Channel Myanmar

Bu Yu

Hi,Mon (2021) 7.0
Hi,Mon (2021) IMDb 7.0 အထိ ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါဒီကားလေးကတော့ ဟာသကားလေးပေါ့ ဒါပေမဲ့ ခံစားတတ်တဲ့နှလုံးသားရှိရင်မျက်ရည်တွေနဲ့ ရယ်ကြရမယ့်ကားလေးပါဒီကားလေးက ဖြစ်ရပ်မှန်ကိုအခြေခံတာထက်ပိုတယ်ဘာလို့လဲဆိုတော့ ဒီကားလေးက​ေဒါရိုက်တာရဲ့ မပြီးမြောက်ခဲ့တဲ့ ဆန္ဒကိုမှန်းဆပုံဖော်ရိုက်ကူးတဲ့ကားမလို့ပါ... ဒီကားလေးထဲ သေသွားခဲ့တဲ့ သူချစ်ရတဲ့ခွေးလေး...အမေ့ကိုပြောချင်ခဲ့တဲ့စကားတွေနဲ့ နောက်ဆုံး မပေးဖြစ်ခဲ့တဲ့ အနွေးထည်လေးကိုပါထည့်ပြီး ရိုက်ကူးခဲ့တာပါဇာတ်လမ်းအကျဉ်းကိုပြောပြရရင်...ငယ်ငယ်တုန်းက ကျောင်းမှာ ချီးပါချလို့ အမေ့မှာအရှက်ကွဲရစာမတော် အမှတ်မကောင်းလို့ ကိုယ်နဲ့အတူ ဆရာမဆူတာခံရတဲ့အမေသူ့မိတ်ဆွေ အသိုင်းအဝိုင်းတွေကြား သားသမီးချင်းဂုဏ်ပြိုင်ရင်မျက်နှာငယ်ရတဲ့အမေဒီလိုအမေနဲ့ အတူစက်ဘီးစီးရင်း မတော်တဆဖြစ်တာတောင်အမေကဆေးရုံပေါ်မှာနောက်ဆုံးအချိန်ကိုစောင့်နေရချိန် ကိုယ်ကဘာမှမလုပ်ပေးနိုင်ဘဲ သေမှာကိုထိုင်ကြည့်နေရတဲ့ ကောင်မလေးတစ်ယောက်... ဆေးရုံမှာလူနာစောင့်ရင်း တီဗီကကြေညာသံတွေနောက်လိုက်ရင်း ၁၉၈၁ ခုနှစ် အမေအပျိုအချိန်ကို ရောက်သွားခဲ့တယ်...အဖက်ဖက်က ကြိုးစားရင်း အမေ့ဘဝကိုပိုကောင်းအောင် ကြိုးစားပေး.... အမေ့ပျော်အောင် ကြိုးစားပေးရင်း...နောက်ဆုံး အမေမွေးတာ ငါမဟုတ်ရင် အမေ့ဘဝပိုသာယာမလားလို့ တွေးမိပြီးတခြားသူနဲ့အောင်သွယ်ပေးတဲ့အထိ ကြိုးစားနေတဲ့ ရှောင်လင်... အတိတ်ကိုပြင်ဖို့ကြိုးစားတာ အောင်မြင်မလားကြားထဲ ဘာတွေဖြစ်မလဲ နောက်ပြီး သူမသိတဲ့တခြားဘာကိစ္စတွေရှိဦးမှာလဲဆိုတာဇာတ်လမ်းလေးကိုကြည့်ရင်း ခံစားကြည့်လိုက်ပါ Filesize : 2.03 GB / 1.11 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Comedy , Drama , ...
movie

Hi,Mon (2021)

