Channel Myanmar

Carlos Librado "Nene"

The Champion (2024) 5.4
The Champion (2024)  ဒီကားလေးကတော့ အခုနှစ်ပိုင်းမှ ထွက်ရှိထားတဲ့ sport/comedyကားလေးဖြစ်ပါတယ်။ ဒီကားလေးကတော့ တခြားအားကစားကားတွေနဲ့မတူဘဲ ‌အားကစားသမားရဲ့ ဇာတ်ကောင်စရိုက်ကို‌ရိုက်ပြထားတဲ့ကားဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်လာပြီး ဇာတ်ကောင်ရဲ့စိတ်အခြေအနေ မိသားစု၀င်အချင်းချင်းတောင် ကိုယ့်အပေါ်အမြတ်ထုတ်တာတွေ ခံစားချက်ကိုမထိန်းချုပ်နိုင်တာတွေ အစရှိတဲ့အကြောင်းကိစ္စတွေကို ရိုက်ပြထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ - ‌ဒီရေဂိုကအသက်ငယ်ငယ်နဲ့ ထူးချွန်တဲ့ဘောလုံးကစားသမားဖြစ်ပြီး အသင်းနဲ့စာချုပ်ချုပ်စ ပထမဆုံးရာသီမှာတင် (၁၁)ဂိုးသွင်းထားသူပါ။ ဒါပေမဲ့ ကမူးရှူးထိုးသမားဖြစ်သူမလို့ လာလီဂါချန်ပီယံရှစ်အဆုံးအဖြတ်အတွက် သုံးပွဲအလိုမှာတင် အသင်းခေါင်းဆောင်နဲ့ရန်ဖြစ်ပြီး နှစ်ပွဲနားလိုက်ရပါတယ်။ တတိယမြောက်ပွဲပါ နားခံထိမှာစိုးရိမ်တဲ့အတွက် သူ့အဖေ အေးဂျင့်နဲ့အသင်းတို့က လက်ဝါးချင်းရိုက်ပြီး သတင်းစာတောင်းပန်ပွဲလုပ်ပြီး စာဖတ်တဲ့နေရာမှာအခက်အခဲဖြစ်နေတဲ့သူ့ကိုတက္ကသိုလ်က စိတ်ရောဂါကျွမ်းကျင်သူနဲ့စာသင်ပေးမယ်လို့ ပရိသတ်ကိုပြောလိုက်ပါတယ်။မရင့်ကျက်တဲ့ဒီရေဂိုတစ်ယောက် သူ့ဆရာအကူအညီနဲ့ ကိုယ်ကိုယ်ကိုယ်ဘယ်လိုပြောင်းလဲသွားမလဲ ဖခင်ရဲ့အရိပ်အောက်ကနေရော ရုန်းထွက်နိုင်ပါ့မလားဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre... Soccer, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie

The Champion (2024)

