Channel Myanmar

Charles Bronson

The Great Escape (1963) 8.2
The Great Escape (1963)  ၁၉၄၄ ခုနှစ်မှာ လုံခြုံရေးအတင်းကျပ်ဆုံး ထွက်ပြေးလွတ်မြောက်ဖိုလုံး၀မဖြစ်နိုင်ဘူးဆိုတဲ့ ဂျာမန်အကျဉ်းစခန်းကနေ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ မဟာမိတ်တပ်ဖွဲ၀င်စစ်သားတွေဟာ ထွက်ပြေးဖို ကြိုးစားခဲ့ကြတယ်။ ထွက်ပြေးမယ့်သူကလည်း တစ်‌ယောက်နှစ်ယောက် တစ်ဒါဇင်လောက်တောင်မဟုတ်ဘဲ အယောက် ၂၅၀ ‌ထွက်ပြေးကြမှာ။၃ နှစ်ကျော် အကျဉ်းချခံထားတဲ့သူတိုဟာ လိုက်ခေါင်း ၃ ခုတူးပြီး မရရအောင် ထောင်ဖောက်ပြေးကြဖို စီစဉ်ခဲ့ကြတယ်။ ဇာတ်ကောင်တွေ အချိန် နေရာ‌တွေကို အနည်းငယ်ပြုပြင်ထားပေမဲ့ ထွက်ပြေးလွတ်မြောက်ရေးအစီအစဉ်ကတောာ့ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အတိုင်း အသေးစိတ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်တာမို စိတ်လှုပ်ရှားဖို အတော်လေးကောင်းပါတယ်။ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးတဲ့ ထောင်ဖောက်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်ရင် ဒီဇာတ်ကားကလည်း လက်လွှတ်ခံလိုမဖြစ်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(3.5 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:52:00 Genre... Adventure, Drama, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie

The Great Escape (1963)

The Dirty Dozen (1967) 7.7
The Dirty Dozen (1967)  ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေချိန် အမေရိကန်စစ်တပ်အရာရှိ မေဂျာရိုက်စ်မန်းဟာ ‌ရိုင်းစိုင်းပြီးအမိန့်ကို ဖီဆန်တတ်ရုံမက ခံစားချက်မဲ့သူဆိုပြီး ဝေဖန်ရှုတ်ချခံရကာ အထက်လူကြီးတွေရဲ့ မျက်မုန်းကျိုးတာကို ခံရသူ။ တစ်နေ့မှာတော့ သူဟာ လူသတ်မှု၊ မုဒိမ်းမှု၊ အကြမ်းဖက်မှုတွေနဲ့ သေဒဏ် မဟုတ်ရင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား ၁၂ ယောက်ကိုရွေးကာ အပြင်းအထန်လေ့ကျင့်ပေးပြီး နာဇီအခြေစိုက်စခန်းတစ်ခုကို ၀င်တိုက်ရမယ့် စစ်ဆေးရေးတစ်ခုကို တာ၀န်ပေးအပ်ခြင်းခံခဲ့ရတယ်။စစ်ဆင်ရေးကို အောင်မြင်ခဲ့ရင် အရွေးချယ်ခံထားရတဲ့ အကျဉ်းသားတွေဟာ အပြစ်ဒဏ် လျှော့ပေါ့ပေးခံရနိုင်ခြေရှိသလို လျှော့ပေါ့ပေးမခံရနိုင်တာမျိုးလည်းရှိမယ်။ အကျဉ်းသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆိုးသွမ်းပုံချင်းမတူကြပေမဲ့ အရာရှိတွေကို မုန်းတီးတဲ့နေရာမှာတော့ တူညီကြတယ်။ သူတိုရဲ့ရန်သူဟာ နာဇီတွေမဟုတ်ဘဲ အမေရိကန်စစ်တပ်အရာရှိတွေသာဖြစ်ပြီး ကမ္ဘာစစ်ကလည်း သူတိုနဲ့မဆိုင်၊ ခံယူချက်ကိုယ်စီနဲ့ ထိန်းချုပ်ရခက်တဲ့ စိတ္တဇလူသတ်ကောင် မုဒိမ်းကောင်တွေ။ ဒီလိုမျိုး ကိုင်တွယ်ရခက်ပြီး စည်းလုံးမှုမရှိတဲ့ အကျဉ်းသား တစ်ဒါဇင်ကို မေဂျာရိုက်စ်မန်းတစ်‌ယောက် ဘယ်လိုမျိုး လေ့ကျင့်ပေးမလဲ။ လေ့ကျင့်ရေးအပြီး စစ်ဆင်ရေးကိုလုပ်ဆောင်ချိန်မှာရော ဆိုးမိုက်လိုထောင်ကျနေတဲ့သူတွေနဲ့ဖွဲစည်းထားတဲ့ မေဂျာရိုက်စ်မန်းတိုအဖွဲဟာ စစ်ဆင်ရေးကို ...
movie

