Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cecelia Antoinette
6.8
Yes Man (2008)
Yes Man (2008)IMDb Rating (6.8)ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး Jim Carrey အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပြီး မင်းသမီးကတော့ (500) Days of Summer ရဲ့ ဆမ်းမား တဖြစ်လဲ Zooey Deschanel က တွဲဖက်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။"Yes Man" ဟာ 2008 ခုနှစ်ထွက် ရိုမန်တစ်ဟာသ ဇာတ်လမ်းတစ်ခုဖြစ်ပြီး၊ ဒါရိုက်တာ Peyton Reed က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းရေးသားတင်ဆက်သူတွေကတော့ Nicholas Stoller, Jarrad Paul, နှင့် Andrew Mogel တို့ဆိုတဲ့ ဒိတ်ဒိတ်ကြဲတွေပေါ့ဗျာ။ဒီဇာတ်လမ်းက 2005 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဗြိတိသျှ ဟာသစာရေးဆရာ Danny Wallace ရေးသားခဲ့တဲ့စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Danny Wallace ကိုယ်တိုင်လည်း ဇာတ်ကားထဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ...
movie
Yes Man (2008)
2008
4K HEVC
5.9
DeadTectives (2018)
သရဲရှိတဲ့နေရာတွေကို သွားပြီးသရဲတွေကိုရှင်းလင်းရေးလုပ်တဲ့နေရာမှာနာမည်အကြီးဆုံး Ghost Buster တို့ Conjuringထဲက ဝါရန်တို့ကိုတော့မသိတဲ့သူက ခပ်ရှားရှားပဲဖြစ်မှာပါ။အခုတင်ဆက်ပေးမဲ့ IMDb Rating 5.9 ရရှိထားတဲ့ Deadtectivesဆိုတဲ့ ဇာတ်ကားလေးကလည်းအဲ့လိုနာမည်ကြီးရုပ်ရှင်တွေကိုInspire ယူပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒါပေမယ့် ဒီကားကျတော့ အတည်ပေါက်ကြီးတွေအပြင် ဟာသလေးတစ်ဝက်လောက် ထည့်ပြီးသရဲတွေကိုလည်းအရမ်း Serious မလုပ်ထားတဲ့အတွက်ပေါ့ပေါ့ပါးပါးသရဲကားကြည့်ချင်တဲ့ အသည်းငယ်သူတွေအတွက်ကတော့အဆင်ပြေစေမဲ့ကားလေးဖြစ်ပါတယ်။ဆမ် ကိတ် လွိုက် ဟာဗီယာတို့လေးယောက်ပါဝင်တဲ့သရဲဖမ်းတဲ့အဖွဲ့က အခုလည်းမုန့်ဖုတ်ဆိုင်တစ်ဆိုင်မှာ သောင်းကျန်းနေတဲ့သရဲကိုသွားရောက်နှိမ်နင်းနေကြပါတယ်။ပစ္စည်းတွေအပြည့်အစုံတပ်ဆင်ထားပြီး သရဲတွေနဲ့ပတ်သတ်လာရင်တကယ်ကြမ်းတဲ့ဆရာကြီးတွေလို့ထင်ရပေမဲ့ လုပ်ဇာတ်တွေခင်းပြီးသူတို့ကိုအကူအညီတောင်းတဲ့သူတွေကို ဂျင်းထည့်နေကြတဲ့အဖွဲ့ဖြစ်ပါတယ်။ဒါပေမယ့် သူတို့ရဲ့ဂျင်းထည့်တဲ့အကွက်တွေကသူတို့ရဲ့အစီအစဉ်ကို ကြည့်ရှုတဲ့လူတွေအတွက်ရင်ခုန်စရာမကောင်းတော့တဲ့အချိန်မှာတော့ သူတို့ကုမ္ပဏီကသူတို့အဖွဲ့ကိုဖျက်သိမ်းဖို့ တော်တော်နီးလာပါတော့တယ်။ဒါပေမယ့် သူတို့အတွက်နောက်ဆုံးအခွင့်အရေးအနေနဲ့ မက္ကဆီကိုမှာရှိတဲ့ကြမ်းလှပါချည်ရဲ့ဆိုတဲ့ သရဲခြောက်တဲ့အိမ်ကြီးဆီကို လွှတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ အလုပ်သက်တမ်းတစ်လျှောက်လုံး ဂျင်းထည့်လာခဲ့ကြတဲ့ ဆမ်တို့အဖွဲ့တကယ့်သရဲအစစ်တွေနဲ့ တွေ့တဲ့အချိန်မှာတော့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစရာဟာသလေးတွေနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.29GB / 571MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie
DeadTectives (2018)
5.7
Rubber (2010)
၂၀၁၀ ကထွက်ရှိထားတဲ့ Rubber ဟာ ရုပ်ရှင်ဆုငါးဆုဆွတ်ခူးထားပြီးဆန်ခါတင်သုံးဆုစာရင်းဝင်ထားပါတယ်။ Comedy, Fantasy, Horrorအမျိုးအစားဖြစ်ပြီး ပုံမှန်ကြည့်နေကျဇာတ်ကားများထက်တမူထူးခြားပါတယ်။ဇာတ်လမ်းအကျဉ်းက ကန္တာရမြို့လေးတစ်မြို့က စွန့်ပစ်ထားတဲ့ကားတာယာအဟောင်းတစ်ကွင်းဟာ အသက်ဝင်လှုပ်ရှားလာပါတယ်။ရွေ့လျားနိုင်ရုံသာမက စိတ်စွမ်းအင်နဲ့ သတ္တဝါငယ်လေးတွေကိုအသေသတ်နိုင်မှန်း သူ့ဘာသာသူသိလာပါတယ်။ ကားတာယာဟာလမ်းသွားလမ်းလာမိန်းကလေးတစ်ယောက်ကို စွဲလမ်းမိပြီး သူမတည်းခိုရာမိုတယ်မှာလိုက်နေပါတော့တယ်။ စိတ်စွမ်းအင်နဲ့ အဖျက်လုပ်ငန်းလုပ်နိုင်တဲ့ကားတာယာဟာ စိတ်မထင်ရင်မထင်သလို လူပါသတ်နိုင်လာပြီးကန္တာရမြို့ငယ်လေးအတွင်း သောင်းကျန်းပါတော့တယ်။ ရဲတပ်ဖွဲ့ဟာလူသတ်ကားတာယာကိုဖမ်းဆီးနိုင်ဖို့ ခရီးသွားမိန်းကလေးရဲ့အကူအညီနဲ့ကြိုးစားပြီး ထောင်ချောက်ဆင်ပါတော့တယ်။ကားတာယာဟာဘယ်လိုလုပ်အသက်ဝင်လာတာလဲ...စိတ်စွမ်းအင်နဲ့လူသတ်တယ်ဆိုတာဘယ်လိုမျိုးလဲ...ကားတာယာဆိုပြီးတော့ မိန်းကလေးတွေကို ဘာလို့သဘောကျတာလဲကားတာယာကအစစ်လား...သောင်းကျန်းနေတဲ့ကားတာယာကို ဘယ်ပုံဘယ်နည်းနှိမ်းနင်းနိုင်မလဲဆိုတာRubber ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်... File size…1.50 GB / 751 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 22m Genre ….. Comedy , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto
movie
Rubber (2010)