Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cate Blanchett
6.8
An Ideal Husband (1999)
An Ideal Husband (1999)IMDb Rating (6.8) / Rotten Tomatoes (85%) ဒီတစ်ခါမှာတော့ Oscar Wilde ရဲ့ ပြဇာတ်ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတဲ့ An Ideal Husband ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Rupert Everette, Jeremy Northam, Julian Moore နဲ့ Cate Blanchett တို့ကအဓိကပါဝင်ထားပါတယ်။ဆာရော့ဘတ်ချေလ်တန်နဲ့ လေဒီဂါးထရုချေလ်တန်တို့လင်မယားဟာ အင်္ဂလိပ်နိုင်ငံရေးလောကမှာ ဂုဏ်သိက္ခာကြီးမားပြီး လူအများရဲ့လေးစားအားကျခြင်းကိုခံထားရသူတွေပါ။ဒါပေမဲ့ မစ္စစ်ရှယ်ဗလီဆိုတဲ့အမျိုးသမီးတစ်ယောက် လန်ဒန်ကိုပြန်ရောက်လာချိန်ကစပြီး ရော့ဘတ်တစ်ယောက်အတွက် အိပ်မက်ဆိုးတွေဖြစ်လာပါတယ်။မစ္စစ်ရှယ်ဗလီဟာ ရော့ဘတ်ငယ်ရွယ်စဥ်ကမှားခဲ့ဖူးတဲ့အမှားတစ်ခုကိုအကြပ်ကိုင်ပြီး သူမလိုချင်တာတွေကို ခြိမ်းခြောက်တောင်းဆိုပါတယ်။အဲ့ဒါကြောင့် ရော့ဘတ်တစ်ယောက်လည်း သူငယ်ချင်းဖြစ်သူ လော့ဒ်ဂေါရင်းဆီကိုသွားပြီး အပူကပ်ကာ အကူအညီတောင်းရပါတယ်။လော့ဒ်ဂေါရင်းကလည်း မစ္စစ်ရှယ်ဗလီနဲ့ အတိတ်မှာပက်သက်မှုရှိခဲ့ဖူးပါတယ်။ ထိုမိန်းမအကြောင်းကို ကောင်းကောင်းသိနေတဲ့လော့ဒ်ဂေါရင်းကလည်း သူငယ်ချင်းဖြစ်သူကို ကူညီဖို့ကြိုးစားပါတယ်။ဒါပေမဲ့ မစ္စစ်ရှယ်ဗလီဆိုတဲ့မိန်းမက သူတို့အားလုံးကြားမှာ လင်မယားအချင်းချင်းပြဿနာတက်အောင် သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲအောင် ဝင်မွှေသွားခဲ့ပါတယ်။သူတို့အားလုံး မစ္စစ်ရှယ်ဗလီ မွှေသွားတဲ့ပြဿနာတွေကို ...
movie
An Ideal Husband (1999)
1999
Pushing Tin (1999)
Imdb(6.0/10)လူသဘောသဘာဝဆိုတဲ့အတိုင်း အဆင်ပြေနေတဲ့ဘဝကြီးမှာ လူတစ်ယောက်က ကိုယ့်ဘဝထဲကို ဝင်လာပြီး အရာအားလုံးကို လုယူသွားသလို ခံစားရတဲ့အခါ မကျေမနပ်ဖြစ်ကြတာပဲမလား..... နာမည်ကျော် မင်းသားကြီး John Cusack သရုပ်ဆောင်ထားတဲ့ Nick Falzone ဆိုတဲ့ အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်က ဒီကားမှာတော့ လုယူခံလိုက်ရတဲ့လူပေါ့.....လေယာဥ်တွေကို controlling ပိုင်းမှာ အစစအရာရာ ပြည့်စုံနေခဲ့တဲ့ လူတစ်ယောက်ဟာ သူ့ထက်သာတဲ့ သူ့ပြိုင်ဘက် Russell Bell ဆိုတဲ့ ဘဲကြီး ရောက်လာတဲ့အခါမှာတော့ သူ့ဘဝကြီးက စတင်မှားယွင်းလာတော့တာပါပဲ ဒီဘဲကြီးက သူ့ထက် အစစအရာရာ သာရုံတင်မက မိန်းမကပါ လန်းနေတော့ Nick တစ်ယောက် မနာလိုတွေဖြစ် အမှားတွေကျူးလွန်မိပြီး ဘဝက ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါခင်ဗျား comedy လေးလည်း ရောထားတော့ စိတ်အပန်းဖြေဖို့အတွက် ကြည့်သင့်တဲ့ကားပါပဲFile size… (2.4 GB) / (1 GB) Quality….HEVC ...
