Channel Myanmar

Caroline Aaron

Anywhere but Here (1999)
Anywhere but Here (1999) IMDB 6.2 ရထားပြီး 1999 ခုနှစ်တုန်းက ထွက်ထားတဲ့ Comedy/Romance ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။The Black Swan ရုပ်ရှင်နဲ့ အော်စကာရထားတဲ့ Natalie Portman ရဲ့ ငယ်လက်ရာ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နယ်မြို့လေးမှာနေရတာ အနာဂတ်မရှိဘူးလို့ ခံစားရတဲ့ အဒဲလ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့မိသားစုနဲ့ ဒုတိယမြောက်ယောက်ျားကိုထားခဲ့ပြီး ဆယ်ကျော်သက်သမီးလေး အန်းနဲ့အတူ ကယ်လီဖိုးနီးယားကို ထွက်လာခဲ့ပါတယ်။ အဒဲလ်က ဟိတ်ဟန်ကြီးတယ် ၊ စွန့်စားချင်တယ် ၊ စိတ်ကူးယဉ်ဆန်တယ်။ သူ့သမီးအန်းကတော့ လက်တွေ့ကျပါတယ်။ အဒဲလ်က သူ့သမီးကို ရုပ်ရှင်သမီးဖြစ်စေချင်ပြီး သူ့သမီး အန်းကတော့ US အရှေ့ပိုင်းမှာ တက္ကသိုလ်တက်ချင်ပါတယ်။သားအမိနှစ်ယောက် ဘဝရဲ့အဓိပ္ပာယ်ကို ရှာဖွေဖို့ကြိုးစားနေတဲ့ ဇာတ်လမ်းလို့ ဆိုချင်ပါတယ်။ ဇာတ်လမ်းအဆုံးမှာ သူတို့ ဘဝအဓိပ္ပာယ်ကို ရှာတွေ့ ၊ မတွေ့ကတော့ ကြည့်တဲ့လူပဲ ဆုံးဖြတ်ပေးရမှာပါ။File size…(1.6 ...
movie

Anywhere but Here (1999)

Bitch (2017) 5.2
Bitch (2017) အိမ်တအိမ်မှာ အိမ်ရှင်မတွေဘယ်လောက်အရေးကြီးလဲ ဆိုတာကိုလူတွေက မသိကြပါဘူး။ဒီဇာတ်လမ်းလေးမှာတော့ ဂျေးလ်က အိမ်ထောင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေပေမဲံ့ယောကျာ်းဖြစ်သူကတော့ တာဝန်မကျေခဲ့ပါဘူး။ ဝတ်ကျေတမ်းကျေတောင် မလုပ်ပေးနိုင်တော့စိတ်ညစ်လာတဲ့ ဂျေးလ် ကကိုယ့်ကိုယ်ကိုယ် အဆုံးအစီရင်သွားလိုက်တဲ့ အခါ မသေသွားပဲခွေးတစ်ကောင်စိတ်ဝင်သွားပါတော့တယ်။ ဒီတော့မှာ ယောကျာ်းဖြစ်သူက မိန်းမကသူ့ရဲ့ဘဝမှာ ဘယ်လောက်အရေးပါလဲဆိုတာ သိလာပါတော့တယ်။ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။File size…    1.4 GB /  613 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Comedy/Dark Comedy/ Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Nikobaby
movie

Bitch (2017)

What Planet Are You From? (2000)
What Planet Are You From? (2000) IMDb 5.6/10 RT - 41% R-rated ဇာတ်လမ်းကတော့ အဆင့်မြင့်နည်းပညာကို ပိုင်ဆိုင်ထားတဲ့ လူတူဂြိုလ်တစ်ခုမှာ စတင်ပါတယ်။ ဂြိုလ်သားတွေက ‌ယောက်ျားတွေချည်းဖြစ်သလို ခံစားချက်လည်းမရှိ၊ ဖွားဖက်တော်လည်း သေးကျုံ့ပျောက်ကွယ်ကုန်လို့ ပုံတူပွားပြီးတော့ပဲ မျိုးပွားကြပါတယ်။ ဂြိုလ်ရဲ့ခေါင်းဆောင်ကြီး (Ben Kingsley)က (ထုံးစံအတိုင်း) ကမ္ဘာကြီးကို အတွင်းလူ‌တွေထည့်ပြီး သိမ်းပိုက်ဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် အကောင်းဆုံးလက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ ဟာရိုးလ် (Garry Shandling) အမည်ခံ ဂြိုလ်သားတစ်ယောက်ကို စက်သံမြည်တဲ့ လိင်တန်ဆာတပ်ပြီး ကမ္ဘာမြေပေါ်လွှတ်လိုက်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ လူသားအမျိုးသမီးတစ်ယောက်ကို ကိုယ်ဝန်ရအောင်လုပ်ပြီး ကလေးကို ဂြိုလ်ပေါ် ပြန်ခေါ်လာဖို့ပါ။ သူဟာ ဖီးနစ်မြို့ကို ဘဏ်လုပ်ငန်းရှင်အဖြစ် ရောက်လာပြီးတော့ မိန်းမတွေကို လိုက်နူးပါတော့တယ်။ စိတ်ခံစားမှုကလည်း မရှိသလို တစ်ဖက်သားကိုလည်း စာနာတတ်မှုမရှိတဲ့အတွက် သူ့ရဲ့တာဝန်က ထင်သလောက်မလွယ်ဘဲ အခက်တွေ့နေရပါတယ်။ဒါပေမယ့် လက်ထပ်ပြီးမှ လိင်ဆက်ဆံပါမယ်ဆိုတဲ့ ဆူဆန် (Annette Bening)ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ ...
movie

