Channel Myanmar

Cazzie David

Adult Best Friends (2024) 5.8
Adult Best Friends (2024)  ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့friendship နဲ့ပတ်သတ်တဲ့ ရုပ်ရှင်ကားကောင်းလေးပါ။လူတိုင်း ဘဝမှာ အခင်ဆုံးသူငယ်ချင်းတစ်ယောက်တော့အနည်းဆုံး ရှိကြမှာပါ။ကျောင်းသား ကျောင်းသူဘဝတုန်းက သက်တူ ရွယ်တူစိတ်တူ ကိုယ်တူ သူငယ်ချင်းတွေလည်း အများကြီး ရှိခဲ့ကြဖူးမှာ‌ပေါ့။ ဒါပေမဲ့ အသက်အရွယ်တွေ ကြီးပြင်းလာပြီး20 somethingအရွယ်တွေ ကိုရောက်တဲ့အခါမှာတော့အဲဒီ သူငယ်ချင်းဆိုတဲ့ အဝန်းအဝိုင်းလေးက တဖြည်းဖြည်းသေးလာတာကိုလည်း ကြုံကြရမှာပါ။အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ ကိုယ်ဘဝတစ်လျှောက်လုံး ပခုံးဖက်ပေါင်းလာခဲ့တဲ့ အခင်ဆုံးသူငယ်ချင်းဟာလည်း အချိန်တိုင်းအနားမှာ မရှိနေနိုင်တော့ပါဘူး။တစ်ခါတလေမှာဆိုရင် သဘောထားချင်းမတိုက်ဆိုင်ကြတော့လို့ ခွာပြဲကြရတာမျိုးတွေတောင်ရှိတတ်ပါသေးတယ်။ဒီဇာတ်ကားထဲက ကေတီနဲ့ ဒီလန်နီဟာလည်း အသက် 12နှစ်ကတည်းက မခွဲမခွာဘဲ အတူတူပေါင်းလာကြတဲ့ အခင်ဆုံးသူငယ်ချင်းတွေပါ။ ဒီလိုနဲ့ သူတို့နှစ်ယောက်အရွယ်ရောက်လာတဲ့အခါမှာ ကေတီက ချစ်သူရည်းစားအတည်တကျနဲ့ဘဝကိုဖြတ်သန်းနေပေမဲ့ ဒီလန်နီကတော့ ဘဝကို ပျော်ပျော်ပါးပါး စားလိုက်သောက်လိုက်နဲ့ ဖြတ်သန်းနေတုန်းပါပဲ။ဒါပေမဲ့ ဒီလန်နီက အပြောင်းအလဲတွေကို မနှစ်သက်သူမို့သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကြားထဲမှာ ကေတီရဲ့ကောင်လေး ဝင်လာတာကို သိပ်သဘောမကျပါဘူး။တစ်ရက်မှာ ကေတီက သူ့ကောင်လေး‌ဆီကနေ လက်ထပ်ခွင့်တောင်းခံလိုက်ရ‌တော့ အပြောင်းအလဲတွေ သဘောမကျတတ်တဲ့ ဒီလန်နီကိုပြောပြဖို့ အခက်တွေ့လာပါတယ်။ဒီလိုနဲ့ ...
movie

Adult Best Friends (2024)

I Love You Forever (2024) 6.0
I Love You Forever (2024)  တစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးက title ကိုကြည့်လိုက်ရင်တော့ ပျော်ရွှင်ကြည်နူးစရာ အချစ်ဇာတ်လမ်းလို့ထင်သွားကြပါလိမ့်မယ်။ တကယ်တမ်းမှာတော့ ဒီရုပ်ရှင်ဟာသမီးရည်းစားဆက်ဆံရေးကြားက မွန်းကြပ်ဖွယ်ရာ စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်အနိုင်ကျင့်မှုတွေကို ရိုက်ကူးတင်ဆက်ပြထားတာပါ။ မက်ကန်ဇီဟာ အသက် ၂၆နှစ်အရွယ် ဥ‌ပဒေကျောင်းသူတစ်ဦးဖြစ်ပြီး ဘဝကို သမားရိုးကျ နေထိုင်နေတဲ့သာမန်ကောင်မလေးတစ်ယောက်ပါ။တစ်နေ့ကျတော့ မက်ကန်ဇီရဲ့ သူငယ်ချင်းမွေးနေ့ပါတီပွဲမှာဖင်းဆိုတဲ့ လူတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ဒီလိုကနေ ဇာတ်လမ်းတွေငြိပြီး သူတို့နှစ်ယောက်တွဲဖြစ်သွားကြပါတယ်။ ဆက်ဆံရေးအစပိုင်းမှာ ဖင်းကမက်ကန်ဇီကို ရေကုန်ခမ်းကုန်ကြူးပြတာတွေ ချစ်ပြတာတွေကြောင့် မက်ကန်ဇီလည်း ဖင်းကိုတော်တော်လေးချစ်မိသွားပါတယ်။ ဒါပေမဲ့ တွဲလာတာ ၃လလောက်ကြာတဲ့အခါမှာ ဖင်းရဲ့ ချစ်သူရည်းစားအပေါ် အလွန်အကြူး ခြယ်လှယ်ချုပ်ကိုင်တတ်တဲ့ စိတ်ရင်းမှန်ကဖြည်းဖြည်းချင်းပေါ်လာပါတော့တယ်။ဒီလို မွန်းကြပ်ဖွယ်ရာ ဆက်ဆံရေးထဲ ပိတ်မိသွားတဲ့မက်ကန်ဇီတစ်ယောက် ဘယ်လိုတွေရှေ့ဆက်မလဲဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားမျိုးပါ။အခုရုပ်ရှင်ထဲမှာပါတဲ့ မက်ကန်ဇီနဲ့ ဖင်းတို့ရဲ့ ဆက်ဆံရေးမျိုးကို တကယ့်လက်တွေ့ဘဝမှာကြုံတွေ့နေရသူတွေလည်းရှိပါတယ်။ ကိုယ်ထိလက်ရောက် စော်ကားနှိပ်စက်တာမဟုတ်တိုင်း ဘာမှမဖြစ်ပါဘူးလို့ မြင်ကြပြီး စိတ်ပိုင်းဆိုင်ရာabuse လုပ်နေကြသူတွေလည်းတစ်ပုံတစ်ပင်ကြီးပါ။ဒီလို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရ၊ manipulate လုပ်ခံနေရတဲ့ အဆိပ်အတောက်ဆန်ဆန် ဆက်ဆံရေးမျိုးတွေထဲမှာ ပိတ်မိနေတယ်ဆိုရင် ...
movie

I Love You Forever (2024)