Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Charles Nelson Reilly
6.8
All Dogs Go to Heaven (1989)
ဇာတ်လမ်းကတာ့ ချာလီဆိုတဲ့ခွေးလေးကို သူ့သူငယ်ချင်းကတိရစ္ဆာန်ထိန်းသိန်းရေးစခန်းကနေ လွှတ်ပေးတာနဲ့ စထားပါတယ်။အဲ့လိုနဲ့ သူတို့နှစ်ယောက် ချာလီ့ရဲ့ ကာစီနိုဆီပြန်လာတဲ့အခါမှာတော့သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းက လုပ်ငန်းကို အပိုင်သိမ်းချင်လို့သူ့ကိုအကောက်ကြံတာခံရပါတော့တယ်။ 1989 မှာထွက်ခဲ့တဲ့ animation လေးမို့old school animation ကြိုက်သူတွေ အကြိုက်တွေ့စေမှာပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ပိတ်ရက်တွေမှာ မိသားစုနဲ့အတူ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းလေးပါပဲ။File size… 3.9 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h 24m Genre ..... Adventure / Action / Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Khin La Pyae Win
movie
All Dogs Go to Heaven (1989)
6.0
Rock-A-Doodle (1991)
Rock A Doodle 1991ဒီဇာတ်ကားလေးကတော့ American Filmmaker & Animatorတစ်ယောက်ဖြစ်တဲ့ Don Bluth ရဲ့လက်ရာဖြစ်ပါတယ်။Don Bluth ဆိုတာနဲ့ The Land Before Time တို့An American Tail တို့ကိုပြေးမြင်မိကြမှာပါ။ဒါဆိုရင်တော့ Don Bluth နာမည်နဲ့တွဲပြီးတော့မှတ်ဖို့အတွက်ဒီဇာတ်ကားလေးလည်း တစ်ခုအပါအဝင်ဖြစ်လာမှာပါ။Live Action နဲ့ Animation ကိုရောယှက်ထားပြီးတော့Edmond ဆိုတဲ့ကောင်လေးရဲ့ ညအိပ်ရာဝင်ပုံပြင်တွေကနေတစ်ဆင့်တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်တဲ့ Fantasy World ထဲကိုအလည်သွားမယ့်ဇာတ်ကားလေးလို့ပြောရင်လည်းမမှားပါဘူး။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ Chanticleer ဆိုတဲ့ကြက်ဖလေးကသူ့ရဲ့တွန်သံကြောင့် နေထွက်တယ်လို့ယုံကြည်ထားပြီးတော့ခြံထဲမှာလည်းသူ့ရဲ့အလုပ်က နေမင်းကိုနှိုးဖို့ပါ။Chanticleer ခြံထဲကနေထွက်သွားတဲ့နေ့ကစလို့နေကိုမမြင်ရတော့ပါဘူး။ ဒီတော့ Edmond နဲ့ Chanticleer ရဲ့သူငယ်ချင်းဟောင်းတို့ Chanticleer ကိုဘယ်လို အခက်အခဲတွေကြားကနေခြံထဲကိုပြန်ခေါ်ပြီး သူ့တွန်သံနဲ့နေအလင်းရောင်ကိုကမ္ဘာမြေပေါ်ဖြန့်ကျဲနိုင်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Animation ဇာတ်ကားလေးဖြစ်ပေမယ့်လည်းအတုယူစရာ၊ သင်ယူစရာတွေလည်း ပြည့်နက်နေပါတယ်။တစ်ဦးတစ်ယောက်ရဲ့ Self-Belief ဘယ်လောက်အရေးပါတယ်၊ယုံကြည်မှုနဲ့ စည်းလုံးမှုရဲ့ အင်အားတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။IMDB မှာလည်း ...
