Channel Myanmar

Charlie Rose

Robert Downey Jr.: High Altitude (2023) 6.5
Robert Downey Jr.: High Altitude (2023) Robert Downey Jr: High Altitude IMDb - 6.5 ======================ဒီတစ်ခါ ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ ကျွန်မတို့ ချစ်ရတဲ့ Iron Man တိုနီစတာ့ခ်ရဲ့ တကယ့်ဘဝအကြောင်းရိုက်ထားတဲ့ ‌မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။လူတိုင်းချစ်ရတဲ့ အိုင်ရွန်းမန်း ကာရိုက်တာရဲ့ ပဲ့ကိုင်ရှင် ‌ရောဘတ်တစ်ယောက် ဒီလိုအခြေအနေမျိုး ‌ရောက်လာဖို့ လာအခက်အခဲတွေရှိခဲ့မလဲ ရိုလာကိုစတာလိုမျိုး သူ့ဘဝမှာ အတက်အကျတွေများပြီး‌ ကြမ်းတမ်းခဲ့တာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ရောဘတ်က အရည်အချင်းလေးလည်းရှိလို့ အနုပညာလောကထဲရောက်ပြီး အောင်မြင်ခါစအဖြေအနေမှာ သူ့ရဲ့ ဆေးသုံးတတ်တဲ့ပြဿနာက သူ့ကို အောက်ဆုံးထိဆွဲခေါ်သွားခဲ့ပါတယ်။ဒီနေ့လူတွေမြင်နေရတဲ့ မိသားစုကိုချစ်တဲ့ အလုပ်ကြိုးစားပြီး တော်တဲ့ရောဘတ်တစ်ယောက်ဖြစ်အောင် သူမူးယစ်ဆေးကို ဘယ်လိုဖြတ်ခဲ့ရလဲ အောက်ဆုံးကနေဘယ်လိုပြန်တက်ရလဲဆိုတာ ကြည့်ပြီး အားကျအတုယူဖို့ကောင်းလှပါတယ်။စတားဘဝကိုရောက်ပြီး အောက်ဆုံးပြန်ကျခဲ့တာတောင် လက်မလျော့ပဲ ထပ်ကြိုးစားခဲ့တဲ့ ရောဘတ်ရဲ့အတုယူဖွယ်ကောင်းတဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဒီရုပ်ရှင်ကနေကြည့်ပြီး အားဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။ File size… 1.2 GB / 640 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yoon Hsu
movie

Robert Downey Jr.: High Altitude (2023)

The Door in the Floor (2004)
The Door in the Floor (2004) သားလေးနှစ်ယောက်နဲ့ သာယာပျော်ရွှင်သောဘဝလေးကို ဖြတ်သန်းနေတဲ့ စာရေးဆရာတက်ဒ်ကိုးလ်တို့ မိသားစုဟာ သားနှစ်ယောက် မတော်တဆမှုနှင့်သေဆုံးပြီးနောက်မှာတော့ အေးစက်သွားခဲ့ပါတယ်။လင်မယားနှစ်ယောက် တစ်ယောက်တစ်လှည့်စီ သမီးဖြစ်သူနှင့်နေထိုင်ရင်း ဖြတ်သန်းလာရာမှ တစ်နေ့ သားဖြစ်သူနှင့် ရုပ်ချင်းဆင်သော အက်ဒ်ဝပ်ဆိုသူ လူငယ်လေးတစ်ယောက်မှ နွေရာသီကျောင်းပိတ်ရက်အတွင်း စာရေးဆရာကိုးလ်ရဲ့အိမ်တွင် လက်ထောက်အဖြစ် အလုပ်သင် လုပ်ကိုင်ရန် အကြာင်းဖန်လာပါတော့တယ်။အက်ဒ်ဝပ်ရောက်ရှိလာမှုက မိသားစုအတွင်း ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲ သူတို့ အိမ်ထောင်ရေး ဘာကြောင့် ယခုလိုအေးစက်သွားရသလဲ စသည်တို့ကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ဆွဲခေါ်သွားမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။File size…(837 MB) Quality….Webrip  720p Format…mp4 Duration….01:51:00 Genre... Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice 
movie

The Door in the Floor (2004)

