Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cayden Boyd
7.9
Mystic River (2003)
Mystic River (2003)********************* IMDb....7.9,,,,Rotten...88% ဒီဇာတ်ကားကတော့ စာအုပ်လည်း ထွက်ထားပါတယ် .....ဇာတ်လမ်းကလည်း ၂နာရီလောက်ကြာပါတယ် .....တော်တော်များများရုပ်ရှင်တွေက စာအုပ်ကို မမှီဘူးလို့ ဝေဖန်ခံရလေ့ရှိပါတယ် ....ဒါပေမယ့်ဒီရုပ်ရှင်ကတော့ စာအုပ်ဖတ်ဖူးသူတိုင်းက ရုပ်ရှင်ကပိုကောင်းတယ် ပိုပြီးခံစားရတယ် ....သာမန် Thriller ရုပ်ရှင်တွေထက်ကိုသာလွန်တယ်လို့ review ကောင်းတွေရထားတဲ့ဇာတ်ကားပါ...Thriller fan တွေတကယ်ကို လက်မလွတ်သင့်တဲ့ဇာတ်ကားပါပဲ..ထောင်ထွက် Jimmy ရဲ့သမီးလေး အသတ်ခံရတော့ သူ့ရဲ့ငယ်သူငယ်ချင်း၂ယောက်ပါ ဒီကိစ္စထဲပါလာတယ်...တစ်ယောက်က Daveက သာမန်အလုပ်သမား ဒါပေမယ့်အတိတ်ဆိုးနဲ့လူ ....သူက Jimmy သမီးကိုမသေခင်နောက်ဆုံးတွေ့ခဲ့တဲ့လူဖြစ်နေတယ်..နောက်တစ်ယောက်က Sean လူသတ်မှုတွေရဲ့စုံထောက်ပေါ့ သူကဒီအမှုကိုတာဝန်ယူထားရတဲ့လူ...သူငယ်ချင်း၃ယောက်ပြန်ဆုံဖြစ်ကြတယ်ပေါ့ ...တဖြည်းဖြည်းနဲ့ အမှုနဲ့ပတ်သက်လို့သိလာရတာတွေရှိလာတော့ Jimmy က Dave ကိုသံသယဝင်လာတယ်...ဘယ်လိုဖြေရှင်းကြတယ် သူငယ်ချင်း၃ယောက်ရဲ့ဇာတ်လမ်းကဘယ်လိုလဲဆိုတာတော့ဆက်ကြည့်ကြဖို့ပဲတိုက်တွန်းချင်ပါတယ်...ဒါရိုက်တာ Clint Eastwood ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့Sean Penn,Tim Robbins, Kevin Bacon တို့ပါဝင်သရုပ်ဆောင်ထားပါတယ်... အညွှန်းနဲ့ဘာသာပြန်သူကတော့ Jthekoala ပဲ ဖြစ်ပါတယ်... File Size : 1.96 GB, ...
movie
Mystic River (2003)
6.4
Fireflies in the Garden (2008)
ဥယျာဉ်ထဲက ပိုးစုန်းကြူးတွေအထက်ကောင်းကင်ကိုဖြည့်ဖို့ရာ ကြယ်တွေရှိပါသတဲ့ ကမ္ဘာပေါ်မှာတော့ ပိုးကလေးတွေပေါ့ အရွယ်အစားချင်းတော့ဘယ်တူလိမ့် အနှစ်သာရအားဖြင့်လည်းသူတို့က ကြယ်တွေမဟုတ်ခဲ့ တစ်ခါတလေတော့ သူတို့မှာကြယ်လိုစတင်ခြင်းမျိုးရှိလေရဲ့ ကြယ်လိုတောက်ပမှုမျိုး ကြာကြာထိန်းမထားနိုင်တာကလွဲ…။ - ရောဘတ်ဖရော့စ်ဒီကဗျာဟာ မှောင်မိုက်တဲ့အချိန်တွေကြားက ခဏတဖြုတ်ဖြစ်လာတဲ့ အလင်းရောင်အခိုက်အတန့်လေးတွေကို ဖော်ကျူးထားတာပါပဲ။ ဘယ်အရာမှမတည်မြဲပါဘူး။ မတည်မြဲဘူးဆိုတိုင်း