Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Carlos Leon
The Big Lebowski (1998)
The Big Lebowski (1998) ***********************လော့စ်အိန်ဂျယ်လ်စ်မြို့မှာ Lebowski ဆိုတဲ့နာမည်နဲ့လူ(၂)ယောက်ရှိတယ်...သူတို့က နာမည်သာတူတာ ...အရည်အချင်းနဲ့ပိုင်ဆိုင်မှုကတော့ ဆီနဲ့ရေလို့ပြောရမလားပဲ။ တစ်ယောက်က သန်းကြွယ်သူဌေးကြီးဖြစ်ပြီးတော့...နောက်တစ်ယောက်ကတော့ ဘီယာလေးငုံလိုက် ဘော်ဒါတွေနဲ့ ပေါက်ကရပြောလိုက်နဲ့ ငပျင်းဘဲကြီး Lebowski...တစ်နေ့မှာ သူဌေးကြီး Lebowskiရဲ့အိမ်ကို...ကြေးစားလူမိုက်နှစ်ယောက်က ဖျက်ဆီးဝင်ရောက်ပြီး ငွေညှစ်ကြတယ်။ကံဆိုးချင်တော့ သူတို့ဝင်တဲ့အိမ်ဟာ နာမည်တူ ငပျင်းငမွဲ Lebowskiရဲ့အိမ်ဖြစ်နေပါတယ်...ဒါ့ကြောင့်စိတ်တိုတိုနဲ့ ...အိမ်မှာရှိတဲ့ကော်ဇောကိုသေးနဲ့ပန်းသွားကြတယ်...ဒါက သန်းကြွယ်သူဌေးLebowskiမှာ တာဝန်ရှိတယ်လို့ ယူဆပြီး...ငပျင်းကြီးက ကော်ဇောအစားတစ်ခုပြန်ပေးဖို့သွားတောင်းပါတယ်။ သွားတောင်းတဲ့အချိန်မှာပဲ သူဟာ ပြန်ပေးဆွဲမှုတစ်ခုမှာ...ပါဝင်ပတ်သက်မိပြီးတော့ ပြဿနာအားလုံးဟာ သူ့ခေါင်းပေါ်ကျလာပါတော့တယ်။ ဘဲကြီးLebowskiအနေနဲ့ ...အရှုပ်တွေကြားထဲကနေ ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလဲ ...ဘယ်လိုရုန်းထွက်မှာလဲ...ဒီကားက imdb ရော Rotten ရော လန်ထွက်နေသလို ဆုပေါင်း ၅ဆုရရှိထားပြီး အခြားဆု ၁၇ဆုအတွက်လည်း...ဆန်ကာတင်စာရင်းဝင်ထားပါတယ်။ ကားသစ်တချို့ကြောင့်စိတ်ပျက်နေတဲ့သူတွေအတွက် ဒီကားကတော့...နင်းကန်မိုက်ကြောင်း သတင်းကောင်းပါးပါရစေ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizas ဖြစ်ပါတယ်...File Size : 2.11GB / 997MB Quality : 1080p 5.1ch ...
movie
The Big Lebowski (1998)
The Woodsman (2004)
မင်းသားကြီးKevin Baconပါဝင်တဲ့ တစ်ချိန်က အတော်လေးနာမည်ကြီးခဲ့တဲ့ IMDb 7.1 ရ old but goldလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ sensitive plot ဆိုပေမဲ့ သရုပ်ဆောင်တွေနဲ့ဒါရိုက်တာတွေရဲ့ ကောင်းမွန်တဲ့သရုပ်ဖော်မှုကြောင့် ရင်ထဲအတွေးတစ်ခုရောက်စေမယ့် ဇာတ်လမ်းလေးတစ်ခုပါ။ဝေါ်လ်တာဟာ သက်ငယ်မုဒိမ်းမှုနဲ့ ဂျေး ၁၂ နှစ်အောင်းရပြီးတော့ အခုမှပဲ ပြင်ပလောကနဲ့ ထိတွေ့ခွင့်ရသူတစ်ယောက်၊ ဒါပေမဲ့ ၁၂ နှစ်တာကာလက ဝေါ်လ်တာကို သူ့ရဲ့အတိတ်ကနေ ရုန်းထွက်နိုင်ဖို့ မကူညီနိုင်သေးပါဘူး။ တစ်ချိန်က ကိုယ့်ရဲ့လုပ်ရပ်ကို ကိုယ်တိုင်ရွံရှာနေတာကတစ်ကြောင်း ပတ်ဝန်းကျင်ရဲ့Social punishment တွေပုတ်ခတ်မှုတွေကတစ်ကြောင်းနဲ့ ဆိုက်ကိုဖြစ်နေလို့ ဆရာဝန်နဲ့ ဆွေးနွေးနေရသူပေါ့။ဒီလိုနဲ့ တစ်နေ့ သူ့အိမ်ရှေ့က မူလတန်းကျောင်းလေးနားမှာ သံသယဝင်စရာလူတစ်ယောက် ပေါ်လာပြီး ကလေးပျောက်မှု မုဒိမ်းမှုတွေဖြစ်လာပါတော့တယ်။ မြွေမြေချင်းခြေမြင်တဲ့ဝေါ်လ်တာကတော့ ဒီလူရဲ့လှည့်ကွက်တွေကိုသိနေပေမဲ့ ရဲဘက်ကတော့ သက်ငယ်မုဒိမ်းကောင်တံဆိပ်တပ်ခံရတဲ့ဝေါ်လ်တာကိုပဲ သံသယရှိနေတဲ့အခါမှာတော့....ပုံပြင်ထဲက Woodsmanက ဝံပုလွေဗိုက်ထဲက ကလေးမလေးကို ကယ်တင်ခဲ့သလို ဝေါ်လ်တာရော အတိတ်ကနေ ရုန်းထွက်ပြီး ...