Out of Order (2025) 6.1
Out of Order (2025) ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် movieလေးကတော့ ပေါ့ပေါ့ပါးပါး ဟာသကားလေးဖြစ်တဲ့ ရှေ့နေဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်လမ်းထဲမှာ ကိုရီးယားရဲ့နာမည်ကြီးမင်းသားမာဒုန်ဆွတ်ပါဝင်သရုပ်ဆောင် ထားပါတယ် လူသန်ကြီး မာဒုန်ဆွတ်ကို  K Movies တွေထဲမှာနဲ့မတူပဲ ဒီဇာတ်ကားထဲမှာတော့ပုံစံတမျိုးနဲ့တွေ့ရမှာပါထိပ်တန်းရှေ့နေဖြစ်တဲ့ဟူကုံးဖျင်က ထက်မြက်ဖြောင့်မှန်ပြီး တရားခွင်မှာ မ‌ရေတွက်နိုင်တဲ့အမှုပေါင်းများစွာကိုဖြေ ရှင်းနိုင်ခဲ့တယ်။အမှုတစ်ခုဖြေရှင်းတဲ့အတောအတွင်း ဟူကုံးဖျင်က တရားခံရှေ့နေ လက်ထောက်ဖြစ်တဲ့ ရှဲရှောင်မန့် နဲ့ ဟိုတယ်မှာ ချိန်းတွေ့တယ်။ သူတို့နှစ်ဦး ပျော်စရာအချိန်တွေဖန်တီးချိန်မှာ အခန်းပြတင်းပေါက်မှာအမည်မသိ အလောင်းတစ်ခုရှာတွေ့မိတယ် ဒီမတော်တဆဖြစ်မှုကိုဖုံးကွယ်ဖို့အတွက် ဟူကုံးဖျင်က သူ့မဟာလက်ထောက်ဖြစ်တဲ့ ကျူးရှစ်ချီကို အမည်မသိအလောင်းဖယ်ထုတ်ဖို့အတွက် အကူညီခေါ်ရနောက်မှာ မထင်မှတ်တဲ့အရာတွေ ဖြစ်ပေါ်လာခဲ့တယ်။ဟူကုံးဖျင်က ဒီထူးဆန်းတဲ့အလောင်းအမှုကို သူဘယ်လိုဖြေရှင်းမလဲ။ သူ့လက်ထောက်ကရော သူနဲ့အတူ အံ့သြဖွယ်အမှုတွေကို အတူရင်ဆိုင်ဖြေရှင်းနိုင်မလား။ သူနဲ့ရှဲရှောင်မန့်တို့အကြား ရှုပ်ထွေးမှုလည်း ပြေလည်မလား ဆိုတာ ဒီဟာသဇာတ်ကားလေးကို‌‌ စောင့်မျှ်ောကြည့်ရှုကြပါဦးနော် Filesize : 1.50 GB / 888 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Comedy Runtime : 1h 46 min Subtitle : Myanmar Subtitle ( ...
movie

Out of Order (2025)

Yolo ( 2024 ) 5.7
Yolo ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် တရုတ်ရသစုံရိူးပွဲတွေမှာဝဝလေး ပါးချိုင့်လေးနဲ့ချစ်စရာရုပ်ရည်သွင်ပြင်နဲ့ ဟာသဉာဏ်ရွှင်ရုံမက ရုပ်ရှင်လောကမှာ အရည်အချင်းရှိတဲ့ရုပ်ရှင်ဒါရိုက်တာအဖြစ် နာမည်ကြီးတဲ့ ကျာလင်ဆိုတဲ့ မင်းသမီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် ရုပ်ရှင်အရည်အသွေးကောင်းတဲ့အပြင် ဒီဇာတ်ကားလေးရဲ့ထူးခြားချက်အနေနဲ့ကတော့ သူမကိုယ်တိုင်ဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားအတွက် ကိုယ်တိုင်ဝိတ်ချပြသွားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။အရမ်းအဝလွန်တဲ့အပြင် စားဖို့အိပ်ဖို့ပဲသိပြီးအရမ်းအအိပ်ပုပ် တုလော့ယင်တစ်ယောက်ဘာကိုမှ မလုပ်ချင်ပဲ အပျင်းထူလွန်းလို့တနေ့သူ့ညီမဖြစ်သူ တုလော့တန်းကကြည့်မရဖြစ်ပြီး ညီမတဝမ်းကွဲတော်စပ်သူ သုံ့သုံ့ဆီကို သွားပြခဲ့တယ်။သုံ့သုံ့ကတော့ သတင်းထောက်ဖြစ်ပြီးအလုပ်အကိုင်ရှာဖွေပေးတဲ့အစီစဉ်မှာ လုပ်ကိုင်နေသူတစ်ယောက်ဖြစ်တာကြောင့် တုလော့ယင်ကိုကူညီပေးဖို့ဆုံးဖြတ်ပေးခဲ့ပေမဲ့ လော့ယင်တစ်ယောက်ကတော့ ဘာကိုမှ မလုပ်ချင်တာကြောင့်ငြင်းပယ်ခဲ့တယ်။ဒီ့အပြင်တုလော့ယင်က ညီမဖြစ်သူနဲ့အမြဲတမ်းရန်ဖြစ်လေ့ရှိပြီး တနေ့မှာ အကြောင်းတခုကြောင့်အိမ်ပေါ်ကနေထွက်သွားဖို့ဆုံးဖြတ်ခဲ့ပြီး ကိုယ့်ခြေထောက်ကိုယ်ပေါ်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း မထင်မှတ်ပဲလက်ဝှေ့ရုံမှာလုပ်ကိုင်နေတဲ့ အားကစားနည်းပြဆရာနဲ့ တွေ့ဆုံခဲ့တဲ့အခါမှာတော့ လော့ယင်ရဲ့ဘဝဘယ်လိုပြောင်းလဲမှုမျိုးနဲ့ကြုံတွေ့ရမလဲ။ဝလွန်းတဲ့အတွက်လူမှုပတ်ဝန်းကျင်မှာ ဖယ်ကျဉ်းခံ၊လှောင်ရယ်ခံတွေနဲ့ နေလာရတဲ့လော့ယင်တစ်ယောက် ဘယ်လိုတွေကြံ့ကြံ့ခံရပ်တည်ခဲ့လဲ။ နည်းပြဆရာတစ်ယောက်က သူ့ဘဝကိုဘယ်လိုတွေ ပြောင်းလဲသွားစေအောင်လုပ်ပေးခဲ့လဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာတဝကြီးမြင်တွေ့ရမှာဖြစ်ပြီး ဒီဇာတ်ကားလေးကို ထွက်ရှိသွားတဲ့အချိန်မှာ ကျာလင်ကိုယ်တိုင်သူ့ခန္ဓာကိုယ်ကိုမတူအောင်ပြောင်းလဲသွားမှုကြောင့် လူတိုင်းရဲ့ချီးကျူး လေးစားမှုတခနဲရရှိသွားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Action Runtime : 2h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Yolo ( 2024 )

