Channel Myanmar

Céline Jorrion

GTMAX (2024) 5.5
GTMAX (2024)  အက်ရှင်ကားကောင်းကောင်းလေး ကြည့်ချင်ရင်တော့ဒီကားလေးကို ညွှန်းပေးပါရစေ .. ဇာတ်လမ်းအကျဉ်း+++++++++ရတနာပစ္စည်းတွေ လုယက်တဲ့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းကကျွမ်းကျင်တဲ့ ဆိုင်ကယ်သမား တစ်ယောက်ကို ငှားဖို့လိုက်ရှာနေပါတယ်။ အဲဒီမှာ ဆိုင်ကယ်ပြိုင်သမား မောင်နှမနှစ်ယောက်နဲ့ ချိတ်ဆက်မိပြီး မောင်ဖြစ်သူကို လူဆိုးဂိုဏ်းခေါင်းဆောင်က လူသတ်မှုနဲ့ အကြပ်ကိုင်ပါတော့တယ်။အဲဒီမှာ အစ်မဖြစ်သူက မောင်ဖြစ်သူနဲ့ မိသားစုကိုကာကွယ်ဖို့အတွက် လုယက်မှုတစ်ခုမှာ မဖြစ်မနေပါဝင်ပေးရပါတော့တယ်။ဒီလို လုယက်မှုတွေ စီစဉ်ကြရင်း ဘယ်လို စိတ်လှုပ်ရှားစရာအက်ရှင်တွေကို ကြည့်ရမလဲဆိုတာကတော့ ဇာတ်ကားထဲမှာတစ်ဝကြီး ကြည့်ရှုခံစားလိုက်ပါတော့။  ( ဇာတ်လမ်း အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ် )File size… (1.43GB) / (823MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre …..Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW
movie

GTMAX (2024)

The Bélier Family (2014) 7.3
The Bélier Family (2014)  ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးကို ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ La famille Belierလို့ခေါ်ပြီးတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ဘီလီရာလို့ခေါ်တဲ့ မိသားစုလေးမှာ မိသားစုဝင် ၄ ယောက်ရှိပြီးတော့၃ ယောက်က ဆွံ့အနားမကြားသူတွေပါ။ သမီးတစ်ယောက်တည်းကပဲ ချွတ်ယွင်းမှုမရှိနေတာပါ။ သူက ကျန်တဲ့မိသားစု၃ ယောက် အဆက်အသွယ်လုပ်နိုင်ဖို့ ကြားကနေ ဘာသာပြန်ပေးနေရသူဆိုလည်း မမှားပါဘူး။ သူဟာ မိသားစုနဲ့အတူ ဈေးထဲမှာချိစ်တွေကို ရောင်းပါသေးတယ်။ ကျောင်းတွေပြန်ဖွင့်လို့ ကျောင်းပြန်တက်တဲ့အခါမှာ သင်ရိုးအပိုတွေထဲက တစ်ခုကို ရွေးချယ်ဖို့ ဖြစ်လာတဲ့အခါ သူဟာ ဓမ္မတေးအဖွဲ့ထဲဝင်ဖို့ ရွေးချယ်လိုက်ပါတယ်။ အဲဒီကနေမာ ဂီတဆရာသောမက်ဆန်နဲ့ တွေ့ခဲ့ပြီးတော့ သူ့အသံဟာ သူများနဲ့မတူ တမူထူးခြားကြောင်း သိလာခဲ့ပါတယ်။ ဆရာဖြစ်သူ သောမက်ဆန်ကသူ့အသံနဲ့ဆိုရင် ပဲရစ်မှာ ကျင်းပမယ့် အဆိုပြိုင်ပွဲကို ဝင်ပြိုင်လို့ရကြောင်း၊ ပြိုင်ပွဲကိုနိုင်ရင် ပဲရစ်မှာရှိတဲ့ အနုပညာကျောင်းမှာကျောင်းတက်ခွင့်ရမယ့်အကြောင်း ပြောပြခဲ့ပါတယ်။ ဒါဆိုရင် ...
movie

The Bélier Family (2014)