Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bryant Carroll
5.8
Rust (2024)
ဒီရုပ်ရှင်လေးကတော့ ၁၈၀၀ ပြည့်နှစ်ကာလများကအမေရိကန်ပြည်ထောင်စုအခြေအနေကို နောက်ခံထားရိုက်ကူးထားတဲ့ ကောင်းဘွိုင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။၁၈၀၀ ပြည့်နှစ်များမတိုင်ခင်မှာ အမေရိကန်က ဌာနေတိုင်းရင်းသားလူမျိုးစုများနဲ့ စစ်ပွဲပေါင်းအလီလီနွှဲခဲ့ရပြီးဒီဇာတ်လမ်း ဇာတ်အိမ်တည်ထားတဲ့ ၁၈၈၀ ပြည့်နှစ်အလွန်ကာလများမှာလည်း ဌာနေတိုင်းရင်းသားတွေ၊လူဆိုး ဓားပြတွေ များစွာပေါများနေပြီး ရဲတပ်ဖွဲ့ရဲ့တရားဥပဒေစိုးမိုးမှုအားနည်းနေချိန်ပါ။လူးကပ် ဆိုတဲ့ ကောင်လေးက ညီဖြစ်သူနဲ့အတူနှစ်ယောက်တည်းနေထိုင်ပြီး အဖေဖြစ်သူရော အမေဖြစ်သူပါ ဆုံးပါးသွားပါပြီ။ ညီအစ်ကိုနှစ်ယောက် ဘဝကိုကြိုးစားရုန်းကန်ရင်း အစ်ကိုကြီးလူးကပ်က တစ်ရက်မှာတော့ လျော်ကြေးလာတောင်းတဲ့ လူတစ်ယောက်ကိုမထင်မှတ်ပဲ မတော်တဆ သေနတ်တဲ့ပစ်သတ်လိုက်မိပါတော့တယ်။ တရားရုံးက တရားစီရင်ချက်ချအပြီးမှာသေဒဏ်ချမှတ်ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားရင်းနဲ့ မထင်မှတ်ပဲလူးကပ်တစ်ခါမှမတွေ့ဖူးတဲ့အဘိုးကြီးတစ်ယောက်ကထောင်ဖောက်ပြီး လူးကပ်ကို လာကယ်သွားပါတယ်။သူတို့ရဲ့ ပတ်သတ်မှုက ဘယ်လိုလဲ။ထွက်ပြေးရာလမ်းတစ်လျှောက်မှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ ဆိုတာကို ကောင်းဘွိုင်ကားတို့ထုံးစံ အက်ရှင်ခန်းအပြည့်နဲ့ စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ File size… (1.62 GB) / (992 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….2h 19m Genre …..Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Rust (2024)
5.7
The Alto Knights (2025)
The Alto Knights (2025)IMDb Rating (5.7) / Rotten Tomatoes (39%) အမေရိကန်ရဲ့ အကြီးဆုံး ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တွေထဲက တစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ရုပ်ရှင်ပါ။မင်းသားကြီးကတော့ ဆရာကြီး Robert De Niro ပါပဲ။ ဒါရိုက်တာကလည်း Rain Man ရဲ့ ဖန်တီးရှင် Barry Levinson ပါ။၁၉၅၀ ဝန်းကျင် အမေရိကန်နိုင်ငံတဝှမ်းလုံးမှာ ဒုစရိုက်ဂိုဏ်းမျိုးစုံကြီးစိုးခဲ့ပြီး နိုင်ငံအဆင့် ဧရာမဂိုဏ်းကြီးပါ ရှိခဲ့တာပါ။အဓိကဇာတ်ကောင် ဖရန့်ကော်စတယ်လိုကတော့ အဲဒီကာလ ခေါင်းဆောင်တွေရဲ့ခေါင်းဆောင်ချုပ် ဖြစ်ခဲ့တာပါ။Godfather ထဲက မင်းသားကြီး မာလွန်ဘရန်ဒိုတောင် သရုပ်ဆောင်ချိန်မှာ သူတီဗီမှာ မြင်ဖူးတဲ့ ဖရန့်ရဲ့အသံကို ကြည့်ပြီး အတုယူခဲ့ရပါသေးတယ်။ဇာတ်လမ်းအကျဉ်းဖရန့် နဲ့ ဗီတိုဟာ ရွှေ့ပြောင်း အီတလီသား ငယ်သူငယ်ချင်းတွေ၊ မိုက်ဖော်မိုက်ဖက်တွေပါပဲ။လူမိုက်အဆင့်ကနေ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်လာကြပြီးနောက်ပိုင်း တစ်နိုင်ငံလုံးသိတဲ့ အဆင့်တွေအထိ ရောက်လာတာပါ။ဒါပေမဲ့ သူတို့နှစ်ယောက်ကြားမှာ မူးယစ်ဆေးလုပ်ငန်းကို လုပ်ချင်တဲ့သူနဲ့မလုပ်ချင်တဲ့သူ ကွဲလာပြီး ...