Offering to the Storm (2020) 7.2
Offering to the Storm (2020) Offering to the stormက The Bazatan Trilogy ရဲ့ နောက်ဆုံးရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ စုံစမ်းရေးမှူး အမာရာဆယ်လာဇာတစ်ယောက် ကလေးငယ်တွေ ရုတ်တရက်သေခြင်းဆိုပြီး ဖုံးကွယ်ထားတဲ့ ဓလေ့ရိုးရာကလေးသတ်သမားတွေရဲ့ မကောင်းမှုကြီးကို နောက်ဆုံးတစ်ခေါက် စစ်ဆေးဖို့ ပြန်လာတဲ့အခါ............. ဒီရုပ်ရှင်ကားဟာ လျှို့ဝှက်ချက်တွေ၊ စဥ်းစားစရာတွေနဲ့ အတက်အကျပြင်းထန်ပြီး Rosemary's Baby (1968)ရဲ့ ရင်ထိတ်ဖွယ်ရာ ခံစားချက်က်ို ပြန်လည်အမှတ်ရသွားစေပါတယ်။ လူသားတွေရဲ့ အလိုဆန္ဒပြည့်ဖို့နဲ့ပတ်သက်ရင် စိတ်ကူးကြည့်လို့တောင်မရတဲ့ ဆိုးရွားမှုတွေ၊ ငွေအတွက်၊ လိုချင်တာရဖို့ ဘာမဆိုပေးဆပ်ကြတဲ့ ချောက်ချားဖွယ်ရာစိတ်ဓာတ်တွေကို ပေါ်လွင်စေတဲ့ စိတ်ဝင်စားဖွယ်ရာ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ စုန်းအတတ်တွေ၊ ရှေးဒဏ္ဍာရီတွေနဲ့ အယူသီးတာတွေနဲ့ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် စိတ်မခိုင်တဲ့လူတွေအတွက်တော့ သူငယ်ချင်းနဲ့ အတူကြည့်ပါ။ ဇာတ်ကားတစ်ကားလုံးက ၂နာရီကျော်ကြာပေမယ့် နောက်ဆုံးဇာတ်သိမ်း အထိ ဘာဖြစ်မလဲ ဘာဖြစ်မလဲ တဖြေးဖြေးနဲ့ ဇာတ်ကားထဲ စိတ်ရောကိုယ်နစ်သွားပြီး အချိန်ကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။ တစ်ခုရှိသေးတယ်။ဇာတ်သိမ်းပိုင်းက တကယ့်အသက်ပါ။ မထင်မှတ််ထားတွေနဲ့ တကယ့်ကို ပါးစပ်အဟောင်းသာ ဖြစ်ရပါတယ်။ အမာရာနဲ့ သူ့ရဲ့လက်အောင်ငယ်သားတွေရဲ့ ဆက်ဆံရေး၊ အခက်အခဲကြုံတဲ့အခါ တစ်ယောက်ကို တစ်ယောက် ဘယ်လိုကူညီလဲ၊ အမာရာအပေါ် ဘယ်လိုယုံကြည်ပေးကြလဲဆိုတာက ကြည့်ရှုပရိသတ်တွေရဲ့ စိတ်ခံစားချက်တွေကို အမျိုးမျိုးဖြစ်ပေါ်သွားစေပါတယ်။ ဇာတ်လမ်းက rating နည်းတဲ့အထဲပါပေမယ့် ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ပုဒ်ပါ။ လူမဆန်စွာ အယူသီးတဲ့ ယဇ်ပူဇော်မှုတွေ၊ လူ့လောဘ၊ အာဃာတတွေအကြောင်း ...
movie

Offering to the Storm (2020)

2020
The Legacy of the Bones (2019) 6.1
The Legacy of the Bones (2019) Netflix မှာ ထွက်ထားတဲ့ဒီဇာတ်ကားကတော့ Crime/Thriller စပိန်ကားဖြစ်ပြီးတော့Dolores Redondo ရေးထားတဲ့ Baztan Trilogy ကိုရိုက်ထားတဲ့ထဲက ဒုတိယမြောက်ကား။ပထမကားကတော့ 2017 မှာထွက်ခဲ့တဲ့ The invisible Guardian ဆိုတဲ့ကား။အဲဒီကားမှာတော့ Salazar က Serial Killer Case ကိုလိုက်ပြီးစုံစမ်းခဲ့တယ်။Trilogyရဲ့ ဒုတိယကားလို့ဆိုပေမယ့် ပထမကားကိုမကြည့်ထားလည်း ကြည့်လို့ဖြစ်တယ်။ပထမကားနဲ့ ဆက်စပ်မှုသိပ်မရှိဘူး။ (ကြည့်ထားရင်​တော့ ပိုပြီးကောင်းတာပေါ့)ဇာတ်လမ်းအစမှာတော့ စုန်းကဝေအတတ်တွေကိုလေ့လာတာတွေကြောင့်မီးရှို့ခံရတဲ့သူတွေရယ်မွေးကာစကလေးတွေရယ်ပါဝင်ပတ်သက်နေတဲ့အတိတ်တခုနဲ့ စတင်ထားတယ်။လက်ရှိခေတ်မှာတော့ Salazar ကသူ့ရဲ့မြို့ကိုပြန်ရောက်လာပြီးChurch ကျောင်းကိုဝင်ဖျက်စီးပြီး အရိုးတွေထားသွားတဲ့အမှုတခုကိုလိုက်ရတယ်။အဲဒီအမှုကိုသူလိုက်ဖို့ ရာထူးကြီးတဲ့ဘုန်းတော်ကြီးတယောက်က တောင်းဆိုထားတယ်လို့သိရတယ်။နောက်ပြီးသူဖမ်းခဲ့တဲ့ထဲကတယောက်ကသူသတ်ခဲ့တဲ့အလောင်းမြှုပ်ထားတဲ့နေရာကိုSalazar ကိုရည်ညွှန်းပြီးပေးလိုက်လို့ သွားရှာတဲ့အခါမှာတော့သူသတ်ထားတဲ့အလောင်းမှာက လက်မောင်းတဖက် ဖြတ်ထားခံရတယ်။အဲလိုပြောပြီးနောက်မှာတော့ လူသတ်သမားကTarttalo ဆိုတဲ့စာကိုရေးပြီး သတ်သေသွားတော့တယ်။နောက်ထပ်လည်း ...
movie

The Legacy of the Bones (2019)