movie
The Woodsman (2004)
5.1
Wishmaster 2: Evil Never Dies (1999)
Genre – Fantasy, Horrorဆုတောင်းသခင်ကြီး နတ်ဆိုးဂျင်ရဲ့ ဒုတိယကား ရောက်လာပါပြီ။ဒီကားထဲမှာလည်း အနုပညာပြခန်းကို ပန်းချီကားခိုးသူ ၂ ယောက်ကြောင့်ရုပ်ထုထဲကနေ မဟူရာကျောက် ပြန်ထွက်လာပြီး ဂျင်တစ်ယောက်လူ့ပြည်ကို နောက်ထပ်တစ်ခါ လွတ်မြောက်လာပြန်ပါတယ်။ ဒီကားထဲမှာတော့ သူ့ကို နိုးထပေးတဲ့လူကို ဆုတောင်း ၃ ဆုမဖြည့်စည်းပေးခင် လူတွေရဲ့ဝိဉာဉ် ၁၀၀၁ ခုကိုအရင်လိုက်ပြီး စုဆောင်းရဦးမှာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဂျင် တစ်ဖြစ်လဲ ဒဲမရက်စ်ကြီးတစ်ယောက်အကျဉ်းထောင်ထဲကိုဝင်ပြီး ဝိဉာဉ်တွေ ရဖို့အတွက်ထောင်သားတွေကို ဘယ်လိုမွှေဦးမလဲ၊ ဘယ်လိုဆုတောင်းတွေနဲ့ဘယ်လိုသေကြဦးမလဲ၊ မင်းသမီးအနေနဲ့ရော ဒီတစ်ခေါက်ဂျင်ကို တားဆီးနိုင်ပါ့မလား စသဖြင့် သွေးထွက်သံယိုအသတ်အဖြတ်တွေကို ခံစားကြည့်ရှုရဦးမှာပဲ ဖြစ်ပါတယ်။ ပထမကားမှာ လူချဉ်စရာကောင်းလောက်အောင်လူယုတ်မာရုပ်ကြီးနဲ့ ဂျင် (ဒဲမရက်စ်) နေရာကိုသရုပ်ဆောင်ပေးခဲ့တဲ့ Andrew Divoff ကပဲ ဒီကားမှာပြန်လည် သရုပ်ဆောင်ပေးထားပါတယ်။အဓိကဇာတ်ကောင်နေရာကတော့ တခြားမင်းသမီး ဇာတ်ရုပ်ပြောင်းသွားခဲ့ပြီပဲ ဖြစ်ပါတယ် ခံစားလိုက်ကြပါဦး။ File size… 2 GB / 883 MB Quality… WEB ...
movie
Wishmaster 2: Evil Never Dies (1999)
The Replacement Killers (1998)
ဇာတ်လမ်းအကျဥ်းလေးကတော့ မူးယစ်မှောင်ခိုဂိုဏ်းခေါင်းဆောင် တာရန့်စ်ဝေရဲ့ သားဖြစ်သူဟာ ရဲတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်။ တာရန့်စ်ဝေက ရဲကို လက်စားချေဖို့အတွက် ဂျွန်လီ့ကို တာဝန်ပေးခဲ့တယ်။ ဂျွန်လီဆိုတာကတော့ တာရန့်စ်ဝေ ခိုင်းတဲ့ မစ်ရှင်၃ခုကို ဆောင်ရွက်ပေးဖို့အကြွေးရှိတဲ့သူပေါ့။ပထမမစ်ရှင်နှစ်ခုကို အဆင်ပြေပြေလုပ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမစ်ရှင်ကို ဂျွန်လီတစ်ယောက် မလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးမစ်ရှင်ဆိုတာကလည်း ရဲရဲ့၇နှစ်အရွယ်သားလေးကို ရဲရဲ့လက်ထဲမှာပဲသတ်ဖို့ပါ။ ဟုတ်ပါတယ် တာရန့်စ်ဝေက အဲလောက်ထိရက်စက်တာပါ။ သားသမီးကို ဆုံးရှုံးရတဲ့နာကျင်မှုကို ရဲကို ထပ်တူနာကျင်စေချင်တာပါ။ ရဲနဲ့ သူ့ရဲ့သားလေးအတူရှိနေတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေက သူတို့အတွက် ဘေးကင်းပါတယ်။မစ်ရှင်မအောင်မြင်တဲ့အချိန်ကနေစပြီး ဂျွန်လီက တာရန့်စ်ဝေရဲ့ပစ်မှတ်ဖြစ်သွားတော့တာပါပဲ။ တာရန့်စ်ဝေက ဂျွန်လီရဲ့မစ်ရှင်ကို အပြီးသတ်ဖို့ အစားထိုးလူသတ်သမားတွေကို ထပ်ဌားခဲ့ပြီး အဲဒီလူသတ်သမားတွေကပဲ ဂျွန်လီ့အပြင် ရဲရဲ့သားလေးကိုသတ်ပေးရမှာပါ။ ဂျွန်လီ့ရဲ့စကေးနဲ့ဆိုရင် အသာလေး လွတ်မြောက်နိုင်ပေမဲ့ မိသားစုကို ကာကွယ်ဖို့နဲ့ ရဲရဲ့သားလေးကို ကာကွယ်ဖို့ဆိုတဲ့ ရွေးချယ်မှုကြုံလာတဲ့အခါ ဂျွန်လီ့အနေနဲ့ မဆိုင်တဲ့သူကို လျစ်လျူရှုထားနိုင်မလား အပြစ်မဲ့တဲ့သူတွေကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါပြီနော်။File size…(2.4 ...
movie
The Replacement Killers (1998)