movie
Pushing Tin (1999)
8.1
Thor: Ragnarok (2017)
Marvel Cinematic Universe: Phase Three ကတော့ MCU ရဲ့ အကောင်းဆုံးအစိတ်အပိုင်းလို့ဆိုရတဲ့အထိ လူကြိုက်များပြီး ထောင့်စေ့ခဲ့ပါတယ်။Phase 3 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်နဲ့ မျက်နှာချင်းဆိုင်ဖိုက်ကြတဲ့အထိ ကြမ်းကုန်ကြပါပြီ။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 3 မှာတော့ ရုပ်ရှင် ၁၁ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။Captain America: Civil War (2016) Doctor Strange (2016) Guardians of the Galaxy Vol. 2 (2017) Spider-Man: ...
movie
Thor: Ragnarok (2017)
2017
4K HEVC IMAX
7.2
Black Bag (2025)
Black Bag (2025)IMDb Rating (7.2) / Rotten Tomatoes (97%) မြန်မာနိုင်ငံမှာ ဘဏ်အကောင့်ဖွင့်ပြီး ငွေတွေဖွက်ထားတဲ့ သစ္စာဖောက် စပိုင်အေးဂျင့်ကို ဖော်ထုတ်ရတဲ့ ရုပ်ရှင်ပါ။စပိုင်ရုပ်ရှင်တွေထဲမှာ အတော်ကောင်းတဲ့ရုပ်ရှင်လို့ ပြောလို့ရပါတယ်။သရုပ်ဆောင်တွေကလည်း X-Men ထဲက မင်းသား Michael Fassbender၊ ကိတ်ဘလန်းချက်၊ ဂျိမ်းစ်ဘွန်မင်းသားကြီး Pierce Brosnan တို့ပါထားပါတယ်။ဇာတ်လမ်းအကျဉ်းရုပ်ရှင်နာမည် အိတ်အနက်ဆိုတာ စပိုင်တွေရဲ့ လျှို့ဝှက်ချက်ကို ရည်စူးတာဖြစ်ပါတယ်။ထောက်လှမ်းရေးအဖွဲ့တစ်ခုဟာ ရုရှားအစိုးရကို ဖြုတ်ချနိုင်လောက်တဲ့ ကွန်ပြူတာဗိုင်းရပ်စ်တစ်ခုကို တီထွင်ပြီးချိန်မှာ အခိုးခံလိုက်ရပါတယ်။သူတို့အဖွဲ့ထဲမှာ သစ္စာဖောက်ရှိနေတာသိပေမဲ့ ဘယ်သူမှန်း ရှာလို့မရဖြစ်နေပါတယ်။အဲဒီတရားခံကို ရှာဖို့ကြိုးစားရင်း စပိုင်တွေ အချင်းချင်း အောက်ဖဲလှန်၊ သစ္စာဖောက်ကြကျတာတွေကို ကြည့်ရင်း နောက်ဆုံးမှာ ဘယ်သူက တရားခံလည်းဆိုတာ သိလာရမဲ့ အမျိုးအစားပါပဲ။ပစ်တာခတ်တာ အသားပေးမဟုတ်ဘဲ စပိုင်တွေ ဉာဏ်ချင်းပြိုင်တဲ့ကားမို့ ဦးနှောက်သုံးရတာ ကြိုက်တဲ့လူတွေအတွက် ရုပ်ရှင်ကောင်းပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… ...
movie
Black Bag (2025)
2025
4K HEVC
6.1
The Man Who Cried (2000)
The Man Who Cried (2000)IMDb Rating (6.1) / Rotten Tomatoes (35%) ဒီရုပ်ရှင်လေးကတော့ ရုရှားကနေထွက်လာတဲ့ ဂျူးမိန်းမငယ်လေးတစ်ယောက်ဖြစ်တဲ့ ဆူဇီအကြောင်း ရိုက်ကူးထားတာပါ။ဆူဇီတို့မိသားစုဟာ ရွှေ့ပြောင်းဖို့လုပ်ရင်းကနေ သူ့အဖေနဲ့သူနဲ့ လူချင်းကွဲသွားခဲ့ပါတယ်။တစ်နေ့မှာ အမေရိကန်နိုင်ငံမှာရှိတဲ့ သူ့အဖေကို ပြန်ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သီချင်းအဆိုကောင်းတဲ့ ဆူဇီဟာ ပါရီမြို့ပြဇာတ်ရုံတစ်ခုမှာ အကမယ်တစ်ယောက်ဖြစ်လာပါတယ်။သူမရဲ့အခန်းဖော်ကတော့ သူ့ရုပ်ရည်ကို အသုံးချပြီး ချမ်းသာတဲ့ သူတစ်ယောက်နဲ့ယူဖို့ ကြံရွယ်နေတဲ့ လိုလာပေါ့ လိုလာက ဝင်ငွေကောင်းတဲ့ နာမည်ကြီးတဲ့ အော်ပရာအဆိုတော် ဒန်တေကို ချိန်နေချိန်မှာဆူဇီသဘောကျတာကတော့ ဂျစ်ပစီတစ်ယောက်ဖြစ်တဲ့ ဆီဆာပါ ဒန်တေကတော့ ဂျစ်ပစီတွေ ဂျူးတွေကိုမုန်းတဲ့ မူဆိုလီနီကို ထောက်ခံသူပေါ့..နောက်ဆုံး ဒုတိယကမ္ဘာစစ်ရဲ့အငွေ့အသက်တွေ ပဲရစ်မြို့အထိရောက်ရှိလာချိန်မှာတော့ သူတို့လေးယောက် ဘာဆက်ဖြစ်ကြမှာလဲ..ဆူဇီတစ်ယောက် သူချစ်တဲ့ ဆီဆာနဲ့ ဇာတ်သိမ်းမှာ ပေါင်းရမှာလား.. သူ့အဖေနဲ့ရော တွေ့ရမလား..လိုလာကရော ဒန်တေကို ပိုင်ဆိုင်နိုင်ပြီး ဘဝမှာ ပျော်ရွှင်ရမှာလား..အတ္တသမား ဒန်တေရော ...
