Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cathy Cavadini
6.5
An American Tail: Fievel Goes West (1991)
An American Tail-Fievel goes west(1991)ဖုန်ထူထူ ကန္တာရတွေထဲ လက်နက်ကြီးတွေ တကားကားနဲ့ကောင်းဘွိုင်တွေကို ကျွန်တော်တို့ငယ်ငယ်တုန်းက အားကျကောင်းအားကျခဲ့ကြဖူးမှာပါ။သိပ်ကို မိမိုက်ကြတာကိုး။ အခုလည်း(၁၉၉၁)က ထွက်ရှိခဲ့တဲ့ “An American Tail-Fievel Goes West”ဆိုတဲ့ကာတွန်းကားလေးထဲမှာကျွန်တော်တို့ ငယ်ငယ်ကလိုပဲကောင်းဘွိုင်သူရဲကောင်းကြီး ဝိုင်လီဘာ့ကို အားကျတဲ့ ဖိုက်ဗဲလ်ဆိုတဲ့ကြွက်ကလေးရဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလို့ ရမှာပဲ ဖြစ်ပါတယ်။ဟုတ်ပါတယ်။ ငယ်ငယ်ကကြည့်သလို ခန့်ချောချောကောင်းဘွိုင်ကြီးတွေ လက်နက်တွေနဲ့တဒုန်းဒုန်းတဒိုင်းဒိုင်းတိုက်ခိုက်တာကိုကြည့်ရမှာထက်ကမ္ဘာ့ရန်တွေဖြစ်တဲ့ ကြောင်တွေနဲ့ ကြွက်တွေကြားက အဖြစ်အပျက်တွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အနောက်ပိုင်းမှာ ဟိုးတုန်းက သောင်းကျန်းသူတွေကိုထိန်းချုပ်ခဲ့တဲ့ ဝိုင်လီဘာ့ဆိုတဲ့ခွေးအရာရှိကြီးတစ်ယောက် ရှိပါတယ်။အများက အားထားရတဲ့သူလည်း ဖြစ်တာကြောင့်ကြွက်ကလေး ဖိုက်ဗဲလ်မောက်စ်ကီဝစ်ဟာလည်း သိပ်ကို အားကျပါသတဲ့။နယူးရော့ခ်လမ်းကြိုလမ်းကြားမှာနေတဲ့သူတို့ကြွက်မိသားစုတွေကို တစ်နေ့မှာတော့ ကြောင်ဘော့စ်ကတ်တပ်ဝေါဦးဆောင်တဲ့ ကြောင်အုပ်စုကလာရောက်ဖျက်ဆီးပါတော့တယ်။ကြောင်ဆိုးကတ် အကြံကတော့ ကြွက်တွေကို ဒီလမ်းကြိုလမ်းကြားကနေရှင်းထုတ်ကာ အနောက်ပိုင်းကို သွားအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ကြောင်ကြီးကတ်ရဲ့ အကြံကကော ဘာများဖြစ်နေမလဲ။ဝိုင်လီဘာ့ကို စံထားတဲ့ ကြွက်ကလေးဖိုက်ဗဲလ်နဲ့ သူ့သူငယ်ချင်း ကြောင်လေးတိုက်ဂါးတို့ကကောကြွက်တွေကို ကြောင်ဆိုးကြီးရဲ့ ...
