပြီး စာပေပညာရပ်အားလုံးကိုလည်း သူတို့ကိုယ်တိုင်ပဲသင်ပေးခဲ့ကြပါတယ်။ ကလေးတွေက နည်းပညာ၊ ခေတ်မီပစ္စည်းအသုံးအဆောင်ဘာဆိုဘာမှ သုံးခွင့်၊ သိခွင့်မရကြပါဘူး။ တောထဲမှာပဲနေရင်း သဘာဝအလှအပတွေခံစားတတ်အောင်လေ့ကျင့်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာတော့ နဂိုကတည်းက စိတ်ရောဂါအခံရှိတဲ့သူတို့အမေ လက်စလီဟာ မြို့ပေါ်ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ လက်စလီရဲ့အဖေက သူ့ရဲ့သမီးနဲ့ဘန်တို့တောထဲမှာနေဖို့ဆုံးဖြတ်ခဲ့တာကို အလွန်စိတ်ဆိုးခဲ့တဲ့အတွက် ဘန့်ကို လက်စလီဈာပနပွဲကို တက်ခွင့်မပြုဘူးလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီးမြို့ပေါ်သွားပြီးဆေးကုရင်းနဲ့ သေဆုံးသွားတဲ့မိခင်ကို ကလေးတွေကလွမ်းနေကြပြီးတော့ ဈာပနပွဲသွားလိုစိတ်ပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘန့်အနေနဲ့ သူတို့ကလေးတွေကို ပုံမှန်ကမ္ဘာကြီးထဲကို ပထမဆုံးခေါ်သွားရပါတော့တယ်။ တကယ့်ကမ္ဘာအစစ်ထဲကိုရောက်တဲ့အခါမှာ ကလေးတွေက သူတို့ကြီးပြင်းခဲ့ရတဲ့ပုံတွေကို စိတ်ကျေနပ်မှုရှိရဲ့လား၊ ဘန်နဲ့လက်စလီတို့ ကလေးတွေကိုလေ့ကျင့်သင်ပြပေးထားတာတွေက သူတို့လေးတွေ တကယ့်ကမ္ဘာမှာရှင်သန်ဖို့ တကယ်လက်တွေ့အသုံးဝင်ရဲ့လား၊ ဘန်ကိုယ်တိုင်ကရော ဖခင်တစ်ယောက်အနေနဲ့ ...
movie
Captain Fantastic (2016)
5.1
Morbius (2022)
မင်းသား ဂျားရက်လေတိုရဲ့ စူပါဟီးရိုးကားအသစ် ရပါပြီ။မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီးဗန်နွန်လိုပဲ လူဆိုးမဟုတ်လူကောင်းမဟုတ်အကောင်ပါပဲ။ ဒရက်ကူလာလို သွေးစုပ်ကောင်ဖြစ်ပြီး မှော်အစွမ်းအရ ဖြစ်လာတာမဟုတ်ပဲသိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဖြစ်လာခဲ့တာပါ။ သွေးစုပ်ကောင်မုဆိုးဘလိတ်ဇာတ်လမ်းမှာလည်း ပါဝင်ဖူးပြီး မာဗယ်ကာတွန်းတွေအရတော့ဘလိတ်ကို လူတစ်ပိုင်းသွေးစုပ်ကောင်တစ်ပိုင်းဖြစ်စေခဲ့တဲ့လူလည်း ဖြစ်ဖူးပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ ဒေါက်တာ မိုက်ကယ် မောဘီးယက်စ်ရဲ့ သွေးစုပ်ကောင်ဖြစ်လာပုံကိုပြသထားပြီး နောက်ဆုံးအခန်းမှာတော့ စပိုက်ဒါမန်းနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်သွားခဲ့ပါတယ်။ကြည့်ကြည့်လိုက်ကြပါဦး။ File size…3.6GB / 1.6GB / 900MB Quality… 4k HEVC WEB DL SDR AAC5.1Ch /1080p BLU RAY 5.1CH / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant & YK Translated by Mr.Anderson
movie
Morbius (2022)
2022
4K HEVC Web-DL
6.5
The Nest
The Nest (2020) ရိုရီနဲ့အယ်လီဆန်တို့ရဲ့ မိသားစုလေးဟာ ကလေးနှစ်ယောက်နဲ့အတူ နယူးယောက်မှာအခြေကျနေတဲ့ ပျော်ရွှင်စရာမိသားစုလေးပါ ဒီလိုနဲ့တစ်နေ့ ရိုရီတစ်ယောက် သူ့ရဲ့ခမ်းနားလှတဲ့လုပ်ငန်းအိပ်မက်တွေအတွက် သူစိမ်းတစ်ရံလန်ဒန်မြို့ကို ပြောင်းရွှေ့သွားတဲ့အခါ သူတို့မိသားစုလေးဟာ အလှည့်အပြောင်းများစွာနဲ့ကြုံတွေ့ရပါတော့တယ် အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်တဲ့ ရိုရီရဲ့ဆုံးဖြတ်ချက်တွေမှားတဲ့အခါမှာ အေးချမ်းတဲ့ မိသားစုအသိုက်အမြုံလေး ပြိုလဲရပုံတွေ ကလေးတစ်ယောက်အတွက် မိဘရဲ့အုပ်ထိန်းမှုက ဘယ်လောက်တောင်အရေးပါပုံတွေ၊ ကိုယ်တကယ်အခက်ကြုံတဲ့အချိန်မှာ မိသားစုမဟုတ်ဘဲ ကိုယ့်အနားမှာရှိပေးတဲ့လူဆိုတာ လက်ချိုးရေလို့ရတယ်ဆိုတာတွေ၊ ငွေဆိုတာ အမြဲမတည်တံ့နိုင်ဘူးဆိုတဲ့ ဘဝနိယာမတွေကို ရင်မောဖွယ်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ် Translator - MTA Encoder - August