The Dirty Dozen (1967)

4K HEVC
Hard Times (1975) 7.2
Hard Times (1975) 1975 ခုနှစ်က ထွက်ထားတဲ့ ဟောင်းပေမယ့်ကောင်းနေဆဲ Action/Sport အမျိုးအစားဇာတ်ကားတစ်ကားပါဘယ်ကလာပြီး ဘယ်ကိုသွားမယ်မှန်းမသိရတဲ့ လူထူးဆန်းတစ်ယောက်နဲ့လမ်းဘေး Boxing ပွဲတွေမှာ ဖျံကျပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ လောင်းကစားသမားတစ်ယောက်တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲကြည့်ရမှာပါအပိုအလိုလည်းမရှိ Brutal လည်းဖြစ်တဲ့ fighting scence တွေက ဒီဇာတ်ကားကိုပိုပြီး ထူးခြားစေတဲ့အပြင်အရင်ခေါတ်က မင်းသားကြီးတွေရဲ့ ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေကလည်း အံ့မခန်းပါပဲFighting ကားလည်းကြိုက်တယ် ဘောလိဝုဒ်ကားတွေလို အလွန်အကျွံကြီးလည်းမကြိုက်ဘူး သဘာဝကျကျလေးလည်းကြည့်ချင်တယ်ဆိုရင်ဒီကားကသေချာပေါက်လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ File size…    2 GB /  649 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Crime, Drama, Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aries
movie

Hard Times (1975)

