Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bruno Raffaelli
7.7
The Count of Monte-Cristo (2024) Le Comte de Monte-Cristo
The Count of Monte-Cristo (2024)IMDb Rating (7.7) / Rotten Tomatoes (100%) ကမ္ဘာကျော်ပြင်သစ်စာရေးဆရာကြီး အဲလက်ဇ်ဇန်ဒရာဒူးမတ်စ်ရဲ့ နာမည်ကျော်၀တ္ထုကို ပြင်သစ်တွေ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀ လောက်က၀တ္ထုဆိုပေမယ့်လည်း ကမ္ဘာတစ်ဝှမ်းမှာ ဘာသာစကားပေါင်းများစွာနဲ့ ဘာသာပြန်ဆိုခံခဲ့ရပြီး adaptation များစွာရှိတဲ့ အလွန်အောင်မြင််ခဲ့တဲ့၀တ္ထုပါ။TV series တွေ Movie တွေ Musical တွေ များစွာရှိတဲ့အပြင် ဂျပန်မှာအရမ်းလူကြိုက်များတာကြောင့် Manga နဲ့ Anime တွေပါထွက်ရှိထားပါတယ်။ဒီ၀တ္ထုကတော့ ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယမ် အယ်လာဗ်ကျွန်းကို ပထမအကြိမ်ပြည်နှင်ဒဏ်ပေးခံရချိန် ၁၈၁၅ ၀န်းကျင်မှာဇာတ်အိမ်တည်ထားပါတယ်။နပိုလိုယမ် ကျွန်းကထွက်ပြေးလာချိန်မှာ အပ်ဒ်မွန်ဒန်းတစ်စ်ဆိုတဲ့ လူငယ်လေးက ဆုံးခါနီးသူ့ကပ္ပတိန်ရဲ့စေခိုင်းမှုအရ နပိုလီယမ်နဲ့အတူပြည်နှင်ခံရတဲ့ ဗိုလ်ချုပ်ကြီးဘာထရန်ဆီ အထုပ်တစ်ခုပို့ဆောင်ပေးလိုက်ပါတယ်။ဒီဗားရှင်းမှာတော့ ဒန်တစ်စ်က ရေနစ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကပ္ပတိန်အမိန့်ကိုဆန့်ကျင်ပြီး ကယ်တင်လိုက်ရာက စပါတယ်။ ...
movie
The Count of Monte-Cristo (2024) Le Comte de Monte-Cristo
2024
4K HEVC
6.8
Waiting for Dali (2024)
နိုင်ငံရေးရှုပ်ထွေးမှုတွေကြောင့် အရည်အချင်းရှိတဲ့စာဖိုမှုးတယောက်နဲ့ သူ့ညီ ဒါလီဆိုတဲ့ကျော်ကြားလေးစားခံရတဲ့ အနုပညာရှင်နေတဲ့ လှပတဲ့ ကျွန်းပေါ်ကို ရောက်လာတဲ့အခါမှာတော့ သူကြုံတွေ့ရမယ့် အစားအသောက်နဲ့ပက်သတ်တဲ့စိတ်ဝင်စားစရာတွေ ကျွန်းပေါ်က သူတွေရဲ့ ခံယူချက် ရဲမှုးအရာရှိတွေနဲ့ ကျင့်ပျက်ချစားမှု အခြေအနေတွေကို ပါ ရသအစုံခံစားရမယ့် စပိန်/ ပြင်သစ် စကားပြော ဇာတ်ကားကောင်းတခုဖြစ်ပါတယ်...ဟင်းပွဲတခုကို ဘာက ကောင်းစေမကောင်းစေဖြစ်စေသလဲ .... လူတွေရဲ့ချစ်ခြင်းမေတ္တာတွေက ကြိုမြင် ကြိုသိ ကြိုစီစဉ်လိုမရတဲ့အခါ.... File size…(1.7 GB)/(930 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:54:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie
Waiting for Dali (2024)
2024
7.6
I’ve Loved You So Long (2008)