movie
The Nest
7.0
Troop Zero (2019)
unicodeမိတဆိုးလေး Christmas ဟာ အာကာသအကြောင်းဂြိုဟ်သားအကြောင်းတွေ အလွန်စိတ်ဝင်စားတဲ့သူတစ်ယောက်ပါ။သူက ရေဒီယိုလေးတစ်လုံးနဲ့ ဂြိုဟ်သားတွေဆီအမြဲတမ်း အဆက်အသွယ်လုပ်ဖို့ ကြိုးစားနေတတ်တယ်။ကျောင်းမှာတော့ သူ့ကို အိပ်ယာထဲသေးပေါက်ချတတ်တယ်ဆိုပြီးကျောင်းသူကျောင်းသားတွေက အမြဲနောက်ပြောင်ကြတယ်။တစ်နေ့ NASA အဖွဲ့ဝင်တစ်ယောက် သူတို့ကျောင်းဆီရောက်လာပြီး ပွဲတော်မှာအနိုင်ရမယ့်အဖွဲ့ကို ဂြိုဟ်သားတွေဆီစာပို့နိုင်ဖို့ ဆုချမယ်လို့ ကြေညာလိုက်တယ်။Christmas လေးက အရမ်းစိတ်ဝင်စားသွားပြီး ပွဲတော်မှာအနိုင်ရဖို့အတွက် ကြိုးစားချင်လာတော့တယ်။ဒါပေမဲ့ ကျောင်းသူအဖွဲ့က သူ့ကို လက်မခံကြတဲ့အခါသူ့ကိုယ်ပိုင်အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ကြိုးစားရတော့တယ်။ဒီဇာတ်ကားလေးက ၁၉၇၀ ခုနှစ်တွေဆီ အခြေခံပြီး ဇာတ်အိမ်တည်ထားတဲ့Comedy-Drama ဇာတ်လမ်းလေးပါ။အရမ်းလည်း Motivation ရစေမယ့် ဇာတ်ကားတစ်ကားဆိုရင် မှားမယ်မထင်ပါဘူး။File Size : ( 904 MB , 292 MB ) Quality : WEB-DL 720p Running Time : 1 hr 34 min Format : Mp4 Genre : Comedy , Drama ...
movie
Troop Zero (2019)
7.2
The Nightingale (2019)
ဒီတစ်ခါတော့ Channel Myanmar ပရိသတ်သတ်ကြီးအတွက်Imdb Rating 7.2/10, Rotten Tomatoes 86% တောင်ရရှိထားတဲ့ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။အားလုံးချစ်တဲ့ Me before you ဇာတ်ကားထဲကမင်းသားချော Sam Claflin ကိုပုံစံအသစ်တစ်မျိုးနဲ့တွေ့မြင်ရမှာပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲဖော်ပြလိုပါသေးတယ်။လောကဓံနဲ့ရင်ဆိုင်ခဲ့ရတဲ့ တေးသီငှက်လေးအကြောင်းပါပဲ။ကလဲရာဆိုတဲ့ အိုင်ယာလန်သူလေးဟာဗြိတိသျှ စစ်တပ်တွေကို တေးသီချင်းဆိုပြရတဲ့ တေးသီငှက်လေးပေါ့။သူ့မှာ ချစ်ရတဲ့ခင်ပွန်းနဲ့ ချစ်ရတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။သူမအလုပ်အကြွေးပြုနေရတဲ့ ဗြိတိသျှ တပ်ဖွဲ့ငယ်လေးရဲ့လက်ဖတင်နင်ကတော့ သူမကိုထိပါးစော်ကားပြီး ချုပ်ကိုင်ထားတဲ့သူပါ။တစ်နေ့မှာတော့ သူမရဲ့ဘဝထဲကိုကြံကြမ္မာဆိုးတစ်ခုဝင်ရောက်လာပါတော့တယ်။သူမဘယ်လိုဆက်ဖြစ်မယ်?ဘာတွေရင်ဆိုင်ရမယ်ဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့်ကားလေးပါ။လူမျိုးရေးရာခွဲခြားမှုတွေရယ်၊ချစ်ခြင်းမေတ္တာရယ်၊ရိုးသားဖြူစင်မှုတွေရယ် ရောထွေးတင်ဆက်ထားတဲ့ဒီကားလေးနာမည်ကတော့ The Nightingale (2019)ပါ File Size : ( 1 GB , 296 MB )Quality : WEB-DL 720pRunning Time : 2 hr 16 minFormat ...