movie
The Man Who Cried (2000)
2000
6.3
Ocean’s Eight (2018)
Ocean's Eight (2018)IMDb Rating (6.3) / Rotten Tomatoes (69 %)Sandra Bullock ,Cate Blanchett, Anne Hathaway စတဲ့ ဝါရင့်ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ Rihanna တို့လို အဆိုကျော်တွေပါဝင်ထားပြီး Ocean ဇာတ်ကားတွေရဲ့ အရသာကိုထပ်မံပုံဖော်မယ့်ရုပ်ရှင်ပါ။ဒီရုပ်ရှင်က ရှေ့ကရင်းနှီးပြီးသား ဂျော့ကလူနေးတို့ ဘရတ်ပစ်တို့ရဲ့ Ocean 11,12,13 ဇာတ်ကားသုံးကားကို ဆင့်ပွားခံယူထားတဲ့ ဇာတ်ကားဖြစ်ပြီး Theme ပုံစံလဲ တူညီပါတယ်...မတူတာကတော့ ရှေ့ကဇာတ်ကားတွေမှာ အမျိုးသားသရုပ်ဆောင်ဒိတ်ဒိတ်ကြဲတွေဖြစ်ကြပြီး အခု Ocean 8 မှာတော့ အမျိုးသမီးသရုပ်ဆောင်တွေပါ။Anna Wintour, Zayn Malik, Katie Holmes, Maria Sharapova, Serena Williams, Kim Kardashian, Kylie Jenner, Kendall Jenner, Gigi Hadid စတဲ့နာမည်ကြီးတွေလဲ Cameo ...
movie
Ocean’s Eight (2018)
2018
4K HEVC
7.3
Carol (2015)
Carol (2015)IMDb Rating (7.3) / Rotten Tomatoes (94%) ဒီတစ်ခေါက်ကတော့ Patricia Highsmithe ရဲ့ The price of Salt Novel ကိုပြန်လည်ရိုက်ကူးထားတဲ့ rating မြင့်ဇာတ်လမ်းကောင်းတစ်ကားပါ။ဒီကားကိုဒါရိုက်တာ Todd Haynes ခေါင်းဆောင်ရိုက်ကူးထားပြီး မင်းသမီးကြီး Cate Blanchett , Rooney Mara တို့ပါ၀င်ပါတယ်။မင်းသမီးနှစ်ယောက်လုံး Oscar Nominations ၀င်ခဲ့တာမို့လို့ သရုပ်ဆောင်ကိုတော့အထူးတလည်ပြောပြစရာတောင်မလိုတော့ပါဘူး။လူတိုင်းလူတိုင်းဘ၀မှာ ကိုယ်တိုင်ရဲ့တည်ရှိမှုကိုမေးခွန်းပြန်ထုတ်စေနိုင်တဲ့တစ်စုံတစ်ဦးကတော့ရှိစမြဲပဲ။ဘာအကြောင်းပြချက်ကြီးကြီးမားမားမှမရှိပါပဲနဲ့ ဒီတစ်ယောက်ကိုမှအလိုလိုတောင့်တနေမိတာမျိုး။နားလည်မပေးနိုင်တဲ့ချစ်သူကောင်လေး ၊ ငြီးငွေ့ဖွယ်အလုပ်တို့ထဲပိတ်မိနေသူ အသက်၂၀ သာရှိသေးတဲ့မိန်းမငယ်လေးတစ်ဦးအတွက်တော့ ကယ်ရိုလ်ဆိုတဲ့လူကုန်ထံအသိုင်းအဝိုင်းမှ သက်လတ်ပိုင်းအမျိုးသမီးက အဲ့လိုဖြစ်တည်မှုတစ်ခုဖြစ်လာခဲ့တယ်။စူးရဲရဲအကြည့်၊ နီရဲရဲနှုတ်ခမ်းတို့နဲ့ ရင့်ကျက်တဲ့အလှတရားပိုင်ရှင် ကယ်ရိုလ်နေရာမှာသရုပ်ဆောင်တဲ့ မင်းသမီးကြီး Cate Blanchett ကအသံနဲ့တင်ဖမ်းစားနိုင်စွမ်းရှိတာမို့ကောင်လေးရောကောင်မလေးပါလက်မလွှတ်သင့်ပါဘူး။age-gap relationship တွေကိုမှကြိုက်ပါတယ်ဆိုတဲ့သူတွေဆို ပိုလို့တောင်ကြည့်သင့်ပါသေးတယ်။1950s ခုနှစ်ပိုင်းတွေမှာ LGBTQ ဆက်ဆံရေးတွေအပေါ်လူတွေရဲ့အမြင်၊ ခေါင်းစဉ်တပ်ခွင့်မရှိတဲ့ဆက်ဆံရေးတစ်ခုအနေနဲ့ ဒီအမျိုးသမီးနှစ်ဦးအတွက်အဆုံးသတ်ရောကောင်းနိုင်ပါ့မလား ဒါတွေကိုတော့ကိုယ်တိုင်ပဲကြည့်လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet ...