movie
The Alto Knights (2025)
2025
4K HEVC
5.5
Nutcrackers (2024)
ဒီရုပ်ရှင်ကားကတော့ Comedy တစ်ဖြစ်လဲ မိသားစုDrama ရုပ်ရှင်ကားပါ...Night at the Museum, Tower Heist, The Watch ရုပ်ရှင်တွေနဲ့လူသိများတဲ့ မင်းသားကြီး Ben Stiller က ပင်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး ညီအစ်ကိုနေရာမှာ သရုပ်ဆောင်ထားတဲ့ကလေးလေးယောက်ကလည်း လက်တွေ့ဘဝမှာပါ တကယ့်ညီအစ်ကိုရင်းတွေဖြစ်တာမို့လို့ Chemistry မိမိနဲ့ ဟာသနှောထားတဲ့မိသားစုရုပ်ရှင်ကားလေးကို ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်...ချီကာဂိုက Millican Group ဆိုတဲ့ ကုမ္ပဏီမှာ အကြီးတန်းဖွံ့ဖြိုးတိုးတက်ရေးမန်နေဂျာအနေနဲ့ လုပ်နေတဲ့ မိုက်ကယ် မက်စ်ဝဲလ်သူ ၆ နှစ်တာလောက် အသည်းအသန်ပြင်ဆင်နေတဲ့ အစိုးရပရောဂျက်ကြီးအတွက် တခြားကုမ္ပဏီနဲ့အပြိုင် ယှဉ်လုနေရတဲ့အရေးကြီးအချိန်မှာမှ...အချိန်အတော်ကြာ စကားမပြောဖြစ်တော့တဲ့ ညီမဖြစ်သူနဲ့သူ့ယောကျ်ားက ကားမှောက်ပြီး သေဆုံးသွားတဲ့အတွက်သူတို့ရဲ့နေအိမ် အိုဟိုင်းယိုးက ယာတောမှာ ကျန်ရစ်ခဲ့သူကလေးလေးယောက်ကို မွေးစားအိမ်ရှာပေးဖို့ သူ့ခေါင်းပေါ်တာဝန်ကျလာပါတော့တယ်...သူ့အထင်တော့ မွေးစားအိမ်ရှာတွေ့ပြီးလို့ စာချုပ်မှာလက်မှတ်ထိုးရုံလောက်ပဲ ပြီးရင်အိမ်ပြန်မယ်လို့ တွေးထားခဲ့ပေမဲ့သူထင်ထားသလို ဖြစ်မလာခဲ့ဘဲ မွေးစားမိဘရှာဖို့ အခက်အခဲဖြစ်နေတာကိုမှ တူတော်လေးတွေကလည်း အမွှေစိန်တွေဖြစ်နေတဲ့အခါ အရေးတကြီး ...
