Channel Myanmar

Bryce Robinson

The Switch (2010) 6.1
The Switch (2010) The Switch (2010)IMDb Rating (6.1)မင်းသမီး Jennifer Aniston , မင်းသား Jason Bateman နဲ့ Patrick Wilson တို့ပါဝင်ထားတဲ့ Comedy Romance Drama အမျိုးအစားဇာတ်ကားလေးပါ။ဇာတ်လမ်းကတော့...Wally နဲ့ Kassie တို့ဟာ သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ် ကြောင်တောင်တောင်နိုင်ပြီး ကြောက်တတ်တဲ့ Wally ဟာ သတ္တိရှိပြီး စွန့်စားလိုစိတ်အပြည့်ရှိတဲ့ ‌သူငယ်ချင်း Kassie ကို ချစ်နေပေမဲ့ သူငယ်ချင်းဇုန်ထဲကပါထုတ်ခံရမှာကြောက်ပြီး ဖွင့်ပြောခွင့်သာတိုင်းလည်း ရှောင်ရှောင်ပြေးနေတတ်‌သူတဦးပါ။စွန့်စားလိုစိတ်အပြည့်ရှိတဲ့ Kassie ကတော့ Wally ရှေ့တင် ရည်းစားတွေတယောက်ပြီးတယောက်တွဲခဲ့ပြီး နောက်ဆုံးမှာတော့ အိမ်ထောင်ပြုဖို့ကိုပါ မစဉ်းစားတော့ဘဲ သုက်ပိုးအလှူခံပြီးကိုယ်ဝန်ဆောင်ဖို့ကိုသာ ရွေးချယ်ပါတော့တယ်.. ဒီအကြံကိုလည်း လက်မခံနိုင် ကိုယ်တိုင်လည်းဖွင့်မပြောနိုင်တဲ့ Wally ဟာ Kassie သဘောထားပြောင်းလဲလာဖို့ ကြိုးစားခဲ့ပေမဲ့ Kassie ကတော့ သူ့ဆန္ဒအတိုင်းအကောင်အထည်ဖော်ပါတော့တယ်..Kassie ဟာ သူ့အစီအစဉ်အတိုင်း ပါတီတခုကျင်းပကာ သူ့စိတ်ကြိုက်သုက်ပိုးအလှူရှင်ကို မရရအောင်ရှာဖွေနိုင်ခဲ့ပြီး သုက်ပိုးကူးပြောင်းယူမယ့်အခိုက် နာကျင်ကြေကွဲ‌နေတဲ့ Wally တယောက် ...
movie

The Switch (2010)

The Switch (2010)
The Switch (2010)  ဒီဇာတ်ကားက ၂၀၁၀ က​ ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​ Romance​/Comedy အချစ်​ဟာသ​ရုပ်ရှင်​ဖြစ်ပါတယ်။ Jennifer Aniston နဲ့​ Jason Bateman တို့က​သရုပ်ဆောင်​ထားပါတယ်။ဇာတ်လမ်း​ကတော့​ ကက်ဆီ​ (ဂျနီဖာအနစ္စတန်)​နဲ့​ ဝေါ်လီ​ (ဂျေဆင်ဘိတ်မန်း)​ တို့က​ သူငယ်ချင်း​တွေဖြစ်ပြီး အရွယ်​ဟိုင်း​နေပေမဲ့​ အိမ်​ထောင်​မကျသေးသူတွေလည်းဖြစ်ပါတယ်။ တစ်နေ့​မှာ​ ကက်ဆီက​ ကလေးလိုချင်ပေမဲ့​ ခင်ပွန်း​မရှာချင်တော့တဲ့အတွက် အမျိုးသား​တစ်ဦး​ဆီက​ သုက်​ပိုး​အလှူ​ခံပြီး​ ဖန်ပြွန်သန္ဓေနည်းနဲ့ ကိုယ်ဝန်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကက်ဆီရဲ့ပါတီမှာ​ အရက်မူးနေတဲ့ဝေါ်လီက ကက်​ဆီအလှူခံထားတဲ့သုက်ပိုးခွက်ကို မှောက်ပစ်ခဲ့တာကြောင့် သူ့သုက်ရည်နဲ့အစားထိုးထားခဲ့ပါတယ်။၇နှစ်အကြာမှာ ကက်ဆီမွေးထားတဲ့ကလေး​က​ သူနဲ့ရုပ်ရည်ချင်း အကျင့်စရိုက်ချင်းတူနေတာကိုတွေ့ပြီးတဲ့နောက်မှာ​ ဝေါ်လီ​တစ်ယောက်​ သူ​ရှုပ်ထားတဲ့ဇာတ်လမ်းကိုဘယ်လိုပြန်ရှင်းမလဲဆိုတာကို​ ဟာသနဲ့ Drama​ စွက်ပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ Rom/com​ တွေမှာ​ ပါဝင်နေကျ ဂျနီဖာအနနစ္စတန်နဲ့ ဂျေဆင်ဘိတ်မန်း​တို့ရဲ့​ အတွဲညီညီသရုပ်ဆောင်မှုကြောင့် ကြည့်လို့ပျော်တဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(771 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Comedy, Romance, Drama Subtitle….Myanmar Subtitle ...
movie