movie
Carol (2015)
2015
Rumours (2024)
G7 လို့ခေါ်တဲ့ ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီနိုင်ငံတွေက ခေါင်းဆောင် 7 ယောက်ဟာ နှစ်ပတ်လည်ညီလာခံတစ်ခုမှာ Global Crisis တစ်ခုအတွက် ယာယီထုတ်ပြန်ချက် ထုတ်ဖို့ရာ ဆွေးနွေးဖို့ ရောက်ရှိလာကြတယ်။ ပြီးနောက်မှတော့ သူတို့ခေါင်းထဲမှာ အဲဒီပြဿနာကို ဖြေရှင်းဖို့ကလွဲလို့ အကြောင်းအရာ ပေါင်းစုံ အကုန်ရောက်ကြတယ်။ပုဂ္ဂိုလ်ရေးကိစ္စကိုပဲ စိတ်ဝင်စားသူက စိတ်ဝင်စား စသဖြင်ပေါ့။ နောက်တော့ အမှောင်ကျသွားချိန်မှာ ခြံကြီးထဲမှာ သူတို့ ၇ ယောက်သာ ကျန်ခဲ့ပြီး အပြင်လောကနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်။ ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ ကြောက်စရာကိစ္စတွေပါ ထဖြစ်လာချိန်မှာ မြူဆိုင်းနေတဲ့ တောထဲကနေတစ်ဆင့် အပြင်ကို ရောက်အောင် ကြိုးစားကြပါတော့တယ်။ဒီဇာတ်လမ်းက ကမ္ဘာ့အကျပ်အတည်းဖြစ်နေချိန် ကိုယ်ကိစ္စကိုယ်ပဲ အာရုံစိုက်တဲ့ နိုင်ငံရေးသမားတွေကို ပါးပါးလေးနဲ့ ပညာပြထားတဲ့ Dark Comedy အမျိုးအစားပါ။ ၇၇ ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး critics တွေဆီက positive ...
movie
Rumours (2024)
Heaven (2002)
နာမည်ကျော်မင်းသမီး Cate Blancheett ရဲ့ ၂၀၀၀ ခုနှစ်တွေ က သည်းထိတ်ရင်ဖိုကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ Cate blanchet က ကျောင်းဆရာမ ဖိလစ်ပါ အဖြစ် သရုပ်ဆောင်ထားပါတယ်။သူ့ရဲ့ကျောင်းက ကလေးတွေ မူးယစ်ဆေးကြောင့် သေဆုံးမှုတွေ ဖြစ်လာတဲ့အချိန်မှာ ရဲတွေကလည်း အဖက်မလုပ် တာကြောင့် သူကိုယ်တိုင် မူးယစ်ဆေးရောင်းတဲ့ ဂိုဏ်းခေါင်းဆောင်ကို သတ်ပစ်ဖို့ ရုံးခန်းထဲမှာ ဗုံးထောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ ဗုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့တဲ့ ကလေးလေး ၂ယောက်အပါအဝင် လူ ၄ ယောက် သေဆုံးသွားပါတော့တယ်။ဒါပေမဲ့ မူးယစ်ဆေးရောင်းတဲ့သူကတော့ လွတ်မြောက်သွားပါတယ်။ အဲဒီနောက်မှာတော့ ဖိလစ်ပါ ဟာ ဘယ်လို အကျိုးဆက်တွေကို ဆက်ခံစားရမလဲ၊ သူ့ရဲ့ မူလရည်ရွယ်ချက်အတိုင်း မူးယစ်ခေါင်းဆောင်ကို သတ်ပစ်နိုင်မှာလား ၊ သူ ဒါတွေ အကုန်လုံးကနေ လွတ်မြောက်သွားမှာလား ဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။File ...