What Planet Are You From? (2000)

Bounce (2000)
Bounce (2000) ဒီဇာတ်လမ်းလေးကတော့ Romantic drama အမျိုးအစားဇာတ်လမ်းလေးပါ။ ဘဝရဲ့ခက်ခဲကြမ်းတဲ့တဲ့အချိုးအကွေ့တွေရင်ဆိုင်လာရချိန်မှာ လူတွေဘယ်လိုပုံစံ တုန့်ပြန်ကြသလဲ ဘယ်လိုပုံစံနဲ့ဆက်လက်ရှင်သန်နေထိုင်ကြသလဲ ဘယ်လိုခက်ခဲတဲ့ရွေးချယ်မှုမျိုးတွေနဲ့ဆက်လက်ကြုံတွေ့ရမလဲ လဲပြိုကျချိန်တိုင်းဘယ်လိုပြန်ထရမလဲဆိုတာတွေကို အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဘာဒီ အမာရာဆိုတာကတော့ လူမှုဆက်ဆံရေးမှာကျွမ်းကျင်လိမ်မာတဲ့ ကြော်ငြာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပါတယ်။အလုပ်ကိစ္စအတွက်ခရီးထွက်ရင်း လေဆိပ်မှာမိတ်ဆွေသစ်တွေနဲ့မိတ်ဖွဲ့ခဲ့ပြီးနောက်သူ့လေယာဉ်လက်မှတ်ကို မိတ်တွေသစ်ဖြစ်တဲ့ ဂရက် ဂျနလို ကိုပေးလိုက်ရာမှ ထိုလေယာဉ်ပျက်ကျသွားခဲ့တဲ့နောက် ဘာဒီတစ်ယောက် အရင်လိုလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးအဆင်ပြေနိုင်ဦးမှာလား … လေယာဉ်ပေါ်ပါသွားတဲ့ ဂရက် ရဲ့ ကျန်ခဲ့တဲ့မိသားစုတွေကရော ဒီအရာကိုဘယ်လိုလက်ခံရင်ဆိုင်ကြရမှာလဲ …ဘာဒီတစ်ယောက်သူပေါ့ပျက်ပျက်လုပ်လိုက်မိတဲ့အပြုအမူတစ်ခုရဲ့ နောက်ဆက်တွဲကိုဘယ်လိုပုံစံနဲ့ ဖြေရှင်းဖို့ကြိုးစားမလဲ… ဖြေရှင်းဖို့ကြိုးစားရင်းဘယ်လိုအရှုပ်တွေနဲ့ထပ်တိုးမလဲဆိုတာကို အချစ်ဇာတ်လမ်းလေးတစ်ခုနဲ့ဖော်ကြူးပြသထားတဲ့ပုံတွေကို ဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြည့်လိုက်ပါဦး…File size…(2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sanju
movie

Bounce (2000)