movie
An American Tail: Fievel Goes West (1991)
6.4
Dinosaur (2000)
Dinosaur (2000)IMDb Rating (6.4) / Rotten Tomatoes (65%) ဆုတွေအများကြီးရထားတဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ နာမည်ကြီး live-action အင်နီးမေးရှင်း ဇတ်ကားကောင်းတစ်ခု..ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၄၅ နှစ်ကပေါ်လာခဲ့ပြီးလွန်ခဲ့တဲ့ နှစ် ၆၆သန်းမှာမျိုးတုန်းပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ဒိုနိုဆောဆိုတဲ့နာမည်ဟာ ဂရိဘာသာစကားကနေဆင်းသက်လာပြီးကြောက်စရာကောင်းတဲ့ အိမ်မြှောင်ကြီးလို့အဓိပ္ပါယ်ရပါတယ် ။ဒိုင်နိုဆောတိုင်းကတော့ ကြောက်စရာကောင်းနေတာမဟုတ်ပါဘူး။ ရုပ်ကြွင်းတွေကနေဖော်ထုတ်ချက်အရ ဒိုင်နိုဆောတွေဟာတစ်ကယ်ရှိခဲ့တဲ့သတ္တဝါတွေဖြစ်ပြီး မျိုးစိပ် ၇၀၀ နဲ့ အမည်အတိအကျပေးနိုင်တာ မျိုးစိပ် ၃၀၀ ရှိပါတယ်။လီးမာကောင်လေးတွေကတော့ မျောက်နဲ့တူပေမယ့် မျောက်မဟုတ်ပါဘူး ။သူ့ကို လူ မျောက် မျောက်ဝံတွေနဲ့အတူ ပရိုင်းမိတ်အုပ်စုထဲပဲထည့်ထားပါတယ် လီးမာတွေကဒိုင်နိုဆောတွေမျိုးမတုန်းခင် လွန်ခဲ့တဲ့နှစ် ၆၅ကနေ၇၅သန်းအတွင်းပေါ်လာခဲ့တယ်လို့ဆိုကြပါတယ်။ ဇတ်လမ်းအကျဥ်းလွန်ခဲ့နှစ်ပေါင်း၆၅သန်းခန့်ကလီးမာသတ္တဝါလင်မယား”ယာ”နဲ့“ပလီယို”ကတစ်နေ့မှာဒိုင်နိုဆောဥတစ်လုံးကိုတွေ့လို့ လွှင့်ပစ်မယ်လုပ်တုန်း မလွှင့်ပစ်နိုင်ပဲ ဥထဲကနေဒိုနိုဆောလေးပေါက်လာတဲ့အခါ သူတို့ရဲ့မွေးစားသားလေး “အလက်ဒါ” ဖြစ်လာပါတယ် ။အလက်ဒါလေးကအသီးအရွက်စား ဂျက်ကာဆောရပ်စ် အမျိုးအစားဒိုင်နိုဆောလေးပါ။သူက iguanodonမျိုးထဲပါပါတယ်။ပလီယိုတို့မှာ“ဇင်နီ”ဆိုတဲ့သားတစ်ယောက်နဲ့ “ဆူရီ” ဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။အလက်ဒါလေးအရွယ်ရောက်လာပါတယ်။လီးမားလေးတွေနဲ့ဆော့ကစားပျော်ရွှင်နေပါတယ် ။တစ်ခါမှတော့ တစ်ခြားဒိုင်နိုဆောတွေကိုသူမတွေ့ဖူးသေးပါဘူး။ဇင်နီလေးကလည်းကြင်ဖက်ရှာဖို့ကြိုးစားပေမယ့် မရရှာပါဘူး။ အဲဒီနေ့မှာပဲကောင်းကင်က ဥက္ကာခဲတွေ မီးလုံးတွေကျလာပြီးတစ်တောလုံးပျက်စီးမီးလောင်တော့” ယာ”တို့ ...
movie
Dinosaur (2000)
2000
8.0
Batman: The Dark Knight Returns, Part 1 (2012)
Frank Miller ရဲ့ အရမ်းDeep Dark ဖြစ်ပြီးအောင်မြင်ခဲ့တဲ့ The Dark Knight return Comic ကို Animation ပြန်ရိုက်ထားတဲ့ကားလေးပါ ။ဒီဇာတ်လမ်းကို DC ရဲ့ Snyder verses လုပ်ခဲ့တဲ့ Zack Snyder ကိုယ်တိုင်က Batman Live action ရိုက်ရရင် ဒီဇာတ်လမ်းကို ရိုက်ချင်တယ် ပြောတဲ့အထိပါ။ဒီ animation က Part 1 နဲ့ Part 2 ဆိုပြီး နှစ်ပိုင်းထွက်ထားပါတယ် ။Part 1 ထဲမှာတော့ ဘရုစ်ဝိန်းဟာ Batman လုပ်တဲ့ဆီကနေ အနားယူထားတ ဆယ်စုနှစ်တစ်ခုကြာခဲ့ပါပြီ။ဂေါ်သမ်မြို့မှာလည်း Batman မရှိတော့ ကြောင်မရှိကြွက်သောင်းကျန်း ဆိုသလို ဒုစရိုက်မှုတွေ ကများပြားနေပါတယ်။ရဲမင်းကြီးဂျိန်းဂေါ်ဒွန် ကလည်း အငြိမ်းစားယူဖို့ တစ်လ အလိုမှာပဲ Mutant လို့ခေါ်တဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုကပေါ်လာပြီးဂေါ်သမ် ...
