Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chaams
7.2
Enthiran (2010) Robot
Enthiran (2010) RobotIMDB Rating (7.2) / Rotten Tomatoes (72%)ဒီကားကတော့ အိန္ဒိယသမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ထိ အောင်မြင်ခဲ့တဲ့ စိတ်ကူးယဉ်သိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားပါ ရုံတင်ငွေလည်း ကုဋေ ၂၉၀လောက်အထိ ပြန်ရခဲ့ပြီး အဲ့ဒီခေတ်ကာလအနေအထားအရ ခေတ်ရှေ့ပြေးတဲ့ ဇာတ်ညွှန်းနဲ့တင်ဆက်မှုမျိုးပါပဲ။ ဒီလိုဆိုလို့ ဘောလိဝုဒ်ဇာတ်ကားလို့ထင်စရာရှိပေမယ့် တကယ်တော့ တောင်ပိုင်းက Tamil ဇာတ်ကားဖြစ်ပြီး မယ်ကမ္ဘာဆုရှင် Aishwarya Rai နဲ့ တမီးလ်မင်းသားကြီး Rajinikanth တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့... ဆယ်စုနှစ်တစ်ခုကြာ သုတေသနပြုပြီးတော့ ပါရမီရှင်သိပ္ပံပညာရှင် ဒေါက်တာဗာစီက လူသားနဲ့ ခပ်ဆင်ဆင်တူတဲ့ အဆင့်မြင့် humanoid စက်ရုပ်တစ်ရုပ်ကို ဖန်တီးနိုင်ခဲ့ပါတယ် သူ့ရဲ့နာမည်ကိုတော့ ချစ်တီးလို့ပေးလိုက်ပါတယ် ချစ်တီးကို လူသားတွေကိုကူညီဖို့ ရည်ရွယ်ပြီး ဖန်တီးခဲ့တာပါ အစပိုင်းမှာတော့ ချစ်တီးက အမိန့်တွေကို တိတိကျကျ လိုက်နာပြီး လူသားတွေအတွက် အလွန်အသုံးဝင်တဲ့ စက်ရုပ်တစ်ရုပ်ဖြစ်ခဲ့ပေမဲ့ ဒေါက်တာဗာစီက ချစ်တီးရဲ့ ဆော့ဖ်ဝဲလ်ကို အဆင့်မြှင့်တင်ပြီး လူသားဆန်တဲ့ စိတ်ခံစားမှုတွေကို ထည့်သွင်းလိုက်တဲ့အခါ ဇာတ်လမ်းက စတင်ရှုပ်ထွေးလာပါတော့တယ်ချစ်တီးတစ်ယောက် ...
movie
Enthiran (2010) Robot
4K HEVC
6.3
Kumbaari (2024)
Kumbaari (2024) "တို့အတူ"ပေါ့ပေါ့ပါးပါး တမီးလ် ဖန်စီအချစ်ကားလေးကို တင်ဆက်လိုက်ပါတယ်သာယာတဲ့ နယ်မြို့လေးတစ်မြို့က အာရွန်ဆိုတဲ့ တည်ကြည်ရိုးသားတဲ့ ကောင်လေးနဲ့ အစအနောက်သန်တဲ့ ဒါရှီနီဆိုတဲ့ ကောင်မလေးတို့ဇာတ်လမ်းမှာဒါရှီနီက ယူကျုဘာတစ်ယောက်ဖြစ်ပြီး prank ဗီဒီယိုတွေ ရိုက်ရင်း အာရွန်နဲ့ မတော်တဆဆုံမိတာပါဗီဒီယိုတစ်ပုဒ် နာမည်ကြီးသွားတဲ့နောက်မှာတော့ အာရွန်တစ်ယောက် ဟီးရိုးကြီးဆိုတဲ့ နာမည်ရလာခဲ့ပြီး သူတို့နှစ်ယောက်ဘယ်လိုတွေ နီးစပ်လာကြမှာလဲဘယ်လိုရန်သူတွေနဲ့ ရင်ဆိုင်ဖိုက်ရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.8 GB/ 1.4 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 50min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Kumbaari (2024)