22 Jump Street (2014) 7.0
22 Jump Street (2014) 22 Jump Street (2014)IMDb Rating (7.0) / Rotten Tomatoes (84%)ဒီကားကတော့ ၂၀၁၂ တုန်းက အောင်မြင်ခဲ့တဲ့ 21 jump street ရဲ့ အဆက်ဖြစ်ပြီး ပထမကားလိုပဲ ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့တဲ့ ရုပ်ရှင်ပါ။ပထမ ကားမှာ အထက်တန်းကျောင်းရဲ့ မူးယစ်ဆေးဖန်တီးနေသူတွေကို ရှာဖွေ ဖမ်းဆီးနိုင်လိုက်ပြီးနောက်မှာတော့ ဒီတစ်ခေါက် ရှမစ် နဲ့ ဂျန်ကို တို့ ကောလိပ် က မူးယစ်ဆေးဖြန့်နေတဲ့ အဖွဲ့ကို ဖော်ထုတ်ဖို့ တာဝန်ကျလာပါတော့တယ်။ ဒီတစ်ခေါက်မှာတော့ ကောလိပ်ကျောင်းသားအဖြစ်ဟန်ဆောင်ရင်း ရှမစ်ကလည်း ကောင်မလေးအသစ် ရလာသလို ဂျန်ကိုကလည်း သူငယ်ချင်းအသစ်တွေ ရလာတဲ့ အတွက် သူတို့အချင်းချင်း သဘောထားမတိုက်ဆိုင်မှု တွေ ပိုများလာပါတယ်။ အဲ့လို အခြေအနေကနေ ကောလိပ်က မူးယစ်ဆေး တွေဟာ တစ်နိုင်ငံလုံး ဆီ ပျံ့သွားမယ့် အရေး နဲ့ ကြုံလာတဲ့အခါ သူတို့နှစ်ယောက် အတူတူ ပြန်လက်တွဲပြီး ...
movie

22 Jump Street (2014)

2014
4K HEVC
21 Jump Street (2012) 7.2
21 Jump Street (2012) 21 Jump Street (2012)IMDb Rating (7.2) / Rotten Tomatoes (85%)ဒီတစ်ခေါက်ကတော့ ဟာသဇာတ်လမ်းတွေကြားမှာ နာမည်ကြီးပြီးသားရုပ်ရှင်ဖြစ်တဲ့ 21 jump street ရုပ်ရှင်ပဲဖြစ်ပါတယ်။ရှမစ် နဲ့ ဂျန်ကို တို့နှစ်ယောက်ဟာ အထက်တန်းကျောင်းတုန်းက အစေးမကပ်ခဲ့ကြပေမယ့် နှစ်ယောက်လုံး ရဲ ဖြစ်လာတဲ့အခါမှာတော့ ပါတနာတွေ အဖြစ် အတူတာဝန် ထမ်းဆောင်ရပါတော့တယ်။ စိတ်ထင်ရာနင်းကန်ချကြလို့ အထက်လူကြီးက တကယ့်နေရာကိုပို့လိုက်ပါတော့တယ်... ဒါကတော့ အထက်တန်းကျောင်းတစ်ခုမှာ ပျံ့နေတဲ့ မူးယစ်ဆေးအသစ်တစ်မျိုးအတွက် တာဝန်ရှိတဲ့သူကို ရှာဖွေရမှာဖြစ်ပါတယ်။ အဲ့အတွက် ရှမစ် နဲ့ ဂျန်ကိုတို့ဟာ အထက်တန်းကျောင်းကို ကျောင်းသားအသစ်အဖြစ် ဟန်ဆောင်ဝင်ရောက်ပြီး လျှို့ဝှက်ထောက်လှမ်းရေး လုပ်ရပါတော့တယ်။ရုပ်ရှင်ကြည့် ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Jonah Hill နဲ့ Channing Tatum တို့ ဦးဆောင်ပါဝင်ထားပြီး ဘော်ဒါနှစ်ကောင် အထက်တန်းကျောင်းမှာ ဘယ်လိုတလွဲတချော်တွေ ဖြစ်မလဲဆိုတာ ရယ်မောရင်းကြည့်ရှုရမှာပါ။Brie Larson , Dave Franco , Ice ...
movie