Death Wish V: The Face of Death (1994)
Death Wish V: The Face of Death (1994) Death Wish Film Series ရဲ့ ငါးကားမြောက်နဲ့ နောက်ဆုံးကားအဖြစ် City of Dreams ဖြစ်တဲ့နယူးယောက်မြို့တော်ကြီးမှာ ဇာတ်အိမ် တည်လာခဲ့ပါတယ်။ပေါလ်ကာဆင်ဟာ အယ်လ်အေမှာ အဓိကမူးယစ်ဂိုဏ်းကြီး ၂ ခုကို ဖြိုခွဲအပြီး ၇ နှစ်အကြာမှာ မျက်မြင်သက်သေကာကွယ်ရေးပရိုဂရမ် အနေနဲ့နယူးယောက်မှာ ပရော်ဖက်ဆာ ပေါလ်စတူးဝပ်အနေနဲ့ ဇာတ်မြှုပ်နေထိုင်ခဲ့ပြန်ပါတယ်.။ရည်းစားဖြစ်သူ အိုလစ်ဗီယာရီးဂျန့်ရဲ့ ဖက်ရှင်ရှိုးကို တက်ရောက်ခဲ့တဲ့အချိန်မှာ အိုလစ်ဗီယာရဲ့လက်ကဒဏ်ရာကိုတွေ့ပြီး ယောကျ်ားဟောင်းဖြစ်တဲ့ တွန်မီအိုရှေးရဲ့လက်ချက်ဖြစ်မှန်း သိရှိသွားခဲ့ပါတယ်။တွန်မီ့ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးနောက်ပိုင်းမှာ အိုလစ်ဗီယာရဲ့ဘဝထဲမှာ အတင်းတွယ်ကပ်နေတဲ့ ဂိုဏ်းစတား တွန်မီအိုရှေးကိုမဖြစ်မနေ ဖယ်ရှားရမှာကို သဘောပေါက်သွားခဲ့ပါတယ်။တွန်မီအိုရှေးကို ဖြုတ်ချနိုင်ဖို့ မိတ်ဆွေဟောင်း ခရိုင်ရှေ့နေဘရိုင်ယန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ပေါလ်နဲ့ အိုလစ်ဗီယာတို့ရဲ့အကြံ အထမမြောက်ခင်မှာပဲ အိုလစ်ဗီယာကို တွန်မီ့ဘက်ကနေ လက်ဦးမှုရယူပြီးမျက်နှာကိုဖျက်ဆီးကာ ချိန်းခြောက်ခဲ့ပါတယ်.။သူနဲ့ထိစပ်ပတ်သက်သူတိုင်း နာကျင်ရတဲ့ဖြစ်ရပ်ဆိုးဟာ ပေါလ်ရဲ့ဘဝမှာ ကျိန်စာတစ်ခုလို အမြစ်တွယ်နေခဲ့ပြန်ပါတယ်။ဒီတစ်ခေါက်မှာတော့ ပေါလ်ရဲ့အဖြစ်ဆိုးသံသရာကို ရပ်တန့်နိုင်မှာလား.ရှုပ်ထွေးလှတဲ့ နယူးယောက်မြို့တော်ကြီးထဲမှာရော အရင်ကလို လက်စွမ်းနဲ့ရာဇဝတ်သားတွေကို တားဆီးနိုင်ဦးမှာလား ဆိုတာကို ...
movie

Death Wish V: The Face of Death (1994)

Death Wish 4: The Crackdown (1987) 5.4
Death Wish 4: The Crackdown (1987) ပေါလ်ကာဆင်ရဲ့ ဇာတ်လမ်းဟာ နယူးယောက်မှာတင် အဆုံးမတင်နိုင်သေးဘဲCity of Angels လို့ တင်စားခေါ်ဝေါ်တဲ့ လော့စ်အိန်ဂျလိကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။Vigilante ဘဝကနေ အနားယူခဲ့တာကြာပြီဖြစ်တဲ့ ပေါလ်ကာဆင်ရဲ့ဘဝထဲကိုကယ်ရန် နဲ့ အယ်ရစ်ကာတို့ သားအမိက ဝင်ရောက်လာခဲ့ပြန်ပါတယ်။ အရမ်းထူးချွန်ပြီးလိမ္မာလွန်းတဲ့ အယ်ရစ်ကာကို ဆုံးပါးသွားတဲ့သမီးလေးကို သတိရစိတ်နဲ့ ခင်တွယ်မိနေပြန်ပါတယ်။လူငယ်သဘာဝ စူးစမ်းချင်စိတ်နဲ့ မူးယစ်ဆေးကို သုံးစွဲမိခဲ့တဲ့ အယ်ရစ်ကာတစ်ယောက်ကံမကောင်းအကြောင်းမလှဘဲ ဆေးလွန်ပြီး သေဆုံးသွားခဲ့ပြန်ပါတယ်။အယ်ရစ်ကာ သေဆုံးရတဲ့ကိစ္စကို မကျေချမ်းနိုင်ဘဲ အယ်ရစ်ကာရဲ့ရည်းစားကို ခြေရာခံလိုက်ရင်းဆေးအရောင်းသမား ဂျိုဂျိုရဲ့ လက်ချက်မှန်း သိခဲ့ပါတယ်။ဂျိုဂျိုက ရန်ဒီကို သတ်နေတဲ့အချိန်မှာ မျက်မြင်တွေ့လိုက်ရပြီး ဂျိုဂျို့ကို တစ်ခါတည်း ပစ်သတ်ခဲ့ပါတယ်။ထိုကိစ္စပြီးတဲ့အချိန်မှာ ပေါလ်တစ်ယောက် ထူးဆန်းတဲ့စာတစ်စောင်ကို အိမ်မှာတွေ့ရှိပြီး သူ့ကို ဖုန်းခေါ်ဆိုလာခဲ့ပါတယ်.။သူ့ရဲ့နောက်ကြောင်းတွေကို သိရှိတဲ့သူဖြစ်ပြီး သူနဲ့တွေ့ဆုံဖို့ ငြင်းဆန်ပါကရဲတွေကို သူ့ရဲ့ Vigilante ဘဝကို ထုတ်ဖော်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ပေါလ် သွားရောက်တွေ့ဆုံတဲ့အချိန်မှာ လူကုံတံသတင်းစာတိုက်ပိုင်ရှင် နေသန်ဝှိုက်ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။အယ်ရစ်ကာ့လို အဖြစ်ဆိုးမျိုးကြုံခဲ့ရတဲ့ ...
movie