movie
Nutcrackers (2024)
7.2
Hit Man (2023)
IMDb 7.2 Tomato 97%ဒီရုပ်ရှင်ကတော့ ဟာသအက်ရှင်အမျိုးအစားပါ၊ Netflix ရဲ့ပေါကားတွေကြားထဲမှာ ရှားရှားပါးပါး စိတ်ဝင်စားစရာကားကောင်းလေးပါပဲ။ ဒါရိုက်တာက Before Trilogy ရဲ့ဖန်တီးရှင် Richard Linklater ဆိုတော့ ဒိုင်ယာလော့လန်းလန်းတွေ ပါတာပေါ့။ဇာတ်လမ်းကတော့ နာမည်အတိုင်း ကြေးစားလူသတ်သမားတစ်ယောက်အကြောင်းလို့ ထင်မိရင် မှားမယ်။မဟုတ်ပါဘူး။ ဒီဇာတ်လမ်းအရဆိုရင် ကြေးစားလူသတ်သမားဆိုတာ တကယ်မရှိပါဘူး။ ဘယ်ကောင်မှသေဒဏ်ကျနိုင်တဲ့ကိစ္စကို ငွေလေးနှစ်ပဲတစ်ပြားနဲ့မလုပ်ပါဘူးတဲ့။ ဒီတော့ လူတစ်ယောက်ကို သတ်ချင်လို့လိုက်ငှားတဲ့သူတွေကို ရဲက စုံစမ်းမိပြီဆိုရင်သူတို့ရဲ့လက်ရွေးစင် အသွင်ယူ ကြေးစားလူသတ်သမားကြီးကိုခေါ်လိုက်ပါတယ်။ သူက ကလိုင်းယန့်တွေကိုလေ့လာပြီးသူတို့ယုံမဲ့ပုံစံ စကားတွေနဲ့ အလုပ်အပ်တာကိုလက်ခံပြီးမှရဲတွေက သက်သေနဲ့ တစ်ခါတည်း ဖမ်းပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ ယောကျာ်းကိုသတ်ဖို့ အလုပ်လာအပ်တဲ့ကောင်မလေးတစ်ယောက်ကို မဖမ်းဘဲ ဆုံးမပြီး ပြန်လွှတ်လိုက်ပါတယ်။ အဲဒီကောင်မလေးနဲ့ ပြန်တွေ့ရကနေနောက်ဆက်တွဲတွေ ရှုပ်ကုန်ပြီး တကယ့် လူသတ်သမားတွေအဖြစ် ဘယ်လိုပြောင်းသွားလဲ ကြည့်ရမှာပါ။အစအဆုံး ဘာဖြစ်မလဲ သိချင်စိတ်ဖြစ်စေတဲ့ရုပ်ရှင်မျိုးမို့သေချာပေါက် ကြည့်လိုက်ကြပါဦး။ File size…(8.2 GB) / (2.84GB) ...