ကိုယ့်ရဲ့သားကို ကိုယ်တိုင်ပြန်သ-တ်ခဲ့မိလို့ မိဘဖြစ်သူနဲ့ ယောင်္ကျားဖြစ်သူကပါ စွန့်ပစ်ခဲ့ကြတဲ့အပြင် ထောင်ဆယ့်ငါးနှစ်ကျခံခဲ့ရတဲ့ ဂျူးလိယက် ဖောင်တိန်၊ အစ်မဖြစ်သူနဲ့ ၁၅ နှစ်တောင်ခွဲခဲ့ရပြီး အခုချိန် တက္ကသိုလ်မှာ ပါမောက္ခဖြစ်နေတဲ့အပြင် အိမ်ထောင်ပြုပြီးမိသားစုဘဝတစ်ခုကိုပါရနေပြီဖြစ်တဲ့ ညီမဖြစ်သူ လီယာ။ဂျူးလိယက် ထောင်ကပြန်လွတ်လာတဲ့ အချိန်မှာ လူမှုဝန်ထမ်းတွေကဆက်သွယ်ပေးခဲ့လို့ ကန့်သတ်ကာလအတွင်း ညီမဖြစ်သူ လီယာတို့ မိသားစုနေထိုင်ရာ လော်ရိန်းမြို့မှာ သွားရောက်နေထိုင်ခဲ့ပါတယ်။ ထောင်ထဲမှာ ၁၅ နှစ်လောက်ရှိနေခဲ့ရတဲ့ ဂျူးလိယက်တစ်ယောက် လူတွေနဲ့ ပြောဆိ ဆက်ဆံတဲ့နေရာမှာ အခက်တွေ့နေပါတယ်။ လီယာရဲ့ မိသားစုနဲ့ ပြောဆိုဆက်ဆံရတာတွေနဲ့၊ အလုပ်ရှာတဲ့ နေရာမှာလည်း ထောင်ကျခဲ့တဲ့ကိစ္စကြောင့် ရှာလို့မလွယ်ဖြစ်နေပြီး လူအသိုင်းအဝိုင်းထဲကို ဝင်ဆံ့ဖို့ ပြန်လည်သင်ယူရပါတယ်။ ဒီလိုနဲ့ ကြိုးစားနေထိုင်ရင်း သူ(မ)ရဲ့ ခံဝန်အရာရှိက ထောက်ခံပေးတာကြောင့် ဆေးရုံမှာ အစမ်းအလုပ်ရသွားခဲ့ပြီး လီယာရဲ့ မိသားစုအပြင်၊ မိတ်ဆွေတွေနဲ့ပါ တဖြည်းဖြည်းရင်းနှီးလာပါတော့တယ်။ဒီလိုနဲ့ ဂျူးလိယက်ရဲ့ အပြုအမူတွေဟာ ပုံမှန်လူတစ်ဦးလို တဖြေးဖြေးချင်းပြန်ပြောင်းလဲလာခဲ့ပြီး တစ်နေ့မှာတော့ ...
movie
I’ve Loved You So Long (2008)
7.2
An Officer and a Spy (2019)
၁၉၈၄ခုနှစ်ဝန်းကျင် ပြင်သစ်အရာရှိတစ်ဦးအကြောင်းဖြစ်ရပ်မှန်ဝတ္ထုကိုဇာတ်လမ်းပြန်လည်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီး...2020ခုနှစ်အတွက် ပြင်သစ်ရုပ်ရှင် ဆုပေးပွဲ César Awardsမှာဆိုရင် အကောင်းဆုံးဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ ဝတ်စုံဒီဇိုင်းဆုတွေပါရရှိထားပါတယ်...။ဇာတ်လမ်းအကျဥ်းဟာဆိုရင်တော့...၁၉၈၄ခုနှစ်မှာ ဒရက်ဖုစ်ဆိုသူ ပြင်သစ်စစ်ရေးသံတမန်လေးဟာ ဂျာမန်တွေအတွက်သူလျှိုလုပ်ပေးတယ်ဆိုပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရပါတယ်...။ဆန်းတာက ဒီအမှုအတွက် သက်သေဆိုလို့ စာရွက်အပိုင်းအစလေးတစ်စောင်ပဲရှိပါတယ်...။ဒီသက်သေတောင်မှ သူ့နာမည်လည်းအတိအကျမပါ...သူ့ကိုညွှန်းဆိုထားတာလဲရေရေရာရာမပါဘဲ လက်ရေးတူနေလို့ဆိုတဲ့အချက်လေးတစ်ချက်နဲ့တင် အမိန့်ချခံရတာပါ...။အဲ့ဒီခေတ်က ဂျူးဆိုရင်မျက်မုန်းကျိုးတဲ့ ဓလေ့လည်းရှိတာကြောင့် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ဒရက်ဖုစ်ဟာ အပြစ်ကင်းကြောင်းပြန်လည်ချေပခွင့်တောင်မရလိုက်ဘဲနိုင်ငံ့သစ္စာဖောက်ဖြစ်သွားပါတယ်...