movie
Batman: The Dark Knight Returns, Part 1 (2012)
2012
6.6
Scooby-Doo! Legend of the Phantosaur (2011)
ရှက်ဂီတို့အဖွဲ့ အမှုလိုက်နေရင်း ရှက်ဂီတစ်ယောက် အကြောက်လွန်ရောဂါ ရသွားပါတော့တယ်။ဆရာဝန်နဲ့သွားပြတဲ့အခါမှာ ရှက်ဂီ့ကို အကြောက်လွန်ရောဂါကြောင့် ကြောက်စရာတွေနဲ့ ဝေးဝေးနေဖို့၊ အမှုဆက်မလိုက်တော့ဖို့အတွက် မှာလိုက်ပါတယ်။တစ်ဖက်မှာ ဖရက်ကလည်း သိပ္ပံစာတမ်းထပ်တာမှာ ပရော်ဖက်ဆာက သူ့စာတမ်းကို မကြိုက်လို့ ပယ်ချလိုက်တဲ့အတွက် စာမေးပွဲကျမလိုဖြစ်နေပါတယ်။ဒါတွေအကုန်လုံးကို အဆင်ပြေအောင်လို့ ဒက်ဖ်နီက သူ့ဦးလေးတစ်ယောက် လာဆရီနာမြို့မှာ Spa ဖွင့်ထားကြောင်း၊ အဲဒီနားမှာ ကျောက်တွင်းရှိကြောင်းပြောပြပါတော့တယ်။ဖရက်လည်း စာတမ်းရေးဖို့ အကြောင်းအရာရသလို ရှက်ဂီ့အတွက် ကြောက်လန့်စရာ တစ်ခုမှမရှိတဲ့အတွက် လာဆရီနာမြို့ကို သွားဖို့ ဖြစ်လာကြပါတယ်။ဒီလိုနဲ့ လာဆရီနာမြို့မှာ ရှက်ဂီတို့အုပ်စု ဘယ်လိုအတွေ့အကြုံတွေ ရလာမလဲ... File Size : 1.6 GB, 864 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar ...
movie
Scooby-Doo! Legend of the Phantosaur (2011)
6.3
Despicable Me 4 (2024)
Despicable Me 4 (2024)IMDb Rating (6.3) / Rotten Tomatoes (56%)နာမည်ကျော် ကာတွန်းရုပ်ရှင်တွဲတွေ ဖြစ်တဲ့ Despicable Me လေးကားမြောက်လာပါပြီ။ ရှေ့ကထွက်ခဲ့တဲ့ ၃ ကားနဲ့ Minions ၂ ကား ကိုလည်း Channel Myanmar Web နဲ့ App မှာ ကြည့်ရှုနိုင်ပါတယ်။Despicable Me 1 Despicable Me 2 Despicable Me 3 Minions : The rise of Gru 2022 Minions 2015 တို့ပြီးရင် အခုရုပ်ရှင်လာပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...ဗီလိန်တိုက်ဖျက်ရေးအဖွဲ့ရဲ့အေးဂျင့် ဖြစ်လာတဲ့ ဂရု ဟာ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ သူ့ရဲ့ပြိုင်ဘက်ဟောင်း ဗီလိန် မက်ဆင်းကို ဖမ်းပေးလိုက်ပါတယ်။ ဒါပေမဲ့ မက်ဆင်းက ထောင်ကနေ ဖောက်သွားပြီး ဂရုကိုလက်စားချေဖို့ ကြိုးစားလာတဲ့အတွက် ဗီလိန်တိုက်ဖျက်ရေးအဖွဲ့က ဂရုတို့ မိသားစုကို နာမည်ဝှက်နဲ့ မြို့လေးတစ်မြို့မှာ ...
