Channel Myanmar

Cavin Cornwall

Kensuke’s Kingdom (2023) 7.2
Kensuke’s Kingdom (2023)  အရောင်အသွေးစိုစို .. ဇာတ်အိမ်ကောင်းကောင်းနဲ့ Anime ကားကိုရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ညွှန်ပေးပါရစေ။ ဇာတ်လမ်း အကျဉ်း+++++++++++မိုက်ကယ်နဲ့ သူ့ရဲ့ ခွေးလေး စတယ်လာတို့ဟာ မိသားစုနဲ့အတူပင်လယ်ခရီးထွက်လာရင်း မုန်တိုင်းမိပြီး ကျွန်းတစ်ကျွန်းပေါ်ကိုရောက်သွားကြပါတယ်။ အဲဒီ ကျွန်းပေါ်မှာ တစ်ယောက်တည်းနေတဲ့ကင်ဆူကီဆိုတဲ့ ဂျပန်လူမျိုး အဘိုးကြီးတစ်ယောက်နဲ့ သူတို့တစ်ရက်မှာ ဆုံမိကြတယ်။ အဲဒီအဘိုးကြီး ကင်ဆူကီက ကျွန်းပေါ်မှာဒုတိယ ကမ္ဘာစစ်ကတည်းက သူတစ်ယောက်တည်း နေခဲ့တဲ့အဘိုးကြီး။ မိုက်ကယ်ဟာ လူသူ ကင်းမဲ့တဲ့ ကျွန်းပေါ်က နေထိုင်မှုဘဝနဲ့အသားကျအောင် ကြိုးစားနေထိုင်ရင်း အဲဒီအဘိုးကြီးနဲ့နောက်ပိုင်းမှာ တအား ရင်းနှီးသွားပါတယ်။ပြီးတော့ အဲဒီအဘိုးကြီးဆီကနေ ပညာတွေကို သင်ယူရရှိခဲ့ပါတယ်။အဲဒီ အဖိုးတန်လှတဲ့ ပညာတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ဇာတ်ကားထဲမှာပဲ ဆက်လက် ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ် လို့ ..  (ဘာသာပြန်နဲ့ အညွှန်း BZW ဖြစ်ပါတယ်) File size…(1.13GB) / (588MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 25m Genre ...
movie

Kensuke’s Kingdom (2023)

Star Wars: Episode VIII – The Last Jedi (2017) 7.5
Star Wars: Episode VIII – The Last Jedi (2017) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode VIII – The Last Jedi (2017)

4K HEVC
Star Wars: Episode VII – The Force Awakens (2015) 7.8
Star Wars: Episode VII – The Force Awakens (2015) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode VII – The Force Awakens (2015)

4K HEVC
Les Misérables (2012) 7.6
Les Misérables (2012) Les Miserables (2012) ၁၈၁၅ ခုနှစ်က ပြင်သစ်မြို့ရဲ့ ခေတ်အနေအထားကိုပြသနေတဲ့ ဒီဇာတ်လမ်းလေးကို အော်ပရာဇာတ်ခုံပေါ်ကနေ တီဗီဖန်သားပြင်ထက်ဇာတ်လမ်းလေးအဖြစ် ပြောင်းလဲတင်ဆက်ပေးထားတာပါ... ဒီဇာတ်ကားလေးထဲမှာ X-Men ဇာတ်ကားထဲမှ ကိုယ်တွေရဲ့ လိုဂန်မင်းသားကြီး Hugh Jackman နဲက ဦးဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကိုတော့ ပေါင်မုန့်ခိုးမိလို့ ၅ နှစ်, ထွက်ပြေးဖို့ကြိုးစားလို့ ၁၄ နှစ်, စုစုပေါင်း ၁၉ နှစ်အပြစ်ပေးခံထားရတဲ့ ဂျန်းဗယ်ဂျန်လို့ခေါ်တဲ့ လူကို အန္တရာယ်ရှိတဲ့သူအဖြစ် ခံဝန်စာချုပ်နဲ့လွှတ်ပေးလိုက်တာမို့လို့ လုပ်ကိုင်စားသောက်လို့မရအောင် ဒုက္ခသုက္ခရောက်နေရာက အစပြုခဲ့ပါတယ် သူဟာဂျောင်ပိတ်မိနေတဲ့အဆုံး ခံဝန်စာချုပ်ကိုဖြဲဆုတ်လိုက်ပြီး ဘဝသစ် နာမည်သစ်နဲ့ အသစ်တစ်ဖန်ပြန်စတင်ခဲ့ပါတယ်... ဒီလိုမပြောင်းလဲခင်မှာ သေးနုတ်တဲ့သူ့ရဲ့သူခိုးတစ်ယောက်စိတ်ဓာတ်ကနေ ဆင်းရဲတဲ့သူတွေကို ကယ်တင်ပေးပြီး မေတ္တာတရားနဲ့စိတ်သဘောထားကြီးလာအောင် ဘုန်းတော်ကြီးတစ်ပါးက ပြောင်းလဲပေးခဲ့ပါတယ် ဗယ်ဂျန့်နောက်ကို ရေဆုံးမြေဆုံး ရှာဖွေနေတဲ့ အင်စပက်တာဂျဗက်ဟာ အစပိုင်းမှာ ဇဝေဇဝါနဲ့မြို့တော်ဝန် တစ်ဖြစ်လဲ ဗယ်ဂျန့်ကို သံသယသာဝင်ပေမဲ့ အဖြစ်မှန်ကိုသိသွားခဲ့တော့ ဘယ်လိုဆက်ဖြစ်မလဲ... ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဖန်တင်ဆိုတဲ့ အမျိုးသမီးရဲ့ သမီးလေး "ကိုဆက်" သူဌေးသားပေးမဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ ကိုဆက်နဲ့ မြင်မြင်ချင်းမေတ္တာသက်ဝင်သွားနေတဲ့ "မာရီးယက်စ်" ကိုဆက်နဲ့ငယ်စဥ်ကအတူကြီးပြင်းခဲ့ပေမဲ့ မတူညီတဲ့ဘဝလမ်းကို လျှောက်လှမ်းနေရရှာတဲ့ အီဖိုနီ ဒီဇာတ်ကောင်တစ်ခုချင်းဆီရဲ့ ဇာတ်ကြောင်းလေးတွေသိရအောင် ဒီဇာတ်လမ်းလေးကြည့်ဖို့တိုက်တွန်းချင်ပါတယ် တေးသရုပ်ဖော်ကြိုက်နှစ်သက်သူတွေ အော်ပရာဇာတ်လမ်းနှစ်သက်သူတွေအတွက်တော့ အားရစရာဖြစ်မှာပါ အော်ပရာမကြိုက်သူများကြည့်ရင်လည်း ရင်ထဲတစ်ခုခုကျန်မဲ့ ဇာတ်လမ်းဖြစ်မှာကျိန်းသေပါတယ်.. Les Miserables ...
movie

Les Misérables (2012)

2012