အခွင့်သင့်သလိုလင်းလာတတ်တဲ့ အေးချမ်းခြင်းအခိုက်အတန့်တွေကို မခံစားရတော့ဘူးလို့မှမဟုတ်ပဲလေ။ ကဗျာနဲ့ရုပ်ရှင်က ထပ်တူကျလောက်အောင်ဆွဲညှိမရပေမဲ့ ကြည့်တတ်ရင် အရိပ်အမြွက်လောက်တော့မြင်ပါလိမ့်မယ်။ Cast တွေကတော့ လက်ဖျားခါလောက်စရာပါပဲ။ William Dafoe, Ryan Reynolds, Julia Roberts, Carrie- Ann Moss တို့လို တကယ့်အကြီးကြီးတွေကိုမှရွေးသုံးထားတယ်။ ဒီရုပ်ရှင်ကတော့ ရီဗျူးတွေကောင်းလှတယ်မဟုတ်ဘူး။ ကောင်းလှတယ်မဟုတ်တဲ့အခြေအနေကိုတောင် သရုပ်ဆောင်တွေဆွဲတင်ခဲ့လို့ ရောက်တာဖြစ်လိမ့်မယ်။ တိုက်ဆိုင်မှုရှိသူတွေအတွက်တော့ ရင်ထဲရောက်မှာပေါ့။ဒီရုပ်ရှင်က မိသားစုပြဿနာတွေအကြောင်း။ အဓိကကတော့ အဖေ နဲ့ သားကြားက ညှိမရတဲ့နာကျည်းချက်တွေပေါ့။ သိပ်ကိုဒေါသကြီးပြီး အရာအားလုံးကိုထိန်းချုပ်ချင်နေတဲ့အဖေတစ်ယောက်၊ အဖေ့ကိုသေလောက်အောင်မုန်းနေတဲ့သားတစ်ယောက်၊ သားကိုချစ်လွန်းတဲ့အပြင် အဲဒီလိုအဖေကိုလည်း သည်းခံလွန်းတဲ့အမေ။ ဒါက သိပ်မဆန်းတဲ့ ...
movie
Fireflies in the Garden (2008)
Freaky Friday (2003)
ဒီတစ်ခါမှာတော့ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ မိသားစု ဟာသ ဇာတ်မြူးလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်တစ်အိမ်မှာ အလုပ်အရမ်းလုပ်တဲ့ အမေ တစ်ယောက်ရှိပါတယ်။ သူ့သမီး အန်နာက တော့ Rock ဆိုမှ Rock ဖြစ်နေပြီး သူဝါသနာပါတာကိုပဲ လုပ်နေသလို ကျောင်းမှာလဲ သိပ်တော့ အဆင်ပြေမနေပါဘူး။ယောက်ျားဆုံးသွားလို့ တစ်ခုလပ် အမေ ဖြစ်တဲ့ တက်စ် ကိုးလ်မန်းကလည်း သူ့ယောကျ်ားအသစ်လေးနဲ့ လက်ထပ်ဖို့အတွက်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေပါတယ်။ တစ်ရက် သူတို့ နှစ်ယောက် အိပ်ရာက နိုးလာတဲ့ မနက်ခင်းလေးမှာတော့ ထူးဆန်းစွာပဲ အမေနဲ့သမီး ဟာ စိတ်ချင်းလဲသွားပါတော့တယ်။ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာပဲ စိတ်ချင်းလဲသွားကြတဲ့အတွက် နှစ်ယောက်သား အကြပ်ရိုက်ပြီး ဖြေရှင်းကြပုံကို ဟာသနှောပြီး တင်ဆက်ထားတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးက အမေနဲ့ သမီးကြားက အသက်အရွယ်ကွာခြားမှုကြားမှာ ရှိတဲ့ စိန်ခေါ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို ရယူသွားပုံတွေနဲ့ မိဘနဲ့ ...