movie
Hit Man (2023)
4K HEVC
6.4
Birth/Rebirth (2023)
ကိုယ့်ဘဝမှာ ကိုယ်ချစ်တဲ့ လူတစ်ယောက်ယောက်အသက်ဆုံးရှုံးရတာကိုကြုံတွေ့ဖူးတဲ့ လူတွေအနည်းနဲ့အများရှိကြမှာပါ။အဲ့လိုသေဆုံးသွားရတဲ့ ကိုယ့်ရဲ့ချစ်ရသူကိုပြန်ခေါ်နိုင်မယ်အသက်ပြန်သွင်းနိုင်မယ်ဆိုရင် အတိုင်းထက်အလွန်ပျော်ရပြီး အရာရာကိုစွန့်လွှတ်မဲ့လူတွေချည်းပါပဲ။ ဒီကားထဲမှာ စီလီဆိုတဲ့အမျိုးသမီးတစ်ယောက်က အလုပ်ကိုမနားမနေလုပ်ပြီးသမီးလေးလီလာကို ပြုစုစောင့်ရှောက်နေရတဲ့ သူနာပြုတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ သူ့သမီးလေးကအဖျားတွေတက်နေပြီး အလုပ်ကလဲ မသွားလို့မဖြစ်တဲ့အတွက် အိမ်နီးချင်းဆီမှာ အပ်ထားခဲ့ပြီးအလုပ်သွားခဲ့ပါတော့တယ်။ဖြစ်ချင်တော့ သူအလုပ်ရောက်တဲ့အခါမှာ ဖုန်းကပျက်သွားပါတော့တယ်။အလုပ်ဆင်းတဲ့အချိန်မှာ သိလိုက်ရတာက သူ့သမီးလေးက ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ပြီးဆုံးပါးသွားပြီဆိုတာပါပဲ။ ဒီလိုနဲ့ သမီးရဲ့နောက်ဆုံးအချိန်မှာ ဘေးနားမှာမရှိပေးနိုင်တဲ့ စီလီတစ်ယောက်လဲ ယူကျုံးမရတွေဖြစ်ကုန်ပါတော့တယ်။ အဲ့ဒီအပြင်ကိုမှသူ့သမီးအလောင်းကို ထုတ်ဖို့အတွက် ရင်ခွဲရုံကိုသွားပြန်တော့လဲ သမီးဖြစ်သူရဲ့အလောင်းကပျောက်ဆုံးနေပါတယ်။ ဒီလိုနဲ့ စီလီတစ်ယောက်လဲ ဆပ်ပြာသည်လင်ပျောက်သလိုဖြစ်ပြီး ရင်ခွဲရုံမှာတာဝန်ကျပြီး သူ့သမီးရဲ့အလောင်းကိုကိုင်တွယ်ပေးခဲ့တဲ့ရို့စ်ကို သွားမေးကြည့်တော့ မသင်္ကာစရာကောင်းတာနဲ့ရို့စ်ရဲ့အိမ်ကို လိုက်သွားခဲ့တဲ့အချိန်မှာ သူ့သမီးအသက်ဆက်ရှင်နေသေးတာကိုတွေ့ခဲ့ရပါတယ်။ဒါပေမယ့် အဲ့လိုအသက်ဆက်ရှင်နေတာက ရိုးရိုးတန်းတန်းအသက်ရှင်နေတာမဟုတ်ပါဘူး။ ရို့စ်ကလဲလီလာကို အသက်ဆက်ရှင်နေအောင်ဘယ်လိုတွေလုပ်ထားတာလဲ ဘာလို့အသက်ဆက်ရှင်နေအောင်လုပ်ထားတာလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။ File size…1.2GB / 486MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
Birth/Rebirth (2023)
6
Maggie Moore(s) (2023)