movie
Heaven (2002)
6.7
The Shipping News (2001)
ဒုက္ခဆိုတာ ခါးသီးမှုပါ ဒါပေမဲ့ အမြဲတော့ ဒုက္ခချည်းပဲလည်းကြုံမနေတတ်ပါဘူး အသက်၁၀၀မနေရ အမှု၁၀၀ကြုံရဆိုသလို လူတွေမှာ ဒုက္ခကတော့ များကြတာချည်းပါပဲ.....ဒါပေမဲ့ တချို့ အလှည့်အပြောင်းလေးတွေက ကိုယ်မထင်ထားတဲ့အလှည့်အပြောင်းလေးတွေဖြစ်လာတတ်သလို ဒုက္ခကနေ သုခ သုခကနေ ဒုက္ခပြောင်းသွားတတ်တဲ့ အလှည့်အပြောင်းအလဲတွေလည်းဖြစ်တတ်ပါသေးတယ်.....ဒီကားလေးထဲမှာတော့ ပြဿနာပေါင်းသောင်းခြောက်ထောင်လောက်ကြုံပြီးချိန် ဘယ်လိုအလှည့်အပြောင်းတွေကြုံရမလဲ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre... Tragedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Z
movie
The Shipping News (2001)
5.8
Borderlands (2024)
ဂိမ်းလောကရဲ့လူကြိုက်အများဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ဘော်ဒါလန်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။Knock Knock ရဲ့ ဒါရိုက်တာ Eli Roth ရိုက်ကူးထားပြီး၊ကိတ်ဘလန့်ချက် နဲ့ ကယ်ဗင်ဟာ့တို့ ပါဝင်ထားပါတယ်။စက်ရုပ်လေး ကလပ်ထရပ် နေရာမှာတော့ ဂျက်ဘလက်ကအသံသရုပ်ဆောင်ပေးထားတာပါ။သိပ္ပံစိတ်ကူးယဉ် အက်ရှင် ဟာသ အမျိုးအစားမို့ အပန်းဖြေလို့ကောင်းမှာပါ။ ဇာတ်လမ်းအကျဉ်း***************ပန်ဒါရာဂြိုလ်ပေါ်က အီရီဒီရန်မျိုးနွယ်တွေဟာ ဂလက်ဆီတစ်ခုလုံးကိုအုပ်စိုးနိုင်ခဲ့တဲ့ အသိဉာဏ်မြင့် နည်းပညာမြင့် မျိုးနွယ်စုတွေဖြစ်ပါတယ်။ သူတို့တွေ မျိုးတုံးပျောက်ကွယ်သွားပြီးတဲ့နောက်မှာပန်ဒိုရာဂြိုလ်ကြီးတစ်ခုလုံးမှာ အီရီဒီရန်နည်းပညာလက်ကျန်လေးတွေကို ရှာနေတဲ့မုဆိုးတွေ၊ ဓားပြတွေ၊ အဖွဲ့အစည်းကြီးတွေ ခြေရှုပ်နေကြပါပြီ။ အားလုံးရဲ့ အကြီးဆုံးရည်မှန်းချက်ကတော့ အီရီဒီရန်တွေရဲ့လျှို့ဝှက်အလုံခန်းပါပဲ။ အဲဒီအလုံခန်းထဲမှာအဆင့်အမြင့်ဆုံး နည်းပညာလျှို့ဝှက်ချက်တွေရှိနေပြီး ပိုင်ဆိုင်တဲ့သူဟာ တန်ဖိုးမဖြတ်နိုင်လောက်အောင် ချမ်းသာပြီး စွမ်းအားကြီးသွားမှာပါ။အဲဒီ အလုံခန်းရှာတဲ့အရှုပ်တော်ပုံကြီးထဲကိုမှ စစ်သားဟောင်းတစ်ယောက်၊ ကြေးစားမုဆိုးတစ်ယောက်၊ ကော်ပိုရိတ်ကြီးတစ်ခုရဲ့ ခေါင်းဆောင်ရဲ့သမီးတစ်ယောက်၊ စိတ္တဇဂိုဏ်းဝင်တစ်ယောက် ကြားညပ်ပြီး ပူးပေါင်းမိကြတဲ့ခါ အလုံခန်းခန်းကို မသမာသူတွေလက်ထဲမရောက်ဖို့ တိုက်ခိုက်ကြရပါတော့တယ်။ File size…4.33GB / 2.06GB / 1.08GB Quality…WEB-DL 4K HEVC ...
