Channel Myanmar

Charlie B. Brown

Passion Play (2010) 5.5
Passion Play (2010) Passion Play (2010)အရင်က နာမည်ကြီး trumpet player ဖြစ်ခဲ့တဲ့ Nate Poole က လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ ဇနီးကို မသိဘဲအိပ်မိရာကနေ လူဆိုးဂိုဏ်းခေါင်းဆောင်က လိုက်သတ်လို ကန္တာရထဲ ထွက်ပြေးခဲ့ရတယ်။ အဲဒီမှာသူ ဆပ်ကပ်ပွဲတစ်ခုဆီရောက်သွားပြီး မထင်မှတ်ဘဲ အတောင်ပံတွေရှိတဲ့ မိန်းမလှလေးကို တွေ့ခဲ့ချိန်မှာတော့ သူ့ဘဝကြီးရော ငှက်အတောင်ပံတွေနဲ့ မိန်းမပျိုလေးရဲ့ဘဝရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။နာမည်ကြီး မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့ Mickey Rourke၊ Megan fox၊ Bill Murray၊ Rhys Ifans နဲ့ Kelly Lynch တိုအကုန် ပါဝင်တာမို မလွတ်တမ်းကြည့်ရှုသင့်ပါတယ်နော်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.5GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Fantasy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated ...
movie

Passion Play (2010)

Fanboys (2009)
Fanboys (2009)  ရုပ်ရှင်နာမည်အတိုင်းပဲ ဒီရုပ်ရှင်ဟာ ဖန်ဘွိုင်း (ပရိတ်သတ်) တအုပ် အကြောင်းရိုက်ထားတာပါ။ ဘာပရိတ်သတ်တွေလဲဆိုတော့ စတားဝါးစ် အမာခံပရိတ်သတ်တွေပါ။အချိန်ကာလအားဖြင့် Star Wars Episode 1 : Phantom Menace 1999 မထွက်ခင် ကာလမှာဇာတ်အိမ်တည်ထားပါတယ်။ မူလတန်းလောက်ကတည်းက စတားဝါးစ်ကို အရူးအမူးအားပေးလာကြတဲ့ စတားဝါးစ်ဂျပိုး လူငယ်တစုဟာ ဟောလိုး၀င်းပါတီတခုမှာပြန်ဆုံခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်း သူငယ်ချင်းအုပ်စုထဲက လိုင်းနက်စ်ဟာ ကင်ဆာရောဂါဖြစ်နေပြီး စတားဝါးစ်ရုပ်ရှင်သစ် ရုံတင်မယ့်ရက်ကို မမီနိုင်တော့တာကို သိရှိလိုက်ကြရပါတယ်။ ဒီလိုနဲ့ စတားဝါးစ်ဂျပိုး သူငယ်ချင်းတစုဟာ လိုင်းနက်စ်ကို မသေခင်မှာ Episode 1 ကိုပြလိုက်နိုင်ဖို့အတွက် ရုပ်ရှင်ဖလင်ကိုသိမ်းဆည်းထားတဲ့ စတားဝါးစ်တည်ထောင်သူဖခင်ကြီး ဂျော့ခ်ျလူးကပ်စ်ရဲ့ခြံထဲကိုခိုး၀င်ဖို့ မိုင်ထောင်ချီဝေးတဲ့ခရီးကို ဗန်ကားအစုတ်လေးတစီးနဲ့ စတင်စွန့်စားခန်းထွက်ကြ‌ပါတော့တယ်။စတားဝါးစ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် တကားလုံးမှာ စတားဝါးစ် ကိုးကားမှုတွေ ထို‌ခေတ်အခါက ရုပ်ရှင် ဂိမ်းနဲ့ပတ်သက်တဲ့ အသုံးအနှုန်းတွေကို အလျှံပယ်ထည့်သွင်းသုံးစွဲထားတာဖြစ်လို့ စတားဝါးစ်ကြည့်ဖူးထားရင်တော့ ဒီရုပ်ရှင်ကိုကြည့်ရတာ ပိုအရသာရှိပါလိမ့်မယ်။(ညစ်ညမ်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကိုသတိပြုပေးပါ) File ...
movie

Fanboys (2009)

Fright Night (2011) 6.4
Fright Night (2011) Fright Night (2011) ~ IMDb - 6.4/10, RT - 72% ~ဒီကားဟာ သူ့မူရင်းကားဖြစ်တဲ့ Fright Night (1985) လို ဂန္တဝင်စာတင်လောက်တဲ့ ဇာတ်ကားမျိုးမဟုတ်ပေမဲ့ ကြည့်ပျော်တဲ့ Horror ဇာတ်ကားလေးပါပဲ။လက်စ်ဗီးဂတ်မြို့ဟာ နေ့မှာအိပ်ပြီး ညမှာ အလုပ်လုပ်ကြတယ်။ အခြေချနေထိုင်သူရှားပြီး ယာယီနေထိုင်သူတွေများတဲ့အတွက် သွေးစုပ်ဖုတ်ကောင်တွေအတွက် နေချင်စရာမြို့လေးပေါ့ဗျာ။ချာလီတို့ အထက်တန်းကျောင်းမှာလည်း အတန်းသားတွေ တစ်ယောက်ပြီး တစ်ယောက် လျော့လျော့လာနေတယ်။ အမြဲတမ်း အတည်တကျနေသူတွေမရှိတဲ့ သူတို့မြို့အတွက်တော့ သိပ်မဆန်းဘူးပေါ့။ ဒါပေမဲ့ ချာလီရဲ့ငယ်သူငယ်ချင်း အဒမ်တို့ မိသားစုကပါ စာမလာသတင်းမကြားဘဲ ပျောက်သွားခဲ့ပါတယ်။အဒမ်ပျောက်သွားတာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ လက်ချက်လို့ နောက်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ အက်ဒ်ကပြောလာတဲ့အချိန်မှာတော့ ချာလီလည်းမယုံနိုင်ခဲ့ပါဘူး။အက်ဒ်က သူနဲ့ အဒမ် စုံစမ်းထောက်လှမ်းချက်တွေအရ ချာလီရဲ့ အိမ်နီးချင်း ဂျယ်ရီက သွေးစုပ်ဖုတ်ကောင်ဖြစ်နေပြီး သူ့အကြောင်းကို သိသွားလို့ အဒမ်ကိုသတ်ပစ်လိုက်တာလို့ ပြောပြပေမဲ့ ချာလီကတော့ မယုံနိုင်သေးပါဘူး။နောက်တစ်နေ့မှာ အဒမ်ပါ ...
movie

Fright Night (2011)

2011