Maggie Moores (2023)ဒီ Maggie Moores ဆိုတဲ့ ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကိုအခြေခံပြီး ဒါရိုက်တာ John Slattery ကရိုက်ကူးထားတာပါ။2000 ခုနှစ် အောက်တိုဘာလ 12 ရက်နေ့မှာ Mary Morris အမည်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရပါတယ်။ အောက်တိုဘာလ 16 ရက်နေ့မှာ နာမည်တူ Mary Morris အမည်ရှိ အမျိုးသမီးတစ်ဦးထပ်အသတ်ခံရပြန်တယ်။ နှစ်ဦးစလုံးအသတ်ခံရတာဟာ လူတစ်ဦးတစ်ယောက်တည်းရဲ့လက်ချက်ဆိုတာပါပဲ။ပထမလူကို မှားသတ်မိလို့ ဒုတိယလူကိုထပ်သတ်တာလား ဒါမှမဟုတ် ပထမအမှုကို ရှုပ်ထွေးအောင် ဒုတိယလူကို ထပ်သတ်လိုက်တာလားကတော့ ယနေ့ထိတိုင်အငြင်းပွားနေကြဆဲပါ။အားလုံးလည်း ပဟေဠိလေးတွေ ဖြစ်သွားမလား ဆိုတာတော့ ဇာတ်လမ်းကြည့်ရင်း အတွေးပွားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime,Thriller Quality…. 1080p | 720p File size…966MB | 527MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie
Maggie Moore(s) (2023)
2023
7.6
A Man Called Otto (2023)
A Man Called Otto (2023)မင်းသားကြီး တွမ်ဟန့်ခ်ရဲ့ ဒရာမာ ရုပ်ရှင်အသစ်လေးဖြစ်ပါတယ်။ ကြည်နူးစရာမိသားစုရုပ်ရှင်သက်သက်ပါပဲ။အော့တိုဆိုတာ့ ခပ်ရင့်ရင့်နဲ့အလုပ်ကိုအတိအကျလုပ်တတ်တဲ့လူ့ခွစာကြီး တစ်ယောက်ရှိပါတယ်။ အားလုံးကို ဆူပူ အပြစ်တင်နေပေမဲ့ အကူအညီလိုအပ်ရင်လည်းအကုန်လုပ်ပေးတတ်တာမို့ အားလုံးကချစ်ကြပါတယ်။ အဲဒီအချိန်မှာပဲ သူ့အိမ်ဘေးကို တွမ်မီနဲ့မယ်ရီဆောဆိုတဲ့ ဇနီးမောင်နှံနဲ့ ကလေးလေးနှစ်ယောက်ပြောင်းလာပါတယ်။ အဓိကကတော့ အော့တိုဘာလို့ ဒီလိုဂွကျကျ အဘိုးကြီးဖြစ်နေလဲဆိုတဲ့ နောက်ကြောင်းရယ်၊ လက်ရှိကာလမှာ သူတို့ကိုနှင်ထုတ်ဖို့ကြိုးစားနေတဲ့အိမ်ခြံမြေလုပ်ငန်းရှင် လူယုတ်မာတွေကို ရပ်ကွက်သားတွေစည်းစည်းလုံးလုံးပြန်တိုက်ထုတ်ပုံတွေရယ်ကို မေတ္တာတရားပုံဖော်မှုသက်သက်နဲ့ တင်ဆက်ထားတာပါပဲ။တွမ်ဟန့်ကို ဒစ်ဂျစ်တယ်အထူးပြုလုပ်ချက်နဲ့ လူငယ်ပုံဖန်တီးတဲ့နေရာမှာတော့ The Burbs 1989 က ပုံတွေကို အခြေခံပြီး ပြုလုပ်ထားတာပါ။ တွမ်ဟန့်ငယ်ဘဝအဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူကတော့ Truman Hanks ဖြစ်ပြီး တွမ်ဟန့်ခ်ရဲ့ သားအရင်းပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.6GB | 940MB | 464MB Format… mp4 Duration…. ...
