Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Caroline McQuade
5.0
Risen (2021)
UFO လို့ခေါ်တဲ့ပန်းကန်ပြားပျံကြီးနဲ့ပတ်သတ်ပြီးတော့မတူညီတဲ့သီအိုရီတွေ အမြင်တွေရှိလာခဲ့ကြတာဟိုးအရင်ခေတ်တွေကတည်းက အခုထက်ထိပါပဲ။ဂြိုလ်သားတွေ ပန်းကန်ပြားပျံတွေရှိတယ်လို့တပ်အပ်အတည်ပြုပြောနိုင်တဲ့သူမရှိသေးသလိုမရှိဘူးလို့ပြောရအောင်လည်း ဟိုနားဒီနားလေးမှာ ပန်းကန်ပြားပျံတွေမြင်ဖူးသလိုလို ဂြိုလ်သားတွေမြင်ဖူးသလိုလိုသတင်းတွေကမကြာမကြာပေါ်ထွက်လာတာကိုသတိထားမိကြမှာပါ။အဲ့ဒီလိုအကြောင်းအရာတွေနဲ့ပတ်သတ်တဲ့ရုပ်ရှင်တွေထွက်ခဲ့ဖူးတာလည်း မနည်းမနောပါပဲ။အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်း ဂြိုလ်သားတွေရောက်လာရင် ကမ္ဘာကြီးကိုကျူးကျော်မှာဆိုတဲ့အတွေးတစ်ခုကို လှလှပပမျက်စိထဲမြင်သာအောင်ရိုက်ကူးထားတဲ့ Risen ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။အေးချမ်းသာယာနေတဲ့ညနေခင်းလေးတစ်မှာ မြို့လေးတစ်မြို့ပေါ်ကိုဥက္ကာခဲလိုအရာကြီးကျလာခဲ့ပါတော့တယ်။ဒါပေမယ့်အဲ့ဒီမြို့အတွက် ကံဆိုးတာကအဲ့ဒီဘာမှန်းမသိတဲ့အရာကြီးထဲကနေအဆိပ်ငွေ့တွေထွက်လာပြီး အချိန်တစ်ခဏလေးအတွင်းမှာတင်တစ်မြို့လုံးကိုသေစေခဲ့ပါတော့တယ်။အဲ့ဒါကြောင့်အစိုးရက အဲ့ဒီကိစ္စကိုစုံစမ်းစစ်ဆေးဖို့အတွက် အတော်ဆုံးဇီ၀ဗေဒပညာရှင်နှစ်ယောက်ကိုစေလွှတ်ခဲ့ပါတယ်။အဲ့ဒီထဲကတစ်ယောက်ကတော့လော်ရာလို့ခေါ်တဲ့အာကာသဇီ၀ဗေဒပညာရှင်ဖြစ်ပြီး အဲ့ဒီစစ်ဆေးမှုမှာသူမထင်မှတ်ဘဲလုပ်ခဲ့တဲ့အမှားတစ်ခုကြောင့် ကမ္ဘာပျက်ဖို့အထိဖြစ်လာပုံတွေကိုစိတ်ဝင်စားစရာအမြင်တစ်မျိုးနဲ့ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.31GB / 682MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Drama , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Risen (2021)