Born to Fly ( 2023 ) 6.2
Born to Fly ( 2023 ) CMပရိတ်သတ်တို့အတွက် Wang Yi Bo(ဝမ်ရိပေါ်)ရဲ့ ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် Born To Fly ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးမှာ ဝမ်ရိပေါ်က ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး သူသရုပ်ဆောင်ရတဲ့ဇာတ်ကောင်စရိုက်ကတော့ လေယာဉ်မှူးပဲဖြစ်ပါတယ်..Born To Fly ဇာတ်ကားကိုရုံတင်ပြသခဲ့တုန်းက Box Officeမှာ 120 Million ရရှိထားခဲ့သလို တရုတ်ပြည်မှာလဲဝက်ဝက်ကွဲ ရုံပြည့်ရုံလျှံအားပေးကြတဲ့ ဇာတ်ကားလေးတကားပဲဖြစ်ပါတယ် ဆုတွေအနေနဲ့လဲ ဆု ၈ ခု ပိုင်ဆိုင်ခဲ့ပြီးတော့ ၅ ခုအတွက် လျာထားခြင်းလည်းခံခဲ့ရပါသေးတယ် ဇာတ်လမ်းအကျဉ်းလေးကို တင်ဆက်ပေးရမယ်ဆိုရင်တော့လေ့ယွီ(Wang Yi Bo)ဟာ ကပ္ပတိန်ကျန်းထင်ရဲ့ ကြောင်းလမ်းမှုနဲ့ စမ်းသပ်ပျံသန်းရေးဌာနမှာ စမ်းသပ် တိုက်လေယာဉ်မှူးဖြစ်ဖို့ အဆင့်ဆင့်ဆန်းစစ်မှုတွေကိုဖြတ်သန်းခဲ့ပါတယ်ဒီလိုနဲ့ ရှေ့တန်းကလေယာဉ်မှူးတွေ အန္တရာယ်ကင်းကင်း လေယာဉ်မောင်းနှင်နိုင်မှုအတွက် ပြင်းထန်ပြီး စွန့်စားခန်းကြီးလာတဲ့ မစ်ရှင်တွေ ဆောင်ရွက်ရပါတော့တယ် မြင့်မားတဲ့ဝေဟင်ထက်မှာ သေခြင်းတရားနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးမှာတော့လေဟုန်ကိုခွင်းပြီး ဝေဟင်ထက်က လေတံခွန်လေးဖြစ်နိုင်ပါ့မလား... တာဝန်ကိုရောပြီးမြောက်အောင်မြင်နိုင်ပါ့မလား နိုင်ငံကိုပိုင်နက်ကျူးကျော်နေတဲ့ ပြည်ပတိုက်လေယာဉ် နယ်ချဲ့သမားတွေကိုလည်း တရုတ်နိုင်ငံတော်လေတပ်နဲ့ ဘယ်လိုပူးပေါင်း တိုက်ထုတ်ကြမလဲ "စွန့်စားခန်း" တွေကနေ လေ့ယွီတစ်ယောက် အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ပါ့မလားဆိုတာကို................... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : ...
movie

Born to Fly ( 2023 )