movie
A Man Called Otto (2023)
2023
5.8
White Noise (2022)
White Noise (2022)ဒါရိုက်တာ Noah Baumbach ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ အဒမ်ဒရိုင်ဘာနဲ့ စကားလက်ဂျိုဟန်ဆန်တိုရဲ့ Marriage Story ကို ရေးခဲ့တဲ့သူပါပဲ။ ၁၉၈၅ မှာ Don DeLillo ရေးခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။နာမည်ဖြစ်တဲ့ White Noise ဆိုတဲ့ အဓိပ္ပါယ်ကတော့ လူတွေကြားနိုင်တဲ့ အသံကြိမ်နှုန်းတွေအကုန်ပါဝင်တဲ့ အသံတစ်ခုဆိုတာပါပဲ။ ဒီအသံမျိုးဟာ လူတွေရဲ့ ဦးနှောက်ကော်တက်စ်အပိုင်းကို သက်ရောက်စေတယ်လို ဆိုကြပါသေးတယ်။ဒီရုပ်ရှင်ကတော့ လူသားတွေနဲ့ လူ့အသိုင်းအဝိုင်းရဲ့ အတွေးတွေနဲ့ ကြောက်စိတ်တွေကို ထော်လော်ကန့်လန့် သရော်ထားတဲ့ အမျိုးအစားပဲဖြစ်ပါတယ်။ဂျက်ဟာ ဟစ်တလာအကြောင်းအထူးပြုတဲ့ နာမည်ကြီးပါမောက္ခတစ်ယောက်ရှိပြီး ဘာဘတ်ဆိုတဲ့ ဇနီးနဲ့ ကလေး ၄ ယောက်နဲ့အတူ ပျော်ရွှင်စွာနေထိုင်သူပါ။ သူ့ရဲ့မိတ်ဆွေကတော့ အဲလ်ဗစ် ပရက်စ်လေအကြောင်း အထူးပြုတဲ့ ဆရာပါပဲ။ ဟစ်တလာနဲ့ အဲလ်ဗစ်နဲ့ သူတိုကို အားပေးသူတိုရဲ့ တူညီတဲ့အချက်တွေအကြောင်း ဆွေးနွေးရင် ရုပ်ရှင်ကိုစတင်ထားပါတယ်။ဒါပေမဲ့ ရုတ်ချည်းဆိုသလိုပဲ စွန့်ပစ်ပစ္စည်းတွေပါဝင်တဲ့ ရထားကြီး လမ်းချော်သွားပြီး အဆိပ်သင့်တိမ်တိုက်မည်းကြီးပေါ်လာလို အားလုံးလွတ်အောင်ထွက်ပြေးရတဲ့ ကပ်ဘေးကြီးရောက်ရှိလာပါတော့တယ်။ အဲဒီကပ်ဘေးကြီးကို အဖြေရှာရင်း လမ်းတလျှောက်မှာ ဂျက်ဟာ သူ့မိန်းမ ...
movie
White Noise (2022)
2022
4.9
Weekend Warriors (2021)
Weekend Warriors (2021)==================ဖခင်ဖြစ်သူကိုဆုံးရှုံးထားရပြီး မိခင်ဖြစ်သူ ညီမဖြစ်သူနဲ့နေနေရတဲ့ ဆယ်ကျော်သယ်ကျောင်းသားလေး စကော့တီ...ကျောင်းမှာလည်း သူငယ်ချင်းဆိုတာမရှိ အားလပ်ချိန်တွေမှာလည်းအခန်းထဲပဲအောင်း နေတဲ့သူက ကျောင်းပိတ်ရက်တစ်ရက်မှာစိတ်ပြေလက်ပျောက် အဖိုး အဖွားဆီသွားချင်လို့ မိခင်ကိုပူဆာပါတော့တယ်။ ဒီလိုမိခင်က ဦးလေး ဖြစ်သူကိုဖုန်းဆက်ခေါ်ပြီး သူတို့ကိုဦးလေးနဲ့အတူထည့်ပေးလိုက်ပါတယ်။ ကျောင်းပိတ်ရက်လေးမှာ အေးအေးဆေးဆေးအပန်းဖြေဖို့စိတ်ကူးထားတဲ့ စကော့တီအတွက် မထင်မှတ်ထားတဲ့အလှည့်အပြောင်းကဖြစ်လာပြီး အသက်လုပြေးရတဲ့ကျောင်းပိတ်ရက်ဖြစ်သွားပါတော့တယ်။ ဒီဇာတ်ကား လေးကတော့ စကော့တီနဲ့ညီမဖြစ်သူတို့ရဲ့စွန့်စားခန်းတွေကိုအသားပေး ရိုက်ကူးထားတာဆိုတော့ ကလေးစွန့်စားခန်းကားလေးလို့ပြောရမလိုပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (1.93 GB) / (906 MB) / (618 MB) Quality – WebDL 1080p / 720p/480p Duration - 1h 33mins Subtitle – Myanmar Hardsub Format – MP4 Genre : Action, Adventure, Thriller Translator – Chit Tee Encoder – SWM
