Channel Myanmar

Carl Wright

Barbershop 2: Back in Business (2004)
Barbershop 2: Back in Business (2004)  ကဲ ပေါ့ပေါ့ပါးပါးဆိုပေမယ့် နက်နဲတဲ့စကားလုံးတွေနဲ့ ရီရမယ့် ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးကတော့ ၂၀၀၂ ခုနှစ်ကထွက်ခဲ့တဲ့ Barbershop ရဲ့ အဆက် ဒုတိမြောက်ကားလေးပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း အရင်ဇာတ်ကားလိုပဲ ကယ်ဗင် ပါးမား နဲ့ သူ့ရဲ့ ဆံပင်ညှပ်ဆရာတို့ရဲ့ ပျော်ရွင်စရာ ဟာသလေးတွေအပြင် သူတို့ ကြုံတွေ့ရမယ့် အခက်အခဲတွေကိုလည်း တင်ပြထားပါတယ်။နေရာကတော့ ချီကာဂိုမှာ ဇာတ်အိမ်တည်ထားပြီး ထုံစံအတိုင်း သူတို့ ဆံပင်ညှပ်ဆိုင်လေးက စကားသံတစ်ညံညံနဲ့ ဆူညံနေဆဲပါ။ တစ်ရက် သူတို့ရဲ့ လမ်းတစ်ဖက်မှာ ဆံပင်ညှပ်ဆိုင်အသစ် လာဖွင့်တဲ့အခါမှာတော့...နောက်ပြီး ဒီဇာတ်ကားရဲ့ မပါမဖြစ် ဟာသတွေကြီးလှိမ့်ပြောနေတဲ့ အက်ဒီကတော့ အသက်ပါပဲ။ ဒီကားလေးက သူငယ်ချင်းစိတ်ဓာတ်၊ မိသားစုခံစားချက်တွေအပြင် အသိုင်းအဝိုင်းတစ်ခုအပေါ် အပြောင်းအလဲတစ်ခုရဲ့ သက်ရောက်မှုကို မီးမောင်းထိုးပြထားတဲ့ကားလည်းဖြစ်ပါတယ်။ရယ်လည်းရယ်ရပြီး ရင်ထဲတစ်ခုခုကျန်ခဲ့မယ်လို့ မျှော်လင့်ရင်းနဲ့ပဲ ခံစားလိုက်ကြပါဦး File size…(2.4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Comedy, Drama Subtitle….Myanmar ...
movie

Barbershop 2: Back in Business (2004)

Big Momma’s House (2000) 5.2
Big Momma’s House (2000) Big Momma's House (2000) =====================စုံထောက်မင်းသားက မိန်းမဝဝ ဝတ်စုံကြီးဝတ်ပြီး အမှုလိုက်တဲ့ကားလို့ ကျွန်တော်တို့ငယ်ငယ်က သိခဲ့တဲ့ Big Momma's House ကို CM ပရိတ် သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Big Momma's House (1,2,3)ဆိုပြီး 3ကားရှိတဲ့ထဲက ဒါကတော့ (2000)ခုနှစ်မှာ ထွက်ခဲ့တဲ့ ပထမ ဆုံးကားဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်ကလည်း အရမ်းကြိုက်ခဲ့ရတဲ့ ငယ်ဘဝအမှတ်တရကားဖြစ်ပြီး ဒီကားက ကျွန်တော့်ထက် ၅နှစ်တောင် ကြီးပါသေးတယ်။ဇာတ်လမ်းအညွှန်းကတော့ FBIရဲဝန်ထမ်း မယ်လ်ကွန်ဟာ ထောင်ဖောက် ပြေးတဲ့အကျဉ်းသားကို ပြန်လိုက်ဖမ်းတဲ့မစ်ရှင်မှာ ထောင်ဖောက်အကျဥ်း သားရဲ့ ရည်းစားဟောင်းကောင်မလေးရှယ်ရီပီးယားစ်ရဲ့ ကွဲကွာနေတဲ့အဘွား ဖြစ်သူ (Big Momma-မေမေကြီး)ရဲ့အိမ်ကို စောင့်ကြည့်ရတဲ့တာဝန်ကိုယူ ရပါတယ်။ တစ်နေ့ မေမေကြီးမရှိခိုက် ရှယ်ရီက အိမ်ကိုပြန်လာမယ်ဆိုတဲ့ သတင်းကြောင့် မယ်လ်ကွန်က မိန်းမဝဝ ဝတ်စုံကြီးဝတ်ပြီး မေမေကြီးနေရာ ဝင်နေလိုက်ပါတယ်။ အဲဒီနောက် အလွဲပေါင်းစုံနဲ့ မယ်လ်ကွန့်မစ်ရှင်ကြီး စတင်တော့တာပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.93 GB) / (939 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr ...
movie

Big Momma’s House (2000)

2000