Channel Myanmar

Carlos Javier Castillo

The Haunted, the Possessed and the Damned (2024) 5.5
The Haunted, the Possessed and the Damned (2024)  စိတ္တဇလူသတ်ကားလေးတွေမှကြိုက်ပါတယ်ဆိုရင်တော့အခုတင်ဆက်ပေးမဲ့ The Haunted The Possessed AndThe Damned ဆိုတဲ့ဇာတ်ကားလေးကိုရှုစားဖို့ညွှန်းပေးလိုက်ချင်ပါတယ်။အရမ်းကြီးကြမ်းလားဆိုရင်တော့ Terrifier တို့Scream တို့လောက်တော့မကြမ်းပေမဲ့ နှစ်ကိုယ့်တစ်စိတ် စိတ္တဇလူသတ်သမားရဲ့ လူသတ်ချင်စိတ်ကိုနှစ်ဖက်လွန်ဆွဲပြီး ရုန်းကန်နေရတဲ့ စိတ္တဇလူသတ်သမားရဲ့ဇာတ်လမ်းကိုကြည့်ရမှာဖြစ်တဲ့အတွက် အပျင်းပြေကြည့်ဖို့တော့ အဆင်ပြေတဲ့အနေအထားရှိပါတယ်။အဲ့ဒီနှစ်ကိုယ့်တစ်စိတ်လူသတ်သမားကတော့အက်ဒမ်ဖြစ်ပြီးသူကလက်ရှိမှာ အာမခံကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ လျော်ကြေးမန်နေဂျာတစ်ယောက်ဖြစ်ပါတယ်။သူကအရမ်းခင်စရာကောင်းပြီးစကားပြောကောင်းပေမဲ့ တစ်ဖက်မှာလည်း လူသတ်ချင်နေတဲ့သူ့ကိုယ်ထဲကသားရဲက သူ့ကိုအတင်းတွန်းအားပေးနေပါတော့တယ်။ဒီလိုနဲ့သူလူတွေသတ်ဖြစ်ခဲ့ပြီး အဲ့ဒီအမှုကိုလိုက်စုံစမ်းတဲ့စုံထောက်ကတော့ ကိုယ်တိုင်ကလူသတ်မှုနဲ့စုံစမ်းစစ်ဆေးခံနေရတဲ့ စုံထောက်ကက်စီဖြစ်ပြီး သူကိုယ်တိုင်ကလည်း သွေးအေးသူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ ရက်ရက်စက်စက် ၂ လောင်းပြိုင်လူသတ်မှုတွေကျူးလွန်နေတဲ့အက်ဒမ့်ကို လိုက်စုံစမ်းစစ်ဆေးရင်းနဲ့ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကိုတော့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားဖို့ညွှန်းပေးလိုက်ချင်ပါတယ်။  File size… (1.90 GB) / (936 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 51m Genre ….  Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Haunted, the Possessed and the Damned (2024)

The Fabelmans (2022)
The Fabelmans (2022) The Fabelmans (2022)The Fablemans ကိုအညွှန်းအရှည်ကြီးရေးမယ့်အစား ဒါရိုက်တာ "Steven Spielberg" ရဲ့ ဘဝဖြစ်ရပ်မှန်ပေါ် အခြေခံပြီး Steven Spielberg ကိုယ်တိုင်ရိုက်ကူးထားတဲ့ကားလို့ ပြောလိုက်တာနဲ့ ရုပ်ရှင်ချစ်သူတွေအားလုံးက ဒါကမဖြစ်မနေကြည့်ရမယ့်ကားလို့ သတ်မှတ်ကြမှာသေချာပါတယ်။West Side Stories, Jaws, ET, Schindler's List, Catch me if You Can စသဖြင့် Steven Spielberg ရဲ့လက်ရာမွန်တွေက ရေးလို့မကုန်နိုင်အောင်များပြီးရုပ်ရှင်ချစ်သူအားလုံးနဲ့ ရင်းနှီးပြီးသားပါ။ဒီပါရမီရှင်ဒါရိုက်တာကြီးရဲ့ ငယ်ဘဝက ဘယ်လိုရှိခဲ့လဲ။ သူ့ဖန်တီးမှုတွေကဘယ်ကလာပြီး ဘယ်သူတွေလွှမ်းမိုးခဲ့လဲ။ Steven Spielberg က ဒီဇာတ်လမ်းကို ၁၉၉၉ ခုနှစ်ထဲက "I'll be Home" ဆိုတဲ့နာမည်နဲ့ရေးခဲ့ပြီး ပရိသတ်တွေကိုသူ့ဘဝနဲ့မိတ်ဆက်ပေးချင်ခဲ့ပါတယ်။ဒါပေမဲ့ သူ့ဇာတ်လမ်းကိုပြောမယ်ဆိုရင် သူ့ဘဝထဲကအရင်းနှီးသူတွေအချစ်ရဆုံးသူတွေကိုချန်ထားရစ်လို့မရပါဘူး။ အထူးသဖြင့်သူ့အမေနဲ့အဖေပေါ့။ ဖြစ်ရပ်မှန်ပေါ်အခြေတည်ထားတဲ့ဒီဇာတ်လမ်းက သူ့အမေနဲ့အဖေကိုထိခိုက်နာကျင်ရစေနိုင်တာကြောင့် သူက ဒါကို အချိန်အကြာကြီးဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာ Steven နေရာကသရုပ်ဆောင်တဲ့ Sammy ဆိုတဲ့ဇာတ်ကောင်လေးက သူ့မိသားစုပြသနာတွေကြားမှာ နားလည်ခွင့်လွှတ်ခြင်းများစွာနဲ့ သူ့ပါရမီကိုလဲဆက်လက်ပျိုးထောင်သွားပုံကိုတွေ့ရမှာပါ။Steven ကလက်တွေ့ဘဝမှာ Sammy လောက် ရင့်ကျက်ခဲ့ရဲ့လားမသေချာပေမယ့် ဒီရုပ်ရှင်ကတော့ Steven တစ်ယောက် ...
movie

The Fabelmans (2022)