movie
Freaky Friday (2003)
4.8
Envy (2004)
Envy (2004) ==========“လောဘကြောင့် မင်းအသိစိတ်ပျောက်သွားပြီ” ကိုယ့်ထက်နိမ့်ကျတဲ့သူတစ်ယောက် ကိုယ့်ထက်သာသွားတဲ့အချိန်မှာ မနာလိုဖြစ်ဖူးလား?2004 ခုနှစ်က ထွက်ရှိခဲ့ပြီး ဒီဇာတ်ကားမှာတော့ Night at the Museum နဲ့ The secret life of Walter Mitty တို့လိုကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ ရုပ်ရှင်ထုတ်လုပ်သူ/မင်းသား Ben Stiller နဲ့ Kung Fu Panda Po ဇာတ် ကောင်ရဲ့ အသံသရုပ်ဆောင်တစ်ဖြစ် Gulliver’s Travel လို နာမည်ကျော် ကားတွေမှာ သရုပ်ဆောင်ဖူးတဲ့ Jack Black တို့ ပါဝင်သရုပ်ဆောင်ထားပါ တယ်။ဂျက်နဲ့တင်မ်တို့က အိမ်နီးချင်းတွေဖြစ်ပြီး နေ့စဉ်အလုပ်အတူတူ သွားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ်ပါတယ်။ အလုပ်ခွင်မှာတော့ တင်မ်က အလုပ် ပိုတော်တဲ့အတွက် ရာထူးပိုမြင့်ပြီး ကိုယ်ပိုင်ရုံးခန်းပိုင်ပါတယ်၊ ဂျက်ကတော့ အလုပ်ပေါ်အာရုံစိုက်နိုင်စွမ်း အားနည်းတဲ့အတွက် သာမန်ဝန်ထမ်းလေးတစ် ယောက်ပါပဲ။ တစ်ရက် အလုပ်ကအပြန်လမ်းမှာ လူတစ်ယောက် ခွေးချေးကျုံး နေတာကိုမြင်ပြီး ဂျက်တစ်ယောက် Vapoorize ဆိုတဲ့အရာကို တီထွင်ဖို့ အကြံ ရသွားပါတယ်၊ တင်မ်ကတော့ အဓိပ္ပါယ်မရှိဘူးလို့ပြောပြီး ဂျက်ရဲ့ပြောစကားကို အဖက်မလုပ်ခဲ့ပါဘူး။ ...
movie
Envy (2004)
2004
DodgeBall: A True Underdog Story (2004)
Peter La Fleur ဆိုတာ ရည်မှန်းချက်မည်မည်ရရ မရှိဘဲ ဘဝကို အေးဆေးဖြတ်သန်းနေတဲ့ လူတစ်ယောက်ပါ။ Average Joe’s ဆိုတဲ့ ရပ်ကွက်အားကစားရုံအသေးလေးတစ်ရုံ ပိုင်ပါတယ်။ သူ့ gym မှာ ကစားနေကျ ဖောက်သည် တစ်သိုက်ရှိပေမဲ့ ပိုက်ဆံမရတာတော့(၁၃)လရှိပါပြီ။ တစ်နေ့မှာတော့ အေးဆေးနေတဲ့ ပီတာ့ဘဝထဲကို သတင်းဆိုးကြီး ဝင်ရောက်လာပါတော့တယ်။ ရက်(၃၀)အတွင်း $50,000 မဆပ်နိုင်ရင် gym ကို ဘဏ်က သိမ်းပါတော့မယ်။ သူတို့ Gym ဘေးက ဒိတ်ဒိတ်ကြဲနာမည်ကြီးနေတဲ့ Globo Gym က ကားပါကင်လုပ်ဖို့ ဝယ်မှာပါ။ Average Joe’s ဆိုတာ ပီတာတို့ဘော်ဒါတစ်သိုက်အတွက်တော့ အားကစားလုပ်ဖို့ သက်သက်မဟုတ်ပါဘူး။ ဘဝအပန်းပြေစေတဲ့ ခိုနားရာလေးဖြစ်ပါတယ် ။ သူတို့အားလုံးအတွက် အရေးကြီးလို့ အဆုံးရှုံးမခံနိုင်ကြပါဘူး။ဒီတော့ ပီတာနဲ့ ဘော်ဒါတစ်သိုက် ရက်(၃၀)အတွက် $50,000 ရှာဖို့ နည်းမျိုးစုံစဉ်းစားကြရပါပြီ။ ...