Elegy (2008) 6.7
Elegy (2008) IMDB မှာ rating 6.7 ရရှိထားပြီး လူတွေရဲ့ကြားကဆက်ဆံရေး သံယောဇဥ် မေတ္တာတွေကိုဖြည်းဖြည်းချင်းကြည့်ရှုခံစားမြင်သာလာစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Iron Man 3 ထဲကဟန်ဆောင်အကြမ်းဖက်သမားကြီးအနေနဲ့လူသိများပြီး Shang Chi ထဲမှာလည်း ပါဝင်ထားတဲ့မင်းသားကြီး Ben Kingsley နဲ့ Pirates of the Caribbean 4 ထဲကCaptain Black Beard ရဲ့သမီးအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသမီးချော Penelope Cruz တို့ ၂၀၀၈ခုနှစ်ကပါဝင်သရုပ်ဆောင်ထားတဲ့ကားဖြစ်ပြီးအမေရိကန် romance/drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ် ဇာတ်ဝင်ခန်းများ အနည်းငယ်ပါဝင်တဲ့အတွက်ကြောင့် မိသားစုနဲ့အတူကြည့်ဖို့အတွက်ဆို သတိချပ် စေလိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ကွဲဘယ်သူနဲ့မှအတည်တကျရှိဖို့စိတ်မကူးခဲ့တဲ့တက္ကသိုလ်ကပရော်ဖက််ဆာ ဒေးဗစ်ကစ်ပစ်ရှ်(Ben Kingsley)တစ်ယောက် သူ့ထက်အသက် ၃၀ လောက်ငယ်တဲ့ခွန်ဆွယ်လာ(Penelope Cruz) ဆိုတဲ့ကျောင်းသူလေးနဲ့ချစ်ကျွမ်းဝင်မိသွားခဲ့ကြပါတယ်။ အဲ့ဒီနောက် သူတို့၂ ယောက်ကြားက သမီးရည်းစားပဋိပက္ခတွေချစ်ခြင်းမေတ္တာတွေ အရင်အိမ်ထောင်က ဒေးဗစ်နဲ့သူ့ရဲ့သားတို့ကြားကသားအဖမေတ္တာတွေ သူ့ရဲ့တစ်ဦးတည်းသော ရင်ဖွင့်ဖော်သူငယ်ချင်းတို့ရဲ့ကြားက သူငယ်ချင်းမေတ္တာတွေ အားလုံးကိုတစ်ဖြည်းဖြည်း နားလည်မြင်သာလာအောင်ကြည့်ရှုခံစားရမယ့် ရသဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။  File size…    2.3 GB ...
movie

Elegy (2008)

Batman v Superman: Dawn of Justice (2016) 6.4
Batman v Superman: Dawn of Justice (2016) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Batman v Superman: Dawn of Justice (2016)

2016
4K HEVC
4:44 Last Day on Earth (2011) 4.6
4:44 Last Day on Earth (2011) 4:44 Last Day on Earth (2011) ======================= IMDb Rating - 4.6/10ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Abel Ferrara ရိုက်ကူး ထားတဲ့ Drama, Fantasy အမျိုးအစား ဇာတ်ကားကောင်းလေး ပဲဖြစ်ပါတယ်ခင်ဗျာ။ဇာတ်လမ်းလေးကိုတော့ ကမ္ဘာမပျက်ခင် တစ်ရက်အလိုကာလ မှာ ဇာတ်အိမ်တည်ထားပါတယ်။ နောက်နေ့မနက် ၄ နာရီ ၄၄ မိနစ် မှာကမ္ဘာကြီးရဲ့ အဆုံးအသတ်ကိုရောက်မှာဖြစ်လို့ လူတွေကလည်း ပစ္စည်းတွေအလကားပေးသူကပေး၊ ဆုတောင်းတဲ့သူကဆုတောင်း၊ သတ်သေတဲ့သူက သတ်သေနဲ့ ရှုပ်ယှက်ခတ်နေကြပါတယ်။ဒီလိုကမ္ဘာကြီးအဆုံးမသတ်ခင်နေ့ကို အဓိကဇာတ်လိုက်တွေဖြစ်ကြတဲ့ ဆစ်စကို နဲ့ စကိုင် တို့ဘယ်လိုဖြတ်သန်းကြလဲဆိုတာ စိတ်၀င်စားဖွယ် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ Review ဖတ်တာထက် ကိုယ်တိုင်ကြည့် ရှုခံစားတာကမှ ကမ္ဘာကြီးရဲ့အဆုံးအသတ်ကို သေချာခံစားစီးမြောနိုင် မှာဖြစ်လို့ ကိုယ်တိုင်သာကြည့်လိုက်ကြပါတော့ခင်ဗျာ။ Sex scene တွေ nudity အခန်းတွေပါတဲ့အတွက် မိသားစု‌နဲ့ကြည့်ဖို့သင့်တော်တဲ့ ဇာတ် ကားမျိုးတော့မဟုတ်ပါဘူး။ ဒီဇာတ်လမ်းရဲ့အဓိကသရုပ်ဆောင်တွေကတော့ အားလုံးသိကြတဲ့ Willem Dafoe နဲ့  Shanyn Leigh တို့ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.22 GB) / ...
movie

4:44 Last Day on Earth (2011)