The Switch (2010)

Marley & Me (2008) 7.1
Marley & Me (2008) Marley & Me(2008) IMDb - 7.1/10_____Rotten - 62%  အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ခွေးလေးတွေကိုချစ်တတ်တဲ့သူတွေ အကြိုက်တွေ့စေမယ့် Comedy - Drama အမျိုအစားလေးပါ... ဒီကားလေးကတော့ Marley ဆိုတဲ့ခွေးလေးနဲ့ သူ့သခင် John Grogan ရဲ့မိသားစု အကြောင်းကို အဓိကရိုက်ကူးထားတာဖြစ်ပါတယ်..... John နဲ့ Jenny Grogans တို့လင်မယားနှစ်ယောက်လက်ထပ်ပြီး အလုပ်အတွက် မိုင်ယာမီကိုပြောင်းလာတာကနေစတာပဲ..... အိမ်ထောင်သက်အနည်းငယ်ရလာတော့ မိန်းမဖြစ်သူJenny က ကလေးလိုချင်လာတယ်... ဒါကို ကလေးမယူချင်သေးတဲ့John က မိန်းမကိုအာရုံလွှဲတဲ့အနေနဲ့ ခွေးလေးမွေးဖို့ကြံလိုက်တယ်...အဲ့ဒီမှာ John အတွက် ငါးပါးမှောက်တော့တာပဲ.... မွေးထားတဲ့ ခွေးလေး Marley ဟာ  တစ်အိမ်လုံးမှာ ရှိသမျှပစ္စည်းတွေကိုဖျက်ဆီးဖို့ တာဝန်ပေးထားသလား မှတ်ရတယ် ..အကုန် ကိုက် စုတ် ဖြဲ တဲ့ တာဝန်ကိုခန့်ခန့်ကြီးယူထားပါတယ်.. တော်တော်သောင်းကျန်းပြီး  ချစ်လည်းချစ်စရာကောင်း ရယ်လည်းရယ်ချင်စရာလည်းကောင်း အမြင်ကတ်ချင်စရာလည်းကောင်းတဲ့ခွေးလေးတစ်ကောင်ပေါ့... Marley ကသောင်းကျန်းတဲ့ခွေးလေးဖြစ်ပေမယ့် တစ်မိသားစုလုံးက ချစ်တယ် သူကလည်း မိသားစုကိုအရမ်းချစ် တစ်ကားလုံး ရယ်စရာ စိတ်ညစ်စရာ ရသတွေအပြင်Johnတို့ လင်မယား(၂)ယောက်ရဲ့ ပြဿနာတွေဘယ်လောက်ဖြစ်ဖြစ် ပြေလည်အောင်ညှိကြတာတွေကို ဟာသလေးတွေနှောပြီး ပညာပေးထားတဲ့ကားလေးပါ...ကိုင်းခံစားကြည့်လိုက်ပါဦး... Grogan လင်မယားအဖြစ် သရုပ်ဆောင်ထားကြတဲ့သူတွေကတော့ မင်းသားကြီး Owen Wilson ...
movie

Marley & Me (2008)

2008