5.7
Dinasari (2025)
Dinasari (2025)"နေ့တိုင်း" =====================တမီလ်မင်းသား ဆရီကန့်ရဲ့ အသစ်ထွက်ရှိထားတဲ့တမီလ်စကားပြော အချစ်ဟာသ ဒရာမာ ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်ဖြစ်သူ ရှက်သီဟာ အင်မတန်မှ ဇီဇာကြောင်ပြီး လောဘကြီး ကပ်စေးနည်းတဲ့ လူပျိုကြီးပါ။သူယူတဲ့မိန်းမက သူ့ထက် လစာကောင်းရမယ်ဆိုပြီး တလွဲစံကြီးထားထားတဲ့အတွက် အိမ်ထောင်ဖက်ရှစ်ယောက်တွေ့တာတောင် ရှစ်ယောက်လုံးကို ငြင်းထားတဲ့ အကြောတင်းလူပျိုကြီးပေါ့။အဲဒီလိုနဲ့ သူ့ကို လေးလအတွင်း မိန်းမ မရရင် နောက် ၇ နှစ်ထိ မိန်းမရကိန်းမရှိတော့ဘူးလို့ ဗေဒင်ဆရာက ဟောလိုက်တဲ့အတွက် သူ့ရဲ့မိသားစုကသူ့ကို မိန်းမအတင်းပေးစားဖို့ကြံနေတုန်းမှာပဲ ရုပ်ချော၊ဘော်ဒီမိုက်၊ လစာကောင်းတဲ့ အမေရိကပြန် မိန်းကလေးတစ်ယောက် ရှက်သီ့ဘဝထဲကို ဝင်လာတဲ့အခါမှာတော့.. ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.2 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Dinasari (2025)
7.5
Glassmates (2024)
Glassmate 2024 သောက်ဖော်သောက်ဖက်"တစ်တန်းတည်းအတူတက်ပြီး ဘွဲ့အတူရတဲ့သူတွေကို အတန်းဖော်လို့ခေါ်ရင် တစ်ခွက်တစ်ဖလား အတူသောက်တဲ့သူကိုတော့ သောက်ဖော်လို့ခေါ်ရမှာပေါ့"အရက်သမားဖြစ်နေတဲ့ လူနာတွေရဲ့ ကယ်တင်ရှင်လို့ သတ်မှတ်ထားကြတဲ့ ဒေါက်တာဖီးလစ် ပြောရရင် ဒေါက်တာဖီးလစ်ဆိုတာ အရက်သမားကြောင့် ဒုက္ခရောက်နေရတဲ့ မိသားစုတိုင်းရဲ့ ကယ်တင်ရှင်ပေါ့လေဒါပေမဲ့ သေသောက်ကြူးယမကာလုလင်ညီနောင်နဲ့အတွေ့မှာတော့ ဒေါက်တာဖီးလစ်တစ်ယောက် ကိုယ်တိုင်ယမကာလုလင်ဘဝရောက်သွားတဲ့အထိပါပဲ။ဒီလိုအရက်ဖြတ်ပေးမယ့်ဆရာဝန်ကိုပါ သောက်ဖော်သောက်ဖက်ဖြစ်အောင်လုပ်နိုင်တဲ့အထိ အဆွယ်ကောင်းလွန်းတဲ့ညီအစ်ကိုနှစ်ယောက်၊ ဘာလာလာနဲ့အရက်နဲ့ဓာတ်ကြမ်းကုရင်ပြောတယ်ဆိုတဲ့ ယမကာရမ်းကုနှစ်ယောက်ရဲ့ဘဝက အလွဲပေါင်းသောင်းခြောက်ထောင်ကို ရှုစားရင်း ရယ်မောခြင်းနဲ့ ဘဝအမောတွေ ဖြေဖျောက်လိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.7 GB / 1.35 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 6min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Glassmates (2024)