movie
The Nightingale (2019)
2018
5.9
Eli (2019)
(Unicode)Eli ဆိုတဲ့ကလေးလေးက ထူးခြားတဲ့ရောဂါတစ်ခုဖြစ်နေပါတယ်။ အဲဒါကတော့ လေနဲ့မတည့်တာပါ။လေရှုလိုက်ရင် သူ့အရေပြားတွေလောင်ကုန်ပြီး ပေါက်ကွဲမလိုဖြစ်တဲ့ ရောဂါဆန်းပါ။သူအိမ်မှာနေရလဲ မှန်လုံအိမ်ထဲလိုနေရာမျိုးမှာလေ Filter နဲ့နေရပါတယ်။လေတင်မကဘူး ရေလည်းထိလို့မရပါဘူး ?။အဲတာနဲ့ပဲ သူ့အဖေနဲ့အမေက သူ့ကို ဆေးကုဖို့ Doctor Horn ဆိုတဲ့ ဆရာဝန်မ အိမ်မှာနေရင်းဆေးကုဖို့ လုပ်ခဲ့ကြပါတယ်။အဲဒီ အိမ်က လေ filtration နဲ့ရေ filtration system တွေပြည့်နေတာမို့ Eli လေးတစ်ယောက် မှန်လုံအိမ်နဲ့ အလုံပိတ်ထားတဲ့ အင်္ကျီထဲမှာနေစရာ မလိုတော့ပါဘူး။သူ့ကိုဆေးကုနေရင်းနဲ့ပဲ Step 1 အဆင့်မှာ ဒီအိမ်ကသာမန်မဟုတ်ပဲ သရဲခြောက်တဲ့အိမ်ဆိုတာသိခဲ့ရတယ်။သူကအပြင်ထွက်မရပေမယ့် အပြင်ဘက်မှာ Harley ဆိုတဲ့ မိန်းကလေးနဲ့ မှန်တစ်ဖက်တစ်ချက်စီက စကားပြောရင်းခင်ခဲ့ပါတယ်။သရဲတွေကခြောက်တာ တဖြည်းဖြည်းဆိုးလာတာတွေရော Harley ကြောင့်ပါ ဒီအိမ်ကြီးက လုံးဝမူမမှန်သလို Doctor Horn ကလည်းသူထင်ခဲ့သလို မဟုတ်မှန်းသိလာခဲ့တယ်။သရဲတွေက Doctor Horn သတ်ခဲ့တဲ့ကလေးတွေလား ?...Doctor Horn ...
movie
Eli (2019)
2019
7.1
The Glass Castle (2017)
မိဘဆိုတာ သားသမီးအတွက်အားလုံး ဖြည့်ဆည်းပေးချင်ကြတဲ့သူတွေပါ။ဒါပေမယ့်သူတို့အားလုံးကလဲ ခြောက်ပစ်ကင်းသဲလဲစင် ပြည့်စုံကြတဲ့သူတွေတော့မဟုတ်ကြပါဘူး။တခါတလေ သူတို့ဆုံးဖြတ်ရာနောက်ကို သားသမီးတွေလိုက်ရတာ မလွယ်ကူပါဘူး။ရက်စ်ဝေါက ပကာသနဲ့လောကကြီးကို စိတ်ကုန်နေပြီးသူ့ဘ၀ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းချင်သူပီပီ သူ့မိသားစုကိုလည်း သူ့လိုပဲနေခိုင်းပါတယ်။သူနေတဲ့ပုံစံက အဆင်မပြေဖြစ်လာရင် တနေရာကနေ တနေရာကို အမြဲပြောင်းနေတာပါ။ကြာလာတော့သားသမီးတွေက အဖေကိုအလိုမကျဖြစ်လာပြီး ပုန်ကန်လာပါတော့တယ်။သူတို့ထင်သလို ဘ၀ကလွယ်ကူပါ့မလား။နောက်ဆုံးမိဘကိုနားလည်ပြီး ပြန်အဆင်ပြေသွားပါ့မလား။ဒီဇာတ်လမ်းကိုကြည့်နေရင်းနဲ့ကို ရက်စ်ဝေါနဲ့သူ့မိန်းမ ရို့စ်မယ်ရီကို စိတ်လဲတို သနားလဲသနားစရာ ခံစားရပါလိမ့်မယ်။သားသမီးနဲ့ မိဘအကြားပြသထားတဲ့ ၅၂၈ မေတ္တာဇာတ်ကားကောင်းလေးတခုပါ(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Rebel Hnin ပါ) File Size : (900 MB) and (350 MB) Quality : Blu-Ray 720p Running Time : 2hr 7min Format : Mp4 Genre :Biography, Drama Subtitle : Myanmar Subtitle (Hard ...
movie
The Glass Castle (2017)
2017