21 Jump Street (2012)

2012
4K HEVC
Between the Temples (2024) 6.3
Between the Temples (2024)  ဂျူးရိုးရာတွေ ယဉ်ကျေးမှုတွေကိုဖောဖောသီသီတွေ့ရမဲ့ဒရာမာဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဂျူးဆိုတဲ့ ဘာသာတရားကတော့လူတိုင်းနဲ့ သိပ်ရင်းနှီးမှာမဟုတ်တဲ့အတွက် ဂျူးဘာသာတရားနဲ့ပတ်သတ်ပြီး လေ့လာစရာလေးတွေလည်းအများကြီးတွေ့ရမဲ့အပြင် ထူးခြားဆန်းကြယ်လှတဲ့ဒရာမာဇာတ်လမ်းလေးတစ်ခုကိုပါတွေ့ရမှာဖြစ်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Between The Temples ဖြစ်ပြီးIMDb Rating 6.3 အထိရရှိထားပါတယ်။ဘန်ဆိုတဲ့လူတစ်ယောက်က ဂျူးဘုရားကျောင်းတစ်ခုမှာ ဓမ္မတေးသီချင်းတွေကို ဦးဆောင်သီဆိုရတဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်။သူကလက်ရှိမှာအမေနဲ့အဖွားနဲ့အတူတူနေထိုင်နေတာဖြစ်ပြီးနှစ်ယောက်လုံးကိုတော့ သူ့အမေ ၂ ယောက်လို့ပဲသတ်မှတ်ထားပါတယ်။ဇနီးဖြစ်သူဆုံးသွားတာမကြာသေးဘူးဖြစ်တဲ့အတွက်စိတ်ဓာတ်တွေအလွန်အမင်းကျဆင်းပြီး သူ့ရဲ့တစ်ခုတည်းသောအလုပ်ဖြစ်တဲ့ ဓမ္မတေးသီချင်းခေါင်းဆောင်အလုပ်ကိုတောင်မလုပ်နိုင်တော့ပါဘူး။ဒီလိုနဲ့ကြောင်တွေ ပျောက်ရင်းအရက်တွေသောက်နေတုန်း ငယ်ငယ်တုန်းကသူ့ရဲ့ဂီတဆရာမနဲ့ဘားမှာပြန်တွေ့ခဲ့ပါတော့တယ်။ဆရာမရဲ့နာမည်က ခါလာဖြစ်ပြီးအခုအချိန်မှာတော့တော်တော်အသက်ကြီးနေခဲ့ပါပြီ။ခါလာနဲ့တွေ့ပြီးသိပ်မကြာခင်မှာပဲဂျူးရိုးရာရဲ့ ၁၃ နှစ်ပြည့်အထိမ်းအမှတ်ပွဲ bat mitzvah ကိုတစ်ခါမှမလုပ်ဖူးလို့ဆိုပြီး ခါလာကဘန့်ကိုပူဆာတဲ့အတွက် ဘန်လည်းမတတ်သာတဲ့အဆုံးခါလာ့အတွက် bat mitzvah ပွဲလုပ်ပေးဖို့လက်ခံလိုက်ပြီး တစ်ချိန်ကသူ့ဆရာမကိုအခုအချိန်မှာပြန်လည်သင်ကြားပေးနေရင်းနဲ့ နောက်ပိုင်းမှာဘယ်လိုရှုပ်ထွေးတဲ့ဒရာမာဇာတ်ထုတ်တွေကိုကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ ဂျူးဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…3.81GB / 1.52GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 51m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Between the Temples (2024)

Along Came Polly (2004) 6.3
Along Came Polly (2004) ဒီဇာတ်လမ်းကတော့ Boomers ခေတ်က နာမည်ကြီးသရုပဆောင်တွေဖြစ်တဲ့ Ben Stiller, Jennifer Aniston, Debra Messing နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသမင်းသားကြီး Philip Hoffman တိုက ပါဝင်သရုပဆောင်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီးမင်းသား Kevin Hart တိုရဲ့ ရုပ်ရှင်လောကကို စတင်ဝင်ရောက်တဲ့ နောက်ခံသမားဘဝကိုလည်း ဒီဇာတ်လမ်းထဲမှာလည်း စတင်တွ့ရမှာဖြစ်ပါတယ်။ဘန်လိုခေါ်တဲ့ Risk Analyst တစ်ယောက်ဟာ သမားရိုးကျအမျိုးသားတစ်ဦးလိုပဲ အသက်အရွယ်ရောက်လာတဲ့အခါမှာ အိမ်ထောင်ပြုပြီး အခြေချနေထိုင်ချင်သူတစ်ယောက်ပါ။ သူ့ရဲ့တောင်းဆုအတိုင်း မင်္ဂလာဆောင်နိုင်ခဲ့ပေမယ့်လည်း ဟန်းနီမွန်း သူ့အမျိုးသမီးက နောက်အမျိုးသားတစယောက်ဖောက်ပြန်သွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဘန်ရဲ့အိမ်ထောင်ရေးဘဝဟာ ထင်ထားသလိုဖြစ်မလာခဲ့ပဲ သူ့ရဲ့တစ်ကိုယတော်ဘဝကိုရှေ့ဆက်နိုင်အောင် ဘယ်လိုလုပ်လဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ )File size_(2.3GB)/(1GB) Quality_Blu-Ray HEVC 1080p / 720p Format_mp4 Duration_01:30:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated ...
movie

Along Came Polly (2004)