2011
Primary Colors (1998) 6.7
Primary Colors (1998) Primary Colors (1998)~ IMDb - 6.7/10, Rotten Tomatoes - 80% ~70s, 80s ခုနှစ်ပိုင်းက Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ထရာဗိုတာအပြင် Emma Thompson နဲ့ Kathy Bates တို့လို ဝါရင့်သမ္ဘာရင့်မင်းသမီးကြီးတွေလည်း ပါ၀င်ထားပြီး အော်စကာဆုအတွက်ပါ ဆန်ခါတင် ဆုနှစ်ခု၀င်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ထွက် Comedy, Drama အမျိုးအစား အဟောင်းအကောင်းဇာတ်ကားတစ်ကားပါ။အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြောင်းနဲ့ မဲဆွယ်ပုံတွေအကြောင်းကို အသားပေးပြီး ရိုက်ကူးထားတာပါ။ 1996 မှာထွက်ခဲ့တဲ့ အမည်မသိဆောင်းပါးရှင်ရဲ့ နိုင်ငံရေး၀တ္ထုဖြစ်တဲ့ "Primary Colours: A Novel of Politics" ကို ပြန်ရိုက်ထားတာဖြစ်ပြီး အဲဒီ၀တ္ထုကလည်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုအကြောင်းရေးသားထားတယ်လို့ဆိုကြပါတယ်။ဇာတ်ကားထဲမှာတော့ ရွေးကောက်ခံအမတ်လောင်းတွေကြားက ညစ်ပတ်တဲ့ကစားကွက်တွေ၊ အချင်းချင်းချောက်ချတာတွေ ပါဝင်ပြီး နိုင်ငံရေးဆိုတာ ...
movie

Primary Colors (1998)

1998
The Ides of March(2011) 7.1
The Ides of March(2011) The Ides of March(2011)IMDb....7.1,,,Rotten...84% " ကျွန်တော်ဟာ ခရစ်ယာန်ဘာသာဝင်လည်းမဟုတ်သလို ဘာသာမဲ့လည်းမဟုတ်ဘူးး .....ဂျူးလည်းမဟုတ်ဘူး. ...ကျွန်တော်ယုံကြည်ကိုးကွယ်တဲ့ဘာသာကတော့  ဖွဲ့စည်းပုံအခြေခံဥပဒေလို့ခေါ်တယ်... ပြောရရင်ဗျာ...ကျွန်တော်အသက်ရှူရပ်တဲ့အထိ ခင်ဗျားတို့ယုံကြည်ရာဘာသာကို ကိုးကွယ်လို့ရအောင်အကာအကွယ်ပေးသွားမယ်...တစ်နိုင်ငံလုံးအနေနဲ့ ခင်ဗျားတို့ကို ဂရုစိုက်ပေးကာကွယ်ပေးသွားတာနဲ့ပဲဆုံးဖြတ်စေချင်တယ်... ဒါ ကျွန်တော့်ရဲ့ ယုံကြည်ကိုးကွယ်မှုပဲ... ကျွန်တော်ဘာသာရေးမကိုင်းရှိုင်းဘူးထင်ရင်ကျွန်တော့ကိုမဲမပေးပါနဲ့... အရပ်ပုနေတယ် နိုင်ငံရေးအတွေ့အကြုံမရှိဘူးထင်ရင်မဲမပေးပါနဲ့... ဘာလို့ဆိုကျွန်တော့်ကိုမဲပေးပြီးရင် ဒါတွေကပြောင်းလဲလို့မရတော့ဘူး..." ဒီစကားတွေကတော့ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်မှာဟောပြောခဲ့တဲ့ အမတ်လောင်း ပူးလ်မန်းရဲ့ဟောပြောချက်တွေပါ... ဒီကားကတော့ နောက်ဆုံးသမ္မတရွေးကောက်ပွဲအထိ တက်ရောက်နိုင်တဲ့ မဲအများဆုံးပေးခြင်းခံရတဲ့ အမတ်လောင်း(၂)ယောက်ရဲ့အကြောင်းကိုရိုက်ထားတာပါ.... နိုင်ငံရေးလှည့်ကွက်တွေ...စကားလုံးတွေရဲ့စွမ်းအားတွေ.... ပြိုင်ဘက်ကိုနောက်ကိုကျစေဖို့အရေး ဆင်နွှဲနေတဲ့ တိုက်ပွဲမျိုးစုံတွေကို တွေ့ရမှာဖြစ်တယ်....မင်းသားကြီး George Clooney ကိုယ်တိုင်ရိုက်ကူးပြီးပါဝင်သရုပ်ဆောင်ထားပြီးတော့ Ryan Gosling လည်း အဓိကပါဝင်ထားပါတယ်....IMDbရော Rottenရောအကောင်းဆုံးအနေအထားမှာရှိလို့ခံစားကြည့်လိုက်ပါဦး...File Size : (900 MB) and (349 MB) Quality : Blu-Ray 720p Format…mp4 Duration…01:41:00 Genre :  Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Jthekoala Encoded by Phyo Pyae
movie

The Ides of March(2011)

2011