movie
Rock-A-Doodle (1991)
5.3
A Troll in Central Park (1994)
A Troll in Central Park 1994 ဒီဇာတ်လမ်းလေးကတော့ Stanley ဆိုတဲ့မှင်စာလေးကိုအခြေခံထားပြီးပုံဖော်ထားပါတယ်။ Stanley ဟာမှင်စာဖြစ်ပေမယ့်စိတ်ရင်းနှလုံးကောင်းမွန်ပြီး နူးညံ့တဲ့ဗီဇရှိတဲ့အမျိုးဖြစ်ပါတယ်။သူ့မှာပန်းပင်လေးတွေကိုဖန်တီးနိုင်တဲ့မှော်ဆန်တဲ့အစိမ်းရောင်လက်မလေးကိုပိုင်ဆိုင်ထားတယ်။စိတ်မကောင်းစရာတစ်ခုကတော့ မှင်စာတို့ရဲ့ကမ္ဘာမှာဒီလိုကြင်နာမှုတွေ၊ လှပမှုတွေကိုအလိုမရှိကြပါဘူး။ဆိုတော့ Stanley ကပန်းလေးတွေကိုသူ့ရဲ့နေရာလေးမှာပဲဘယ်သူမှမမြင်အောင်ဖုံးကွယ်ပြီးစိုက်ပျိုးထားရတာပါ။ဒီလိုနဲ့တစ်ရက်မှာတော့ပန်းပွင့်ကြီးတစ်ခုကိုဖန်တီးမိလိုက်ပြီးဘုရင်မကြီးဆီ Stanley ရဲ့သတင်းကရောက်ရှိသွားပါတယ်။Stanley ပြည်နှင်ဒဏ်ပေးခံလိုက်ရပါတယ်။ဒါပေမယ့်ဘုရင်မကြီးကတော့သူ့ကိုလုပ်ထုံးလုပ်နည်းအရကျောက်တုံးအဖြစ်ပြောင်းပစ်ချင်နေတာပါ။Central Park မှာ Stanley က Gus တို့မောင်နှမနှစ်ယောက်နဲ့ဆုံပြီးပျော်ရွှင်နေတာကို ဘုရင်မကြီးကတွေ့တော့သူ့ရဲ့ဒေါသတွေပိုပြီးကြီးထွားလာပါတယ်။ဆိုတော့ Stanley ဘုရင်မကြီးရဲ့ဒေါသကနေဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ၊ဘယ်လိုအခက်အခဲ အတားအဆီးတွေကိုကျော်ဖြတ်ရမလဲဆိုတာကိုဒီဇာတ်လမ်းလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်။IMDB မှာလည်း 5.3ထိရရှိထားပြီးတော့ ဒီထဲက Soundtrack ဟာဆိုရင်လည်းပရိသတ်တွေရဲ့ရင်ထဲမှာနေရာတစ်ခုရရှိခဲ့ပါတယ်။ကလေးတွေအပြင် Animation ကြိုက်နှစ်သက်တဲ့လူတွေအတွက်အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size… 1.8 GB / 830MB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h 16m Genre ..... Family/Musical Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by edrikk
movie
A Troll in Central Park (1994)
6.4
Tom and Jerry: Shiver Me Whiskers (2006)
ဒီဇာတ်ကားမှာတော့ တွမ်နဲ့ဂျယ်ရီတို့ နှစ်ကောင် ရတနာသိုက်ရှာပုံတော် ထွက်ကြမှာပဲဖြစ်ပါတယ်။ဓါးပြညီနောင်၃ဦးထဲက အနီရောင်ဓါးပြကြီးရဲ့ သင်္ဘောသားတွေ ဖြစ်ကြတဲ့ တွမ်နဲ့ ဂျယ်ရီတို့မထင်မှတ်ဘဲ ရတနာသိုက်မြေပုံ ပါတဲ့ ဖန်ပုလင်း တစ်ပုလင်းကို ကောက်ရခဲ့ပါတယ်။အဲဒီမြေပုံက တခြားမဟုတ်ဘဲ ဓါးပြကြီး၃ယောက် ငယ်စဉ်ကတည်းက လိုက်ရှာ နေခဲ့တဲ့စပန်းနစ်ရှ်မိန်းဆိုတဲ့ အဖိုးတန်ရတနာသိုက်ကြီးရဲ့ မြေပုံဖြစ်နေတာပါ။တွမ်နဲ့ ဂျယ်ရီတို့တွေ မြေပုံရထားတာကိုသိသွားတဲ့နောက် ဓါးပြညီအစ်ကိုတွေရဲ့ မြေပုံလုပွဲတွေက ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ အဲဒီမြေပုံက ဒီတိုင်း သာမန်မဟုတ်ဘဲ ကျိန်စာသင့်နေတဲ့မြေပုံဖြစ်ပြီး ရှာတွေ့သူ မှန်သမျှကို ဒုက္ခပေးဖို့ ကျိန်ဆိုထားတဲ့မြေပုံ ဖြစ်နေပါတယ်။ရတနာသိုက်ကိုလည်း ထောင်ချောက်အထပ်ထပ်နဲ့ ကာရံ ထားလို့ ရယူဖို့လည်း မလွယ်တဲ့အနေအထားပါ။ဒီလိုမျိုး အန္တရာယ်များတဲ့ ရတနာသိုက်ကို တွမ် ဂျယ်ရီနဲ့ ဓါးပြတွေဘယ်သူပိုင်ဆိုင်သွားမလဲ၊ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင် စွန့်စားသွားရမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… 1.5 GB / 801 MB Quality… WEB-DL 1080p / 720p Format… ...
movie
Tom and Jerry: Shiver Me Whiskers (2006)