Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chandrachur Singh
5.2
Cuttputlli (2022)
ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၁၈ တုန်းက လူကြိုက်များခဲ့တဲ့ ‘Ratsasan’ ဆိုတဲ့ ဇာတ်ကားကို Disney+ Hotstar က ၂၀၂၂ မှာ ဆန်းသစ်တဲ့ ရိုက်ချက်တွေနဲ့ ပြန်လည်ရိုက်ကူးထားပြီး မင်းသားကြီးအာရှေးကူးမားပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။အာဂျန်ဆိုတဲ့ ဘွဲ့ရပညာတတ်တစ်ယောက်ဟာ ကွင်းဆက်လူသတ်မားတွေရဲ့ စိတ်ပညာကို စိတ်ဝင်စားသဖြင့် မှုခင်းစိတ်ပညာတွေကိုလဲလေ့လာခဲ့ပါတယ်။ သူရဲ့ရည်ရွယ်ချက်ကတော့ ကောင်းမွန်တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားကို ရိုက်ကူးချင်ခဲ့တာဖြစ်ပါတယ်။မှုခင်းဖြစ်ရာ ဖြစ်စဉ်တွေကို သူ့ဘဝရဲ့ ခုနစ်နှစ်တိုင်ကြိုစားအားထုတ်လေ့လာပြီး ရလာတဲ့ ဇာတ်ညွှန်းလေးဟာ ရိုက်ကူးခံရဖို့အတွက် သဘောကျနှစ်ခြိုက်တဲ့ ထုတ်ဝေသူမတွေ့ခဲ့ရပါဘူး။ သူခုနစ်နှစ်တိုင်လေ့လာထားတဲ့ မှုခင်းပညာတွေ မှုခင်းနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို အလကားမဖြစ်သွားအောင် ရဲအဖြစ် တာဝန်ထမ်းဖို့အတွက် ရွေးချယ်ခဲ့ပါတော့တယ်။ သူရဲထဲဝင်ပြီးမကြာခင်မှာမှာ ပေါက်ပေါက်လာတဲ့ ဆယ်ကျောက်သက် ကျောင်းသူအရွယ်လေးတွေ ပျောက်ဆုံးနေတဲ့ အမှုဟာ လူပျောက်မှုလေးကနေ ကွင်းဆက်လူသတ်မှုအထိ ကြီးမားလာတဲ့ အခါ အာဂျန်တစ်ယောက် သူ့ရဲ့ လက်တွေ့အသုံးမချရသေးတဲ့ မှုခင်းပညာတွေကို ဘယ်လိုအသုံးချမလဲ။ အတွေ့အကြုံမရှိတဲ့ ရဲတစ်ယောက်ဖြစ်ပေမယ့် မှုခင်းပညာတွေကို အပြင်မှာလေ့လာခဲ့တဲ့ အာဂျန်တစ်ယောက် အထက်ကလူတွေနဲ့ရော အဆင်ပြေနိုင်ပါ့မလား ဆိုတာတွေကို Cuttputlli ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလိုက်ပါ။ File size…4.5GB / 2.09GB / 1.1GB Quality…4k HEVC ...
movie
Cuttputlli (2022)
2022
4K HEVC Web-DL
6.2
Josh (2000)
Josh (2000) *************** အိန္ဒိယနဲ့အတူလွတ်လပ်ရေးမရခဲ့ဘဲ နောက်ပိုင်းကျမှရခဲ့တဲ့ Goa ဆိုတဲ့ နယ်မြေကလေးဟာ အခုချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားပါပြီ။ ဒါပေမဲ့ အဲဒီ့မတိုင်မီ ပေါ်တူဂီတွေအုပ်စိုးသွားခဲ့ပြီး သူတို့ထွက်သွားတဲ့အချိန်မှာဆိုရင် Goa မှာရှိတဲ့ မြေကွက်တွေဟာ ဦးသူယူဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့ပါတယ်။Goa ရဲ့အကြီးဆုံးမြို့တစ်ခုဖြစ်တဲ့ Vasco ဆိုတဲ့မြို့လေးမှာတော့ မြေကွက်တွေ နေအိမ်တွေကို အတင်းအဓမ္မ လိုက်လု၊မောင်းထုတ်ပြီး စီးပွားရေးလုပ်စားနေတဲ့ ကင်းမြီးကောက်ဂိုဏ်းဆိုတာရှိတယ်ဗျ။ အဲဒီဂိုဏ်းရဲ့ မဟာရန်ဘက်ကတော့ လင်းယုန်ဂိုဏ်းပေါ့။ သူတို့နှစ်ဖွဲ့ဟာ မတည့်လွန်းလို့ အလယ်မှာစည်းခြားပြီးတောင် ကိုယ့်နယ်မြေ သူ့နယ်မြေသတ်မှတ်ခဲ့ကြပါတယ်။ ပိုင်နက်ကျော်လာတာနဲ့ ကျော်လာတဲ့သူကို အဖွဲ့လိုက်ကြိတ်ကြတာပေါ့။အဲဒီဂိုဏ်းနှစ်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေကလည်း လူငယ်လေးနှစ်ယောက်ပါပဲ။ အသက်အရွယ်အားဖြင့် သွေးကြွတတ်တဲ့အရွယ်ပေါ့။ ဒါပေမယ့် သူတို့ဆော်မယ်ချမယ်လုပ်တိုင်း မြို့က ရဲမင်းကြီးတို့ သင်းအုပ်ဆရာတို့ရောက်လာနဲ့ အစွယ်မရှိတော့တဲ့ ကျားနှစ်ကောင်လိုပဲ ပခုံးဖက်လို့ ခင်ချင်ဆောင်တတ်ကြပါတယ်။လင်းယုန်ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင်မှာအမြွှာညီမတစ်ယောက်ရှိသလို ကင်းမြီးကောက်ဂိုဏ်းရဲ့ခေါင်းဆောင်မှာလည်း အစ်ကိုတစ်ယောက်ရှိတယ်ဗျ။ အခုလိုကြောင်နဲ့ကြွက်လို မတည့်ဖြစ်နေတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ မြို့ကပြန်လာတဲ့ ကင်းမြီးကောင်ဂိုဏ်းခေါင်းဆောင်ရဲ့အစ်ကိုဟာ လင်းယုန်ဂိုဏ်းခေါင်းဆောင်ရဲ့ညီမကို ဘယ်လိုကြွေသွားမလဲ၊ ...
movie
Josh (2000)