Death Wish 4: The Crackdown (1987)

Death Wish 3 (1985) 5.8
Death Wish 3 (1985) ဒီဇာတ်ကားမှာတော့ ပေါလ်ကာဆင်တစ်ယောက် နယူးယောက်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။နယူးယောက်မြို့အရှေ့ပိုင်းက သူငယ်ချင်းဖြစ်သူ ချာလီဆီကို အလည်အပတ် ပြန်လာတဲ့အချိန်မှာတော့ဓားခုတ်ရာလက်ဝင်လျှိုမိတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ပေါလ်ရောက်လာချိန်မှာ ချာလီကို လမ်းသရဲတွေ ရိုက်နှက်ပြီး ထားခဲ့တဲ့အချိန်ဖြစ်နေပါတယ်။ပေါလ်လက်ထဲမှာ ချာလီသေဆုံးသွားခဲ့ပြီး ရဲတပ်ဖွဲ့ရောက်ရှိလာချိန်မှာတော့ ပေါလ်ကိုလူသတ်သမားလို့ ယူဆပြီး ဖမ်းဆီးသွားခဲ့ပါတော့တယ်.။ရဲစခန်းအရောက်မှာတော့ ရဲမှူးဖြစ်တဲ့ ရစ်ချတ်ရှရိုက်ကာက နယူးယောက်မြို့မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကကျော်ကြားခဲ့တဲ့ မစ္စတာ "ဗစ်ဂျီလန်တီ" ဖြစ်နေမှန်း မှတ်မိသွားခဲ့ပါတယ်။ရှရိုက်ကာက ပေါလ်ကို ထောင်ထဲမှာအရိုးမဆွေးချင်ရင် သူ့လက်အောက်မှာ လုပ်ကိုင်ဖို့ အခွင့်အရေးတစ်ခု ကမ်းလှမ်းခဲ့ပါတယ်။ဒီလိုနဲ့ပဲ ရဲတွေကို ရှောင်တိမ်းကာ လုယက်သူတွေကို နှိမ်နင်းခဲ့တဲ့ "ဗစ်ဂျီလန်တီ" က ဒီတစ်ခေါက်မှာတော့ရဲလက်အောက်ကနေ လျှို့ဝှက်အမှုထမ်းရသူ ဖြစ်လာခဲ့ပါတယ်။ဒီနောက်မှာတော့ ပေါလ်ဟာ သေဆုံးသူ ချာလီရဲ့တိုက်ခန်းဆီကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။အဆိုပါဧရိယာမှာ ကြီးစိုးနေတဲ့ လမ်းသရဲဂိုဏ်းကြောင့် ပေါလ်နေတဲ့ အဆောက်အဦမှာနေထိုင်သူ သက်ကြီးရွယ်အိုတွေဟာ ကျီးလန့်စာစား နေထိုင်နေရပါတယ်။ပေါလ်အနေနဲ့ သူ့ရဲ့လမ်းစဉ်အတိုင်း လမ်းသရဲဂိုဏ်းကို လုံးပါးပါးအောင် နှိမ်နင်းရင်းနဲ့ပဲထိုအသိုက်အဝန်းက လူကောင်းသူကောင်းတွေရဲ့ ...
movie