movie
Borderlands (2024)
4K HEVC
7.9
Hot Fuzz (2007)
သရော်ထားတဲ့ရုပ်ရှင်များထဲမှာ အရယ်ရဆုံး အကောင်းဆုံးလို့ရှာရင် Hot Fuzz ဆိုတဲ့ရုပ်ရှင်ကားက ထိပ်ဆုံးကပါတတ်ပါတယ်။သရော်ထားချက်တွေရော သရုပ်ဆောင်တွေရော အက်ရှင်တွေရော ကြည့်လို့အင်မတန်ကောင်းတဲ့ရုပ်ရှင်ပါ။ဇာတ်လမ်းကတော့....ထူးချွန်လွန်းတဲ့ရဲတစ်ယောက်ဖြစ်တဲ့ Nicholas Angel ဟာ ဥပဒေကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စာအုပ်ကြီးသမားအဖြစ် လန်ဒန်ရဲတပ်ဖွဲ့မှာအသက်ဘေးအန္တရာယ်တွေလဲ မမှုဘဲ ရဲလုပ်ငန်းတာဝန်တွေကို ရွပ်ရွပ်ချွံချွံထမ်းဆောင်နေသူပါ။ဒီလိုထူးချွန်လွန်းလို့ ဆုတံဆိပ်ပေါင်းများစွာ အကြိမ်တိုင်းရရှိနေသူဖြစ်ပါတယ်။ဒါပေမယ့် ရဲဌာနတစ်ခုလုံးက လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကိုမမြင်ချင်တော့ပါဘူးတဲ့...ဘာလို့လဲဆိုတော့ သူတစ်ယောက်ပဲ ထူးချွန်လွန်းနေပြီး ကျန်တဲ့ရဲတွေ အသုံးမကျသလိုခံစားလာရလို့ပါတဲ့....LoL...ဒါကြောင့်သူ့ကို ရာထူးအတင်းတိုးပေးပြီး သူ မပြောင်းရွှေ့ချင်တဲ့နယ်ဖက်ကိုပို့လိုက်ပါတယ်...သူက မပြောင်းရွှေ့ချင်ကြောင်း ရဲချုပ်ဆီ စောဒကတက်တဲ့အခါမှာတော့ သူရှိနေရင် ရဲချုပ်ကိုယ်တိုင်အသုံးမကျသလိုခံစားနေရလို့ တမင်ကိုပို့ခံရမှန်းသိလိုက်ရပါတော့တယ်....ဒါနဲ့ပဲ ထူးချွန်လွန်းတဲ့ဝန်ထမ်းတို့ ထုံးစံအတိုင်း ချောင်ခြိုချောင်ကြား နယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့သွားရပါတော့တယ်။နယ်မြို့လေးဟာလဲ ထူးဆန်းစွာပဲ ဆယ်နှစ်နေလို့ အမှုတစ်ခုတောင်မရှိပါဘူးတဲ့။ကောင်းသတင်းတွေမွှေးပြီး အေးချမ်းလွန်းတဲ့ မြို့ကလေးလို့ အများသူငှာက အားကျနေရပေမယ့် တကယ့်တကယ် အတွင်းထဲမှာကျက်သရေမင်္ဂလာအဖြာဖြာ ယုတ်လျော့နေတာကို ကိုထူးချွန်တစ်ယောက် သိသွားတဲ့အခါမှာတော့.....တစ်မြို့လုံးနဲ့ တစ်ယောက် ဘယ်လိုတွေ ချကြမလဲဆိုတာ.........။လူ့သဘောတွေကို သရော်ထားတဲ့ ...
movie
Hot Fuzz (2007)
2007
4K HEVC
7.4
The Talented Mr. Ripley (1999)
IMDb Rating (7.4) / Rotten Tomatoes (85%)နာမည်ကျော် ဆယ်လဘရီတီအမှုတစ်ခုဖြစ်တဲ့ ဂျွန်နီဒပ် နဲ့ အမ်ဘာဟက် တို့ တရားခွင်မှာ အမ်ဘာဟက်ဟာ ဒီရုပ်ရှင်ထဲက စကားလုံးတွေကို ခိုးယူပြောကြားခဲ့တဲ့အတွက် လူရယ်စရာဖြစ်သွားခဲ့ပါတယ်။ ဒေါ်လာသန်း ၁၀၀ တန် တရားခွင်ကြီးမှာတောင် အတုယူပြောရလောက်တဲ့ စကားလုံးတွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။Ripleyဟာပါတီတစ်ခုမှာ ပီယာနိုတီးနေတုန်း သူငှားထားတဲ့ဂျာကင်ကြောင့် လူကုံထံသူဌေးကြီးဖြစ်သူ Herbert Greenleaf ကသူ့ကိုပရင့်စတန်ကျောင်းထွက်လို့ထင်ပြီး သူ့သားသူငယ်ချင်းဖြစ်မယ်လို့ထင်နေပါတယ်Herbert ကTom ကိုအီတလီမှာလေလွင့်နေတဲ့ သူ့သားဖြစ်သူ Dicky ကိုသွားခေါ်ဖို့စည်းရုံးပါတယ်။ငွေလိုနေတဲ့ Tom ကလည်းလက်ခံလိုက်ပြီး အီတလီကိုသွားကာ Dicky ကို သူဟာDicky မမှတ်မိတဲ့ကျောင်းနေဘက်သူငယ်ချင်းဖြစ်ကြောင်းအယုံသွင်းပြီး မိတ်ဖွဲ့နိုင်ခဲ့ပါတယ်။တွမ်ဟာ အီတလီက Dicky ရဲ့ဇိမ်ကျတဲ့ ဘ၀ကိုအားကျပြီး အခွင်သင့်တိုင်း Dicky လိုဟန်ဆောင်တတ်တယ်။Dicky ကိုယ်တိုင်တွမ်ကိုငြီးငွေ့လာချိန်မှာတော့ အထက်တန်းစားဘ၀ကိုစွဲလမ်းနေပြီဖြစ်တဲ့ တွမ်ဟာသူ့အလိမ်အညာကိုဖုံးဖိနိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ဟန်ဆောင်ဘ၀တစ်ခုကို ထိန်းသိမ်းနိုင်ဖို့ ဘယ်အထိသွားနိုင်မလဲ1999 ကထွက်ရှိထားတဲ့ Thriller လေးပါ။ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေဖြစ်တဲ့ ...