။ဒါပေမဲ့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးဌာနကကို ပီကရာဆိုတဲ့အရာရှိအသစ်ပြောင်းလာပြီးနောက်မှာတော့ ဒီအမှုဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်....။လက်ရေးမူတစ်ခုတည်းနဲ့ စီရင်ချက်ချတာ...တရားခံရဲ့ ရည်ရွယ်ချက်၊ပြစ်ချက်ကိုရှင်းလင်းသည်အထိမစစ်ဆေးဘဲအလောတကြီးပြစ်ဒဏ်ချမှတ်တာတွေဟာ မှန်ကန်မှုမရှိဘူး တွေ့ရာပုဒ်မတပ်လို့မရဘူးလို့ယုံကြည်တဲ့ အရာရှိအသစ် ပီကရာဟာဒီအမှုနောက်ကို တစ်ဇွတ်ထိုးလိုက်ရင်းသပွတ်အူလိုရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ထဲတိုးဝင်မိသွားတဲ့အခါ...။အမှန်တရားနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ"အရာရှိတစ်ဦးနဲ့သူလျှိုတစ်ယောက်"အကြောင်းဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။ File size…1.71GB / 727MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 12m Genre ….. Drama , History , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
An Officer and a Spy (2019)
6.4
The French Minister (2013)
IMDb - 6.4/10ဇာတ်လမ်းအညွှန်းဒီပြင်သစ်ဇာတ်လမ်းလေးမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ့ဒဓူဝလုပ်ငန်းစဉ်တွေ၊ သံတမန်ရေးရာအကြောင်းတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။သံတမန်ရေးရာမှာ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်ရဲ့ စကားလုံးတစ်လုံးဟာနိုင်ငံတကာပဋိပက္ခတွေကို ပြေလည်စေနိုင်သလိုဒီစကားလုံးတစ်လုံးမှားလိုက်တာနဲ့ စစ်မီးမွှေးနိုင်လောက်တဲ့အထိ အရေးကြီးပါတယ်။ဒီတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အဲလက်ဇန်းဒါး တာယာ့ဒ်ဒီကသူပြောမယ့်စကားတွေ မိန့်ခွန်းတွေ ရေးသားဖို့ အာ့သူးဗလာဗိုက်ခ်ဆိုတဲ့လူငယ်လေးကို တာဝန်ခန့်အပ်လိုက်တယ်။ငြိမ်းချမ်းရေးကို လိုလားပြီး ကိုယ့်ကိုကိုယ်အထင်ကြီးတတ်၊စကားမာမာပြောတတ်၊ သံတမန်ရေးကိစ္စတွေနဲ့ခေါင်းရှုပ်လာရတဲ့အခါပေါက်ကွဲတတ်တဲ့ ဝန်ကြီး အဲလက်ဇန်းဒါးလို အထက်အရာရှိအတွက်သံခင်းတမန်ခင်းမှာအရေးကြီးတဲ့မိန့်ခွန်းတွေကိုအာ့သူးတစ်ယောက် ဘယ်လိုကြိုးစားရေးရလဲ၊ နိုင်ငံခြားရေးဝန်ကြီးရုံးမှာအာ့သူးနဲ့ အဖွဲ့ဝင်တွေ ဘယ်လိုကြိုးစားကြရလဲဆိုတဲ့အကြောင်းတွေကို ပါဝင်ပါတယ်။ဒီလိုအဖွဲ့ဝင်တွေရဲ့ကြိုးစားမှုတွေကြောင့်အပါအဝင်ဝန်ကြီး အဲလက်ဇန်းဒါးဟာ နိုင်ငံတကာပြဿနာတွေ၊စစ်ဖြစ်ပွါးလာနိုင်တဲ့အရေးအခင်းတွေမှာ သံတမန်ရေးအရဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတဲ့အကြောင်းတွေကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။Quai