Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bruno Salomone
6.7
A Monster in Paris (2011)
ဒီ animation လေးက ပြင်သစ်ကထွက်ရှိထားတဲ့ musical fantasy ဇာတ်ကားလေးဖြစ်ပြီးIMDb 6.7နဲ့ RT 86%အထိ ရထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အီမီနဲ့ ရာအူးလ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကအိမ်အရောက် ပစ္စည်းလိုက်ပို့တဲ့ အလုပ်လုပ်ရင်း သိပ္ပံပညာရှင်ကြီးတစ်ဦး အိမ်ကိုအရောက်စပ်စုလိုစိတ်နဲ့ ပညာရှင်ကြီးတီထွင်ထားတဲ့ ပစ္စည်းတွေကို ဆတ်ဆော့ကြည့်မိရာမှ မတော်တဆမှုတစ်ခု ဖြစ်သွားပြီးအိမ်ထဲကသန်းတစ်ကောင်ကို ဧရာမသန်းကြီး တစ်ကောင်အဖြစ် ပြောင်းလဲပေးလိုက်မိပါတယ်။အဲဒီသန်း မကောင်းဆိုးဝါးကြီးက ထွက်ပြေးလွတ်မြောက်သွားပြီး ရာအူးလ်ရဲ့crushပြဇာတ်အဆိုတော်မလေးဆီ ရောက်သွား ခဲ့ပါတယ်။အဲဒီအဆိုတော်မလေးကို ပိုးပမ်းနေတဲ့ အစိုးရ ကော်မရှင်နာတစ်ဦးလည်း ရှိပြီးအဲဒီအရာရှိက ထောက်ခံမှု ကျဆင်းနေတဲ့ သူ့ရာထူးအတွက် မျက်နှာကောင်းရနိုင်မယ့် အခွင့်အရေးကို စောင့်နေခဲ့တာပါ။အဲဒါကြောင့် ပဲရစ်မြို့ထဲမှာ မကောင်းဆိုးဝါးရှိနေတယ်ဆိုတဲ့ ပြည်သူတွေရဲ့စကားကို အခွင့်ကောင်းယူအဲဒီသန်းကောင်ကြီးကို ရှင်းပစ်လိုက်ပြီး လူတွေဆီက မျက်နှာကောင်းရချင်နေတာပါ။ဒါပေမဲ့ အဲဒီ သန်းသတ္တဝါက ဘယ်သူ့ကိုမှ အန္တရာယ်မပြုမှန်း သိနေကြတဲ့အဆိုတော်မလေးနဲ့ အီမီ ရာအူးလ်တို့အဖွဲ့ကကော်မရှင်နာရဲ့ လက်ထဲကနေ သူ့ကိုကယ်တင်ဖို့ ကြိုးစားရပုံတွေကိုသီချင်းမြူးမြူးလေးတွေနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ File ...
movie
A Monster in Paris (2011)
2011
5.5
Brillantes (aka) Bright Women (2022)
ကာရင်း ဆိုသူ အမျိုးသမီးဟာ သူ့ရဲ့ ၁၇ နှစ်သားဖြစ်သူ ဇစ်ဂီနဲ့အတူတူနေပါတယ်။ ကာရင်း ဟာ သန့်ရှင်းရေးသမားအဖြစ်နဲ့ အလုပ်လုပ်ရင်း ဘဝကို အမေတစ်ခု သားတစ်ခု ရပ်တည်နေရသူပါ။ တစ်နေ့ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီက နောက်သူဌေးတစ်ယောက်က ဝယ်သွားပြီးချိန်မှာတော့ အလုပ်သမားတွေကို ခေါင်းပုံဖြတ်ဖို့ စာချုပ်အသစ်တွေကမ်းလှမ်းခဲ့ပါတယ်။ ဒီအချိန်မှာ အလုပ်ရှင်နဲ့ အလုပ်သမား တင်းမာမှုတွေနဲ့ ဒီလိုခေါင်းပုံဖြတ်ဖို့ကြိုးစားတာကို ဘယ်လို တွန်းလှန်ဖို့ကြံစည်ကြတယ်ဆိုတာတွေ တွေ့မြင်ရမှာပါ။ ကာရင်း တစ်ယောက်ကရော ဒီအရှုပ်တော်ပုံကြားမှာ ဘယ်လိုကူးခတ်မလဲ သူ့ရဲ့လျှို့ဝှက်ချက်တွေက ဘာလဲဆိုတာ ကြည့်ရှုပေးကြပါဦး။ဒီကားမှာ ပြင်သစ်စကားပြောကနေ အင်္ဂလိပ် ဘာသာပြန်ထားတာကိုမှ တစ်ဆင့်ထပ်ပြန်ထားရတဲ့ အတွက် တချို့နေရာတွေမှာ လိုအပ်တာလေးတွေတော့ရှိနေပါတယ်။ အတတ်နိုင်ဆုံးတော့ ဆီလျော်အောင် ပြန်ထားပေးပေမယ့် လိုအပ်နေတာလေးတွေ တချို့ကိုတော့ သည်းခံပေးကြပါဦးဗျ။ File size…(1.5 GB)/(800 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:43:00 Genre... Drama Subtitle….Myanmar ...
movie
Brillantes (aka) Bright Women (2022)