7.7
Boat (2024)
Boat (2024)လှေIMDb-7.9/10အခုနောက်ပိုင်း ယိုဂီဘာဘူရဲ့ဇာတ်လမ်းတွေက ကြည့်ပျော်ရုံအဆင့်ထက်ပိုတဲ့ အတွေးတွေ စဉ်းစားစရာတွေနဲ့ ပိုကြည့်ကောင်းလာတယ်ဆိုတာ ဘောလိဝုဒ်ပရိသတ်ကြီး သတိထားမိမယ်ထင်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်း မဖွံ့ဖြိုးသေးတဲ့ဒေသတစ်ခုမှာ လာဗိုလ်ကျစိုးမိုးတဲ့ဗြိတိသျှတွေရဲ့ နိုင်လိုမင်းထက်ပြုမူကတစ်မျိုး ၊ ဂျပန်ဗုံးကြဲလေယာဉ်ဒဏ်တွေကို ရှောင်ပြေးဖို့ကြိုးစားရတာတစ်မျိုးနဲ့ ဒုက္ခပင်လယ်ဝေနေကြတဲ့ကာလတစ်ခုမှာ ....။ယိုဂီဘာဘူက အသက်ကြီးနေတဲ့ အဘွားနဲ့အတူ ဒီခေတ်အခြေအနေမှာ သင့်တော်ရာလူတွေ့ထားပြီးတဲ့ ညီမကို အိမ်ထောင်ချပေးဖို့အရေး ၊ ဘုမသိဘမသိဖမ်းခံလိုက်ရတဲ့ညီဖြစ်သူလွတ်ဖို့အရေးတွေနဲ့ ခေတ်နဲ့ စစ်ကို မပူအားသေးတဲ့အစ်ကိုကြီးတစ်ယောက်....။ညီကို သွားကယ်ဖို့ကြိုးစားနေချိန်မှ ဂျပန်ဗုံးကြဲလေယာဉ်တွေလာတယ်ဆိုလို့ အဘွားနဲ့ ညီကိုခေါ်ပြီးလှေနဲ့ ပင်လယ်ထဲပြေးဖို့ကြံတော့ ရှေ့ပြေးလမ်းကိုပဲ အာရုံစိုက်မိနေချိန် ညီဖြစ်သူကကျန်နေခဲ့ပြီး လွတ်လမ်းဆိုတာနဲ့ အချောင်လိုက်ချင်တဲ့ လူတစ်ဖွဲ့ပဲ သူ့လှေပေါ်ပါလာခဲ့တယ်....။ပင်လယ်ပြင်ကြီးထဲက လှေတစ်စီးပေါ်မှာ နိုင်ငံရေးသမား ၊ တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့ စီးပွားရေးသမား ၊ အကြောက်လွန်သူ ၊ လက်တွေ့သမား လူအမျိုးမျိုးပါလာကြတယ်....။တစ်လှေတည်းစီးတစ်ခရီးတည်းသွားအချင်းချင်း နားလည်ဖေးမကူညီသူရှိသလို ဗိုလ်ကျအနိုင်ကျင့်ချင်သူနဲ့ ၊ မိတ်ဆွေယောင်ဆောင်ရန်သူတွေလည်းရှိနေပြန်တော့....။ဒီတစ်ခါရော ယိုဂီဘာဘူကြီးက သဘာဝကျကျ ဘဝကိုဘယ်လိုသရုပ်ဖော်ပြဦးမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…3.3GB / 1.4GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 6m Subtitle….Myanmar Subtitle ...