Death Wish 3 (1985)

Death Wish II (1982) 6.0
Death Wish II (1982) ဒီတစ်ခါမှာတော့ နယူးယောက်မြို့ကနေ "Vigilante" ဘဝကို ဇာတ်မြုပ်ဖို့ ရည်ရွယ်ချက်နဲ့ချီကာဂိုကို ပြောင်းသွားတဲ့ ပေါလ်ကာဆင်ရဲ့ နောက်ကို သူ့ရဲ့ "Vigilante" ဘဝကလည်း ထပ်ချပ်မကွာ လိုက်ပါလာခဲ့ပါတယ်။မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တွေ့ပြီး လော့စ်အိန်ဂျလိရုံးခွဲကို ပြောင်းရွှေ့သွားခဲ့တဲ့ ပေါလ်ကာဆင်ရဲ့ နောက်ကိုနယူးယောက်မြို့က အိပ်မက်ဆိုးကြီးက ထပ်မံခြောက်လှန့်ခဲ့ပါတယ်.။စိတ်ဒဏ်ရာတွေကနေ သက်သာစပြုလာတဲ့ သမီးဖြစ်သူနဲ့အတူ အေးချမ်းစွာ နေထိုင်မယ်ဆိုတဲ့ အိပ်မက်ကိုလော့စ်အိန်ဂျလိမြို့က လူဆိုးတစ်သိုက်က ဖျက်ဆီးခဲ့ပြန်ပါတယ်။ရေခဲမုန့်ကားရှေ့မှာ တန်းစီနေတုန်းမှာ လုယက်သူတစ်သိုက်က ပေါလ်ရဲ့ ပိုက်ဆံအိတ်ကို ရသွားရာကတစ်ဆင့်ပေါလ်ရဲ့အိမ်ထိသွားရောက်ပြီးတော့ ပေါလ်ကို ဆုံးမဖို့ စောင့်နေခဲ့ပါတယ်။အိမ်စေကိုလည်းမုဒိန်းကျင့်စော်ကားသတ်ဖြတ်လိုက်ပြီး ပေါလ်ရောက်အလာမှာတော့သတိမေ့အောင်လုပ်ကာပေါလ်ရဲ့သမီးဖြစ်သူ ကယ်ရိုးကို ဖမ်းဆီးသွားခဲ့ပြန်ပါတယ်။ကယ်ရိုးဟာ ကာမဘီလူးတွေရန်ကနေ လွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ ခြံစည်းရိုးသံတိုင်ပေါ်ကို ပြုတ်ကျပြီး မရှုမလှဇာတ်သိမ်းခဲ့ရပါတယ်။သမီးဖြစ်သူရဲ့ အဖြစ်ဆိုးကို ဒုတိယအကြိမ် ပြန်လည်တွေ့ကြုံခဲ့ရချိန်မှာတော့ပေါလ်ကာဆင်အနေနဲ့ သူ့ရဲ့လက်စွဲတော်သေနတ်ကို ပြန်လည်ကိုင်စွဲပြီး သမီးဖြစ်သူအတွက် လက်စားချေဖို့"Vigilante" ဘဝကို ပြန်ရောက်ခဲ့ရပါတယ်။လွန်ခဲ့တဲ့ ၅ နှစ်က နယူးယောက်မြို့ပေါ်က လူဆိုးလူမိုက်တွေကို အကွက်ဆင်သတ်ဖြတ်မှုတွေနဲ့ ဆင်တူတဲ့ ...
movie

Death Wish II (1982)