Primary Colors (1998) 6.7
Primary Colors (1998) Primary Colors (1998)~ IMDb - 6.7/10, Rotten Tomatoes - 80% ~70s, 80s ခုနှစ်ပိုင်းက Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ထရာဗိုတာအပြင် Emma Thompson နဲ့ Kathy Bates တို့လို ဝါရင့်သမ္ဘာရင့်မင်းသမီးကြီးတွေလည်း ပါ၀င်ထားပြီး အော်စကာဆုအတွက်ပါ ဆန်ခါတင် ဆုနှစ်ခု၀င်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ထွက် Comedy, Drama အမျိုးအစား အဟောင်းအကောင်းဇာတ်ကားတစ်ကားပါ။အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြောင်းနဲ့ မဲဆွယ်ပုံတွေအကြောင်းကို အသားပေးပြီး ရိုက်ကူးထားတာပါ။ 1996 မှာထွက်ခဲ့တဲ့ အမည်မသိဆောင်းပါးရှင်ရဲ့ နိုင်ငံရေး၀တ္ထုဖြစ်တဲ့ "Primary Colours: A Novel of Politics" ကို ပြန်ရိုက်ထားတာဖြစ်ပြီး အဲဒီ၀တ္ထုကလည်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုအကြောင်းရေးသားထားတယ်လို့ဆိုကြပါတယ်။ဇာတ်ကားထဲမှာတော့ ရွေးကောက်ခံအမတ်လောင်းတွေကြားက ညစ်ပတ်တဲ့ကစားကွက်တွေ၊ အချင်းချင်းချောက်ချတာတွေ ပါဝင်ပြီး နိုင်ငံရေးဆိုတာ ...
movie

Primary Colors (1998)

1998
Joe Dirt (2001) 6.0
Joe Dirt (2001)   ဟောင်းသွားပေမယ့် ကောင်းနေဆဲရုပ်ရှင်ကားတွေကတော့ ယခုထိတိုင်ရှိနေဆဲပါ။အခုတင်ဆက်ပေးမယ့် ကားလေးကလည်း ၂၀၀၁ တုန်းကထွက်ရှိခဲ့တဲ့Old But Gold ဇာတ်ကားလေးဖြစ်တဲ့ Joe Dirt ပဲဖြစ်ပါတယ်။IMDb Rating 6.0 ရရှိထားပြီးဇာတ်ကားနာမည်အတိုင်း ဂျိုးဒတ်ဆိုတဲ့ဇာတ်ကောင်တစ်ယောက်ကိုအဓိကထားပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒီကားလေးက ဟာသကားဆိုပေမဲ့ ကြည့်တတ်ရင်တကယ်ပညာရတဲ့ ကားလေးပါ။ကိုယ့်ဘ၀မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုပြုံးပြုံးလေးရင်ဆိုင်ပြီးအကောင်းမြင်စိတ်နဲ့ ဘ၀ကိုသွားရင် ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကိုအရောက်လှမ်းနိုင်တယ်ဆိုတာကို အဓိကပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဂျိုးဒတ်ဆိုတဲ့ကောင်လေးတစ်ယောက်က အသက် ၈ နှစ်မှာမိဘတွေနဲ့ ခရီးသွားရင်းတစ်ယောက်တည်းကျန်ရစ်ခဲ့ပြီး လမ်းပျောက်နေခဲ့ပါတယ်။မိဘတွေကလည်း သူ့ကိုပြန်လာမရှာတာနဲ့သူ့အားသူကိုးပြီး သူ့ဘ၀ကိုဆက်လျှောက်လှမ်းခဲ့ပါတယ်။ကျန်းမာရေးအခြေအနေကြောင့်ဆံပင်တုကို ခေါင်းနဲ့တွဲ ချုပ်ထားရတဲ့အတွက် အဲ့ဒီပုံစံခပ်ဆန်းဆန်းဆံပင်တုကြီးကိုလှောင်ပြောင်ဟားတိုက်ခံခဲ့ရတာလည်း အသက်ကြီးတဲ့အထိပါပဲ။မိဘမဲ့ဂေဟာတွေတစ်ခုပြီးတစ်ခုပြောင်းခဲ့ရပြီး သူ့ဘ၀မှာ အိမ်လို့ခေါ်လို့ရတဲ့နေရာဆိုတာမရှိခဲ့ပါဘူး။သူ့မိဘတွေကို သူ့ကိုပြန်လာမရှာပေမယ့် သူကတော့မိဘတွေကိုရှာဖို့ရည်မှန်းချက်ရှိနေတုန်းပါ။တစ်နေ့မှာတော့ နာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုမှာ ကံကောင်းပြီးတော့ပါဝင်ခွင့်ရခဲ့ပါတယ်။သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်အဲ့ဒီအကြောင်းကို ရေဒီယိုမှာနားထောင်ကြသူတွေများလာကြပြီး သူလည်းနာမည်ကြီးလာခဲ့ပါတော့တယ်။ဒီလိုနဲ့အခက်အခဲတွေအများကြီးကို အမြဲတမ်းကြုံတွေ့နေရပေမယ့်အရာရာကိုအကောင်းမြင်စိတ်နဲ့ မြင်တတ်တဲ့ ဂျိုးဒတ်တစ်ယောက်မိဘတွေကိုပြန်တွေ့သွားမလား။သူ့ဘ၀မှာအလိုချင်ဆုံး အိမ်ဆိုတဲ့အရာကိုရောပိုင်ဆိုင်သွားရမလားဆိုတာကိုကြည့်ရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.67GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama , Adventure Subtitle….Myanmar ...
movie