movie
Boat (2024)
7.1
Local Sarakku (2024)
Local Sarakku(2024) (ပြည်တွင်းဖြစ်အရက်)IMDb 7.4/10 နာမည်ကြီးဟာသသရုပ်ဆောင် ယိုဂီဘာဘူပါဝင်ထားတဲ့ တမီးလ်ဟာသဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဆာရာဗာနားဆိုတဲ့ လူတစ်ယောက်ဟာ နေ့နေ့ညည အရက်သောက်ရင်းနဲ့ပဲ အချိန်ကုန်လေ့ရှိတဲ့ အရက်ဂျိုးကြီးတစ်ယောက်...ညီမဖြစ်သူရဲ့ဝင်ငွေကိုပံ အားကိုးနေရတာကြောင့် အရက်ဖိုးလေးကိုက်အောင် ရရာအလုပ်ဝင်လုပ်ပေမယ့်လည်း အမျိုးမျိုးအဆင်မပြေ...တစ်ရက်မှာတော့ ဆာရာဗာနားတို့အိမ်နားကို မာဟက်ရှ်ဆိုတဲ့ မိန်းမချောလေးပြောင်းလာခဲ့တယ်... မာဟက်ရှ်က မထင်မရှားသရုပ်ဆောင်လေးတစ်ယောက်ဖြစ်ပေမယ့် ရတဲ့အလုပ်ကို ကျေနပ်စွာလုပ်ပြီး ကြိုးစားတဲ့သူ...ဆာရာဗာနားတစ်ယောက် မာဟက်ရှ်ကို မြင်မြင်ချင်းချစ်မိသွားတဲ့အခါ... အရက်ဂျိုးကြီးတစ်ယောက် ဘာတွေဆက်လုပ်မလဲ ကိုယ့်ကိုယ်ကိုပဲ ပြောင်းလဲတော့မလား ဘာတွေဆက်ဖြစ်မလဲဆိုတာ ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.37GB / 1.08GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Local Sarakku (2024)
2023
5.4
Pei Mama (2021)
ကောလိကူးမား (Yogi Babu) မိသားစုတွေက ငွေအတွက်ဆိုရင် ဘာမဆိုလုပ်မယ့် မိသားစုတွေပါ။ လုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်က သူရောင်းချမယ့်အိမ်မှာ သရဲတွေသောင်းကျန်းနေတဲ့အတွက် နှင်ပေးနိုင်မယ့်လူရှာနေတဲ့ အချိန်မှာလဲ လွယ်လွယ်နဲ့ငွေရမယ့်အလုပ်ထင်တဲ့အတွက် အတင်းဝင်လုံးပြီး သရဲနှင်တဲ့မိသားစုဟန်ဆောင် အလုပ်ကိုလက်ခံခဲ့ပါတယ်။သူတို့တွေ ပတ်တူမာလိုင်ဘန်ဂလိုဆိုတဲ့ လူသူမနီးတဲ့နေရာက အိမ်ထဲကိုဝင်မိတဲ့အချိန်ကျမှပဲ သူတို့အထင်မှားခဲ့ပြီဆိုတာကိုသိရပါတော့တယ်။ အိမ်အတွင်းက တစ်ကောင်တည်းမဟုတ်ပဲ မိသားစုလိုက်ရှိနေတဲ့ သရဲတွေဟာ သူတို့ကိုချုပ်နှောင်ထားခဲ့ပြီးတော့ ဘာကြောင့် သူတို့တွေ အခုလိုဘဝရောက်ရတယ်ဆိုတဲ့အကြောင်းတွေကို ပြသ အကူအညီတောင်းခံလာခဲ့ပြီး သူတို့ကို ဒီဘဝရောက်အောင်အကောက်ကြံယုတ်မာခဲ့သူတွေကို လက်တုန့်ပြန်ဖို့ ကြိုးစားကြပါတော့တယ်။ဒီတောနယ်အစွန်အဖျားက အိမ်တစ်လုံးကို ဘာကြောင့် ဒီလူတွေ အသည်းအသန်လိုချင်နေကြတာလဲ။ ဘာကြောင့် ဒီမိသားစုကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ရုံတင်မကပဲ တစ္ဆေဘဝထိလိုက်ဒုက္ခပေးနေကြတာလဲ။ ငွေရဖို့ ဘာမဆိုလုပ်မယ့် ကောလိကူးမားတို့ မိသားစုလဲ အမြင်မှန်ရပြီးပြောင်းလဲသွားဖို့ဖြစ်လာမလားစတာတွေကို ဘာဘူးကြီး ဇာတ်ကားတွေရဲ့ထုံးစံအတိုင်းတစ်ကားလုံးပါးစပ်မစေ့တမ်း နေရမယ့် ခွီနေရမယ့်ဟာသတွေအပြည့်နဲ့ ရှုစားကြရမှာဖြစ်ပါတယ်။ File size…(1.9 GB) / (1 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….01:51:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias & San Thu Aung
movie
Pei Mama (2021)
HEVC 1080p