movie
The Talented Mr. Ripley (1999)
The Curious Case of Benjamin Button (2008)
အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ မကျော်လွှားနိုင်။ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို ...
movie
The Curious Case of Benjamin Button (2008)
6.8
Elizabeth: The Golden Age (2007)
အနုပညာ ကဗျာစာပေတွေ တစ်ခေတ်ပြန်လည်ထွန်းကားလာတဲ့ ၁၅၅၈-၁၆၀၃ ခုနှစ် ကာလကိုThe Golden Age လို့ ခေါ်ကြပါတယ်။အင်္ဂလန်ပြည်ကို Queen Elizabeth I အုပ်စိုးခဲ့စဉ်မှာထွန်းကားခဲ့တဲ့ ကာလဖြစ်လို့ Elizabethan era လို့လည်းတင်စားကြပါသေးတယ်။Queen Elizabeth I ဟာဆိုရင်ဖြင့် တခြားသောဘုရင်မတွေလို ကြင်ယာဖက်နဲ့အတူ ချစ်ကြည်နူးတစ်တီတူးတတ်တဲ့မိန်းမတစ်ယောက်တော့ မဟုတ်ပါဘူး။သူဟာ နိုင်ငံ့အရေးကို သူတစ်ယောက်တည်း အစွမ်းအစနဲ့ဦးဆောင်နိုင်တယ်လို့ ခံယူချက်ရှိတဲ့ တစ်ကိုယ်တည်းအပျိုကြီးလုပ်ကာ အုပ်ချုပ်သူပါ။ဒါကြောင့်လည်း သူဟာ Virgin Queen လို့ နာမည်ကြီးပါတယ်။ ဒီဇာတ်လမ်းကတော့ Queen Elizabeth ရဲ့ သူအုပ်စိုးစဉ်ကာလအတွင်းမှာသူ့ရဲ့စကားကိုတည်အောင် ဘယ်လိုတွေစွမ်းဆောင်သွားခဲ့လဲ၊ The Golden Age, Elizabethan era လို့တင်စားရလောက်အောင် သူဘာတွေစွမ်းဆောင်ခဲ့လဲဆိုတာ ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။ File size… 2.2 GB / 1 GB Quality… BluRay 1080p / 720p Format… ...
movie
Elizabeth: The Golden Age (2007)
6.8
I’m Not There (2007)
တကယ့်ဟောလီးဝုဒ် ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ Heath Ledger, Christian Bale, Cate Blanchett နှင့် အခြားသောနာမည်ကြီးသရုပ်ဆောင်များ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားပြီး အမေရိကန်သီချင်းရေးဆရာ အဆိုတော် Bob Dylan အကြောင်းကို ကျောရိုးယူရိုက်ကူးထားတဲ့ ဒါရိုက်တာ Todd Haynes ရဲ့ Experimental Biographical Film လေးဖြစ်ပြီး IMDb Rating 6.8/10 ရရှိထားပါတယ်။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့အလှကို ရင်သပ်ရှုမောဖွယ်ကြည့်ရတဲ့ Nomadland ဆိုတဲ့ဇာတ်ကားလေးကို သွားပြန်သတိရပြီး တော်တော်လေး melancholy ဖြစ်တဲ့ဇာတ်ကားလေးမို့ Filmphile တို့ကို မဖြစ်မနေ ကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဉ်း —-------------------- အမေရိကန် ဖောခ့်တေးဂီတအဆိုတော် ဂျက်ရိုလန်ရဲ့ ဘဝအကြောင်း၊ အနုပညာလမ်းကြောင်းတစ်လျှောက် အနိမ့်အမြင့်ဘဝဇာတ်ခုံအကြောင်းကို ဂျက်ရိုလန်အကြောင်းကို ပြန်ရိုက်ထားတဲ့ရုပ်ရှင်မှာပါဝင်ထားတဲ့ ရော်ဘီကလာခ့်၊ နာမည်တစ်လုံးနဲ့ လက်ဦးဖော့ခ်ဂီတအဆိုတော် ဂျုဒ်ကွင်းန်၊ ရစ်ဒယ်ဆိုတဲ့မြို့ငယ်လေးမှာ လာရောက်ပုန်းခိုနေတဲ့ ဝရမ်းပြေး ဘီလီမက်ကာတီ၊ ဂီတာလေးတစ်လက်နဲ့ အမေရိကန်ပြည်ထောင်စုကို ...