Death Wish (1974) 6.9
Death Wish (1974) ဒီဇာတ်ကားဟာ Brian Garfield ရဲ့ Death Wish ဆိုတဲ့ ဝတ္ထုကို အခြေခံထားတာဖြစ်ပြီးတော့မင်းသားကြီး Charles Bronson ဦးဆောင်ထားတဲ့ Death Wish Franchise ရဲ့ ပထမဆုံး ဇာတ်ကားလည်းဖြစ်ပါတယ်။1970 ခုနှစ်ကာလ မှုခင်းဖြစ်ပွားနှုန်းတွေ မြင့်တက်နေတဲ့ နယူးယောက်မြို့ကြီးကို ကျောရိုးယူပြီး ရိုက်ကူးထားတာဖြစ်လို့ထိုခေတ်အခါက ပရိသတ်စိတ်ဝင်စားခဲ့သလို ဝေဖန်မှုတွေ များခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့. ပေါလ်ကာဆီဆိုတဲ့ စစ်ပြန်ဗိသုကာပညာရှင်တစ်ယောက်ရဲ့ ဘဝမှာ ချစ်ရတဲ့ဇနီး သမီးဖြစ်သူတို့နဲ့ ပြည့်စုံကြွယ်ဝနေခဲ့ပါတယ်။တစ်ရက်မှာတော့ ဇနီးဖြစ်သူနဲ့ သမီးတို့ စူပါမားကတ်က အပြန်မှာ လမ်းသရဲတစ်သိုက်ရဲ့ ပစ္စည်းပို့သူဟန်ဆောင်ပြီး အကြမ်းဖက်စော်ကားခြင်းကို ခံခဲ့ရပါတယ်.။ဇနီးဖြစ်သူက ဆေးရုံမှာတင် သေဆုံးခဲ့ပြီး သမီးဖြစ်သူ ကယ်ရိုးကတော့ စော်ကားခံရတဲ့စိတ်ဒဏ်ရာတွေကြောင့်ရှင်လျက်သေနေတဲ့ဘဝကို ရုတ်ချည်းရောက်ရှိသွားရပါတော့တယ်။နယူးယောက်မြို့ရဲ့ များပြားလှတဲ့မှုခင်းဖြစ်ရပ်တွေကြောင့် ဇနီးဖြစ်သူနဲ့သမီးအတွက် တရားမျှတမှုကို ရဲတပ်ဖွဲ့က ယူဆောင်ပေးလာနိုင်ခဲ့ခြင်း မရှိပါဘူး။ဇနီးဖြစ်သူကိုလည်း ဆုံးရှုံး. သမီးရဲ့အဖြစ်ကိုလည်း မရှုရက်နိုင်ဖြစ်နေတဲ့ ပေါလ်ကာဆီအတွက် တူဆန် ...
movie

Death Wish (1974)

The Magnificent Seven (1960) 7.8
The Magnificent Seven (1960) Magnificent Seven 1960IMDb 7.8ဒီရုပ်ရှင်ကတော့ ကမ္ဘာကျော် Seven Samurai ရုပ်ရှင်ကို အခြေခံပြီး ကောင်းဘွိုင်ဇာတ်လမ်းအဖြစ် ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်လည်း ဆုတွေအတော်ရခဲ့ပြီး အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ပဲ ဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့အင်အား ၄၀ ကျော်ရှိတဲ့ ဓားပြအုပ်စုကြီးရဲ့ လုယက်အနိုင်ကျင့်မှုတွေကို မခံနိုင်တော့တဲ့ ရွာလေးတစ်ရွာက လယ်သမားတွေဟာ ရှိသမျှပစ္စည်းလေးတွေနဲ့ သူတို့ဘက်က ကာကွယ်ပေးမယ့် သေနတ်သမားတွေကို လိုက်ပြီးငှားရမ်းပါတယ်။စုစုပေါင်း ဒေါ်လာ ၂၀ ထဲနဲ့ သူတို့အတွက် အသေခံတိုက်ပေးမယ့် ထူးထူးခြားခြား သေနတ်သမား ၇ ယောက် ပေါ်ပေါက်လာတဲ့အခါ.....Tartee Poe ဘာသာပြန်ထားပါတယ်  File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...  Action, Adventure  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Tartee Poe
movie

The Magnificent Seven (1960)

1960