movie
Despicable Me 4 (2024)
4K HEVC
6.8
All Star Superman (2011)
All Star Superman (2011) IMDB: 6.8/10 Rotten Tomatoes: 80% Genre: Action/Sci-fiဒီဇာတ်လမ်းလေးကနည်းနည်းရင်ထဲမှာခံစားရလိမ့်မယ်လို့ကျွန်တော်ကြိုပြောပါရစေ။Animation ထက်ကိုပိုတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကလူဆိုးတွေကိုချနေတဲ့ဇာတ်လမ်းဆိုတာထက် စူပါမန်းရဲ့ စိတ်နေစိတ်ထားကိုရိုက်ပြသွားတာဖြစ်ပါတယ်။ဒေးလီးပလန်းနက်က လယ်သမားသားကလာ့ခ်ကန့်တ်၊ ခရစ်ပတွန်သား ကဲလ်အဲလ်၊ကမ္ဘာကြီးကိုကယ်တင်နေတဲ့သံမဏိလူသား တစ်ယောက်ရဲ့ စိတ်ထားကဘယ်လောက်ထိမြင့်မြတ်ကြောင်းပြသွားတာဖြစ်ပါတယ်။ ဇာတ်ညွှန်း ဒေါက်တာ လီယိုကွင်တမ်နဲ့သူ့အဖွဲ့တွေနေကို သွားရောက်လေ့လာနေတုန်းမှာ လက်စ်လူသာကြောင့်အဆင်မပြေထဖြစ်ပါတော့တယ်။ လက်စ်လူသာဟာ အဖမ်းခံထားရတဲ့အချိန်ဖြစ်လည်းဖြစ်ပါတယ်။ဒါပေမယ့် လက်စ်လူသာဟာ ဉာဏ်ကြီးရှင်တစ်ယောက်လည်းဖြစ်တာကြောင့်လူသားမျိုးနွယ်စုကောင်းကျိုးအတွက် တီထွင်ခိုင်းပါတော့တယ်။စောင့်ကြည့်ရေးကာလမှာ သူဟာ နေလောက်ထိအကွာအဝေးကိုကမ္ဘာကနေလှမ်းထိန်းပြီးဒေါက်တာ ကွင်တနမ်တို့ရဲ့ယာဉ်ကို တိုက်ခိုက်ပါတော့တယ်။ ဒါပေမယ့်လည်း ဒေါက်တာကွင်တမ်တို့ကိုစူပါမန်းကလာကယ်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ နေကြောင့် စူပါမန်းရဲ့ဆဲလ်တွေဟာမြန်မြန်ကြီးပြိုကွဲလာပါတယ်။တစ်နည်းပြောရရင်တော့ စူပါမန်းဟာသေတော့မှာဖြစ်ပါတယ်။ဒါပေမယ့်လည်း စူပါမန်းကြီးဟာဘယ်လိုမှသူသေတော့မယ်ဆိုတာကို ထုတ်မပြောခဲ့ပါဘူး။သူပြောခဲ့တာတစ်ယောက်ပဲရှိပါတယ်။ အဲဒါကတော့...သူမသေခင်မှာ သူဘယ်လိုတွေလုပ်သွားလဲ၊ ကမ္ဘာကြီးအတွက်ဘာတွေလုပ်သွားလဲဆိုတာကိုမြင်ရမှာဖြစ်ပါတယ်။ File size… 1.3 GB / 571 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ..... Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated ...
movie
All Star Superman (2011)
7.3
The Super Mario Bros. Movie (2023)
The Super Mario Bros Movie (2023)စူပါမာရီယိုဟာ သမိုင်းတလျှောက်ရောင်းအားအကောင်းဆုံး ဂိမ်းပဲဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားနဲ့ ပလက်ဖောင်းများလွန်းလို့ လူသန်းပေါင်းဘယ်လောက်ကစားဖူးလဲတောင် ပြောရခက်ပါတယ်။ အခုတခေါက်ကတော့ ဒီဂိမ်းကို ကာတွန်းအဖြစ်အသက်သွင်းထားတာပါပဲ။ မာရီယိုအဖြစ် ခရစ်ပရက်၊ မင်းသမီးလေးအဖြစ် အာညာတေလာဂျွိုင်း၊ လူဝီးဂျီအဖြစ် ချာလီဒေး နဲ့ လိပ်ကြီးဘောင်ဆာအဖြစ် ဂျက်ဘလက်တို့လို နာမည်ကျော်တွေ သရုပ်ဆောင်ထားပါတယ်။ ထွက်ခဲ့ဖူးတဲ့ မာရီယိုဂိမ်းမျိုးစုံထဲက ကာရိုက်တာတွေ၊ လက်နက်တွေ၊ တီးလုံးတွေ၊ နေရာတွေကို သူ့နေရာနဲ့သူ ပြန်သုံးပေးထားပါတယ်။ ကြည့်ရတာ အပန်းပြေတဲ့ ကာတွန်းကားလေးပါပဲ။ဇာတ်လမ်းအကျဉ်းမာရီယိုနဲ့လူဝီးဂျီတို့ ညီအစ်ကိုဟာ လူတိုင်းက အထင်သေးရတဲ့ ဘရွတ်ကလင်းရဲ့ ရေပိုက်ပြင်သမားညီအစ်ကိုနှစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရေပိုက်တစ်ခုကနေ မှော်တိုင်းပြည်ထဲကိုရောက်သွားပါတော့တယ်။လူဆိုးဘုရင်ကြီး ဘောင်ဆာဟာ စူပါကြယ်ကြီးကို ပိုင်ဆိုင်ပြီး သူတို့ရဲ့ မှော်လောကထဲကို တိုင်းပြည်အားလုံးကို သိမ်းပိုက်ဖို့ ကြံစည်ထားတဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူက မှိုတိုင်းပြည်က မင်းသမီးလေးမက်မွန်သီးကို အရမ်းချစ်နေတာမို့ သူနဲ့အတူ ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ မင်းသမီးလေးကို လက်ထပ်ခွင့်တောင်းဖို့လာခဲ့ပါတယ်။ မင်းသမီးက လက်မခံခဲ့ရင်တော့ မှိုတိုင်းပြည်ကိုဖျက်ဆီးပစ်မှာပါပဲ။ ဒါကိုသိတဲ့ မင်းသမီးလေးဟာ မာရီယိုနဲ့ပူးပေါင်းပြီး ဒန်းကီးကောင်တို့ရဲ့တိုင်းပြည်ကိုစစ်ကူသွားတောင်းခဲ့ပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကာတွန်းထဲမှာ ...
movie
The Super Mario Bros. Movie (2023)
2023
4K HEVC
6.8
Minions: The Rise of Gru (2022)
Minions : The Rise of Gru (2022)မီနီယံဆိုတာနဲ့ ကလေးတုန်းကအမှတ်တရတွေနဲ့အတူ အူတက်နေအောင် ရယ်ရမယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ မီနီယံတွေဟာ ကမ္ဘာဦးကတည်းက အကြမ်းဆုံးဗီလိန်ကို လိုက်ရှာရင်း တွေ့ခဲ့သမျှ ဘော့စ်တွေကို ဒုက္ခပေးရင်းနဲ့ နောက်ဆုံးမှာ ဂရူ ပေါက်စလေးနဲ့ တွေ့ခဲ့ပါပြီ။ ဂရူကလည်း ကမ္ဘာအကောင်းဆုံးဗီလိန်အဖွဲ့ဖြစ်တဲ့ လူမိုက်ကြီး၆ယောက် အဖွဲ့ထဲကိုဝင်ဖို့ကြိုးပမ်းနေချိန်ဖြစ်ပြီး ဂရူ နဲ့ မီနီယံတွေ ဘယ်လို တလွဲတွေလုပ်ကြမလဲဆိုတာ ဆက်ကြည့်ရှုလိုက်ပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Animation, Adventur, Comedy Quality….4k HEVC WEB DL | 1080p | 720p | 480p File size… 7.08GB | 1.8GB | 1GB | 396MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie
Minions: The Rise of Gru (2022)
2022
4K HEVC Web-DL
8.3
Soul (2020)