movie
I’m Not There (2007)
6.8
Veronica Guerin (2003)
၁၉၉၄ ခုနှစ်လောက်က အိုင်ယာလန်နိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ကိစ္စအကြီးကြီး တစ်ခုအကြောင်း တင်ဆက်ပေးချင်ပါတယ်။ Thor: Ragnarok, The Lord of the Rings: The Fellowship of the Ring, Indiana Jones and the Kingdom of the Crystal Skull, Cinderella 2015 အစရှိတဲ့ ရုပ်ရှင်ကောင်းတွေမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီး Cate Blanchettက တခြားသော နာမည်ကြီး castတွေဖြစ်တဲ့ Ciarán Hinds, Colin Farrell, Gerard McSorley, Brenda Fricker, Alan Devineတို့နဲ့ အတူဦးဆောင်ပြီး ဇာတ်ရုပ်များစွာ လှပသေသပ်စွာနဲ့ ပွဲထွက်ထားပါတယ်။ဗယ်ရော်နီကာ ဂေးရင်က Sunday independentက ဂျာနယ်လစ် တစ်ယောက်ဖြစ်ပါတယ်။ Sunday Indenpemdent ...
movie
Veronica Guerin (2003)
6.5
The New Boy (2023)
The New Boy (2023) =============== IMDb Rating - 6.5/10ဒါရိုက်တာ Warwick Thornton ရဲ့ လက်ရာဖြစ်ပြီး မင်းသမီးကြီး ကိတ် ဘလန်းချက်က သီလရှင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒုတိယ ကမ္ဘာစစ်ကာလကို အခြေခံထားပြီး ဩစတြေးလျတောင်ပိုင်းရဲ့ အလှအပ တွေနဲ့ ခရစ်ယာန်ဘာသာရေးနဲ့ မူရင်း ဒေသခံ အဘိုရီဂျီနယ်မျိုးနွယ်တွေရဲ့ ယုံကြည်မှု လွန်ဆဲပုံကို သရုပ်ဖော်ထားတာပါ။ ဒါရိုက်တာ Warwick Thornton ဟာ ဘာသာရေးဆက်နွယ်ပြီး တွေးစရာတွေပေးတဲ့ လေးနက်တဲ့ ကားမျိုး တွေကို ရိုက်တတ်တဲ့သူမို့ ဒီရုပ်ရှင်ဟာလည်း လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က တည်းက သူကိုယ်တိုင်ဇာတ်ညွှန်းရေးခဲ့တာဖြစ်ပြီး ကိတ်ဘလန်းချက်နဲ့ စကားပြောရင် သူရိုက်ချင်တယ်ဆိုလို့ ဖြစ်မြောက်လာခဲ့တာပါ။ဩစတြေးလျ တောင်ပိုင်းက လူသူမနီးတဲ့ ခရစ်ယာန်ကျောင်းတစ်ကျောင်းမှာ မိဘမဲ့ ကောင်လေးတွေ အများကြီးကို စစ္စတာအိုင်လင်းဆိုတဲ့ သီလရှင်က စောင့်ရှောက်ထားပါတယ်။ အဲဒီဘုရားကျောင်းကို တကယ်ဦးစီးသူက ဒွန်ပီ တာ ဆိုတဲ့လူဖြစ်ပြီး သူသေသွားတာ တစ်နှစ်ကျော်တာတောင် စစ္စတာအိုင် လင်းတို့က ဖုံးကွယ်ထားပြီး သူရှိသေးသယောင်နဲ့ ဘုရားကျောင်းကို ဆက်ဦး စီးနေခဲ့တာပါ။ တစ်နေ့မှာတော့ ...
movie
The New Boy (2023)
2023
6.2
Indiana Jones and the Kingdom of the Crystal Skull (2008)
Indiana Jones and the Kingdom of the Crystal Skull (2008)IMDb Rating (6.2) / Rotten Tomatoes (77%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကားတွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ ...
movie
Indiana Jones and the Kingdom of the Crystal Skull (2008)
2008
4K HEVC
6.8
Hanna (2011)
Hanna ဆိုတဲ့ ဇာတ်ကားလေးကို director Joe Wrightက 2011 မှာရိုက်ကူးခဲ့ပါတယ် ဇာတ်ကားထဲမှာဆိုရင် Hanna ဆိုတဲ့ကောင်မလေးက ပြီးပြည့်စုံတဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်ဖို့အတွက် သူ့အဖေ Eric ဆီကနေလျှို့ဝှက်စွာ ပျိုးထောင်ခံခဲ့ရတယ် နောက်တော့ သူ့အဖေက သူမကိုဥရောပတစ်လျှောက် မစ်ရှင်စေလွှတ်လိုက်တဲ့အချိန်မှာ သူ့အဖေရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း Marissa လို့ခေါ်သူရဲ့ နောက်ယောင်ခံခြင်းကို ခံရပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲ Hanna က သူ့ရဲ့ဖြစ်တည်မှုကို ဘယ်လိုတွေမေးခွန်းထုတ်လာမလဲဆိုတာ ဇာတ်ကားလေးကိုဆက်ကြည့်ပေးပါဦးနော်... ( ဇာတ်ညွှန်းနဲ့ ဘာသာပြန်သူကတော့ Duckkie ပဲဖြစ်ပါတယ် ) File size…1.76GB / 739MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Duckkie
movie
Hanna (2011)
1
2
3
Next