d'Orsay ဆိုတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနအကြောင်းရေးသားထားတဲ့စာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။UKရဲ့ BAFTA award winner တစ်ယောက်ဖြစ်ပြီးနိုင်ငံရေးအကြောင်းဇာတ်လမ်းတွေ ရိုက်ကူးတဲ့နေရာမှာနာမည်ကြီးဒါရိုက်တာဖြစ်တဲ့ Bertrand Tavernier က ရိုက်ကူးထားဖြစ်ပြီးဒီဇာတ်လမ်းဟာ nominee အများကြီးဝင်ထားပြီးaward တွေလည်း ရရှိထားပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘယ်လိုအလုပ်လုပ်ကြလဲဆိုတဲ့အကြောင်းနဲ့ သံတမန်ရေးရာအကြောင်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးဟာကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size… 2.2 GB / 957.8 MB Quality… BluRay 1080p ...
movie
The French Minister (2013)
2013
6.5
Masquerade (2022)
Masquerade (2022) =============== IMDb Rating - 6.5/10The Untouchable ထဲကမင်းသားကြီး Francois Cluzet ပါဝင်ထားတဲ့ နောက်ထပ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Mascarade ဆိုတဲ့အတိုင်း ဟန်ဆောင် မှုတွေပြည့်နေတဲ့ကားပေါ့။ အချစ်ကိုကိုးကွယ်မိသူတွေ ကိုယ် ကျင့်တရားဖောက်ဖျက်မှုတွေ၊ ကိုယ်ကျိုးပဲကြည့်သူတွေ အ ကြောင်းကို သိပ်လည်း ဒရာမာမချိုးဘဲ ဟာသလေးစွက်ပြီး ရိုက်ထားတာပါ။ ဒါပေမဲ့ အိပ်ရာပေါ်ကအခန်းတွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ဇာတ်လမ်းကတော့ ဒီလိုပါ။ အက်ဒရီယမ်က Dancer တစ်ယောက်။ ဆိုင်ကယ်တိုက်ခံရပြီး သူ့ဝါသနာ၊ သူ့အလုပ်၊ သူ့ချစ်သူကိုရော ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဆေးချလိုက်အရက်သောက်လိုက်နဲ့ ဖြစ်သလိုနေပါတော့တယ်။ ဒါပေမဲ့ ဒီလိုနေဖို့က ငွေရှိမှရမှာကိုး။ အဲဒီမှာပဲ အက်ဒရီယမ်က အသက်ကြီးကြီးချမ်းသာတဲ့မိန်းမတွေကို ချူစားပါလေရော။ တစ်နေ့မှာတော့ သူ့လိုမျိုး ပိုင်းလုံးဖြစ်တဲ့ မိန်းမချောလေးမာဂေါ့နဲ့ ချစ်မိသွားကြပါတယ်။ ချစ်ကြပေမဲ့ တူနှစ်ကိုယ်တဲအိုပျက်မှာ မနေနိုင်တာကြောင့် နှစ်ယောက်သားက အလိမ်အညာပြဇာတ် ကြီးကို ကပြကြတဲ့အချိန်မှာ ဘယ်လိုဇာတ်သိမ်းသွားမလဲ။ ဟန်ဆောင်မျက်နှာဖုံးတွေရဲ့နောက်ကွယ်က အမှန်တရားတွေက ဘာဖြစ်မလဲ။ ခံစားချက်တွေကို ခုတုံးလုပ်အသုံးချတဲ့ သူတို့နှစ် ယောက်ကိုရော ဘယ်သူတွေက သစ္စာဖောက်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို EL မှ ရေးသားပေးပြီး ဘာသာပြန် ရေးသားပေးသူများကတော့ EL နဲ့ June တို့ ဖြစ်ပါတယ်)File ...
movie
Masquerade (2022)
2022