IMDb Rating (8.3)/ Rotten Tomatoes (97%)ဂျိုးဂါဒင်နာ ဆိုတဲ့ အလယ်တန်းပြဂီတ ဆရာတစ်ယောက်မှာ ဂျပ်ဇ်ဂီတကို စင်မြင့်ပေါ်မှာ ဖျော်ဖြေချင်တဲ့အိမ်မက် ဟိုးငယ်ငယ်ကလေးကတည်းကရှိခဲ့ပါတယ်။ Half Note Club မှာ တစ်ခြား ဂျပ်ဇ် ပညာရှင်တွေကို အံ့သြသွားလောက်အောင် သူ့အရည်အချင်းကိုပြသနိုင်ပြီးတဲ့နောက်မှာ သူ့အိမ်မက်အတွက် ရောင်ခြည်လေးသန်းလာပါတော့တယ်။ အဲ့ဒီလိုအချိန်ကျမှ ရုတ်တရက် မတော်တဆမှုတစ်ခုနဲ့ သူ့ဝိဉာဉ်ဟာ ခန္ဓာကိုယ်ကနေ ဖယ်ခွာပြီး နောက်ဘဝကို ပြောင်းဖို့လောကထဲ ရောက်ရှိသွားတဲ့အခါ..။ တစ်သက်လုံးမက်လာတဲ့ အိမ်မက်တွေ ဆက်မက်ဖို့ မျှော်လင့်ချက်လေးကို ပျပျမြင်ရပြီဖြစ်တဲ့ ဂျိုးအတွက် နောက်ဘဝကို ပြောင်းဖို့အဆင်သင့်မဖြစ်သေးပါဘူး။ အဲ့ဒီဘုံကနေ လွတ်မြောက်ဖို့ သူအစွမ်းကုန်ကြိုးစားပါတော့တယ်။ မဖြစ်မနေဆိုသလိုပဲ သူ့အနေနဲ့ ကမ္ဘာပေါ်ကိုမစေလွှတ်ခင် ဝိဉာဉ်တွေကို ပင်ကိုယ်စရိုက် ဓလေ့တွေ ဉာဉ်တွေကို လေ့ကျင့်ပေးရတဲ့ နေရာတစ်ခုမှာ တွဲဘက်ကျလာတဲ့ ဝိဉာဉ်လေးတစ်ကောင်ကိုလေ့ကျင့်ပေးရဖို့ဖြစ်လာပါတယ်။ အဲ့ဒီဝိဉာဉ်လေးက လက်ပေါက်အကပ်ဆုံး ကမ္ဘာပေါ်ကိုပြန်မသွားချင်လို့ နည်းပေါင်းစုံနဲ့ ဒီဘုံမှာပဲကပ်တွယ်ဖို့ကြိုးစားနေတဲ့ ထူးထူးဆန်းဆန်းသတ္တဝါလေးဖြစ်နေတော့ သူမှာ အခက်အခဲပေါင်းစုံကြုံရတော့တာပါပဲ။ Studio က pixar ဆိုတော့ ...
movie
Soul (2020)
6.4
The Grinch (2018)
ဒီတစ်ခါမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ Animation ဇာတ်ကားကောင်းလေးတစ်ကားကိုထွက်ထွက်ချင်း ပူပူနွေးနွေးတင်ဆက်ပေးလိုက်ပါတယ်။အဲဒီဇာတ်ကားကတော့ ဒီဇင်ဘာလအစပိုင်းလေးကမှ ရုံတင်သွားတဲ့ The Grinch ပဲဖြစ်ပါတယ်။အားလုံးလည်း သိပြီးနေလောက်ပြီ ဖြစ်တဲ့အတွက် အများကြီးမိတ်ဆက်ပေးနေစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ဒီ The Grinch ဟာ စာရေးဆရာ Theodor Seuss Geisel ရဲ့ How The Grinch Stole The Christmas ဆိုတဲ့စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။အနောက်နိုင်ငံမှာတော့ အထူးတလည်မိတ်ဆက်နေစရာမလိုအောင် ခရစ္စမက်နဲ့အတူတွဲမြင်ကြတဲ့ အစိမ်းရောင်အကောင်ကြီးပေါ့ဗျာ။ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။Grinch ကြီးက ခရစ္စမက်စ်ပွဲကိုမုန်းတီးတဲ့သူတစ်ယောက်။Who-ville ကလူတွေ ခရစ္စမက်စ်ပွဲအတွက်ပြင်ဆင်နေကြတာကို ကြည့်မရတဲ့အတွက် နောက်တစ်ခါထပ်ပြီး ပွဲကျင်းပလို့မရအောင် ခရစ္စမက်စ်ပျောက်ဆုံးသွားအောင်ကြံတာလေးကို 3D animation ရုပ်ရှင်အဖြစ်ပြန်လည်ပြီးသရုပ်ဖော်ထားပါတယ်။နာမည်ကျော် Animation Studio ဖြစ်တဲ့ Illumination ကထုတ်လုပ်ဖြန့်ချိထားတဲ့ ဒီ The Grinch မှာ အဓိကဇာတ်ဆောင် Grinch အဖြစ် ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီး Benedict Cumberbatch ...
movie
The Grinch (2018)
2018