movie
DodgeBall: A True Underdog Story (2004)
The Adventures of Sharkboy and Lavagirl (2005)
The Adventures of Sharkboy and Lavagirl (2005)ကျွန်တော်တို့ငယ်ငယ်က တိတ်ခွေခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံးကားက Lion King ဖြစ်ခဲ့တယ်။ အဲဒီခေတ်က ငှားကြည့်ကြတဲ့ခေတ်ဆိုတော့ ဘယ်ကလဲမသိလက်ဆောင်ရခဲ့တဲ့ အဲဒီအခွေကိုပဲ ခဏခဏပြန်ထိုးကြည့်ဖြစ်နေတာကိုး။ နောက် VCD ခေတ်စစရောက်လာတော့ ရုပ်ရှင်ကြည့်တာတို့ ကာတွန်းစာအုပ်ဖတ်တာတို့က နိစ္စဓူဝအလုပ်တစ်ခုဖြစ်လာခဲ့ပြီ။ အဲဒီတုန်းက ပဲခူးမှာ တစ်ဆိုင်တည်းရှိတာလား။ ကျွန်တော်ပဲမသိခဲ့တာလားမသိပေမဲ့ နာမည်အကြီးဆုံးအခွေဆိုင်က လိပ်ပြာကန်ထောင့်က Happy ဆိုတဲ့ အခွေဆိုင်ပေါ့။ အိမ်နဲ့လည်းသိပ်မလှမ်းတော့ နေ့တိုင်းဆိုသလို သွားသွားငှားကြည့်ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ ဘာကားငှားရမလဲမသိရင် ကျွန်တော်တို့တော့ အခွေဆိုင်ကို ဘာကားကောင်းလဲ မေးလိုက်ကြတာပဲ။ တစ်ခါသား အဲဒီလိုမေးတော့ ဟက်ပီးက အခွေငှားတဲ့အစ်ကိုကြီးတွေက Sharkboy and Lavagirl ကားလေးထုတ်ပေးလိုက်တယ်။ သူ့ဇာတ်က ကလေးဇာတ်ပေမဲ့ စိတ်ကူးယဉ်တတ်တဲ့ ကျွန်တော်တို့ကို စိတ်ကူးယဉ်တာကို မစွန့်လွှတ်ဖို့ ပြောထားတဲ့ ရုပ်ရှင်ဆိုတော့ တော်တော်လည်းထိခဲ့လို့နေမယ်။ ဒီကားကို ခဏခဏကိုပြန်ပြန်ငှားကြည့်ဖြစ်ခဲ့တော့ VCDခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့တာပေါ့။ နောက်ကျ ခဏခဏပြန်ငှားကြည့်ရလွန်းလို့ အခွေဆိုင်ကို ...
movie
The Adventures of Sharkboy and Lavagirl (2005)
2005
6.7
Dog (2022)
ဘရစ် ဆိုတဲ့ အမေရိကန်လေထီးတပ်သားဟောင်းတစ်ယောက်ဟာ ဦးနှောက်ထိခိုက်ဒဏ်ရာကြောင့် စစ်တပ်က အငြိမ်းစားယူလိုက်ရပါတယ်။ ပြီးတော့ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ပြန်လျှောက်ချင်ပေမဲ့ ဆေးမှတ်တမ်းတွေကြောင့် အလုပ်မရနိုင်ဖြစ်နေတယ်။ သူအရမ်းလိုချင်တဲ့အလုပ်ကိုရဖို့ သူ့ရဲ့ ဗိုလ်ကြီးဆီက ထောက်ခံချက်လိုနေတယ်။ ဒီတော့ သူ့ရဲ့ ကပ္ပတိန်ဆီကို အကူအညီသွားတောင်းချိန်မှာ သူ့ကို အပေးအယူအနေနဲ့အကူအညီတစ်ခုပြန်တောင်းခံလိုက်ရတယ်။ ဒါကတော့ သူနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ခွေးမလေး လူလူ အတွက်ပါပဲ။ လူလူရဲ့ခွေးထိန်း ရိုင်လီဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တာမို့ သူ့ရဲ့ ဈာပနမှာ ရိုင်လီရဲ့မိသားစုတွေက ခွေးမလေး လူလူကို ရှိစေချင်ကြတယ်။ ဒါပေမဲ့ လူလူကလည်း အခြားခွေးထိန်းတွေ ရဲဘော်တွေကို အပြင်းအထန်ဒဏ်ရာရအောင် ကိုက်ခဲ့ တိုက်ခိုက်ခဲ့တာမို့ တိရစ္ဆာန်ဆရာဝန်တွေက ကုမတဲ့ စိတ်ဒဏ်ရာအဆင့်သတ်မှတ်ပြီး ဈာပနအပြီးမှ ဆေးထိုးသတ်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ ဘရစ်ရဲ့တာဝန်ကတော့ နိုင်ငံတစ်ဝက်လောက်ကိုဖြတ်ပြီး အရမ်းကြမ်းတမ်းနေတဲ့ လူလူကို ကားနဲ့တင်ပြီး ဈာပနကိုအပို့၊ အပြင်မှာ လူလူသေရမယ့် စခန်းကို ပို့ရမှာပဲ ...
movie
Dog (2022)
6.7
X-Men: The Last Stand (2006)
When a cure is found to treat mutations, lines are drawn amongst the X-Men and The Brotherhood, a band of powerful mutants organized under File size- (1 GB in Openload and Stream) Quality…Extended Blu-Ray Rip 1080p 5.1 Format…mp4 Duration….01:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Chi
movie
X-Men: The Last Stand (2006)
2006