Joe Dirt (2001)

Cellular (2004) 6.5
Cellular (2004) ဒီရုပ်ရှင်ကားကို ဘောလိ၀ုဒ် နဲ့ တစ်ခြားနိုင်ငံတွေက Remake ပြန်ရိုက်ကြတယ်ဗားရှင်းပြောင်းသွားပေမဲ့ ကြည့်ရတဲ့ ကားတိုင်းက မရိုးခဲ့ဘူး...ဒီရုပ်ရှင်ကားမှာ Captain America လို့ လူသိများကြတဲ့မင်းသားချော Chris Evans ပါဝင်သရုပ်ဆောင်ထားပြီးFast & Furious ကားတွေ နဲ့ လူပိုသိကြတဲ့ ဂတုံးမင်းသား Jason Statham ကဗီလိန်နေရာကနေ ကောင်းကောင်းကြီး သရုပ်ဆောင်ပေးထားပါတယ်...ဇာတ်လမ်းအကျဉ်း ကတော့ဂျက်ဆီကာ လို့ ခေါ်တဲ့ သားတစ်ယောက် အမေ ကျောင်းဆရာမတစ်ယောက်ဟာတစ်ရက်မှာ အိမ်မှာနေရင်း ကို အဖွဲ့တစ်ခုကနေ ပြန်ပေးဆွဲတာ ခံလိုက်ရပါတယ်သူမကို ပြန်ပေးဆွဲသွားပြီး အိမ်တစ်ခုရဲ့ ထပ်ခိုးပေးမှာ ဖမ်းချူပ်ထားခဲ့ပါတယ်ထိုအခန်းထဲမှာ ကြိုးဖုန်းတစ်ခုရှိနေပြီး ရစရာမရှိအောင် ထုချေခံထားရပါတယ်ပြန်ပေးသမားတွေ လွတ်တုန်း ဂျက်ဆီကာ တစ်ယောက် ဝိုင်ယာကြိုးတွေ လျှောက်ဆက်ရင်းဖုန်းတစ်လုံးဆီကို တန်းဝင်သွားခဲ့ပါတော့တယ်....ရိုင်ယန် ဟာ လောလောလတ်လတ် ဆော်ပစ်ခံထားရသူဖြစ်ပြီးဘ၀ကြီးကို ပေါ့ပေါ့နေပေါ့ပေါ့စား ဖြတ်သန်းနေသူတစ်ယောက်ပါသူကြိုက်နေတဲ့ ကောင်မလေး နဲ့ ပြန်အဆင်ပြေဖို့ ကြိုးစားနေတုန်းမှာပဲဂျက်ဆီကာ ...
movie

Cellular (2004)

2004
Theater Camp (2023) 7.2
Theater Camp (2023)  ဇာတ်လမ်းနာမည်လေးအတိုင်းပဲ ပြဇာတ်လေးတစ်ခုကိုစခန်းသွင်းကြည့်ရှုရသလိုခံစားရမယ့်ကားလေးပါ...။ဇာတ်လမ်းအကြောင်းအရာလေးကတော့ နွေရာသီဆိုရင် ပြဇာတ်ဝါသနာ၊အဆိုအကဝါသနာပါတဲ့ ကလေးငယ်လေးတွေ သင်တန်းလာတက်တဲ့ပြဇာတ်စခန်းလေးရှိတယ်ပေါ့....။ဒီစခန်းရဲ့ တည်ထောင်သူဟာ ကိုမာဖြစ်ပြီး အိပ်ယာထဲလဲသွားတော့...သားဖြစ်သူ ထရွိုင်ဟာ မိခင်ရဲ့အမွေအနှစ်ကို ထိန်းသိမ်းဖို့ တာဝန်ကျလာပါပြီ...။သို့ပေမဲ့ ဒီစခန်းလေးဆက်လက်ရပ်တည်နိုင်ဖို့ကလည်း ရံပုံငွေအသည်းအသန်လိုနေခဲ့တာပါ...။ငွေမှရှာမရရင် ဘဏ်က ချိတ်ပိတ်သိမ်းတာခံရမှာဆိုတော့ ထရွိုင်ဟာ ငွေရှာဖို့ကြံရပြန်ပါပြီ...။ထရွိုင်ဟာ ငွေရှာဖို့ စိတ်ကူးယဥ်ရုံကလွဲပြီး အနုပညာအကြောင်းဘာမှမသိ ဘာမှမတတ်သူပါ...။အခြားတစ်ဖက်မှာတော့ ဒီစခန်းလေးရဲ့ အနုပညာအရည်အသွေးကို ထိန်းပေးနေတဲ့ဆရာအေးမိုစ့်နဲ့ ဆရာမ ရေဗက်ကာဒိုင်းယန်းတို့လည်းရှိပါသေးတယ်...။သူတို့က နှစ်စဥ်နှစ်တိုင်း သင်တန်းလာတက်တဲ့ကလေးတွေနဲ့ ပြဇာတ်တစ်ခု လေ့ကျင့်ကပြနေကျပါ...။ဒီတော့ ကလေးတွေကပြမယ့် ပြဇာတ်ကို အသုံးချပြီး ထရွိုင်တစ်ယောက်ငွေဘယ်လိုရှာမလဲ...၊အနုပညာကြောင်းမသိတဲ့ ထရွိုင်နဲ့ အနုပညာသမားတွေကြားဘယ်လို ဒုက္ခသုခတွေကြုံရမလဲ...ပြဇာတ်တစ်ခုကဖို့ ဘယ်လို ကြိုးစား သင်ယူပြင်ဆင်ရတယ်ဆိုတာကို မြင်တွေ့ရမယ့်Musical Comedy movieလေးဖြစ်ပါတယ်...။ File size…3.18 GB / 1.03GB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Theater Camp (2023)