movie
Weekend Warriors (2021)
2021
7.0
Swan Song (2021)
Swan Song 2021 ------------------- Imdb 7.1 Rotten Tomatoe 95%သိပ်မကြာခင်မှ ထွက်ရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့အတော်လေး ကောင်းတဲ့ ဒရာမကားထဲ ပါဝင်ပါတယ်.ဆုအနေနဲ့ ၃ဆုရရှိထားပြီး LGBTလူအိုကြီးတစ်ယောက်ရဲ့ဘဝကို ဟာသလေးနည်းနည်းရောပြီး ရင်ထဲရောက်အောင်ပို့နိုင်မယ့် ဇာတ်လမ်းတပုဒ်ဆို မမှားပါဘူး.ကျွန်တော်တို့တွေLGBTလူငယ်ကားအတော်များများကို ကြည့်ရှုခဲ့ကြပြီးပါပြီ.ဒီဇာတ်လမ်းကတော့ အဖိုးအရွယ် LGBTတဦးရဲ့ဘဝကိုဟာသလေးနှောပြီး ကြည့်ရဦးမှာပါ....ဇာတ်လမ်းအကျဉ်း---------------------------------ဘိုးဘွားရိပ်သာမှာ တချိန်တုန်းက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့မိတ်ကပ်ပညာရှင် ပတ်ထရစ်က အခုချိန်မှာတော့အရင်ပျော်စရာအချိန်တွေကို ပြန်လည်တမ်းတရုံသာတမ်းတနိုင်တော့တဲ့ လူအိုကြီးပတ်ထရစ်ဖြစ်နေပါပြီ.တနေ့တော့ သူ့ရဲ့တမ်းတမှုတွေကို လက်တွေ့တဖန်ပြန်ခံစားနိုင်မယ့် အခွင့်အရေးလေးတခုသူရလာခဲ့ပါတယ်, အဲ့ဒါကတော့သူ့အသိရှေ့နေက သတင်းတစ်ခုပြောဖို့ရောက်လာခြင်းကနေ စတင်ပါတယ်.အဲ့ဒီသတင်းကတော့ပတ်ထရစ်ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်ဖောက်သည်လည်းဖြစ်ခဲ့တဲ့ အမျိုးသမီးဟာဆုံးပါးသွားပြီလို့ပြောပါတယ်။သူ့သေတမ်းစာမှာ သူ့မသာမိတ်ကပ်ကိုပတ်ထရစ်ကိုပဲ ပြင်ခိုင်းရမယ်လို့ရေးခဲ့ပါတယ်။အဲ့ဒါကြောင့်ပတ်ထရစ်ဟာ လက်စွမ်းပြနိုင်ဖို့သူငယ်ချင်းရှိရာမြို့ဆီ ရောက်အောင်သွားရင်းဆုံးရှုံးမှုတွေ အခက်အခဲတွေကြုံရတာကိုဟာသလေးနှောပြီး ကြည့်ရှုရမှာပါ....ပတ်ထရစ်ရဲ့ဘဝကို ဟာသလေးနှောရင်းလေးလေးနက်နက်ခံစားရမယ့် ဇာတ်ကားမျိုးလည်းဖြစ်လို့ကြည့်နေကျမဟုတ်ပဲ ကွဲပြားတဲ့ဇာတ်ကားမျိုးရှာနေရင်၊လေးနက်တဲ့ရသပေးတဲ့ကားမျိုး ကြည့်ချင်နေရင်ဒီကားကိုလက်မလွှတ်လိုက်ဖို့ ပြောချင်ပါတယ်။ File size…1.6GB / 800MB / 400MB Quality…1080p WEBRIP DD+5.1 / 720p / 480p Format…Mp4 Duration….1h 45min Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated ...
movie
Swan Song (2021)
2021