Just Like Heaven (2005) 6.7
Just Like Heaven (2005) Just Like Heaven (2005)==================ဒီတခါမိတ်ဆက်ပေးမှာကတော့ ပရိတ်သတ်သဲသဲလှုပ်သရုပ်ဆောင်တွေဖြစ်ကြတဲ့Reese Witherspoon နဲ့ Mark Ruffalo တို့ငယ်ရွယ်စဥ်ကပါ၀င်ထားတဲ့Romance/fantasy ကားလေးပါ တနေ့တနေ့အလုပ်မှအလုပ်ဖြစ်နေတဲ့ဆရာ၀န်မလေးအဲလစ်ဇဘတ်ဟာတနေ့မှာ ကားအက်ဆီးဒင့်တခုဖြစ်ခဲ့ပါတယ်။သုံးလကြာပြီးတဲ့နောက် သူ့ရဲ့မိန်းမဖြစ်သူဆုံးပါးသွားတာကို‌မ‌မေ့နိုင်သေးတဲ့ဒေးဗစ်အက်ဘော့တ‌ယောက်ဟာဆန်ဖရန်စစ်စ္စကိုက အဲလစ်ဇဘတ်ရဲ့တိုက်ခန်းဟောင်းကိုအိမ်ပြောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ဒေးဗစ်တွေ့လိုက်ရတာကတော့ဒါသူမရဲ့တိုက်ခန်းဆိုပြီးရန်လိုနေတဲ့ အဲလစ်ဇဘက်ရဲ့ဝိညာဉ်ပါပဲ။ဒေးဗစ်တယောက်ထဲပဲအဲလစ်ဇဘက်ကိုတွေ့နေရတာက‌ရောဘာကြောင့်လဲ?။အဲလစ်ဇဘက်ကရောဆုံးသွားတာလား?။မတည့်အတူ‌နေ သူတို့နှစ်ယောက်ရဲ့ကြားကခံစားချက်တွေကဘယ်လိုပြောင်းလဲလာကြမလဲ။သူတို့နှစ်ယောက်ရဲ့‌အခုလိုထူးဆန်းတဲ့ရေစက်ကဘယ်လိုကြောင့်လဲ။ သူတို့နှစ်ဦးအဆုံးမှာဆုံစည်းသွားနိုင်ကြမလားဆိုတာကိုjust like heaven ဆိုတဲ့စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်ကားလေးမှာရှုစားပေးကြပါဦးခင်ဗျာ.... File size…1.66GB / 662MB Quality…WEB-Rip 1080p 5.1CH/ 720p Format…mp4 Duration….1h 35m Genre ..... Comedy , Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Just Like Heaven (2005)

Sleepless in Seattle(1993) 7.0
Sleepless in Seattle(1993) Sleepless in Seattle(1993) အညွှန်း****************************မင်းသားကြီး Tom Hanks အဓိကပါဝင်ထားတဲ့ဇာတ်ကားဆိုတော့ အညွှန်းတောင်ဖတ်စရာမလိုဘဲ ကြည့်သင့်ပါတယ်..ပြီးတော့ဒီကားက အော်စကာ ဆု(၂)အတွက်ဆန်ကာတင်စာရင်းဝင်ခဲ့သလိုအခြားဆုများစွာလည်းရရှိခဲ့ပါတယ်..အချစ်ဆိုတာကို လူတွေဘယ်လိုခံယူကြသလဲဗျ။တကယ်တမ်းဖြစ်စဉ်ကတော့ Samဟာ ချစ်ရတဲ့ဇနီးဆုံးသွားလို့ သားလေးတစ်ယောက်နဲ့အတူဝမ်းနည်းစွာ ကျန်ရစ်ခဲ့ရှာပါတယ်။ နေထိုင်ရာချီကာဂိုတစ်မြို့လုံးဟာ သွားလေသူချစ်သူရဲ့ပုံရိပ်တွေပြည့်နှက်နေတာကြောင့် သူ့အကြောင်းမတွေးမိအောင်ဆီယာတယ်ဆိုတဲ့ မြို့အသစ်ကို ပြောင်းရွှေ့သွားပါတယ်။ ဒါပေမဲ့ Samရဲ့သားလေး Jonahကတော့ မြို့အသစ်ကိုပြောင်းလာပေမယ့်အဖေဖြစ်သူဟာ ပူဆွေးမြဲပူဆွေးနေတာကြောင့် စိတ်ပညာအကြံပေးဖုန်းဖြေကြားလေ့ရှိတဲ့ရေဒီယိုအစီအစဉ်ကို ဖုန်းဆက်ပြီး သူ့အဖေကို မိန်းမအသစ်ရှာပေးဖို့ အကူအညီတောင်းပါတော့တယ်။ဒီတော့ရေဒီယိုအစီအစဉ်က ဖြေကြားသူဆရာဝန်ဟာ သူ့အဖေကို ဖုန်းပေးခိုင်းပြီး ဆွေးနွေးပါတယ်။အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို့တော့..ဇာတ်လမ်းလေးကလည်း ဆွဲဆောင်မှုရှိတဲ့အပြင်သီချင်းလေးတွေကလည်း အရမ်းကောင်းလို့ နောင်တမရအောင် ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပါရစေ။File Size :(2.7GB) (730MB) and (313 MB) Quality : Blu-Ray1080P5.1ch, 720p Format…mp4 Duration…01:45:00 Genre : Romance , Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Sleepless in Seattle(1993)

Edward Scissorhands (1990) 7.9
Edward Scissorhands (1990) Edward Scissorhands (1990) IMDb - 7.9/10_____Rotten - 90%    ခပ်ကြောင်ကြောင်သရုပ်ဆောင်ချက်တွေနဲ့မင်းသား Johnny Depp နဲ့ အမြင်ဆန်းတွေနဲ့ ပညာသားပါပါရိုက်ပြပြီး Message လှလှလေးတွေ ပေးတတ်တဲ့ ဒါရိုက်တာ Tim Burton တို့ရဲ့ပူးပေါင်းမှု နောက်တစ်ခုပါ။ဆုကိုးဆုရရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုအပါအဝင် အခြားဆုတွေမှာ ဆန်ကာတင် ၂၂ခုရှိခဲ့ပါတယ်။ IMDB Rating 7.9 နဲ့ Rotten Tomatoes (89%) ထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ပုဒ်ပါ။အဆင်မပြေဖြစ်နေတဲ့အရောင်းစာရေးမတစ်ယောက်ဖြစ်တဲ့ Peggy တစ်ယောက် ဖောက်သည်အသစ်ရှာရင်း သရဲခြောက်တဲ့အိမ်ကြီးလို့နာမည်ကြီးတဲ့အိမ်ကိုရောက်သွားတဲ့အခါ လူပုံစံအတိုင်းပြုလုပ်နေပေမယ့် အဆုံးမသတ်ခင်တီထွင်သူကသေဆုံးသွားခဲ့တဲ့ စက်ရုပ်လေး Edward တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။စိတ်ထားကောင်းလှတဲ့ Peggy ကစက်ရုပ်လေးကို မွေးစားပြီး လူနေမှုဘဝတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ တီထွင်ဖန်တီးဉာဏ်ရှိပေမယ့် အသိဉာဏ်မဖွံ့ဖြိုးသေးတဲ့စက်ရုပ်လေး Edward တစ်ယောက် အချောမသပ်ရသေးပေမယ့် နှလုံးသားနဲ့ဦးနှောက်ကိုတပ်ဆင်ပေးခဲ့လို့ Peggy ရဲ့သမီး Kimber နဲ့တွေ့ပြီး ရင်ခုန်မိသွားပါတယ်။စက်ရုပ်လေးEdward လူ့အသိုင်းအဝိုင်းအဝိုင်းမှာ အဆင်ပြေပါ့မလားဆိုတာကတော့...သေချာတာတစ်ခုက အဲဒီမြို့မှာသူမရောက်ခင်ကနှင်းမကျပါဘူး ဒါပေမယ့် ...
movie

Edward Scissorhands (1990)

1990